Consulate General of Myanmar, Dubai

Consulate General of Myanmar, Dubai

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Consulate General of Myanmar, Dubai, Consulate & Embassy, 2203 & 2204, Mazaya Business Avenue BB2, JLT, Dubai.

Photos from Ministry of Foreign Affairs              Myanmar's post 28/07/2025
19/06/2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စု၊ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem အား လက်ခံတွေ့ဆုံ

၁။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စု၊ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem ( မစ္စတာ မူတာဇ့် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ်) အား ၁၉-၆-၂၀၂၅ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအခြေစိုက် သံရုံးများဖွင့်လှစ်ရန် ဆောင်ရွက်နေမှုအပါအဝင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စွမ်းအင်ကဏ္ဍနှင့် အခြားသော အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းစေမည့်နယ်ပယ်များ၌ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
၃။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်

H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem, Ambassador of the UAE to Myanmar

H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem, Ambassador of United Arab Emirates (UAE) to Myanmar, on 19 June 2025 at 14:00 hrs at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, both sides cordially exchanged views on further strengthening the existing bilateral ties including establishment of diplomatic missions in each country, enhancing economic cooperation and promoting trade and investment opportunities in all areas of mutual benefits between the two countries, including energy sector.
Also present at the meeting were senior officials of the Ministry of Foreign Affaris.

Ministry of Foreign Affairs
19 June 2025

Photos from Consulate General of Myanmar, Dubai's post 05/05/2025
14/04/2025
04/04/2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး၊ ပြည်ပ အလုပ်အကိုင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အာရွန် ဟီမချန်ဒရာ ကို လက်ခံတွေ့ဆုံ
(၂-၄-၂၀၂၅ ရက်၊ ဗန်ကောက်)

(၆)ကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး၊ ပြည်ပ အလုပ်အကိုင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အာရွန် ဟီမချန်ဒရာ ကို ၂-၄-၂၀၂၅ ရက် ထိုင်းဒေသစံတော်ချိန် ၁၃၁၅ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၈-၃-၂၀၂၅ ရက်တွင် ပျက်စီးဆုံးရှုံးမှုကြီးမားသည့်ငလျင် လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရ၏ ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ရှင်းလင်းပြောကြား ခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ ငလျင်ဒဏ် ခံစားရသည့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁)သန်း လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်ရေးအတွက် ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ဆေးဝါးပစ္စည်းများနှင့် အတူ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံနှင့် အခြားနိုင်ငံများမှ လူသားချင်းစာနာ ထောက်ထားရေး အကူအညီ၊ ဆေးအဖွဲ့နှင့် ကယ်တင်ရေးအဖွဲ့များ မြန်မာ နိုင်ငံသို့ ပေးပို့စေလွှတ်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာရေးနှင့် စပ်လျဉ်း၍ နှစ်ဖက်လုံးက ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

************************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received H.E. Mr. Arun Hemachandra, Deputy Minister of Foreign Affairs, Foreign Employment, and Tourism of the Democratic Socialist Republic of Sri Lanka
(2-4-2025, Bangkok)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, who is in Bangkok of Thailand to attend the 6th BIMSTEC Summit and related meetings, received H.E. Mr. Arun Hemachandra, Deputy Minister of Foreign Affairs, Foreign Employment, and Tourism of the Democratic Socialist Republic of Sri Lanka, at 1315 hrs (Thailand Standard Time) on 2 April 2025.
The Deputy Prime Minister and the Union Minister for Foreign Affairs briefed upon rescue and relief efforts of the Myanmar Government following the devasting earthquake on 28 March 2025. During the discussion, the Sri Lankan Deputy Minister informed the Myanmar side that the Government of Sri Lanka and its people will donate US$ one million and will dispatch a medical team along with medicine for providing healthcare services to those injured by the recent earthquake. He appreciated international humanitarian assistance and was grateful to Sri Lanka and other countries for sending medical and rescue teams to Myanmar. Both sides discussed on further strengthening of friendship and cooperation between Myanmar and Sri Lanka.

Photos from Consulate General of Myanmar, Dubai's post 01/04/2025

အသိပေးနှိုးဆော်ခြင်း

Photos from Consulate General of Myanmar, Dubai's post 30/01/2025

အသိပေးကြေညာခြင်း

Want your business to be the top-listed Government Service in Dubai?

Click here to claim your Sponsored Listing.

Location

Address

2203 & 2204, Mazaya Business Avenue BB2, JLT
Dubai

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00