ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု- No to Junta's Sham Election

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု- No to Junta's Sham Election

Share

အတုအယောင်ရွေးကောက်ပွဲကို လူထုအားဖြင့် သပိတ်မှောက်

Photos from ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု- No to Junta's Sham Election's post 29/12/2025

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ကိုရီးယားနေ တော်လှန်ပြည်သူများက လုံးဝဆန့်ကျင်ငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာချက်

အမှတ် (၂)

ရက်စွဲ၊ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်

၁။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ကိုရီးယားနေ မြန်မာ နိုင်ငံသားများက လုံးဝ ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ကို ၂၀၂၅ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ယင်းကြေညာချက်တွင် စစ်အုပ်စုက ရွေးကောက်ပွဲတခုကို ဟန်ပြလုပ်ပြီး နိုင်ငံတကာသို့ လှည့်ဖြားရန် ကြိုးပမ်းခြင်း၊ တရားဝင်မှု လုံးဝမရှိခြင်း၊ ပြည်သူ့ ဆန္ဒကို မျက်ကွယ်ပြုထားခြင်း၊ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်နေခြင်း စသည့်အချက် တို့ကို အပြည့်အစုံ ရှင်းလင်းဖော်ပြခဲ့ပြီး ဖြစ်သည်။

၂။ ယနေ့တွင် အတုအယောင်ရွေးကောက်ပွဲ အပိုင်း တစ် အဖြစ် မြို့နယ် ၁၀၂ ခုတွင် ကျင်းပမည်ဟု ကြေညာထားသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပိုင်း နှစ် အဖြစ် မြို့နယ် ၁၀၀ ၌ ကျင်းပမည်ဟု ကြေညာထားသည်။ ဆက်လက်၍ အပိုင်း သုံး အဖြစ် မြို့နယ် ၇၂ ခုတွင် ကျင်းပ မည်ဟု ဆိုသော်လည်း ရက်စွဲကို ကြေညာနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် မြို့နယ် ၅၆ ခုတွင် လုံးဝ ကျင်းပနိုင်ခြင်း မရှိကြောင်း စစ်အုပ်စုက ဝန်ခံထားသည်။ ကြေညာထားသည့် မြို့နယ် ၂၀၂ ခု တွင်လည်း ရပ်ကွက် ၁၆၁ ခုနှင့် ကျေးရွာ ၂,၇၇၀ တွင် အပြည့်အဝ ကျင်းပနိုင်မည် မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင်က ဝန်ခံထားသည်။ ထို့ကြောင့် ဤအတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံတခုလုံး၏ ၂၁ ရာခိုင်နှုန်းခန့်တွင်သာ ကျင်းပနိုင်ဖွယ်ရှိကြောင်း ထင်ရှားသည်။

၃။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြည်တွင်းပြည်ပရှိ လွတ်လပ်သော အဖွဲ့အစည်းများက လူထုစစ်တမ်း ကောက်ယူရာတွင် ၉၆ ရာခိုင်နှုန်းက “အတုအယောင်ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်”ကြောင်းထုတ်ပြန်ကြသည်။ ကိုရီးယားနိုင်ငံနေ မြန်မာနိုင်ငံသားများ၏ ရွေးကောက်ပွဲ အပေါ် သဘောထား စစ်တမ်းကောက်ယူရာတွင်လည်း ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက “လက်မခံ ဆန့်ကျင်”ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ် ခဲ့သော ပြည်ပကြိုတင်မဲပေးပွဲများ၌၊ နိုင်ငံတကာအနှံ့ရှိ ပြည်ပနေမြန်မာနိုင်ငံသား ၄ သန်းကျော် အနက်တွင် ကြိုတင်မဲထည့်သူ ၅,၀၀၀ ခန့်သာ ရှိကြောင်း သိရှိရသည်။

၄။ ယနေ့ ပြုလုပ်သည့် အပိုင်း တစ် မဲပေးပွဲတွင် ပြည်တွင်းနေ နိုင်ငံသားအများစုက မဲမထည့်ဘဲ သပိတ်မှောက်ကြထားကြပြီး ဖြစ်သည်။ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်၍ မဲထည့်ခိုင်း လျှင်လည်း ဤရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ပြည်သူလူထု လက်မခံသော ပါဝင်ပူးပေါင်းမှုမရှိသော ဤရွေးကောက်ပွဲမှ ထွက်ပေါ် လာသည့် ရလဒ်အားလုံးသည် စစ်အုပ်စု၏ အလိမ်အညာ အတုအယောင် ကိန်းဂဏန်းများ အသေအချာဖြစ်၍ မည်သည့်ရလဒ်ကိုမျှ လက်ခံမည် မဟုတ်ပေ။ အဆိုပါ ရလဒ်ကို အခြေခံ၍ ဆက်လက် လုပ်ဆောင်လာမည့် စစ်အုပ်စု၏ ဆောင်ရွက်ချက်များကိုလည်း ဆန့်ကျင်သွားမည် ဖြစ်သည်။

၅။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရ၊ လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်း အားလုံးလိုလိုက စစ်အုပ်စု၏ ရွေးကောက်ပွဲကို ယုံကြည်စရာမရှိသော၊ တရားမျှတမှုမရှိသော၊ ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသော “အတုအယောင်”ရွေးကောက်ပွဲ အဖြစ် ကြေညာထားပြီး ဖြစ်သည်။ တချိန်တည်းမှာပင် စစ်အုပ်စု၏ အကြမ်းဖက်မှုများ၊ ပြင်းထန်သည့် ဖိနှိပ်မှုများ၊ ကန့်သတ်ချုပ်ချယ်ထားသည့် ဥပဒေများအောက်တွင် ကျင်းပခြင်း ဖြစ်ပြီး၊ သံသယဖြစ်ဖွယ် အီလက်ထရောနစ်မဲပေးစက်များ၊ စိတ်ကြိုက်ရွေးချယ်ထားသည့် နိုင်ငံရေးပါတီများနှင့် သီးခြားလွတ်လပ်သည့် မီဒီယာနှင့် အဖွဲ့အစည်းများ၏ စောင့်ကြည့်နိုင်မှု ကင်းမဲ့နေသည့် အခြေအနေကိုလည်း နိုင်ငံတကာက ထောက်ပြထားသည်။

၆။ ကိုရီးယားအမျိုးသားလွှတ်တော်မှ အာဏာရနှင့် အတိုက်အခံ အမတ်များသည် ဒီဇင်ဘာ ၁၇ ရက်နေ့က "မြန်မာစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားမဝင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းမှုတို့ကို ရှုတ်ချပြီး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို တောင်းဆိုကြောင်း” ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ ကလည်း ဒီဇင်ဘာ ၂၃ ရက်နေ့က "သွေးစွန်းနေတဲ့ မဲပုံးထဲမှာ ဒီမိုကရေစီ မရှိနိုင်" ဟူသော ခေါင်းစဉ်ဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

၇။ ဤ အတုအယောင်ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည် မဟုတ်ဘဲ၊ ပြည်သူကိုအကြမ်းဖက်သည့် စစ်ရာဇဝတ်မှုများ ထပ်တိုးပွားလာပြီး၊ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်စေရန်သာ ရည်ရွယ်သည်ဖြစ်၍ မြန်မာပြည်သူလူထုသည် နွေဦးတော်လှန် ရေး အောင်ပွဲခံသည်အထိ ဆက်လက်တိုက်ပွဲဝင်နေဦးမည် ဖြစ်သည်။ ကိုရီးယားနိုင်ငံနေ ကျွန်ုပ် တို့သည် မြန်မာနိုင်ငံသားအားလုံး၏ ဆန္ဒနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညီညွတ်စွာ လက်တွဲလျက်၊ တော်လှန်ရေးအလံကို မြဲမြံစွာ ဆုပ်ကိုင်လျက်၊ တော်လှန်ရေးတာဝန်ကို ဆထက်ထမ်းပိုးတိုး၍ ထမ်းဆောင်ပါဝင်ကြမည် ဖြစ်ကြောင်း ကြေညာအပ်သည်။

“အရေးတော်ပုံ အောင်ရမည်”

–စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ

===

[성명서] 미얀마 테러 군부 가짜 선거에 대한
재한 미얀마 혁명 시민들의 전면 거부 선언(제2호)

2025년 12월 28일

1. 재한 미얀마 시민들은 미얀마 테러 군부가 실시하려는 가짜 선거를 전면 반대하고 거부한다는 성명을 이미 2025년 10월 4일에 발표한 바 있습니다. 해당 성명을 통해 군부가 선거를 내세워 국제사회를 기만하려 한다는 점, 정당성이 전혀 없다는 점, 민의를 무시하고 국민을 테러 공격하고 있다는 점 등을 상세히 밝히고 설명했습니다.

2. 미얀마 군부는 오늘 ‘1부’로 총 102개 지역에서 가짜 선거를 실시한다고 발표했습니다. 이어 2026년 1월 11일에는 ‘2부’로 100개 지역에서 실시하고, '3부'로 72개 지역에서 계속하겠다고 했으나 아직 날짜조차 발표하지 못하고 있습니다. 또한 56개 지역에서는 선거를 전혀 실시할 수 없음을 군부 스스로 인정했습니다. 선거관리위원회는 ‘1부’와 ‘2부’ 선거 지역인 202개 지역 중에서도 161개 구와 2,770개 마을에서 선거를 온전히 치를 수 없음을 시인했습니다. 따라서 이 가짜 선거는 전체 국가 영토의 약 21%에서만 겨우 치르게 될 것이라는 점이 명백합니다.

3. 지난 11월과 12월 사이 국내외 독립 단체들이 실시한 여론조사에 따르면, 국민의 96%가 “가짜 선거를 수용하지 않고 반대한다”고 답했습니다. 재한 미얀마 시민들을 대상으로 한 조사에서는 99.99%가 ‘반대 및 거부’ 의사를 밝혔습니다. 또한 12월 6일부터 12일까지 실시된 해외 사전 투표 결과, 전 세계 400여 만 명의 재외국민 중 투표에 참여한 인원은 약 5,000명에 불과한 것으로 파악되었습니다.

4. 오늘 실시된 ‘1부’ 투표에서 대다수의 국내 시민들은 투표를 거부하고 보이콧했습니다. 강압과 위협으로 강제 투표가 진행된다 하더라도, 이 선거가 자유롭고 공정하지 않음은 자명합니다. 그러므로 국민이 거부하고 참여하지 않은 이번 선거에서 도출되는 모든 결과는 군부의 조작된 숫자에 불과하며, 우리는 그 어떤 결과도 인정하지 않을 것입니다. 또한 이러한 결과를 바탕으로 추진되는 군부의 향후 모든 조치에 맞서 싸울 것입니다.

5. 유엔(UN), 유럽연합(EU), 아세안(ASEAN)을 포함한 세계 각국 정부와 의회, 시민사회 단체들은 이미 군부의 선거를 신뢰할 수 없고 불공정하며 민주적 기준에 부합하지 않는 ‘가짜’ 선거로 규정했습니다. 국제사회는 군부의 폭력과 가혹한 탄압, 제한적인 법령 아래에서 선거가 치러지고 있다는 점과 의심스러운 전자투표기 사용, 군부 입맛에 맞춘 정당 선정, 그리고 독립적인 미디어와 단체의 감시 부재를 지적하고 있습니다.

6. 대한민국 국회의 여야 의원들은 지난 12월 17일, “미얀마 군부의 인권 유린과 불법적인 선거 실시 시도를 규탄하며, 평화와 민주주의 회복을 촉구한다”는 성명을 발표했습니다. 또한 한국 시민사회 단체들도 12월 23일, “피 묻은 투표함에 민주주의는 없다”는 제목으로 이번 가짜 선거를 강력히 규탄했습니다.

7. 이 가짜 선거는 미얀마의 정치적 위기를 해결하지 못할 뿐만 아니라, 국민을 향한 전쟁 범죄를 증가시키고 군부 독재의 수명을 연장하려는 목적일 뿐입니다. 미얀마 국민들은 ‘봄의 혁명 ’이 승리할 때까지 계속 투쟁할 것입니다. 우리 재한 미얀마인들은 모든 국민의 뜻에 따라 민족통합정부(NUG)를 포함한 혁명 단체들과 굳건히 연대하여 혁명의 깃발을 높이 들고, 부여된 혁명적 과업을 완수하기 위해 더욱 노력할 것을 선언합니다.

“혁명은 반드시 승리한다!”

미얀마군부선거반대공동행동위원회

Photos from ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု- No to Junta's Sham Election's post 28/12/2025

အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

စစ်အာဏာရှင်စနစ် မကျဆုံးမချင်း ဆက်လက်တော်လှန်မည်

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ကိုရီးယားရောက် မြန်မာနိုင်ငံသားအများက ယနေ့တွင် ထပ်မံ ဆန္ဒပြ ထုတ်ဖော်လိုက်သည်။

မြန်မာပြည်တွင် ရွေးကောက်ပွဲလုပ်ရန် ကြေညာထားသည့် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဟန်နမ်းဒုံရှိ အရပ်ဘက်သံရုံးရှေ့တွင် နံနက် ၁၁ နာရီက သတင်းစာရှင်းလင်းပွဲကိုလည်းကောင်း၊ အို့ဆုဒုံရှိ စစ်ဘက်သံရုံးရှေ့တွင် မွန်းလွဲ ၁၂း၃၀ နာရီက ဆန္ဒပြပွဲကိုလည်းကောင်း ကျင်းပပြုလုပ်ရာ “ကိုရီးယားနိုင်ငံနေ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံသားအားလုံး၏ ဆန္ဒနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညီညွတ်စွာ လက်တွဲလျက်၊ တော်လှန်ရေးအလံကို မြဲမြံစွာ ဆုပ်ကိုင်လျက်၊ တော်လှန်ရေးတာဝန်ကို ဆထက်ထမ်းပိုးတိုး၍ ထမ်းဆောင်ပါဝင်ကြမည် ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာသည်။
ယနေ့ ပြုလုပ်သည့် ပွဲများကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံးနှင့် ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၀ ကျော် ပါဝင်သော "စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ" မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ တော်လှန်ပြည်သူ ၂၅၀ ခန့် ပူး‌ပေါင်းပါဝင်ခဲ့ကြသည်။

နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က “၂၀၂၀ ရွေးကောက်ပွဲတွင် ဤနေရာ၌ လူထောင်ချီလာရောက်၍ ကြိုတင်မဲ ပေးခဲ့ကြသော်လည်း၊ ယခုအခါ မဲပေးသူတယောက်မျှ မရှိခဲ့ကြောင်း၊ တကမ္ဘာလုံးက ရှုတ်ချထားသည့် အလွန် အရှက်မဲ့သော ‌ရွေးကောက်ပွဲရလဒ်သည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အလှည့်အပြောင်း ဖြစ်စေမှာ မဟုတ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ထို့နောက် ပူးပေါင်းအဖွဲ့အစည်းများကိုယ်စား MFDMC မှ ကိုလင်းအိမ်နှင့် ကိုကျော်ဆန်းတို့ကလည်း စစ်အုပ်စု၏ ပြည်သူကို ညှဉ်းပန်းနှိပ်စက်သည့် လူမဆန်သော လုပ်ရပ်များကို ရှုတ်ချကြောင်း၊ သံတမန်ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဆန္ဒကို မလေးမစား မလုပ်သင့်ကြောင်းနှင့် စစ်အုပ်စုအတွက် ဒေါက်တိုင်လုပ်လျှင် သမိုင်းတရားခံဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားလှယ်နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီမှ ကိုတင်ဌေးအောင်တို့က ရွေးကောက်ပွဲ ဆန့်ကျင်ရှုတ်ချခြင်း အကြောင်းအရာကို ကိုရီးယားဘာသာဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များကို သံရုံးသို့ ပေးပို့ခဲခဲ့သည်။

မွန်းလွဲပိုင်း ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ရှိနေသမျှ လူထုတော်လှန်ရေး ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” တော်လှန်ရေး အမှာစကား ပြောကြားသည်။

ဆန္ဒပြပွဲသို့ ပူးပေါင်းအဖွဲ့များ စုံညီစွာ ပါဝင်ကြပြီး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်၊ MFDMC အတွင်းရေးမှူး ကိုပိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတကာစည်းရုံးရေးကော်မတီ၊ ကိုရီးယားဌာနခွဲ ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ NUGကိုယ်စားလှယ်ရုံး အလုပ်သမားတာဝန်ခံ ဒေါ်မေမိုးသူ၊ KTJ တာဝန်ခံ ကိုအောင်မင်း၊ ကြောက်ခေတ်မှောက်ပစ်အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်း၊ ထောက်ပို့ထီ တာဝန်ခံ ကိုမင်းမင်း၊ GMSR Korea တာဝန်ခံ ကိုကျော်ရဲအောင်၊ ဗိုလ်သံချောင်းအဖွဲ့ တာဝန်ခံ ကိုအောင်ဒင်တို့က တော်လှန်ရေးစကား တိုက်တွန်းပြောကြားကြပြီး၊ တော်လှန်ရေးရဲဘော်များကလည်း ရင်ဖွင့်စကား ပြောကြားကာ၊ ကိုကွန်းဆက်၏ ကဗျာရွတ်ဖတ်မှုနှင့် မြင်းခြံGZအဖွဲ့၏ သံချပ်များဖြင့်လည်း အားဖြည့်တင်ဆက်ကြသည်။

ယနေ့ ဆန္ဒပြပွဲ အပါအဝင် စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီမှ စီစဉ် လှုပ်ရှားနေသည့် အွန်လိုင်း ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများကို ဆက်တိုက် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ခံများက ပြောကြားသည်။

ဆန္ဒပြပွဲသို့ ကိုရီးယားနိုင်ငံ အထက်ပိုင်းရှိ မြို့အသီးသီးမှ ပူးပေါင်းပါဝင်ကြပြီး ညနေ ၃း၃၀ တွင် ကြွေးကြော်သံများဖြင့် ရုပ်သိမ်းလိုက်သည်။




28/12/2025
27/12/2025

“အတုအယောင်ရွေးကောက်ပွဲနေ့မှာ
ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြမယ်”
📣
နေ့ရက်- ၂၀၂၅ ဒီဇင်ဘာ ၂၈ (တနင်္ဂနွေနေ့)
🕧
မွန်းလွဲ ၁၂း၃၀ မှ ၃း၃၀
🌐
ဆိုးလ်မြို့၊ စစ်ခွေးသံရုံးရှေ့
서울특별시 성동구 독서당로 223
(미얀마 무관부 앞)



#အရေးတော်ပုံအောင်ရမည်
#အတုအယောင်ရွေးကောက်ပွဲ

Photos from ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု- No to Junta's Sham Election's post 27/12/2025

🔴
“အတုအယောင်ရွေးကောက်ပွဲနေ့မှာ
ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြမယ်”

📣
နေ့ရက်- ၂၀၂၅ ဒီဇင်ဘာ ၂၈ (တနင်္ဂနွေနေ့)
🕧
မွန်းလွဲ ၁၂း၃၀ မှ ၃း၃၀
🌐
ဆိုးလ်မြို့၊ စစ်ခွေးသံရုံးရှေ့
서울특별시 성동구 독서당로 223
(미얀마 무관부 앞)


စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီမှ စီစဉ်ပြီး ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး တခဲနက် ပါဝင်ကြမယ်…


စစ်အာဏာရှင်စနစ်ကို မလိုလားသူတိုင်း ဆန္ဒပြပွဲမှာ မပျက်မကွက် ပါဝင်ကြမယ်…

အချောင်နေ အချောင်စား ကိုယ်ချင်းစာတရားမဲ့တဲ့အထဲ မင်းမပါစေနဲ့။

တိုင်း မသိ၊ ပြည် မသိ၊ အနာဂတ် မသိ၊ ကိုယ့်အခွင့်အရေး ဆုံးရှုံးလို့ ဆုံးရှုံးမှန်း မသိ၊ စစ်ကျွန်ဘဝ စစ်ဖိနပ်အောက်မှာ သာယာမိန်းမောနေသူ စာရင်းမှာ မင်းရဲ့ နာမည် မပါစေနဲ့။

G-1 တွေ၊ လတိုးတွေနဲ့ နေနေပြီး အချောင်သမားစာရင်းမှာ မင်းမပါစေနဲ့။

ပြည်တွင်းက ပြည်သူများက မဲမပေးဘဲ ဆန့်ကျင်နေချိန်မှာ ငါတို့ ကိုရီးယားက အသံအကျယ်ဆုံး ဟစ်အော်ကြစို့…

🟠
ရွေးကောက်ပွဲကို ဘယ်လို မြင်သလဲ၊ သင့်သဘောထားကို ဒီလင့်ခ်ကနေ ဖြည့်ပေးပါ။

https://forms.gle/oniWoM95nua9EyV87



26/12/2025

စစ်ကောင်စီ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေက ဘာလဲ၊ ဘာဖြစ်သင့်သလဲ။

Ep - 5 (အပိုင်း ၂)

ကိုရီးယားက တော်လှန်ပြည်သူတွေရဲ့ ဆွေးနွေးတင်ပြမှု စကားဝိုင်းများကို အပိုင်းလိုက် တင်ဆက်သွားပါမယ်။
တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့
“စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ” ကနေ စီစဥ်ရိုက်ကူး တင်ဆက်ထားပါတယ်။



26/12/2025

စစ်ကောင်စီ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေက ဘာလဲ၊ ဘာဖြစ်သင့်သလဲ။

Ep - 5 (အပိုင်း ၃)

ကိုရီးယားက တော်လှန်ပြည်သူတွေရဲ့ ဆွေးနွေးတင်ပြမှု စကားဝိုင်းများကို အပိုင်းလိုက် တင်ဆက်သွားပါမယ်။
တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့
“စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ” ကနေ စီစဥ်ရိုက်ကူး တင်ဆက်ထားပါတယ်။



26/12/2025

စစ်ကောင်စီ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေက ဘာလဲ၊ ဘာဖြစ်သင့်သလဲ။

Ep - 5 (အပိုင်း ၁)

ကိုရီးယားက တော်လှန်ပြည်သူတွေရဲ့ ဆွေးနွေးတင်ပြမှု စကားဝိုင်းများကို အပိုင်းလိုက် တင်ဆက်သွားပါမယ်။
တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့
“စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ” ကနေ စီစဥ်ရိုက်ကူး တင်ဆက်ထားပါတယ်။



25/12/2025

"ပြည်တွင်းနေပြည်သူတွေက ဘယ်လိုတုံ့ပြန်သင့်လဲ။ ပြည်ပနေ ပြည်သူတွေက ဘယ်လိုတုံ့ပြန်သင့်လဲ။"

Ep 4 (အပိုင်း ၂)

ကိုရီးယားက တော်လှန်ပြည်သူတွေရဲ့ ဆွေးနွေးတင်ပြမှု စကားဝိုင်းများကို အပိုင်းလိုက် တင်ဆက်သွားပါမယ်။

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့
“စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ” ကနေ စီစဥ်ရိုက်ကူး တင်ဆက်ထားပါတယ်။



24/12/2025

"ပြည်တွင်းနေပြည်သူတွေက ဘယ်လိုတုံ့ပြန်သင့်လဲ။ ပြည်ပနေ ပြည်သူတွေက ဘယ်လိုတုံ့ပြန်သင့်လဲ။"

Ep 4 (အပိုင်း ၁)

ကိုရီးယားက တော်လှန်ပြည်သူတွေရဲ့ ဆွေးနွေးတင်ပြမှု စကားဝိုင်းများကို အပိုင်းလိုက် တင်ဆက်သွားပါမယ်။

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့
“စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ” ကနေ စီစဥ်ရိုက်ကူး တင်ဆက်ထားပါတယ်။



Photos from ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု- No to Junta's Sham Election's post 23/12/2025

🇰🇷ယနေ့ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ ၁၀၆ ဖွဲ့ မှ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း မြန်မာသံရုံးရှေမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်"
----------------------------------------
လူထုဆန္ဒမဲဖြင့် အနိုင်ရခဲ့သည့် အစိုးရအား လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေချိန်တွင် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့မှ ကိုယ်စားလှယ်များဟာ ယင်းရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားကာ နိုင်ငံတကာ၏ ပြတ်သားသော တုံ့ပြန်မှုကို တောင်းဆိုလိုက်ပါတယ်။
ယနေ့ မွန်းလွဲ ၁ နာရီတွင် ဆိုးလ်မြို့ ဟန်နမ်းရှိ မြန်မာသံရုံးရှေ့တွင် 'မြန်မာဒီမိုကရေစီကို ထောက်ခံသော ကိုရီးယား ပြည်သူ့အဖွဲ့အစည်းများပေါင်းစုအဖွဲ့' က "သွေးစွန်းနေတဲ့ မဲပုံးထဲမှာ ဒီမိုကရေစီဆိုတာ မရှိ" ဟူသော ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲသို့ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းနှင့် ကိုရီးယားအခြေစိုက် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့သည်။
အထူးသဖြင့် ကိုရီးယားအစိုးရအား "မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်း မပြုရန်၊ ရွေးကောက်ပွဲအပြီး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု မတိုးချဲ့ရန်နှင့် ကိုရီးယားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို မချဲ့ထွင်ရန် စသည်ကို အလေးအနက်သတိပေး တောင်းဆိုခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် မြန်မာစစ်တပ်အား ရှုတ်ချခြင်းနှင့် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီအရေးတိုက်ပွဲကို ထောက်ခံကြောင်း ထုတ်ပြန်စာအား မြန်မာသံရုံးသို့ ပေးပို့ခဲ့ပါတယ်။
မကြာခင်ကလည်း တောင်ကိုရီးယား၏ အာဏာရနှင့် အတိုက်အခံပါတီ အမတ်များက မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင်ရွေးကောက်ပွဲကို ရှုတ်ချကန့်ကွက်စာထုတ်ပြန်ခဲ့ပါတယ်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်လည်း စစ်အုပ်စု လက်အောက်ခံ မြန်မာစစ်သံရုံးဘေးတွင် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရန် စီစဥ်ထားကြပါတယ်။
ထုတ်ပြန်ကြေညာချက် အပြည့်အစုံ -
“သွေးစွန်းနေသော မဲပုံးများတွင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ မရှိပါ။”
မြန်မာစစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ ကျင်းပရန် ကြံစည်မှုကို ကိုရီးယား အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀၆ ဖွဲ့) မှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။
မြန်မာစစ်ကောင်စီသည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ နောက်နှစ် ဇန်နဝါရီလအထိ ၃ ကြိမ်ခွဲ၍ မဲပေးရက်များ သတ်မှတ်ကာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အာဏာကို အရပ်သားများထံ လွှဲပြောင်းပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် မြန်မာပြည်သူများ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများက စစ်ကောင်စီ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာကို သက်တမ်းတိုးရန် ကြိုးပမ်းသည့် အရှက်မရှိသော လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်း ကောင်းစွာ သိရှိနေကြသည်။
၎င်းတို့သည် မိမိတို့အတွက် အသာစီးရအောင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကိုပင် အသိအမှတ်မပြုဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ မိမိတို့၏ အာဏာတည်မြဲရေးအတွက် အာဏာသိမ်းခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် စစ်ကောင်စီကို မထောက်ခံသော နိုင်ငံရေးပါတီများကို ဖျက်သိမ်းပြီးမှ ကျင်းပမည့် ရွေးကောက်ပွဲ၏ ရလဒ်မှာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။ အစကတည်းက မြန်မာစစ်ကောင်စီတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်နှင့် တရားဝင်မှု မရှိပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners - AAPP) ၏ အဆိုအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူပေါင်း ၇,၆၂၄ ဦး ရှိပြီဖြစ်သည်။ လူပေါင်း ၃၀,၁၆၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၂,၆၆၃ ဦးမှာ အကျဉ်းထောင်များတွင် ရှိနေဆဲဖြစ်သည်။ အာဏာသိမ်းမှုကြောင့် ဒုက္ခသည်ဖြစ်ခဲ့ရသူ အရေအတွက်မှာ ၃ သန်းကျော်ရှိမည်ဟု ခန့်မှန်းရသည်။ ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအထိ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များသည် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင်လည်း ဆက်လက်ဖြစ်ပွားနေသည်။ ဤကဲ့သို့ စစ်ရာဇ၀တ်မှု ကျူးလွန်နေသောအဖွဲ့က ကျင်းပသည့် ရွေးကောက်ပွဲသည် ပြဿနာ၏ အဖြေမဟုတ်ဘဲ ပိုမိုကြီးမားသော ပဋိပက္ခနှင့် ရှုပ်ထွေးမှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ မြန်မာနိုင်ငံ၏ မျှော်လင့်ချက်သည် စစ်တပ်က အာဏာစွန့်လွှတ်ခြင်းမှသာ စတင်သင့်သည်။
စစ်ကောင်စီ၏ စီစဉ်ထားသည့်အတိုင်း ရွေးကောက်ပွဲကို ကောင်းမွန်စွာ ကျင်းပနိုင်မည့်အပေါ်တွင်လည်း သံသယဖြစ်ဖွယ်ရှိသည်။ လူသိရှင်ကြားအတိုင်းပင် စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ နယ်မြေအချို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။ ရွေးကောက်ပွဲရလဒ် တရားဝင်မှုရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီအင်အားစုများ ထိန်းချုပ်ထားသော ဒေသများကို ထိုးစစ်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်နေသော်လည်း ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော အသေအပျောက်များက စစ်ကောင်စီအပေါ် မုန်းတီးမှုကိုသာ ပိုမိုနက်ရှိုင်းစေသည်။
သွေးစွန်းနေသော မဲပုံးများဖြင့် ပြည့်နှက်နေသည့် စစ်ကောင်စီ၏ တရားမဝင်ပြီး လှည့်စားထားသော ရွေးကောက်ပွဲတွင် ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံ (ASEAN) တို့က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ မစေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာပြည်သူများ၏ တုံ့ပြန်မှုမှာလည်း မြင့်မားမည်မဟုတ်ပါ။ ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးသည်လည်း ကြိုတင်မဲပေးသူ နည်းပါးမှုကြောင့် ကြိုတင်မဲပေးရက်ကို တိုးမြှင့်ခဲ့ရသည်။ ကိုရီးယားရောက် မြန်မာရွှေ့ပြောင်းနေထိုင်သူများသာမက မြန်မာပြည်သူတိုင်းသည် ဤရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ကြမည်မှာ ထင်ရှားသည်။ ရလဒ်အနေဖြင့် နယ်မြေအချို့တွင်သာ မဲပေးသူအနည်းငယ်ဖြင့် ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ပြီး၊ မြန်မာစစ်ကောင်စီသည် ၎င်းတို့၏ အားနည်းလှသော အုပ်ချုပ်မှုစွမ်းရည်ကိုသာ သက်သေပြရသည့် အရှက်ရဖွယ် အခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်။
မကြာမီ စစ်ကောင်စီ အာဏာသိမ်းမှု ၅ နှစ် ပြည့်တော့မည်ဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်အတွင်း 'နွေဦးတော်လှန်ရေး' သည် မြန်မာနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်တပ်၏ ရက်စက်မှုနှင့် မစွမ်းဆောင်နိုင်မှုကို တစ်ဖန် သက်သေပြခဲ့သော အချိန်များဖြစ်သည်။ စစ်ကောင်စီသည် တရားမဝင်ပြီး လှည့်စားထားသော ရွေးကောက်ပွဲမှတစ်ဆင့် အာဏာသက်တမ်းတိုးရန် ကြိုးစားမည့်အစား ချက်ချင်းအာဏာစွန့်လွှတ်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို အဆုံးသတ်ပေးသင့်သည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း မြန်မာစစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ ကြံစည်မှုကို အသိအမှတ်မပြုရန် သို့မဟုတ် မထောက်ခံရန် လိုအပ်သည်။ မြန်မာပြည်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းထဲသို့ တွန်းပို့နေသော စစ်ကောင်စီကို ပြတ်ပြတ်သားသား တုံ့ပြန်ခြင်း မရှိပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဖျက်ဆီးသော်လည်း အောင့်အည်းသည်းခံပြီး တောင့်ခံထားလျှင် ရသည်ဟူသော မှားယွင်းသည့် လက္ခဏာကို ပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ကိုရီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ဤရွေးကောက်ပွဲကို ငြင်းပယ်သော မြန်မာပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ပြီး၊ ကိုရီးယားအစိုးရအနေဖြင့်လည်း ဤရွေးကောက်ပွဲအပေါ် ပြတ်သားသော ကန့်ကွက်သည့် သဘောထားကို ဖော်ပြရန် တောင်းဆိုသည်။ ထို့အပြင် လက်တွေ့ကျသော အမြင်ဟု အကြောင်းပြကာ ရွေးကောက်ပွဲအပြီးတွင် နာမည်သာပြောင်းလဲသွားသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း သို့မဟုတ် ကိုရီးယားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ခြင်းများ မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးလိုက်သည်။
ခြိမ်းခြောက်မှုများနှင့် နစ်နာမှုများကြားမှ သံရုံးသို့သွားကာ မဲမပေးဘဲနေကြသော ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီအပေါ် ထားရှိသည့် စိတ်ဓာတ်သည် လွန်ခဲ့သော ၁ နှစ်က လွှတ်တော်ရှေ့သို့ ပြေးထွက်လာခဲ့ကြသော ကိုရီးယားပြည်သူများ၏ စိတ်နှလုံးနှင့် မခြားနားပါ။ ကိုရီးယားအစိုးရသည် ဒီမိုကရေစီကို ထောက်ခံသော ကိုရီးယားနှင့် မြန်မာပြည်သူများကို အရှက်မရစေသင့်ပါ။ လှည့်စားထားသော ရွေးကောက်ပွဲဖြင့် အပေါ်ယံ အခွံကို ပြောင်းလဲရုံနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရရှိလာမည်မဟုတ်ဘဲ၊ ပြည်သူများကို သေနတ်၊ ဓားများဖြင့် သတ်ဖြတ်နေသော အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်မှသာ ဒီမိုကရေစီ ရရှိနိုင်သည်ကို ကိုရီးယားနှင့် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် ကျွန်ုပ်တို့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
၅ နှစ်မြောက်ဖြစ်သည့် နွေဦးတော်လှန်ရေးမှသည် အောင်မြင်ပြီးမြောက်သည်အထိ ကိုရီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လွန်ခဲ့သော ၁ နှစ်က ယခု ဟန်နမ်ရက်ကွက် (Hannam-dong) ဤနေရာတွင် နှင်းများကြား၌ ဒီမိုကရေစီကို ဟစ်ကြွေးခဲ့ကြသည့် စိတ်ဓာတ်များဖြင့် မြန်မာ့ဒီမိုကရေစီနှင့် အတူ ဆက်လက် လက်တွဲသွားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်
မြန်မာ့ဒီမိုကရေစီကို ထောက်ခံသော ကိုရီးယားအရပ်ဘက်လူမှုအဖွဲ့အစည်းများ (တစ်နိုင်ငံလုံးရှိ အဖွဲ့အစည်း ၁၀၆ ခု)
미얀마 민주주의를 지지하는 한국시민사회단체모임(전국 106개 단체)
💻 Dear Facebook Team,
This content is a direct translation of a news report from [UN Security Council - UNSC News ] for educational and informational purposes only. It is not intended to promote violence or cause harm.
Information For Public :📑
●☆ Reference —
인권과평화를위한국제민주연대(khis)
ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု- No to Junta's Sham Election , စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ - ကိုရီးယား , MFDMC
Joint Action Committee for Anti-Sham Junta's Election NUG Representative Office -Korea | Junta Denouncing Committee (Korea) | Myanmar Federal Democratic Mission Coalition-Korea (MFDMC) National League for Democracy Organizing Committee (Intermational/Korea) | Chin Youth Organization-South Korea | Global Myanmar Spring Revolution Korea (GMSR) | Golden Brethren's From Korea (G.B.K) | Gwangju Myanmar Association Association (Korea) | HANGUKYWA - Burmese Information Network in Korea | Khayan Supporting Community - Korea Korea Kachin Community | Myanmar Spring Revolution Supporters South Korea | Myingyan-GZ Group (Korea) | Paju Paju Myanmar Myanmar Community Community | | Pocheon Pocheon Myanmar NUG Youth Youth Organization Organization | | South South Yangon Yangon District District Supporting Supporting | White Raindrops Charity Foundation | Asoka Sukha (Gumi) | Against The Fear | Brothers of Comrade-in-arms (Busan) | Generation XYZ (Busan) | Geoje Myanmar Community | Gimhae Spring Revolution Group | Golden Ray of Light (Myanmar Community) | Gyeongnam Youth Association | Jeju Myanmar Community | Kalay-Kabaw Brothers Group | Korea Myanmar Solidarity | KTJ Supporting Group | Myinmu Supporting Organization | Myanmar | Revolution Supporters (MRS) | Our Force | Peacock Brothers Support Team | Photographer's Supporting-Korea (PSK) | Rise Again Myanmar (RAM) Uijeongbu Myanmar Community | We Love Mother Land -Korea | Yaw Funding Korea | Yesagyo Support Team (SYSO).

Want your business to be the top-listed Government Service in Incheon?

Click here to claim your Sponsored Listing.

Location

Website

Address

부평구 경인로931번길 2, 303호
Incheon
21407

Opening Hours

Monday 09:30 - 20:00
Tuesday 09:30 - 20:00
Wednesday 09:30 - 20:00
Thursday 09:30 - 20:00
Saturday 09:30 - 20:00
Sunday 09:30 - 20:00