17/10/2024
ပိန်းဇလုပ်မြို့နယ်မြေမီးသတ်တပ်ဖွဲ့စခန်း လပြည့်ညမီးရောင်စုံလေးများ
သင့်အားမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှအလိုရှိသည်။
17/10/2024
ပိန်းဇလုပ်မြို့နယ်မြေမီးသတ်တပ်ဖွဲ့စခန်း လပြည့်ညမီးရောင်စုံလေးများ
17/10/2024
(၁၇.၁၀.၂၀၂၄)(သာသနာနှစ် ၂၅၆၈၊၁၃၈၆ခု)
တော်သလင်းလပြည့်နေ့ ညနေ၄နာရီတွင်
ပိန်းဇလုပ်နယ်ေြမမီးသတ်စခန်းရှိ လ/ထဦးစီးမှူးဦးဆန်းဝင်း၏ဇနီး၊ဒေါ်သီသီဆွေမှဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်ဇနီးများမှ လူပျိုဆောင်နေအိမ်လိုင်းခန်းတွင်မင်္ဂလသုတ္တ၊မေတ္တသုတ္တ၊ဝဋ္ဋသုတ္တပရိတ်တော်များနှင့်အန္တရာယ်ကင်းမဟာပဌာန်းဒေသနာတော်မြတ်ကြီးအားအကျယ်ဖွင့်ရွတ်ဆိုခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
အာဟာရဒါနအလှူရှင်မှာ။ဦးမျိုးထွန်းခိုင်+ဒေါ်သန္တာထိုက် သား တပ်သား ဉာဏ်လင်းထွန်းမိသားစုမှဝတ်ရွတ်အဖွဲ့နှင့်ဘေးပတ်ဝန်းကျင်ရှိအိမ်နီးချင်းမိသားစုများအား
မုန့်ဟင်းခါး၊လက်ဖက်သုပ်၊ဖရဲသီးတို့ဖြင့်ကျွေးမွေးခဲ့ပါသည်။ ဤသို့ပြုရကုသလကြောင့် အရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော ၇ရက်သားသမီးများအားလုံးနဲ့လူနတ်ဗြဟ္မာသတ္တဝါအားလုံးဘေးရန်ခပ်သိမ်း ကင်းြငိမ်းကြပါစေ၊ကပ်ကြီး(၃)ပါးမှလဲကင်းဝေးနိုင်ကြပါစေ။နတ်လူသာဓုခေါ်စေသော်...🙏🙏🙏
10/10/2024
(၁၀.၁၀.၂၀၂၄)(သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု)
သီတင်းကျွတ်လဆန်း၈ရက် ညနေ၄နာရီတွင်
ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းရှိ လ/ထဦးစီးမှူးဦးဆန်းဝင်း၏ဇနီး၊ဒေါ်သီသီဆွေမှဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်ဇနီးများမှ တပ်သား ထွန်းဝသုန်စံ + မငုဝါအောင် တို့၏နေအိမ်လိုင်းခန်းတွင်အန္တရာယ်ကင်းမဟာပဌာန်းဒေသနာတော်ကြီးအားအကျယ်ဖွင့်ရွတ်ဆိုခြင်းနှင့် (၂၄) ပစ္စည်းအကျယ်ဖွင့်ရွတ်ဆိုခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
အာဟာရဒါနအလှူရှင်မှာ။ ဒေါ်ဌေးရီမိသားစုမှဝတ်ရွတ်အဖွဲ့အား လက်ဖက်သုတ်၊ကော်ဖီ၊ကိတ်မုန့်တို့ဖြင့်ကျွေးမွေးခဲ့ပါသည်။ ဤသိုပြုရကုသလကြောင့်အရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော ၇ရက်သားသမီးများအားလုံးနဲ့သတ္တဝါတိရိစ္ဆာန်တို့အားလုံးဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ကပ်ကြီး(၃)ပါးမှလဲကင်းဝေးနိုင်ကြပါစေ။နတ်လူသာဓုခေါ်စေသော်... 🙏🙏🙏
17/09/2024
(၁၇.၉.၂၀၂၄)(သာသနာနှစ် ၂၅၆၈၊၁၃၈၆ခု)
တော်သလင်းလပြည့်နေ့ ညနေ၄နာရီတွင်
ပိန်းဇလုပ်နယ်ေြမမီးသတ်စခန်းရှိ လ/ထဦးစီးမှူးဦးဆန်းဝင်း၏ဇနီး၊ဒေါ်သီသီဆွေမှဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်ဇနီးများမှ တပ်သားထွန်းထွန်းလင်း+သဲစုသဇင်တို့၏နေအိမ်လိုင်းခန်းတွင်မင်္ဂလသုတ္တ၊မေတ္တသုတ္တ၊ဝဋ္ဋသုတ္တပရိတ်တော်များနှင့်အန္တရာယ်ကင်းမဟာပဌာန်းဒေသနာတော်မြတ်ကြီးအားအကျယ်ဖွင့်ရွတ်ဆိုခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
အာဟာရဒါနအလှူရှင်မှာ။ တပ်သားထွန်းထွန်းလင်း+သဲစုသဇင်မိသားစုမှဝတ်ရွတ်အဖွဲ့နှင့်ဘေးပတ်ဝန်းကျင်ရှိအိမ်နီးချင်းမိသားစုများအား
ငါးထမင်းစိမ့်၊ဟင်းရည်တို့ဖြင့်ကျွေးမွေးခဲ့ပါသည်။ ဤသို့ပြုရကုသလကြောင့် အရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော ၇ရက်သားသမီးများအားလုံးနဲ့လူနတ်ဗြဟ္မာသတ္တဝါအားလုံးဘေးရန်ခပ်သိမ်း ကင်းြငိမ်းကြပါစေ၊ကပ်ကြီး(၃)ပါးမှလဲကင်းဝေးနိုင်ကြပါစေ။နတ်လူသာဓုခေါ်စေသော်...🙏🙏🙏
02/09/2024
(၂.၉.၂၀၂၄)(သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု)
ဝါခေါင်လကွယ် ညနေ၄နာရီတွင် ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းရှိ လ/ထဦးစီးမှူးဦးဆန်းဝင်း၏ဇနီး၊ဒေါ်သီသီဆွေမှဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်ဇနီးများမှ တပ်ကြပ်ကြီး နေရဲထွန်း+ ဆုမြတ်နန္ဒာ တို့၏နေအိမ်လိုင်းခန်းတွင်အန္တရာယ်ကင်းမဟာပဌာန်းဒေသနာတော်ကြီးအားအကျယ်ဖွင့်ရွတ်ဆိုခြင်းနှင့် (၂၄) ပစ္စည်းအကျယ်ဖွင့်ရွတ်ဆိုခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
အာဟာရဒါနအလှူရှင်မှာ။ တပ်ကြပ်ကြီး နေရဲထွန်း+ဆုမြတ်နန္ဒာမိသားစုမှဝတ်ရွတ်အဖွဲ့နှင့်ဘေးပတ်ဝန်းကျင်မှအသိမိတ်ဆွေများအား ခေါက်ဆွဲ၊ပဲလှော်သုတ်၊ရေနွေးကြမ်းတို့ဖြင့်ကျွေးမွေးခဲ့ပါသည်။ ဤသိုပြုရကုသလကြောင့် အလှူရှင်မိသားစု၊ဝတ်ရွတ်အဖွဲ့နှင့်တကွ အရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော ၇ရက်သားသမီးများအားလုံးနဲ့သတ္တဝါတိရိစ္ဆာန်တို့အားလုံးဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ကပ်ကြီး(၃)ပါးမှလဲကင်းဝေးနိုင်ကြပါစေ။နတ်လူသာဓုခေါ်စေသော်... 🙏🙏🙏
25/08/2024
(၂၅.၈.၂၀၂၄) ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းရှိ လ/ထဦးစီးမှူးဦးဆန်းဝင်းဦးဆောင်၍တပ်ဖွဲ့ဝင်များနှင့်မီးသတ်ကားထားရန်နေရာအမိုးအားအသစ်မိုးရန်အဟောင်းကိုဖျတ်သိမ်း
22/08/2024
(၂၂.၈.၂၀၂၄) ရက်နေ့ ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းရှိ လ/ထဦးစီးမှူး ဦးဆန်းဝင်း နှင့် ဇနီးဒေါ်သီသီဆွေ တို့မှ ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအတွက် ဆန် နှင့် ဆီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဌာနအကြီးအကဲများ၏ညွှန်ကြားချက်များကိုချပြရှင်းလင်းမှာကြားခဲ့ပါသည်။
19/08/2024
(၁၉.၈.၂၀၂၄)(သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု)
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ညနေ၄နာရီတွင်
ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းရှိ လ/ထဦးစီးမှူးဦးဆန်းဝင်း၏ဇနီး၊ဒေါ်သီသီဆွေမှဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်ဇနီးများမှ ဦးမြတ်မင်း+ဒေါ်ခင်သန်းယုတို့၏နေအိမ်တွင်အန္တရာယ်ကင်းမဟာပဌာန်းဒေသနာတော်ကြီးအားအကျယ်ဖွင့်ရွတ်ဆိုခြင်းနှင့် (၂၄) ပစ္စည်းအကျယ်ဖွင့်ရွတ်ဆိုခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
အာဟာရဒါနအလှူရှင်မှာ။ ဦးမြတ်မင်း+ဒေါ်ခင်သန်းယုမိသားစုမှဝတ်ရွတ်အဖွဲ့အား လက်ဖက်ရည်၊မုန့်၊ပဲလှော်သုတ်၊ရေနွေးကြမ်းတို့ဖြင့်ကျွေးမွေးခဲ့ပါသည်။ ဤသိုပြုရကုသလကြောင့် အလှူရှင်၊ဝတ်ရွတ်အဖွဲ့နှင့်တကွ အရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော ၇ရက်သားသမီးများအားလုံးနဲ့သတ္တဝါတိရိစ္ဆာန်တို့အားလုံးဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ကပ်ကြီး(၃)ပါးမှလဲကင်းဝေးနိုင်ကြပါစေ။နတ်လူသာဓုခေါ်စေသော်... 🙏🙏🙏
06/08/2024
ပိန်းဇလုပ်ဘူတာရုံပိုင်ကြီးမှကျောက်မြေများလှူသဖြင့်ပိန်းဇလုပ်မီးသတ်စခန်းရှိတပ်ဖွဲ့ဝင်များမှမီးသတ်ကားထားရန်မြေနေရာအားမြေဖို့ခြင်း၊မီးသတ်စခန်းရှေ့မှပျတ်စီးနေသောကားလမ်းရှိချိုင့်များအားမြေဖို့၍ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ပါသည်။
04/08/2024
(၄.၈.၂၀၂၄)(သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု)
ဝါဆိုလကွယ်နေ့ ညနေ၄နာရီတွင်
ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းရှိ လ/ထဦးစီးမှူးဦးဆန်းဝင်း၏ဇနီး၊ဒေါ်သီသီဆွေမှဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်ဇနီးများမှ လ/ထဦးစီးမှူးဦးဆန်းဝင်း+ ဒေါ်သီသီဆွေတို့၏နေအိမ်လိုင်းခန်းတွင်အန္တရာယ်ကင်းမဟာပဌာန်းဒေသနာတော်ကြီးအားအကျယ်ဖွင့်ရွတ်ဆိုခြင်းနှင့် (၂၄) ပစ္စည်းအကျယ်ဖွင့်ရွတ်ဆိုခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
အာဟာရဒါနအလှူရှင်မှာ။ လ/ထဦးစီးမှူးဦးဆန်းဝင်း+ဒေါ်သီသီဆွေမိသားစုမှဝတ်ရွတ်အဖွဲ့နှင့်ဘေးပတ်ဝန်းကျင်ရှိအိမ်နီးချင်းမိသားစုများအား ပသျှူးထမင်းကြော်၊အချဉ်သုတ်၊ဟင်းရည်တို့ဖြင့်ကျွေးမွေးခဲ့ပါသည်။ ဤသိုပြုရကုသလကြောင့်အရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော ၇ရက်သားသမီးများအားလုံးနဲ့သတ္တဝါတိရိစ္ဆာန်တို့အားလုံးဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ကပ်ကြီး(၃)ပါးမှလဲကင်းဝေးနိုင်ကြပါစေ။နတ်လူသာဓုခေါ်စေသော်... 🙏🙏🙏
30/07/2024
(30.7.2024) ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းမှလ/ထဦးစီးမှူးဦးဆန်းဝင်းဦးဆောင်၍တပ်ဖွဲ့ဝင်များနှင့်ရေလည်ကျောင်းတိုက်အတွင်းရေကျ၍ကျန်ရှိခဲ့သောနွန်း၊ရွံ့များ၊အမှိုက်များအားမီးသတ်စက်ကလေးနှင့်ရေစုပ်၍သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
28/07/2024
(28.7.2024) ပိန်းဇလုပ်မြို့တိုက်နယ်ဆေးရုံတွင်ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ပရဟိတအဖွဲ့များပူးပေါင်း၍ဆေးရုံရေဆေးခြင်းနှင့်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။