Myanmar Defense Force

その団体に問い合わせる

Myanmar Defense Force Myanmar Defense Force, 軍事基地, Tokyoの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
(1)

တော်လှန်ရေးခရီးလမ်းမှာ အမြဲတမ်း ခွန်အားနဲ့ အလင်းရောင်ပေးတဲ့​ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရှင် မမ Tulip Love မှ သာယာဝတီခရိုင...
25/09/2026

တော်လှန်ရေးခရီးလမ်းမှာ
အမြဲတမ်း ခွန်အားနဲ့ အလင်းရောင်ပေးတဲ့
​ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရှင် မမ Tulip Love မှ
သာယာဝတီခရိုင် တပ်ရင်း (၃) မှ ရဲဘော်များအတွက်
ခွန်အားဖြစ်စေမယ့် အသားဟင်းတစ်နှပ်စာကို
အာဟာရဒါန လှူဒါန်းပေးပို့ခဲ့ပါတယ်။ ❤

​မွေးနေ့ရှင် မမ Tulip Love စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး
လိုအင်ဆန္ဒမှန်သမျှ အမြန်ဆုံး ပြည့်ဝပါစေကြောင်း
သာယာဝတီခရိုင် တပ်ရင်း (၃) ရဲဘော်များအားလုံးက
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

တော်လှန်ရေးခရီးကို ပြည်သူ့မေတ္တာနဲ့အတူ
အဆုံးထိ ဆက်လက်ချီတက်သွားပါမယ်

​ #သာယာဝတီခရိုင်တပ်ရင်း၃


မိုးဦးရိက္ခာ သိန်းရှစ်ရာ ကမ်ပိန်း ကံထူးရှင်များ Congratulations ပါမနက်က Live မမှီလိုက်သူများအတွက်ပါရှင့် ဒီတစ်ခေါက် ကံမ...
20/09/2026

မိုးဦးရိက္ခာ သိန်းရှစ်ရာ ကမ်ပိန်း ကံထူးရှင်များ Congratulations ပါ

မနက်က Live မမှီလိုက်သူများအတွက်ပါရှင့်
ဒီတစ်ခေါက် ကံမထူးသူများလည်း
နောက်ခါတွေ ကံထူးကြပါစေရှင့်




20/09/2026

ခုနက Audio Disruption ဖြစ်သွားလို့ပါ

20/09/2026

မိုးဦးရိက္ခာ ကမ်ပိန်း ကံစမ်းမဲ ဖွင့်ပါပြီရှင့်

မနက်ဖြန် မနက်စောမှာ မိုးဦးရိက္ခာ သိန်းရှစ်ရာ ကမ်ပိန်းဖွင့်မှာမလို့မဲလက်မှတ်လေးတွေ ကြိုရှာထားကြဦးနော် မနက်ကျ Live မှာ တ...
19/09/2026

မနက်ဖြန် မနက်စောမှာ

မိုးဦးရိက္ခာ သိန်းရှစ်ရာ ကမ်ပိန်းဖွင့်မှာမလို့
မဲလက်မှတ်လေးတွေ ကြိုရှာထားကြဦးနော်

မနက်ကျ Live မှာ တွေ့ကြမယ်နော် See You

ကံထူးကြပါစေဗျာ




ကြေညာချက်၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ၁။ အကြမ်း...
18/09/2026

ကြေညာချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ

၁။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁-၂၀၂၄ ကာလအတွင်း ၎င်း၏ အမာခံ တိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းသည့် အစီအစဥ်ကို အကောင်အထည်ဖော်ကာ အရပ်သားလူငယ်များ၏ အသက်ဖြင့် ၎င်း၏ စစ်အာဏာကို အသက်ဆက်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။

၂။ တရားဝင်ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသော စစ်အုပ်စုအနေဖြင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကဲ့သို့သော ပြည်သူအပေါ်သက်ရောက်မှုကြီးမားသည့် ဥပဒေမျိုးကို ပြဋ္ဌာန်းခွင့်နှင့် ကျင့်သုံးပိုင်ခွင့် မရှိပါဘဲလျက် ပြဋ္ဌာန်းကျင့်သုံးနေခြင်းသည် ပြည်သူအပေါ် အဓမ္မစစ်ကျွန်ပြုသည့် လုပ်ရပ်သာဖြစ်သည်။

၃။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့သည်။ ယခုအခါ ၎င်းအင်အားကို အသုံးချ၍ လူလှိုင်းစစ်ဆင်ရေးများဖြင့် နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းများတွင် ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား (၈၀) ရာခိုင်နှုန်းခန့်အထိ ပါဝင်နေသည်ကို တွေ့ရသည်။

၄။ အကြမ်းဖက်စစ်အုပ်စု၏ ထိုးစစ်အခြေအနေကိုကြည့်လျှင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြု၍ ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေသော်ငြား မည်သည့် စစ်မျက်နှာတွင်မှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိရောက်သော တိုက်ခိုက်ချေမှုန်းမှုများကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားလျက်ရှိသည်ကို တွေ့ရသည်။

၅။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ (၂) နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်တပ်မှ သေဆုံး (၂၀,၃၈၃) ဦး၊ ထိခိုက်ဒဏ်ရာရ (၉,၇၉၂) ဦး၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃,၈၇၄) ဦး၊ မိမိအစီအစဥ်ဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) (၂၀,၀၀၀) ဦးခန့် ရှိခဲ့သည်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။ ၎င်းထိခိုက်ဆုံးရှုံးမှုများအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၅၃၆) ဦး ထိ ရှိပါသည်။

၆။ အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားသော မြို့ပြများတွင် ပျုစောထီးများ၊ လူဆိုးလူမိုက်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရာဇဝတ်ဂိုဏ်းများအဖြစ် နေ့စဥ်နှင့်အမျှ လူပြန်ပေးဆွဲခြင်း၊ လူမှောင်ခို ရောင်းဝယ်ခြင်း၊ ကြေးရတတ်မိသားစုများထံမှ ငွေညှစ်ခြင်းတို့ကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိကာ လူငယ်တို့၏ လုံခြုံရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိပါသည်။ အဆိုပါ လူပြန်ပေးဆွဲ မှောင်ခိုရောင်းဝယ်မှု လုပ်ငန်းသည် ၎င်းရာဇဝတ်ဂိုဏ်းများအတွက် အရေးကြီး သော ဝင်ငွေရလမ်းဖြစ်လျက် ရှိနေသည်ကိုလည်း တွေ့ရသည်။

၇။ အဓမ္မစစ်သားစုဆောင်း၍ လူငယ်တို့၏ အသက်ကို စတေးနေသည့် အစီအစဥ်သည် အကြမ်းဖက်စစ်အုပ်စု၏ အဓိကအသက်ရှုပေါက်ဖြစ်လျက်ရှိပြီး ယခုအခါ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ ပစ်မှတ်ထားလျက်ရှိရာ အဆိုပါအစီအစဥ်ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုဖြင့် ဆန့်ကျင်တိုက်ဖျက်ကြရမည့် အချိန်ဖြစ်ပါသည်။ အရွယ်ရောက်ပြီး လူငယ်များ အနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းခံရမည့်အရေးကို နည်းလမ်းစုံသုံး၍ ရှောင်ရှားကြရန် လိုအပ်ပါသည်။

၈။ အရွယ်ရောက်ပြီး လူငယ်များအနေဖြင့်-
(က) အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် တော်လှန်ရေးနယ်မြေများသို့ ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြရန်၊
( ခ) ပေါ်တာဆွဲဖမ်းဆီးခံရမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် တဦးတည်းသွားလာခြင်း၊ ညဘက် အပြင်ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြရန်၊
( ဂ) မလွှဲမရှောင်သာ၍ အဓမ္မစစ်သားစုဆောင်းခံရလျှင် အခွင့်သာသည်နှင့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာထွက်ပြေးကြရန်နှင့် အခြေအနေပေးပါက လက်နက်ပါ တပါတည်း ယူဆောင်လာရန်၊
ထိုသို့ဆောင်ရွက်ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်နှင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-ရုံးချုပ်)နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) များ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဥ်နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EROs)များအား ဆက်သွယ်ပြီး လိုအပ်သော အကူအညီ ရယူဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

၉။ ရပ်ရွာလူထုအနေဖြင့် မိမိတို့မျက်မှောက်တွင် လူပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ကြုံတွေ့ရပါက မျက်ကွယ်ပြုမနေဘဲ လူထုအားဖြင့် ဆန့်ကျင်တားဆီးကြရန် တိုက်တွန်းအပ်ပါသည်။

၁၀။ မိဘများ၊ ဇနီးမယားများအနေဖြင့်လည်း မိမိတို့၏ သားသမီးနှင့် ခင်ပွန်းသည်များ၏ လုံခြုံရေး အတွက် အထူးသတိဝီရိယစိုက်၍ ကူညီစောင့်ရှောက်မှုပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

၁၁။ တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိလာသော လူငယ်များအနေဖြင့် တဦးချင်း၏ ကျွမ်းကျင်မှု နှင့် စိတ်ဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု စသော လူထုဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ တိုက်ခိုက် ရေးတာဝန် ထမ်းဆောင်လိုသူများသည် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်မီပါက ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)သို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပါ သည်။ ပညာဆက်လက် သင်ယူလိုသော လူငယ်များအနေဖြင့်လည်း ပညာသင်ယူ ခွင့်ရရှိအောင် စီမံ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာသော လူငယ်များ အနေဖြင့် တော်လှန်ရေးရဲဘော်များ၊ တော်လှန်ပြည်သူများနှင့် အတူတကွ ရပ်တည် ရုန်းကန်ရှင်သန် ရမည်ဖြစ်သော်ငြား မိမိတို့၏ လူ့ဂုဏ်သိက္ခာနှင့်လုံခြုံမှုကို ရရှိခံစားနိုင်မည်ဖြစ် ပါသည်။

၁၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်မြေပြင်တွင် ရန်သူကို ပြတ်သားစွာ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်‌သော်လည်း ရန်သူ့တပ်ကို စွန့်ခွာထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်း (ပစ) များကိုမူ လိုအပ်သော ချိတ်ဆက်မှုနှင့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းသူများအား ထိုက်တန်သော ဆုကြေးငွေ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုသော ကြိုတင် ချိတ်ဆက်လာသူများအားလည်း ဖြစ်နိုင် သော ကူညီစောင့်ရှောက်မှုပေးနိုင်ရန် စီစဥ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၃။ အဓမ္မစစ်သားစုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်း(ပစ)များအနေဖြင့် မိမိတို့၏ အသက် သွေးချွေးဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး အလုပ်အကျွေးပြုနေရသည့် အခြေအနေမှ ရုန်းထွက် နိုင်ရန်အတွက် အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးစွန့်ခွာကြရန်နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်း များနှင့် ဆက်သွယ်ပူးပေါင်းကြရန် နှိုးဆော်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ရဲဘော်ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်​ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် တပ်...
02/09/2026

ရဲဘော်ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်

​ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် တပ်ရင်း (၃) မှ ဆေးတပ်သား ရဲဘော် တာရာ (ခ) ကဗျာဆရာ ဘုန်းတာရာနွယ် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၈:၃၀) နာရီအချိန်တွင် တော်လှန်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်။

​ရဲဘော် တာရာ (ခ) ကဗျာဆရာ ဘုန်းတာရာနွယ်သည် အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပေးအပ်သော တာဝန်များကို သက်စွန့်ဆံဖျား သစ္စာရှိစွာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ရဲဘော်၏ ပေးဆပ်စွန့်လွှတ်မှုနှင့် တော်လှန်စိတ်ဓာတ်ကို အလေးနက်ဆုံး ဦးညွှတ်ဂုဏ်ပြုသည့်အပြင် ကျန်ရစ်သူ မိသားစု၊ ဆွေမျိုးများ၊ ရဲဘော်ရဲဘက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် ထုတ်ပြန်အပ်ပါသည်။

​ရဲဘော်၏ မပြီးမြောက်သေးသော တော်လှန်ရေးတာဝန်များအတွက် ပေးဆပ်ခဲ့သည့် သွေး၊ ချွေး၊ အသက်တို့ကို စံပြု၍ အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုပါသည်။

ရဲဘော် သွားလိုရာ သွားနိုင်ပြီ။
ရဲဘော် ကောင်းရာသုဂတိလားပါစေ။

ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် တပ်ရင်း (၃)

မိုးဦးရိက္ခာ ကမ်ပိန်းလေး ၄၀% ပဲ ရှိသေးလို့ တော်လှန်ပြည်သူ့ထံ လက်တို့ အကူအညီတောင်းလိုက်ရပါတယ်နော်… ❤️​မိုးရာသီ ရောက်လာရင်...
25/08/2026

မိုးဦးရိက္ခာ ကမ်ပိန်းလေး ၄၀% ပဲ ရှိသေးလို့
တော်လှန်ပြည်သူ့ထံ လက်တို့ အကူအညီတောင်းလိုက်ရပါတယ်နော်… ❤️

​မိုးရာသီ ရောက်လာရင် လမ်းပမ်းဆက်သွယ်ရေး
ခက်ခဲတော့မှာမို့ ရဲဘော်တွေ စားနပ်ရိက္ခာ၊
ဆေးဝါးနဲ့ အမိုးအကာ မပြတ်လပ်ရအောင်
အခုကတည်းက ကြိုတင်ပြင်ဆင် စုဆောင်းနေတာပါ။
ပွင့်လင်းရာသီမှာ အင်တိုက်အားတိုက်
ရှေ့ဆက်နိုင်ဖို့အတွက် ဒီမိုးရာသီမှာ ရဲဘော်တို့
အဆင်ပြေပြေနဲ့ ပြင်ဆင်ထားနိုင်ဖို့
အဓိက လိုအပ်နေပါတယ်။

​ဒါပေမဲ့ ယခုချိန်ထိ Target ရဲ့ ၄၀% သာ
ပြည့်မီသေးတဲ့အတွက် ကျန်ရှိနေတဲ့ လိုအပ်ချက်ကို
ပြည့်မီသွားအောင် မိဘပြည်သူတို့ အတူတူ လက်တွဲပြီး အားဖြည့်ပေးကြပါဦးနော်။
ပြည်သူတွေရဲ့ တစ်ထောင့်တစ်နေရာက
အကူအညီတိုင်းဟာ ရဲဘော်တွေအတွက်
အင်မတန် အရေးပါလှပါတယ်။

​🍀 တပ်ရင်း ဆောင်ပုဒ် - “MDF ရိက္ခာ ပြည်သူ့ချွေးနဲစာ”

​⏰ Campaign ကာလ - 03 June 2026 မှ 31 Aug 2026 ထိ

🎯 Target ပမာဏ - သိန်း (၈၀၀)
[ယခု ၄၀% သာ ပြည့်မီသေးပါသည်]

​🎟 ကံစမ်းမဲ လက်မှတ်စျေးနှုန်းများ -

​မြန်မာငွေ - ၁၀,၀၀၀ ကျပ်
​ထိုင်းဘတ် - ၁၀၀ ဘတ်
​စင်္ကာပူဒေါ်လာ - ၅ ဒေါ်လာ
​အမေရိကန်ဒေါ်လာ - ၅ ဒေါ်လာ

​Kpay, Wave, NUGpay, SDB တို့နဲ့ စိတ်ကြိုက် လွယ်ကူစွာ ဝယ်ယူနိုင်ပြီး အောက်ပါ Telegram လင့်ခ်လေးတွေကနေ အက်ဒမင်တို့ကို တိုက်ရိုက် လာရောက်ဆက်သွယ် ထောက်ပို့နိုင်ပါတယ်နော် -

​t.me/DarDar_MDF
​t.me/AomKhay079

​


19/08/2026

Myanmar Defense Force (MDF)၏
သာယာဝတီခရိုင် တပ်ရင်း (၃) မှ
သင်တန်းအပါတ်စဉ် ၁ခု၏ ပုံရိပ်များ ဖြစ်ပါတယ်။

ယခုအခါ MDF ၏ ရန်ကုန်တပ်ရင်းအတွက်
ရဲဘော်သစ်များ ခေါ်ယူလျက်ရှိပြီး
အောက်ပါ Onlineလိပ်စာများမှတဆင့်
ဆက်သွယ် ပါဝင်နိုင်ကြပါတယ်။

📧ဆက်သွယ်ရန် page : Myanmar Defense Force
📧 ဆက်သွယ်ရန် တယ်လီဂရမ် : t.me/MDFinfodesk
📧 ဆက်သွယ်ရန် Signal : MDFinfodesk.21



MDF ၏ ထပ်မံ တိုးချဲ့သွားမည့် ရန်ကုန်တပ်ရင်းအတွက် ရဲဘော်သစ် ခေါ်ယူခြင်း⬜ Myanmar Defense Force (MDF)အနေနဲ့ အမျိုးသားညီညွတ...
17/08/2026

MDF ၏ ထပ်မံ တိုးချဲ့သွားမည့် ရန်ကုန်တပ်ရင်းအတွက် ရဲဘော်သစ် ခေါ်ယူခြင်း

⬜ Myanmar Defense Force (MDF)အနေနဲ့
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ကွပ်ကဲမှုဖြင့် တော်လှန်ရေး တွင် PDFတပ်ရင်း ၂ရင်းဖြင့် စုဖွဲ့ တိုက်ပွဲဝင်လျက်ရှိပြီး ယင်းတို့မှာ ရွှေဘိုခရိုင်တပ်ရင်း - ၂၆ (စစ်ကိုင်းတိုင်း) နှင့် သာယာဝတီခရိုင်တပ်ရင်း - ၃ (ပဲခူးတိုင်း) တို့ ဖြစ်ပါတယ်။

⬜ များမကြာခင်မှာ ရန်ကုန်တိုင်းတွင်လည်း တပ်ရင်း တစ်ခု အနေနဲ့ ပါဝင်နိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။

⬜ ထို့ကြောင့် စစ်အာဏာရှင်စနစ်မှ ရန်ကုန်တိုင်းလွတ်‌‌မြောက်‌ရေးအတွက် ပါဝင် တိုက်ပွဲဝင်လိုကြတဲ့ ရန်ကုန်သားတွေ ပဲဖြစ်ဖြစ် ၊ နယ်မြေစွဲ မထားသော ဘယ်အရပ်ဒေသ က ‌လူငယ် လူရွယ်များမဆို ကျနော်တို့နဲ့ လက်တွဲ ပါဝင်သွားဖို့ ဖိတ်‌ခေါ်ပါတယ်။

📍 အခြေခံ လိုအပ်ချက် အနေနဲ့ကတော့ ‌ နာတာရှည် ရောဂါ ရှိသူ မဖြစ်ရပါ။ (အပင်စိုက်တာကနေ အသီးခူးတာထိ အစကနေ အဆုံးတိုင် ကိုယ်တိုင် ကြုံးကြ ရုန်းကြမှာမို့ သန်မာနေကြဖို့လိုတာကြောင့် ဖြစ်ပါတယ်။)

📍အနောက်မှ နောက်ဆံတင်းစရာ မိသားစု ၊လူမှုရေး၊ စီးပွားရေး အနှောင်အဖွဲ့ ကင်းရပါမယ်။ ( အလုပ်ထဲ အာရုံထည့်နေတဲ့အခါ ဝေဝါးစေမယ့် အကြောင်းအရာများကို ငဲ့နေရရင် ကိုယ့်အတွက် အန္တရာယ်များနိုင်ပါတယ်၊ လုံးဝ အဆက်သွယ်ဖြတ်စရာ မလိုပါ)

📍အခြေခံ စစ်သင်တန်းပြီးချိန်မှ စပြီး ၃နှစ် တဆက်တည်း တာဝန် ထမ်းဆောင် နိုင်သူ ဖြစ်ရပါမယ်။ ( နယ်မြေသစ် တစ်ခုအတွက် လုပ်ကြတဲ့အခါ အချိန် ၆လ ၊၁နှစ်က ဘာမှ မယ်မယ်ရရ အလုပ်မဖြစ်နိုင်ပါဘူး)

⬜ အပေါ်က တပ်ရင်း တွေဟာလည်း ပုံမှန်အတိုင်း သူ့အရပ်ဒေသမှာ ပိုမို အလုပ်လုပ်နိုင်ဖို့ အားဖြည့်လုပ်ဆောင်သွားကြမှာ ဖြစ်သလို ဒီအင်အားစုသည်လည်း နောက်ထပ် နယ်မြေ တစ်ခုဖြစ်တဲ့ ရန်ကုန်တိုင်းအတွက် ထပ်မံ လျှောက်လှမ်းမှာ ဖြစ်ပါတယ်။

⬜ MDF၏ ရန်ကုန်တပ်ရင်းသည်လည်း NUG/MOD၏ ကွပ်ကဲမှုဖြင့် ပါဝင်သွားမှာ ဖြစ်ပါတယ်။

⬜ ရန်ကုန် ပြန်မယ့် ရန်ကုန်သားတွေနဲ့ ရန်ကုန်ကို ချစ်ခင်ပြီး လွတ်မြောက်စေချင်တဲ့ နေရာ ဒေသ မရွေးဘဲ တော်လှန်ရေးမှာ ပါဝင်ချင်ကြတဲ့ လူငယ် လူရွယ် ကျား/မ မရွေး အားလုံးကို ကြိုဆိုပါတယ်။

📧ဆက်သွယ်ရန် page : Myanmar Defense Force
📧 ဆက်သွယ်ရန် တယ်လီဂရမ် : t.me/MDFinfodesk
📧 ဆက်သွယ်ရန် Signal : MDFinfodesk.21

住所

Tokyo

ウェブサイト

アラート

Myanmar Defense Forceが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

その団体に問い合わせる

Myanmar Defense Forceにメッセージを送信:

ショートカット

共有する

カテゴリー