Note Pages

Note Pages 🌈မင်္ဂလာပါ။🙏🙇🙇‍♀️🌻☕🍪
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ။
ရေလိုအေးပြီး၊ပန်းလိုမွှေးတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။🌻

ပိုင်ဆိုင်နေရစဥ်မှာ တန်ဖိုးထားပါ🍁
23/10/2026

ပိုင်ဆိုင်နေရစဥ်မှာ တန်ဖိုးထားပါ🍁

"မမြဲခြင်းကြားက တန်ဖိုးများ"🍁

ပွင့်လန်းနေတဲ့ပန်းတစ်ပွင့်ဟာလည်း
တစ်နေ့ကျရင် နွမ်းလျရတာပဲ။
သာယာနေတဲ့နွေဦးဟာလည်း
တစ်ချိန်ကျရင် ဆောင်းဦးကို
လမ်းဖယ်ပေးရမှာပဲ။

ကြည်လင်နေတဲ့ကောင်းကင်မှာလည်း
တိမ်မည်းတွေ ဖြတ်သန်းတတ်သလို
တောက်ပနေတဲ့ကြယ်ကလေးတွေလည်း
တစ်ချိန်ကျရင် အလင်းမှိန်ရတာပဲ။

ဆုပ်ကိုင်ထားသမျှဟာ လွတ်ကျသွားတတ်ပြီး
ချစ်ခင်ရသမျှဟာလည်း ခွဲခွာရတတ်ပါတယ်။
အနီးဆုံးမှာ ရှိနေတဲ့အရာတွေတောင်
တစ်နေ့ကျရင် အဝေးဆုံးကို ရောက်သွားနိုင်ပါတယ်။

အရာအားလုံးဟာ ဖြစ်ပြီး ပျက်တတ်ပါတယ်။
ဒါဟာ ဘဝရဲ့မပြောင်းလဲတဲ့ သဘာဝတရားတစ်ခုပါ။

ဒါပေမဲ့
ဖြစ်တည်လာခြင်းတိုင်းဟာ
အဓိပ္ပာယ်မဲ့ခဲ့တာ မဟုတ်သလို
ပျက်စီးသွားခြင်းတိုင်းဟာလည်း
အဆုံးသတ်သွားခြင်း သက်သက် မဟုတ်ခဲ့ပါဘူး။

ဒါကြောင့်
ပိုင်ဆိုင်နေရစဉ်မှာ တန်ဖိုးထားပါ၊
ချစ်ခင်နေရစဉ်မှာ နွေးထွေးမှုပေးပါ၊
အတူရှိနေရစဉ်မှာ အမှတ်တရကောင်းတွေ ဖန်တီးပါ။

လောကမှာ
ထာဝရတည်မြဲမဲ့အရာဆိုတာ မရှိပေမဲ့
ခဏတာ တည်ရှိခဲ့ဖူးတဲ့အရာတွေကတော့
နှလုံးသားထဲမှာ ထာဝရအဓိပ္ပာယ်ရှိသွားနိုင်လို့ပါပဲ။ ။

#ဟန်မင်း(Nightmare&Deep)
(၂၁၊၁၀၊၂၀၂၆)
https://www.facebook.com/hanmin87

လောကကြီးမှာ တကယ်တော့ကိုယ်တိုင်ရွေးချယ်စရာ မလိုဘဲ သူတို့နဲ့ တန်ရာတန်ရာကို ရွေးချယ်သွားကြတဲ့သူတွေက သီးသန့်ရှိပါတယ် ။ကိုယ်က...
23/10/2026

လောကကြီးမှာ တကယ်တော့
ကိုယ်တိုင်ရွေးချယ်စရာ မလိုဘဲ
သူတို့နဲ့ တန်ရာတန်ရာကို
ရွေးချယ်သွားကြတဲ့သူတွေက သီးသန့်ရှိပါတယ် ။

ကိုယ်ကိုယ်တိုင်က ရွေးချယ်ပြီးတော့
ဆက်ဆံနေစရာ မလိုပါဘူး ။

အဲဒီလူတွေကတော့
စေတနာနဲ့ မတန်တဲ့သူတွေ
မေတ္တာတရားနဲ့ မတန်တဲ့သူတွေ
ကရုဏာတရားနဲ့ မတန်တဲ့သူတွေကတော့
သူတို့နဲ့ တန်တဲ့ လမ်းကိုပဲ
သူတို့ကိုယ်တိုင် ရွေးချယ်သွားကြတာ ဖြစ်တယ် ။

သူတို့နဲ့ တန်တဲ့ လမ်းကို
သူတို့ကိုယ်တိုင် ရွေးချယ်သွားကြတာဖြစ်လို့
ဒီလိုလူတွေနဲ့ ခွဲခွာရလို့ စိတ်မကောင်းမဖြစ်လိုက်ပါနဲ့နော် ။

-အရှင်ဇဝန (ရွှေကုန်းမြေ)

မနာလိုတဲ့သူတွေကြားမှာအောင်မြင်ခြင်းဟာ အပြစ်ဖြစ်လာတယ် ။တိုက်ခိုက်သူတွေကြားမှာဂုဏ်ကြီးတဲ့သူဟာ အပြစ်ဖြစ်လာတယ် ။လိမ်တတ်သူတွေ...
21/10/2026

မနာလိုတဲ့သူတွေကြားမှာ
အောင်မြင်ခြင်းဟာ အပြစ်ဖြစ်လာတယ် ။

တိုက်ခိုက်သူတွေကြားမှာ
ဂုဏ်ကြီးတဲ့သူဟာ အပြစ်ဖြစ်လာတယ် ။

လိမ်တတ်သူတွေကြားမှာ
ရိုးသားတဲ့သူဟာ အပြစ်ဖြစ်လာတယ် ။

မကောင်းတဲ့သူတွေကြားမှာ
ကောင်းတဲ့သူဟာ အပြစ်ဖြစ်လာတယ် ။

ကတိမတည်သူတွေကြားထဲမှာ
မှန်ကန်မှုဟာ အပြစ်တစ်ခုဖြစ်လာတယ် ။

မိမိရဲ့ပတ်၀န်းကျင်မှာ
မုဒိတာမျက်လုံးတွေ ကွယ်လာကြတယ်။
အကောင်းမြင်ဝါဒတွေ ပျောက်လာတယ် ။
ကိုယ်ချင်းစာနှလုံးသားတွေကွဲလာတယ်။
နွေးထွေးတဲ့လက်တွေ ကျိုးပဲ့လာတယ် ။

လူပီသတဲ့စိတ် မျိုးစေ့မှန်တဲ့စိတ်တွေ
ကိုယ့်ရဲ့ဘ၀မှာ မဖြစ်ထွန်းလာဘူးဆိုရင်
ကိုယ့်ဘ၀ဟာ ဆင်းရဲရတတ်ပါတယ် ။

သူများရဲ့ တိုးတက်အောင်မြင်မှုတွေ
သူများရဲ့ ကောင်းခြင်းတွေမှာ
ကိုယ်ကိုယ်တိုင်ဟာ ၀မ်း​မြောက်စွာ
အားပေးမှုတွေ ဖြစ်အောင်
အသီးသီး ကြိုးစားနိုင်ဖို့ လိုအပ်ပါတယ် ။

#သာရဂဝေသီ

အပြည့်စုံဆုံးဘဝဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့ ဘဝ မဟုတ်ပါဘူး ။ ကိုယ့်အတွက် ဘာက လုံလောက်ပြီလဲဆိုတာ သိတဲ့ဘဝပါ ။ လောဘက...
19/10/2026

အပြည့်စုံဆုံးဘဝဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့ ဘဝ မဟုတ်ပါဘူး ။ ကိုယ့်အတွက် ဘာက လုံလောက်ပြီလဲဆိုတာ သိတဲ့ဘဝပါ ။ လောဘကို ဖြည့်ပေးလို့ မပြည့်ဝဘူး ။ လောဘကို လျှော့လိုက်မှ စိတ်က ပြည့်ဝလာတယ် ။ တချို့အရာတွေကို ရယူခြင်းကြောင့် ဘဝက တိုးတက်တယ် ။ တချို့အရာတွေကို လက်လွှတ်ခြင်းကြောင့် ဘဝက လွတ်မြောက်တယ် ။

လျှော့သင့်တာကို လျှော့ပါ ။ လွှတ်သင့်တာကို လွှတ်ပါ ။
တန်ဖိုးထားသင့်တာကို တန်ဖိုးထားပါ ။

ဒါမှသာ ပိုင်ဆိုင်မှုများတဲ့ ဘဝ မဟုတ်ဘဲ ငြိမ်းချမ်းမှုများတဲ့
ဘဝကို ရနိုင်ပါလိမ့်မယ် ။ အကုန်ရဖို့ ကြိုးစားနေသူက
အဆုံးမှာ ကိုယ့်ကိုယ်ကိုယ်ပဲ ဆုံးရှုံးတတ်ပါတယ် ။

#ထိန်လင်းသာ

အချစ်ဟာ ဘဝတစ်ခုလုံးစာ မဟုတ်ဘူးလို့ နားလည်လာစေတဲ့ လမ်းခွဲမှုကို ကြုံပြီးနောက်မှာ ပိုကောင်းတဲ့ ဘဝပုံစံကို ပိုင်ဆိုင်လာတတ်တ...
19/10/2026

အချစ်ဟာ ဘဝတစ်ခုလုံးစာ မဟုတ်ဘူးလို့
နားလည်လာစေတဲ့ လမ်းခွဲမှုကို ကြုံပြီးနောက်မှာ
ပိုကောင်းတဲ့ ဘဝပုံစံကို ပိုင်ဆိုင်လာတတ်တယ် ။

ချစ်စိတ်တွေ ရင်ထဲအပြည့်နဲ့ အချိန်တုန်းက
မိမိကိုယ်ကို ပစ်ထားမိတာတွေ
ဂရုမစိုက်မိတဲ့ လူမှုရေး ၊ ကျန်းမာရေးတွေ
ကိုယ်တကယ် ဖြစ်ချင်တာလား သူရှိလို့ လုပ်ချင်တာလား မသိတဲ့ မရေရာတဲ့ အားထုတ်မှုတွေ
ဘာအကျိုးမှမရှိတဲ့ စိတ်ပင်ပန်းမှုတွေနဲ့ လုံးချာလည်နေတဲ့ နေ့ညတွေ
အချစ်နဲ့ရောပြီး အိပ်မက်နဲ့ဝေးနေတဲ့ အချိန်တွေကို လမ်းခွဲပြီးနောက်ပိုင်းမှာမှ သတိထားမိလာလိမ့်မယ် ။

လုံလုံလောက်လောက် ကုစားနိုင်ပြီးတဲ့အခါ ..
နောက်ပြန်လှန်ကြည့်လိုက်ရင် ကိုယ်ဟာ ဘယ်လိုတောင်အရေးမပါတဲ့ ကိစ္စတွေနဲ့ တိုင်ပတ်ခဲ့သလဲဆိုတာ သိလာခဲ့တယ် ။

ကတိကဝတ်တွေနဲ့ ချည်နှောင်ထားဖို့ မတန်အောင် ဘဝဟာ အဖိုးတန်တယ် ။ ကိုယ်အခြားသူဆီရှာနေမိတဲ့ ပျော်ရွှင်မှုဟာ လွတ်လပ်တဲ့ ဘဝမှာပဲ ရှိနေခဲ့တယ်ဆိုတာကို သဘောပေါက်လာတယ် ။

ဒါကြောင့် အချစ်ဟာ ဘဝမဟုတ်ဘူးလို့ နားလည်လာတဲ့အချိန်မှာမှ ဘဝဟာ စတင်တာမျိုးတွေလည်း ရှိပါတယ် ။


(စိတ်ဖြတ်နည်း၁၀၀)

"ငါရော ဘယ်လို ခံစားနေရလဲ..."တစ်ခါတလေ ကိုယ်ဟာ သူများရဲ့ခံစားချက်တွေကို အရမ်းဂရုစိုက်မိကောင်း ဂရုစိုက်မိနေပါလိမ့်မယ်။သူ စိ...
19/10/2026

"ငါရော ဘယ်လို ခံစားနေရလဲ..."

တစ်ခါတလေ ကိုယ်ဟာ သူများရဲ့ခံစားချက်တွေကို အရမ်းဂရုစိုက်မိကောင်း ဂရုစိုက်မိနေပါလိမ့်မယ်။
သူ စိတ်မကောင်းဖြစ်သွားမလား၊ အဆင်ပြေပါ့မလား၊ ကိုယ်ပြောလိုက်တဲ့စကားကြောင့် ဘယ်လိုခံစားသွားမလဲဆိုတာတွေကို ကိုယ့်စိတ်ထက် သူများစိတ်ကို ဦးစားပေးပြီး ကြိုတွေးပေးနေမိတတ်တာတွေ ရှိကောင်းရှိပါလိမ့်မယ်။

အဲဒီလို သူများကို နားလည်ပေးရင်းနဲ့ တစ်နေ့မှာ ကိုယ့်စိတ်ထဲက အသံကိုတောင် ကိုယ်တိုင် ပြန်မကြားမိတော့တဲ့အချိန်တွေ ရှိလာတတ်ပါတယ်။

တကယ်တော့ ကိုယ်က သူများအတွက် အမြဲစဉ်းစားပေးနေတာနဲ့ သူများကလည်း ကိုယ့်အတွက် အဲဒီလို စဉ်းစားပေးမယ်လို့ တွေးထားလို့ မရပါဘူး။
လူတိုင်းဟာ ကိုယ့်လို သူများရဲ့ခံစားချက်တွေကို အသေးစိတ်လိုက်တွေးပေးတတ်ကြတာ မဟုတ်ဘူး။

ဒါကြောင့် သူများကို နားလည်ပေးသလို ကိုယ့်ကိုယ်ကိုလည်း နားလည်ပေးဖို့ လိုတယ်။
မကြိုက်တာကို မကြိုက်ဘူးလို့ ပြောခွင့်ရှိတယ်။
မလုပ်နိုင်တာကို မလုပ်နိုင်ဘူးလို့ ပြောခွင့်ရှိတယ်။
ပင်ပန်းတဲ့အခါ ခဏနားခွင့်ရှိတယ်။
ကိုယ့်စိတ်ကို ထိခိုက်စေတဲ့အရာတွေကနေ အကွာအဝေးထားခွင့်လည်း ရှိတယ်။

သူများကို စိတ်မကောင်းမဖြစ်စေချင်လို့ ဆိုပြီး ကိုယ့်ကိုယ်ကို အမြဲစိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့။
တစ်ခါတလေ ကိုယ့်ကိုယ်ကိုလည်း
"ငါရော ဘယ်လိုခံစားနေရလဲ။ ငါရော အဆင်ပြေရဲ့လား" လို့ ပြန်မေးပေးပါ။

ဘာလို့လဲဆိုတော့ ကိုယ့်ခံစားချက်တွေကလည်း သူများခံစားချက်တွေလိုပဲ အရေးကြီးလို့ပါ။
သူများကို နားလည်ပေးတတ်တာက ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီနားလည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို နားလည်ပေးဖို့လညိး မမေ့ပါနဲ့။ ။

#ဟန်မင်း(Nightmare&Deep)
(၁၃၊၉၊၂၀၂၆)
https://www.facebook.com/hanmin87

ကိုယ် မပူရလေအောင် နေထိုင်ပါကိုယ်က ဒါကိုမကြိုက်ရင်သူများကိုလည်း ဒါကို မပေးမိစေနဲ့ ။ကိုယ်လည်း ချမ်းချမ်းသာသာလေး နေလိုရင်သူ...
19/10/2026

ကိုယ် မပူရလေအောင် နေထိုင်ပါ

ကိုယ်က ဒါကိုမကြိုက်ရင်
သူများကိုလည်း ဒါကို မပေးမိစေနဲ့ ။

ကိုယ်လည်း ချမ်းချမ်းသာသာလေး နေလိုရင်
သူများကိုလည်း ဒုက္ခမပေးနဲ့ ။

ကိုယ်က ဒါကို မလိုချင်ရင်
အတင်းအဓမ္မလည်း မယူထားလိုက်နဲ့ ။

ကိုယ်ယူမှ ကိုယ်ရမှာမို့လို့
တချို့ ပူလောင်စေတဲ့ စကားတွေ

မဟုတ်မတရား ပြောနေတဲ့ ကိစ္စတွေကို
မယူဘဲ ရှောင်နေလိုက်တာဟာ အကောင်းဆုံးပါ ။

သိတိုင်းလည်း ဝင်မပြောမိစေနဲ့ ။
အချိန်အခါ ကာလလေးကို ကြည့်ပြီးတော့
ဒါကိုပြောလိုက်ရင် ဘယ်လောက်အကျိုးရှိသွားမယ်
ကုသိုလ်တွေ တိုးပွားစေနိုင်မှ ပြောတာဟာ
ကိုယ့်အတွက် အပြစ်ကင်းဆုံး ဖြစ်ပါတယ် ။

လူတိုင်း အပြစ်မကင်းကြတဲ့ အပေါ်မှာ
ကိုယ့်ရဲ့ ကိုယ်ချင်းစာစိတ်ကို ဖဲ့ပေးပြီးတော့

ကိုယ့်စိတ်လေး မပူရလေအောင်
ကိုယ့်ဘ၀လေး ဘေးမတွေ့ရလေအောင်
အကျိုးရှိတဲ့ မေတ္တာစိတ်နဲ့ နေထိုင်ဖို့ လိုပါတယ် ။

#သာရဂဝေသီ

အရွယ်ရောက်လာလေညတွေကို တဖြည်းဖြည်း ပိုပြီး ချစ်တတ်လာတယ် ။တိတ်ဆိတ်ခြင်းတွေကို မြတ်နိုးတတ်လာပြီးအေးချမ်းခြင်းတွေကို ခံစားတတ...
18/10/2026

အရွယ်ရောက်လာလေ
ညတွေကို တဖြည်းဖြည်း ပိုပြီး ချစ်တတ်လာတယ် ။

တိတ်ဆိတ်ခြင်းတွေကို မြတ်နိုးတတ်လာပြီး
အေးချမ်းခြင်းတွေကို ခံစားတတ်လာတယ် ။

ကိုယ့်ရဲ့ ဖြစ်တည်မှုလေးကို ပိုချစ်တတ်လာပြီး
ဒီနေ့အထိ ကြိုးစားရှင်သန်နိုင်ခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ် ။

မနက်ဖြန်မှာလည်း
ထပ်ပြီး ပင်ပန်းရဦးမယ်ဆိုတာ သိနေပေမယ့်
ဒီနေ့လိုပဲ လှပတဲ့ ညလေးကို
ထပ်ပြီး ပိုင်ဆိုင်ခွင့်ရဦးမှာမို့ ကျေနပ်ပါတယ် ။

#ယူနိုရာ

ဘုရားရှင်က ပိုင်ဆိုင်မှုကို တားမြစ်တာ မဟုတ်ဘူး။အဲဒီ ပိုင်ဆိုင်မှုအပေါ် တွယ်တာတပ်မက်ခြင်းကိုသာ တားမြစ်တာ။ပိုင်ဆိုင်တာ မကေ...
17/10/2026

ဘုရားရှင်က ပိုင်ဆိုင်မှုကို တားမြစ်တာ မဟုတ်ဘူး။

အဲဒီ ပိုင်ဆိုင်မှုအပေါ်
တွယ်တာတပ်မက်ခြင်းကိုသာ တားမြစ်တာ။

ပိုင်ဆိုင်တာ မကောင်းဘူးလို့ မဟောဘူး။
တွယ်တာတာကိုပဲ မကောင်းဘူးလို့ ပြောတာ

ဘာလို့လဲ ဆိုတော့
တွယ်တာမှုဟာ သောကကို ဖြစ်စေတတ်လို့ပါပဲ။ ။

#ပါချုပ်ဆရာတော်ကြီး

လက်ရှိဘဝမှာ မိုးတွေ ဘယ်လောက်ပဲ သည်းသည်း ရွာနေပါစေ၊ ကိုယ့်ရဲ့ကောင်းကင်ကြီးမှာ သက်တံလေးတစ်စင်း ပြန်ပေါ်လာနိုင်တယ်ဆိုတဲ့ မျ...
16/10/2026

လက်ရှိဘဝမှာ မိုးတွေ ဘယ်လောက်ပဲ သည်းသည်း ရွာနေပါစေ၊ ကိုယ့်ရဲ့ကောင်းကင်ကြီးမှာ သက်တံလေးတစ်စင်း ပြန်ပေါ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ မပျောက်ဆုံးစေချင်ပါဘူး။

"မိုးတိတ်ပြီးနောက် ပေါ်လာမဲ့သက်တံ"

တစ်ခါတလေ ကိုယ့်ဘဝမှာ ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေ၊ မျှော်လင့်ချက်မဲ့သလို ခံစားရတဲ့အချိန်တွေ ရှိနေတတ်ပါတယ်။

မိုးရွာနေတဲ့အချိန်မှာတော့
ကောင်းကင်ကြီးရဲ့အလှတရားကို မမြင်နိုင်ပါဘူး။
သို့ပေမဲ့...
မိုးတိတ်သွားတဲ့အခါ သက်တံလေးတစ်စင်း ပေါ်လာနိုင်သလို၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတဲ့အခါမှာလည်း ကိုယ်မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုလေးတွေကို တွေ့ရှိလာနိုင်ပါတယ်။

ဘဝမှာ ကြုံတွေ့ရတဲ့ အရာအားလုံးဟာ ကိုယ့်ကို နာကျင်စေဖို့အတွက်ပဲ ဖြစ်လာတာမဟုတ်ပါဘူး။ တချို့အရာတွေက ကိုယ့်ကို ပိုသန်မာလာစေဖို့၊ ပိုနားလည်တတ်လာစေဖို့နဲ့ ပျော်ရွှင်မှုရဲ့တန်ဖိုးကို ပိုသိလာစေဖို့ ဖြစ်ပါတယ်။

အမှောင်ရှိနေလို့အလင်းရဲ့တန်ဖိုးကို သိလာရတာဖြစ်သလို မိုးရွာလို့သာ သက်တံရဲ့အလှကို မြင်လာရတာ ဖြစ်တယ်။ နာကျင်မှုတွေ ရှိခဲ့လို့ပဲ ငြိမ်းချမ်းခြင်းရဲ့ အဓိပ္ပာယ်ကို ပိုနားလည်လာရတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဘဝမှာ မိုးတွေ ဘယ်လောက်ပဲ သည်းသည်း ရွာနေပါစေ၊ ကိုယ့်ရဲ့ကောင်းကင်ကြီးမှာ သက်တံလေးတစ်စင်း ပြန်ပေါ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ မပျောက်ဆုံးစေချင်ပါဘူး။ ။

#ဟန်မင်း(Nightmare&Deep)
(၁၆၊၁၀၊၂၀၂၆)
https://www.facebook.com/hanmin87

住所

Tokyo

ウェブサイト

アラート

Note Pagesが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー