Public Administration of Chauk Township

Public Administration of Chauk Township This organization is a temporary body, operating under the policy guidance of MOHAI of NUG.

Its pupose is to handle local administration,security and rule of law matters for local population within Chauk Township.

30/06/2026

ချောက်မြို့နယ်အတွင်း နေအိမ်မီးဘေးသင့်၊ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်လျှက်ရှိနေပါတယ်။ တတ်နိုင်သမျှ ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါစေခင်ဗျာ .....

🙏🙏🙏

30/06/2026

ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလျက်ရှိပါ၍ ပြည်သူများအနေဖြင့် သတိပြု နေထိုင်ကြပါရန် လေးစားစွာ အသိပေးအပ်ပါတယ်။

26/06/2026

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် မကွေးတိုင်း ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် မကွေးတိုင်း ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များအစည်းအဝေးကို ယနေ့မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ထို့‌နောက်အစည်းအဝေးခေါ်ယူရခြင်းရည်ရွယ်ချက်အား ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ရှင်းလင်းပြောကြားခဲ့ပြီး၊ အုပ်ချုပ်ရေးဆိုင်ရာပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အစည်းအဝေးအား နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအစည်းအ‌ဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊မကွေးတိုင်းအတွင်းရှိ ခရိုင်၊မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။

❣️❣️❣️ "Happy Birthday ပါ အမေစု" ❣️❣️❣️"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်" လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် .... (၈၁)န...
19/06/2026

❣️❣️❣️ "Happy Birthday ပါ အမေစု" ❣️❣️❣️

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်" လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် .... (၈၁)နှစ်ပြည့် မွေးနေ့ရက်မြတ်မှစ ကျန်းမာဘေးကင်းပါစေ။ မတရား ဖမ်းဆီးချုပ်နှောင်ခံရခြင်းမှ အမြန်ကင်းလွတ်ပါစေ။ လိုအင်ဆန္ဒ ပြည့်ဝပါစေ ... 🙏🙏🙏

အကြမ်းဖက် စစ်ကောင်စီအား ကမ္ဘာအနှံရှိ မြန်မာနိုင်ငံသားများနှင့်အတူ ချောက်မြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့သားများမှ အချက်(၃)ချက်ကို ထပ်တူ တောင်းဆိုဖော်ပြသည်။

(၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် တောင်းဆိုသည်။

(၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။

(၃) မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြသည်။

အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ...❣️🙏
19/06/2026

အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ...❣️🙏

၁၉-၆-၂၀၂၆ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့
တွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။



19/06/2026

Happy Birthday ပါ အမေဒေါ်အောင်ဆန်းစုကြည်
(၈၁)နှစ်ပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် ကျန်းမာသက်ရှည်ပါစေ။ ဆန္ဒနဲ့ဘဝ တထပ်တည်း ကျနိုင်ပါစေ အမေ။ 🎉🎂💖

Movie Credit - Upload


#မတရားဖမ်းဆီးခံထားရခြင်းမှ_အမြန်ဆုံးလွှတ်မြောက်ပါစေ

"အရိုင်းမြေမှာပွင့်တဲ့ပန်း"*********************ကမ္ဘာကြီးကပြောတယ် ...အရိုင်းမြေမှာပွင့်တဲ့ပန်းတွေအကြောင်းပေါ့ ....တက္ကသိ...
18/06/2026

"အရိုင်းမြေမှာပွင့်တဲ့ပန်း"
*********************
ကမ္ဘာကြီးကပြောတယ် ...
အရိုင်းမြေမှာပွင့်တဲ့ပန်းတွေအကြောင်းပေါ့ ....

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း။
အသက်က ၂၀ ကျော်တဲ့ ...
လုပ်ပြသွားတာတွေက ကမ္ဘာကျော်တယ် ...
သမိုင်းကိုလည်း ရေးခဲ့၊ လွတ်လပ်ရေးကိုလည်း ပေးခဲ့၊
အရိုင်းမြေမှာပွင့်တဲ့ပန်းတွေအကြောင်းပေါ့ ....

ဆရာတော် ဦးဝိစိတ္တ။
သံဃာတပါးရဲ့အာဂုံဆောင်နိုင်စွမ်း ...
အံ့မခမ်းဘဲမှင်သက်ကြ ဂရင်းနစ်ဝက်ကော့ဝင်ခဲ့ရ
ဘာသာခြားတွေတောင် လက်ဖျားခါခဲ့ကြတယ်၊
အရိုင်းမြေမှာပွင့်တဲ့ပန်းတွေအကြောင်းပေါ့ ........

ပန်းတနော်သား ဦးသန့်။
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ...
ခင်ဗျားကြောင့်သာ တတိယကမ္ဘာစစ်မဖြစ်ခဲ့တာ
ကမ္ဘာကြီးကဂုဏ်ပြုကြ နှစ်ထပ်ကွမ်းကုလသမဂ္ဂတဲ့လေ၊
အရိုင်းမြေမှာပွင့်တဲ့ပန်းတွေအကြောင်းပေါ့ .....

ဦးသန့်ရေ ....
ဦးအောင်ဆန်းရေ ....
ဆရာတော် ဦးဝိစိတ္တရေ ....
ခင်ဗျားတို့ရဲ့မျိုးဆက် အဖိုးမဖြတ်နိုင်တဲ့
အရိုင်းမြေကပန်းကလေး ... ဒီနေ့ဆိုရင် (၈၁)နှစ်ပြည့်ခဲ့ပြီ။

မေးပါရစေလား .....

အရိုင်းမြေရဲ့အိုမိခင် ... !!!
အသင့်မှာ .....
မြေဆီ ရှိပါလေစ ...
နေခြည် ... ရပါလေစ ...
ရေကြည် သောက်ပါလေစ ...
ငါတို့တတွေ ..... တွေးရင် ပူ၊ ပူရင်း မော၊
ဪ ..... ဒီတနှစ်လည်း မနက်သစ်ခဲ့ပြန်ပြီ ... ။ ။

မျိုးကို (ချောက်)

Credit - Upload

"ရှစ်ဆယ့်တစ်"**************ရှစ်ဆယ့်တစ်တဲ့ ...သက္ကရာဇ် တနှစ်တိုးပြန်ပြီလေ ....ဒီမြေမှာ ... သူရဲကောင်းတွေအကျဉ်းကျကောင်းတုန...
18/06/2026

"ရှစ်ဆယ့်တစ်"
**************
ရှစ်ဆယ့်တစ်တဲ့ ...
သက္ကရာဇ် တနှစ်တိုးပြန်ပြီလေ ....
ဒီမြေမှာ ... သူရဲကောင်းတွေအကျဉ်းကျကောင်းတုန်း။

မျိုးကို (ချောက်)

Credit - Upload

ပန်းသခင်မ+++++++++နှင်းဆီထက် နီတဲ့နှင်းဆီတစ်ပွင့် မွှေးမြတင့်မြဲ။ သဇင်ထက် သင်းတဲ့သဇင်တစ်ခက်ဖြူလွှနက်နဲ။ ကံ့ကော်ထက် မွှေး...
18/06/2026

ပန်းသခင်မ
+++++++++

နှင်းဆီထက် နီတဲ့
နှင်းဆီတစ်ပွင့်
မွှေးမြတင့်မြဲ။

သဇင်ထက် သင်းတဲ့
သဇင်တစ်ခက်
ဖြူလွှနက်နဲ။

ကံ့ကော်ထက် မွှေးတဲ့
ကံ့ကော်တစ်ပွင့်
သန့်ရှင်းတင့်ဆဲ။

ပိတောက်ထက် တောက်ပတဲ့
ပိတောက်တစ်ခက်
သစ်လွင်လတ်မြဲ။

စံပယ်တဲ့ ဖြူထက်
စံပယ်တစ်ပွင့်
ထည်ဝါဝင့်ဆဲ။

ပန်းတို့သခင်
ဂုဏ်အင်ပျံ့‌‌သင်း ကောင်းခြင်းထင်ရှား
နှလုံးသားပန်း နီမြန်းနွေးနွေး
သတ္တိသွေးနီ ကြည်လင်ပကတိ
တို့အမိသည်
ကျန်းမာ တင့်နေ ဗျာပါပြေ
လန်းဖြာ ဆင့်ဝေ သာပါစေ။ ။

မောင်ကျော်
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်။
(၂၁:၃၀) အချိန်။

Credit - Upload




14/06/2026

နှင်းဆီလှုပ်ရှားမှု

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။

ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အားလုံး ပါဝင်လှုပ်ရှား ကြမှာဖြစ်ပြီး စတင်ပြင်ဆင် နှိုးဆော်မှုများလည်း စတင်နေပြီ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။


Address

Chauk

Website

Alerts

Be the first to know and let us send you an email when Public Administration of Chauk Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share