17/05/2026
ထုတ်ပြန်ချက်။ တပ်ပြေးကြေညာခြင်း
ရက်စွဲ။ ၂၀၂၆ခုနှစ်၊ မေလ(၁၇)ရက်
အထက်ပါကိစ္စနှင့်ပတ်သက်၍ နဂါးနီတပ်ရင်း တပ်ခွဲ(၁)မှ ရဲဘော် ခန့်စည်သူ၊ ရဲဘော် လင်းထက်၊ ရဲဘော် အာကာတို့သည် ၂၀၂၅ ခုနှစ်အတွင်း တပ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး စစ်အခြေခံသင်တန်းဆင်းပြီး တပ်ရင်း ရှေ့တန်းတာဝန်ထမ်းဆောင်နေရင်း တပ်ရင်းမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား မလိုက်နာဘဲ တပ်ကို စွန့်ခွာထွက်ပြေးသွားခဲ့ပါသည်။ ထို့အပြင် တပ်ရင်းရှိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များအား စိတ်ဓာတ်ပျက်ပြားစေရန်၊ တပ်ရင်းပျက်စီးစေရန် သွေးဆောင်ဖျားယောင်းခြင်းများအား လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရပါ၍ "တော်လှန်ရေး သစ္စာဖောက်များ" အဖြစ် သတ်မှတ်ကာ "တပ်ပြေး" အဖြစ် ထုတ်ပြန်ကြေညာအပ်ပါသည်။
#နွေဦးတော်လှန်ရေး
#နဂါးနီတပ်ရင်း
#ပဲခူးတိုင်းစစ်ဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
06/05/2026
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်
၅ရက် ၊ မေလ၊ ၂၀၂၆ ခုနှစ်
ယနေ့ ကျရောက်လာသော ပြည်သူ့ကာကွယ်ရေး(၅)နှစ်ပြည့် နေ့တွင် ကျွန်တော်တို့ ပြည်သူကာကွယ်ရေးတပ်မတော် ပဲခူတိုင်းစစ်ဌာန နဂါးနီတပ်ရင်းရှိ တပ်ရင်းရုံးအဖွဲ့မှ အခမ်းအနား (၆) ရပ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁) ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံ လွှင့်တင်ခြင်း
(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအား အလေးပြုခြင်း
(၃) ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့သော ရဲဘော်များအား အလေးပြုခြင်း
(၄) သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်း
(၅) ကာကွယ်ရေးဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း
(၆) ကတိသစ္စာပြုခြင်းနှင့် သစ္စာရေသောက်ခြင်း စသည့် အခမ်းအနား(၆)ရပ်ဖြင့် ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#ဖွဲ့စည်းတည်ထောင်ခြင်း(၅)နှစ်ပြည့်
#နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး
15/04/2026
အတာကူးတဲ့ တန်ခူးလ သင်္ကြန်အခါသမယတွင် ပြည်သူလူထုအားလုံး ၅ နှစ်တာ ဒုက္ခဆင်းရဲများအား ကျော်ဖြတ်ခဲ့ပါ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ မိမိတို့ နဂါးနီတပ်ရင်း(P29903) မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်
ဆက်လက်၍ တော်လှန်ပြည်သူလူထုအနေဖြင့် သင်္ကြန်အခါသမယတွင် စိတ်အပန်းဖြေအားအင်မွေးမြူပြီး ကျွန်တော်/ကျွန်မတို့ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မိမိတို့လိုချင်တဲ့ စနစ်တစ်ခု မရမချင်း မှန်မှန်ကန်ကန် ရှေ့ဆက်အတူတော်လှန်သွားကြမည်ဖြစ်ကြောင်းပြောကြားလိုပါတယ်
photo: တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့် မှတ်တမ်းဓာတ်ပုံများ
#ပဲခူးတိုင်းစစ်ဌာန
#ဗျူဟာ၂၄
#နဂါးနီတပ်ရင်း
15/03/2026
သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၁/၂၀၂၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား မှတ်တမ်း
#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်မြေ
#ပဲခူးတိုင်းစစ်ဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
10/01/2026
တိုက်ပွဲသတင်းထုတ်ပြန်ချက်
---------------------------
တောကျွဲအင်းမြို့ အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်း ဒေသရှိ စစ်စခန်း (၁၄) ခုကို တိုက်ခိုက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့
ပဲခူးတိုင်း၊ တောကျွဲအင်းမြို့ (အောင်မြင်မြို့)၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ဒေသ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်း တံတားတွင် အထိုင်ချထားသော စစ်တပ်ကင်းစခန်း အပါအဝင် အကြမ်းဖက်စစ်တပ်စခန်း (၁၄) ခုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇန်နဝါရီလ (၉) ရက်နေ့ နံနက်တွင် တိုက်ခိုက်ချေမှုန်းခဲ့ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း ဒေသ အောင်မြင်စစ်ဆင်ရေး အဖြစ် ဖော်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်။
တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား အဆောက်အဦများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့သည်။
ထို့အပြင် တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် အကြမ်းဖက်စစ်ကော်မရှင်က မတရားဖမ်းဆီး ချုပ်နှောင်ထားသော ပြည်သူ (၈) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က စိစစ်၍ လွှတ်ပေးနိုင်ခဲ့သည်။
ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် - မန္တလေးလမ်းဟောင်းတွင်လည်း လုံခြုံရေးဆိုင်ရာ စစ်ဆေး ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သည်။
လက်ရှိ စစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖ တို့ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉) က ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ပါသည်။
ပဲခူးတိုင်းစစ်ဌာန
အမှတ်(၂)စစ်ဆင်ရေးနယ်မြေ
#တောကျွဲအင်းမြို့
#နဂါးနီတပ်ရင်း
#ပဲခူးတိုင်းစစ်ဌာန