Ahlone Red Cross

Ahlone Red Cross

Share

Reading. အရေးပေါ်ဖုန်း - 095350541
24hrs -09254213687
- 09696638050

Photos from Ahlone Red Cross's post 29/03/2026

. 💖 မည်သို့ပင်ဖြစ်စေကာမူ
လူသားချင်းစာနာထောက်ထားခြင်းကိုနှလုံးမူ၍

ယနေ့ည(၁၀း၃၀)နာရီ
ဒလတံတားပိတ်၍သမ္ဗန်ဖြင့်ကူးလာသောလူနာ
(နားအုံကို-ါးနဲ့ထိုးခံရတဲ့အမျိုးသမီးကြီး)
ရန်ကုန်ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ကူညီခြင်း

တာဝန်ပြီးဆုံးချိန် ည (၁၀း၅၅)နာရီ

Ahlone Red Cross

Photos from Ahlone Red Cross's post 27/03/2026

. 🧏‍♂️ အ ထ က (၁)၊ လသာ
ရှေးဦးပြုစုခြင်း(အခြေခံ)၊သင်တန်း

Cardiopulmonary
Resuscitation (CPR)
First Aid

နှလုံးခုန်ရပ်သွားခြင်းနှင့် အသက်ရှူရပ်သွားခြင်း
အတွက် အရေးပေါ် ကူညီနည်း
(CPR ပထမဦးဆုံး ကူညီမှု)
အခြေခံအသက်ကယ်အထောက်အကူပြုနည်း

သင်တန်းပို့ချခြင်း

Thursday March 26,2026.(11:30)AM

Photos from Ahlone Red Cross's post 24/03/2026

. 🧏‍♂️ အ ထ က (၁)၊ လသာ
ရှေးဦးပြုစုခြင်း(အခြေခံ)၊သင်တန်း
Psychological First Aid
စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း

သင်တန်းပို့ချခြင်း​။

Tuesday March 24,2026.(9:00)AM

Photos from Ahlone Red Cross's post 24/03/2026

. ​ အနောက်ပိုင်းဆေးရုံသို့ပို့ဆောင်ကူညီခြင်း
~~~~~ ~~~~~ ~~~~~
အလုံဈေးအိမ်သာမှာချော်လဲ၍ဦးခေါင်း
နောက်​စေ့ဒဏ်ရာရရှိသောအမျိုးသားတစ်ဦးအား
အလုံမြို့နယ်ကြက်ခြေနီစေတနာ့ဝန်ထမ်းများမှ
ရှေးဦးပြုစုပေးပြီးအချိန်နှင့်တပြေးညီ
အနောက်ပိုင်းဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ပါသည်။

သတင်းရရှိချိန် နေ့လယ်(၁၂း၂၀)နာရီ
စေတနာ့ဝန်ထမ်း R C V 1 + 2
တာဝန်ပြီးဆုံးချိန် နေ့လယ်(၁၂း၄၅)နာရီ

Ahlone Red Cross

Tuesday March 24 , 2026.

Photos from Ahlone Red Cross's post 28/02/2026

မည်သည့်အခြေအနေဖြစ်ဖြစ်၊မည်သို့ပင်ဖြစ်စေကာမူ
~~~~~ ~~~~~ ~~~~~
ဒလမြို့နယ်မှလွှဲပြောင်းသောအရေးပေါ်လူနာအား
ရန်ကုန်ဆေးရုံကြီးသို့အချိန်မီပို့ဆောင်ကူညီပေးခဲ့ပါသည်။

စေတနာ့ဝန်ထမ်း R C V 1+2
တာဝန်ပြီးဆုံးချိန် (၂၃း၄၅) နာရီ
Friday February 27 , 2026

Photos from Ahlone Red Cross's post 26/02/2026

. 🙏ပီတိအဟာရ,ဇီဝိတဒါန
~~~~~~~~~~
ဖုန်းသံမြည်လို့ကိုင်လိုက်တော့.....

``ကြက်ခြေနီသွေးလှူပေးတဲ့စီကလားခင်ဗျား´´

``ဟုတ်ပါတယ်´´

``အနောက်ပိုင်းဆေးရုံကဆရာမတစ်ယောက်
ဖုန်းနံပါတ်ပေးလို့ဆက်လိုက်တာပါ။
B+ သွေး(၁)လုံးလောက်အလှူခံချင်လို့ပါ။
ကျွန်တော်ကကြို့ပင်ကောက်ကပါ။
ကျွန်တော့်အမျိုးသမီးရင်သားကင်ဆာ
ခွဲစိတ်ရမှာဆိုတော့ကူညီပါဦးဆရာ´´

B+ သွေးကတောင်းခံတာများနေပြီ
ကုန်နေတောချက်ချင်းအဖြေမပေးနိုင်။
စဉ်းစားလို့မရ။
နယ်ကလာတာဆိုတော့သူတို့ခင်ဗျာ
အသိအကျွမ်းကလည်းမရှိ၊ကိုယ်ချင်းစာပြီး
ရအောင်လုပ်ပေးဦးမှပါပဲလေ။

``ဟုတ်ပြီလေ။
အစ်ကိုဆေးရုံကပဲစောင့်နေ။
ကျွန်တော်မရရအောင်ရှာပြီးလာလှူပေးပါ့မယ်။
ရပြီဆိုခုဆက်နေတဲ့ဖုန်းကိုပြန်ဆက်လိုက်ပါ့မယ်။
ဆေးရုံကနေစောင့်နေပေးပေါ့´´

ပြောပြီးဖုန်းချလိုက်တယ်။

သွေးလှူရှင်စာရင်းတွေကို
ကျွန်တော့်စာရင်းဟောင်းထဲမှာပြန်ရှာတော့မတွေ့။
ဖုန်းနံပါတ်မှတ်ထားတဲ့စာရင်းထဲက
ရင်းနှီးတဲ့သူတွေကိုရှာ။
ဖြစ်နိုင်တဲ့တစ်ယောက်ပြီးတစ်ယောက်ကို
ဖုန်းဆက်ပြီးမေး။
ဆယ်ယောက်မြောက်ကျမှပဲရတော့တယ်။
လှူပေးပါ့မယ်တဲ့၊လာခေါ်လိုက်လေဆိုတော့
သူပြောတဲ့လိပ်စာအတိုင်းသွားခေါ်။
လူနာရှင်ကိုသွေးရပြီလို့ဖုန်းဆက်ပြီးပြော။
ဆေးရုံကိုအမြန်မောင်းထွက်လာခဲ့ပါတော့တယ်။

ဆေးရုံမှာလူနာရှင်နဲ့သွေးလှူရှင်ကိုမိတ်ဆက်ပေး။
သွေးလှူရှင်မှတ်တမ်းဖောင်ဖြည့်၊သွေးပေါင်ချိန်
သွေးစစ်အားလုံးအဆင်ပြေ။

အဲဒီတော့မှဇာတ်လမ်းကစတော့တာပဲ။

``အစ်ကိုသွေးလှူပြီးပြီ ဆိုတော့
ကျွန်တော်တို့ပြန်တော့မယ်´´

သူ့ကိုနှုတ်ဆက်တုန်းရှိသေးတယ်။ကျွန်တော့်စကား
မဆုံးသေးခင်.....
သူကအားတုံ့အားငယ်ပုံစံမျက်နှာငယ်လေးနဲ့...

``ခုလိုကူညီတာကျေးဇူးတင်ပါတယ်။
ကျွန်တော့်အမျိုးသမီးက,ရင်သားတစ်ဖက်
ခွဲစိတ်ရမှာဆိုတော့
နောက်ထပ်သွေးတစ်လုံးလိုသေးတယ်။
ဖြစ်နိုင်ရင်ကူညီပေးပါဦး၊
ကျွန်တော်ကကြို့ပင်ကောက်ကရွာတွေမှာ
ဆိုင်ကယ်နဲ့ကုန်စိမ်း ဟင်းသီးဟင်းရွက်
လိုက်ရောင်းတာပါ။
အဆင်ပြေလှတယ်မဟုတ်ပါဘူး။
အစ်ကိုတို့ကြက်ခြေနီက သွေးလိုရင်
အကူအညီပေးတယ်ဆိုလို့ပါ။
အလှူငွေလည်းအများကြီးမတတ်နိုင်ပါဘူး
ဒီညနေခွဲစိတ်ခန်းဝင်ရမယ်ပြောပါတယ်။
ထပ်ပြီးကူညီပါဦးနော်´´

လက်အုပ်လေးချီ,အားငယ်နေတဲ့မျက်နှာလေးနဲ့
ပြောနေတဲ့သူပုံလေးကို
မြင်နေရတဲ့ကျွန်တော်တောင်ရင်ထဲစို့နင့်သွားတယ်။

B+ သွေးတစ်လုံးတောင်မနည်းရှာရတာ
နောက်ထပ်တစ်လုံးဆိုတော့???
ကျွန်တော်ကိုယ်တိုင်က B+ ​​သွေး, ဒါပေမဲ့
ကျွန်တော်က သွေးလှူဖို့သတ်မှတ်ထားတဲ့အသက်
​ထက်ကျော်နေပြီလေ။ ဘာပဲဖြစ်ဖြစ်လှူဖို့
ဆုံးဖြတ်လိုက်ပြီ။

``အစ်ကို...ကျွန်တော်တို့ကိုဘာမှမပေးနဲ့
လှူစရာမလိုဘူး။
ခုလိုနေတဲ့သွေးတစ်လုံးကို
ကျွန်တော်လှူပေးမယ်။
ကျွန်တော်က B+သွေး။
စိတ်အေးအေးထား။
ဘာမှသောကရောက်မနေနဲ့တော့။
ကဲ...လာ
သွေးမှတ်တမ်းဖောင်သွားယူ။
ဒီနေ့ကျွန်တော့်မွေးနေ့။
ဇီဝိတဒါနကုသိုလ်ပြုလှူပေးမယ်´´

အဲ့ဒီလိုလည်းပြောလိုက်ရော

ဟန်တောင်မဆောင်နိုင်ဘူး။
သူ့မျက်နှာချက်ချင်းဝမ်းသာအဲလဲ
ဖြစ်သွားပုံကကျွန်တော်မြင်အောင်
မရေးတတ်တော့ဘူး။

``ကျေးဇူးအများကြီးတင်ပါတယ်။
ဒီလိုကူညီတဲ့ အဖွဲ့အစည်းနဲ့တွေ့ရတာ
ယုံတောင်မယုံနိုင်တော့ဘူး။
ကျွန်တော့်မိန်းမဆေးရုံကဆင်းရင်
အစ်ကိုတို့ကိုလာကန်တော့ပါဦးမယ်´´

``ဟာ...တကူးတက,လာမကန်တော့ပါနဲ့
မလိုပါဘူး။
စေတနာသန့်သန့်နဲ့လူသားချင်းစာနာပြီးကူညီတာ။
ကျွန်တော်တို့ကြက်ခြေနီက
ဆောင်ပုဒ်တွေရှိတယ်။

#နှလုံးသားဖြင့်ကူညီ
#တို့ကြက်ခြေနီ ...တဲ့´´

``ဟုတ်ကဲ့ပါ။
ကျွန်တော်ဘယ်လိုကျေးဇူးဆပ်ရမလဲမသိလို့ပါ´´

လက်အုပ်ကလေးချီကာချီကာမတ်တပ်လေးရပ်,
ကိုယ်လေးယို့ပြီးပြောတဲ့ပုံလေးက
ကျွန်တော်သူ့အမျိုးသမီးအတွက်
သွေးလှူပေးလိုက်ရခွင့်အကျိုးဟာ
နှလုံးပီတိဂွမ်းဆီထိသလိုမျိုး
တစိမ့်စိမ့်တွေးပြီးခံစားမိပါတော့တယ်။

ကျွန်တော့်မွေးနေ့သွေးလှူခြင်းအမှတ်တရ
ရေးဖွဲ့သီကုံးပါသည်။

သန်းဝင်း(ညောင်လေးပင်)
၂၆.၂.၂၀၂၆
(၁၆း၃၂)နာရီ

Edit... PS,(၁၀)ယောက်မြောက်
ဖုန်းဆက်ခေါ်တဲ့သွေးလှူရှင်ကို
Comment မှာကျေးဇူးပြုကြည့်ပေးပါ။
ကိုလွှမ်းမိုးလို့ခေါ်ပါတယ်။

Photos from Ahlone Red Cross's post 21/02/2026

💕💖💞 ညသန်းခေါင်ယံ
အိပ်ချိန်တန်ပေမယ့်
စုန်ဆန်ချီမ,ငါတို့ဘဝပါတကား။

ဒလ တံတားကြီးဖွင့်သွားပေမယ့်
ကျွန်တော်တို့ရဲ့
အလှတရားအသီးအပွင့်လေးတွေက
မကြီးမရင့် ပျိုရွယ်နေစဲပါ....

ဒလမြို့နယ် R C V မှ လွှဲပြောင်းပို့ဆောင်လူနာအား
ရန်ကုန်ဆေးရုံကြီးသို့လက်ခံပို့ဆောင်ကူညီပေးခြင်း။

Ahlone Red Cross

Photos from Ahlone Red Cross's post 16/02/2026

💥 နေ့လယ်ခင်းကမ်းနားလမ်းယာဉ်တိုက်မှု
~~~~~ ~~~~~ ~~~~~
ယနေ့နေ့လယ်(၁၃း၃၀)နာရီအချိန်၌အလုံမြို့နယ်
ကမ်းနားလမ်းနှင့်အလုံလမ်းမီးပိုင့်တောင့်
(Max ဆီဆိုင်အနီး)ကား၃စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်အကျဉ်းမှာ
ပုံပါနောက်ဆုံးTaxiမှ မီးပွိုင့်မှာရပ်နေသော
ရှေ့ဆုံးအိမ်စီးကား(Ev)၊အလယ်Taxi ကား၂စီးအား
နောက်မှဝင်တိုက်မိသည်ဟုသိရပါသည်။
လူထိခိုက်မှုမရှိပါ။

Ahlone Red Cross

Photos from Ahlone Red Cross's post 05/02/2026

💖 💞 💕 ❤️ 💗 💓 💖 💞

ပီတိရောင်ခြည်ကြက်ခြေနီ
~~~~~~~~~~~~
ကူရာမဲ့သူတွေ
လူတကာအတွက်
ချူစရာမျက်ရည်မလို
သူငါမသိပေမဲ့
ပူ စ ရာ မ ရှိ
နီတိဆောင်သည်လက်တွေညီ
ပီတိရောင်ခြည်ကြက်ခြေနီ

ဒလမြို့နယ် R C V မှ လွဲပြောင်းပို့ဆောင်ပေးသော
ပိုးထိလူနာကလေးငယ်အား(ဟယ်လ်ပင်)
ကလေးဆေးရုံသို့ပို့ဆောင်ပေးခြင်း

Ahlone Red Cross

Thursday February 5 , 2026.

Photos from Ahlone Red Cross's post 03/02/2026

အဖေ အမေ ပေးတဲ့လက်တစ်စုံဟာ
အခက်ကြုံနေသူတွေအတွက်
အသက်တွေကုန်ပါစေ
ဆက်လက်ကူညီနေစဲပါ။

Ahlone Red Cross

The hands given by parents
always continue to help
those in need,
even at the cost of their
own strength.

Ahlone Red Cross

Photos from Ahlone Red Cross's post 27/01/2026

💞 💞 💕 💕 ❤️ ❤️ 💗 💗 💓 💓
ပုံမှန်ကုသိုလ်ယူခဲ့သည်
~~~ ~~~ ~~~
ဒလ အလုံ
ရေစက်ဆုံ၍
ပုံမှန်ကုသိုလ်ယူကြသည်
အဟုန်အမြန်မှုကိုမူကြသည်
အစုန်အဆန်ယခုလိုကူကြသည်။

🕘မနက်(၉)နာရီ... နေ့စွဲ -.၁.၂၀၂၆

``ဆရာ...ဟယ်လ်ပင် ကလေးဆေးရုံ
တစ်ကြောင်းလောက်ပို့ပေးပါလား...
ကလေးကမွေးကင်းစ လေးပါ
အသက်ရှုမဝလို့ ဒလ ဆေးရုံကလွှဲတာ
အောက်စီဂျင်ပေးထားရတယ်
မိသားစုကဆင်းရဲတယ် စက်လှေခတောင်ကျွန်တော်တို့
စိုက်ပေးရတာ ဆရာကားခကတော့ထုံးစံအတိုင်း
စေတနာအခမဲ့ကြေးပေါ့´´

🕦နေ့လယ်(၁၁း၃၀)နာရီ...နေ့စွဲ -.၁.၂၀၂၆

``ဆရာ...ဗဟိုအမျိုးသမီးဆေးရုံတစ်​ကြောင်းလောက်
ဗိုက်ကြီးသည်လူနာဆရာ သူ့အမျိုးသားမရှိတော့ဘူး
ကျွန်တော်တို့လိုက်မလာတော့ဘူးဆရာ
လူနာကထိုင်နိုင်သေးတယ်ဆရာ
ကျွန်တော်တို့အတွက်အပြန်စက်လှေခ မတောင်းရက်ဘူး
ကားခကတော့...ထုံးစံအတိုင်း
စေတနာအခမဲ့ကြေးပဲပေါ့ဆရာ´´

🕕ညနေ(၆း၀၀)နာရီ...နေ့စွဲ -.၁.၂၀၂၆

``ဆရာ.....ယာဉ်တိုက်မှုလူနာ ရန်ကုန်ဆေးရုံကြီး
ကားခကတော့...´´

×××××××××××××××××××××××××

🕘ည(၉)နာရီ...နေ့စွဲ -.၁.၂၀၂၆

``ဆရာ.....ရန်ဖြစ်လို့အရိုက်ခံရတာ ရန်ကုန်ဆေးရုံကြီး
ကားခကတော့...´´
***** ****** ******
***** ****** ******
***** ****** ******

ဒလမြို့နယ် R C V စေတနာ့ဝန်ထမ်းများသည်
ဒလမြို့နယ် ဆေးရုံကြီးမှ ဒလ သမ္ဗန်ဆိပ်
ဒလ သမ္ဗန်ဆိပ်မှ ကမာကသွယ် စဉ်းအိုးတန်း ဆိပ်ကမ်း
နေ့နေ့ ညည မိုးရွာရွာ နေပူပူ မငြီးမငြူ
အပြုံးမပျက် ဆက်လက်သက်စွန်ဆံဖျား
ကိုယ်ကျိုးစွန့် အခမဲ့ ကူညီလျက်နေစဲပါ...

ကျွန်တော်တို့ အလုံမြို့နယ် R C V စေတနာ့ဝန်ထမ်း
များကတော့ ရေစက်ဆုံ၍ ပါရမီဖြည့်ရင်း
ကျေနပ်နေစဲ...ကူညီနေစဲပါ။

Ahlone Red Cross

19/01/2026

ကြက်ခြေနီအမှတ်အသားများ၏ သမိုင်းကြောင်းနှင့် သိကောင်းစရာ ✨

ကြက်ခြေနီ၊ လခြမ်းနီနဲ့ ခရစ္စတယ်နီ ဆိုတဲ့ အမှတ်အသားတွေကို လူတိုင်းမြင်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီအမှတ်အသားတွေဟာ ဘာကြောင့် ပေါ်ပေါက်လာတာလဲ၊ ဘယ်လိုအဓိပ္ပာယ်တွေ ရှိသလဲဆိုတာကို သိရှိသူ နည်းပါးလှပါတယ်။

ကြက်ခြေနီအမှတ်အသား 🏥 ၁၈၅၉ ခုနှစ် ဆိုလ်ဖာရီနိုစစ်ပွဲရဲ့ ဆိုးရွားလှတဲ့ မြင်ကွင်းတွေကို တွေ့ကြုံခဲ့ရတဲ့ ဟင်နရီဒူးနန့် ရဲ့ ကြိုးပမ်းမှုကြောင့် ၁၈၆၃ ခုနှစ်မှာ ကြက်ခြေနီအမှတ်အသား ပေါ်ပေါက်လာခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံကို ဂုဏ်ပြုသောအားဖြင့် ဆွစ်ဇာလန်နိုင်ငံအလံရဲ့ အရောင်ကို ပြောင်းပြန်လှန်ပြီး "အဖြူရောင်နောက်ခံပေါ်တွင် အနီရောင်ကြက်ခြေနီ" အမှတ်အသား ကို အကာအကွယ်ပေးတဲ့ အမှတ်အသားအဖြစ် သတ်မှတ်ခဲ့တာပါ။

လခြမ်းနီအမှတ်အသား ပေါ်ပေါက်လာခြင်း - ၁၈၇၆ ရုရှား-တူရကီစစ်ပွဲအတွင်းမှာ ကြက်ခြေနီ အမှတ်အသားဟာ ဘာသာရေးအရ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်လို့ ယူဆတဲ့အတွက် တူရကီနိုင်ငံက လခြမ်းနီ အမှတ်အသားကို စတင်အသုံးပြုခဲ့ကြပါတယ်။

ခရစ္စတယ်နီအမှတ်အသား - နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေး ပတ်သက်မှုမရှိတဲ့ တတိယမြောက် အမှတ်အသားအဖြစ် ခရစ္စတယ်နီ အမှတ်အသားကို ၂၀၀၅ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ညီလာခံက အတည်ပြုခဲ့ပါတယ်။ ဒါဟာ ဘယ်လိုခက်ခဲတဲ့ ပဋိပက္ခမျိုးမှာမဆို လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို အားလုံးလက်ခံနိုင်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

💡 ဒီအမှတ်အသားတွေဟာ အခြားအမှတ်အသားတွေနဲ့မတူဘဲ ဂျီနီဗာကွန်ဗန်းရှင်းအရ အကာအကွယ်ပေးထားတဲ့ အကာအကွယ်ပေးခြင်းဆိုင်ရာ အမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှတ်အသားတွေကို အလွဲသုံးစားမလုပ်ဖို့ နိုင်ငံတကာဥပဒေအရ တားမြစ်ထားပါတယ်။
ကြက်ခြေနီရဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ ဘယ်အမှတ်အသားကိုပဲသုံးသုံး၊ လူမျိုး၊ ဘာသာ၊ အသားအရောင် မခွဲခြားဘဲ ထိခိုက်ခံစားရသူများကို ကူညီဖို့ပဲ ဖြစ်ပါတယ်။
ကြက်ခြေနီအမှတ်အသားများအကြောင်းကို ဒီထက်မက အသေးစိတ် သိရှိချင်တယ်ဆိုရင်တော့ IFRC Learning Platform မှာ အကောင့်ဖွင့်ပြီး အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ထူးခြားချက်ကတော့ မိမိတို့ရဲ့ မြန်မာဘာသာစကား နဲ့လေ့လာနိုင်ရုံသာမက သင်ခန်းစာတစ်ခုချင်းစီ ကို အောင်မြင်အောင် လေ့လာပြီးသွားရင် အသိအမှတ်ပြုလတ်မှတ် (Certificate)ကိုပါ တခါတည်း ရရှိနိုင်မှာဖြစ်လို့ အခုပဲ ဝင်ရောက်လေ့လာလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ။
🔗 ဝင်ရောက်လေ့လာရန် Link: https://ifrc.csod.com/

Want your business to be the top-listed Government Service in Ahlone?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Hnin Si Street And Ayerwaddy Street Corner
Ahlone