PPP - People's Pioneer Party - Hlaing Township

PPP - People's Pioneer Party - Hlaing Township

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PPP - People's Pioneer Party - Hlaing Township, Political Party, Kamayut.

Political science is a social science.Political economy, and political philosophy base on the analysis of social activities, social thoughts, and social behavior.

Photos from PPP - People's Pioneer Party - Hlaing Township's post 30/05/2026

၂၀၂၆. ခုနှစ် မေလ ၂၉/၃၀ နေ့များတွင်
ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿မှ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး ( ၃) နှင့် ဧရာဝတီတိုင်းတာဝန်ခံ ဒေါ်မွန်မွန်မြင့် ၊ တိုင်းဥက္ကဌ ဦးအောင်သန်းထိုက် နှင့် တိုင်းဒုဥက္ကဌ ( ၃) ဦးမင်းမင်းဇော် တို့သည်
ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်၊ကျောင်းကုန်း၊ဟင်္သါတ၊ လေးမျက်နှာ၊ ဓနုဖြူ မြို့များသို့သွားရောက်ပြီး ပါတီကိုယ်စားပြုလွှတ်တော်အမတ်များ၊
မြို့နယ်အမှုဆောင်များ နှင့်သွားရောက်တွေ့ဆုံပြီး မြို့နယ်များပြန်လည်ဖွဲ့စည်းရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ကြပါသည်။

Photos from PPP - People's Pioneer Party - Hlaing Township's post 29/05/2026

(29.5.2026) သောကြာနေ့ နံနက် ၉နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် အမှတ် (၂)ရပ်ကွက်၊ သဒ္ဓမ္မရံသီ ဗိမ္မာန်တော်ခန်းမ၌ ပြညိသူ့ရှေ့ဆောင်ပါတီ🅿️🅿️🅿️ မှ ကျိုက်လတ်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝေထက် နှင့် မြို့မိမြို့ဖများ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့ရှေ့ဆောင်ပါတီ🅿️🅿️🅿️ ဗဟို တွဲဖက်အထွေထွေ အတွင်းရေးမှူး(၃)၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဒေါ်မွန်မွန်မြင့်၊ ဧရာဝတီ တိုင်းဥက္ကဋ္ဌ ဦးအောင်သန်းထိုက်၊ တိုင်းဒုဥက္ကဌ ( ၃) ဦးမင်းမင်း ဇော် တို့နှင့်အတူ တိုင်း အမှုဆောင်များ၊ ခရိုင် အမှုဆောင်များ၊ မြို့နယ် အမှုဆောင်များ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင် အသင်းများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

#ပြည်သူ့ရှေ့ဆောင်ပါတီ #လွှတ်တော်ကိုယ်စားလှယ်

#ထူးသစ် ဓါတ်ပုံတိုက် ကျိုက်လတ်မြို့

Photos from PPP - People's Pioneer Party - Hlaing Township's post 24/05/2026

ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး(၃)၊ ဧရာဝတီတိုင်းတာဝန်ခံ
ဒေါ်မွန်မွန်မြင့်၊ ဗဟိုအလုပ်အမှုဆောင်ဒေါ်တင်နိုင်အေး၊ ဧရာဝတီတိုင်းဒေသကြီး တွဲဖက်အတွင်းရေးမှူး( ၁) ဦးတင်ထွန်းမြင့်တို့သည်
ရန်ကုန်မြို့ ရှိ နား၊နှာခေါင်း၊လည်ချောင်း ဆေးရုံကြီး၌ ခွဲစိတ်ကုသမှူခံယူရန်ရောက်ရှိနေသော
ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 မြောင်းမြမြို့နယ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး ကိုစိုင်းလုံ (ခ) ဦးဌေးလွင် အားသွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်းနှင့်ပြည်နယ်များမှ ပါတီတာဝန်ရှိသူများလှူဒါန်းသောဆေးဘိုးအလှူငွေ ( ၇၅၀၀၀၀/ ) ကျပ်အား လှူဒါန်းခဲ့ပါသည်။
#ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿

15/05/2026

.ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿
CEC Retreat မှာ CEC ကြီးများ Game လေးတွေနဲ့ပျော်ပျော်ပါးပါးကစားရင်း
စည်းလုံးမှုကိုဖော်ဆောင်ခဲ့ကြပါတယ်
💙💙💙💙💙
8.9./5/2026

Photos from PPP - People's Pioneer Party - Hlaing Township's post 10/05/2026


ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 CEC Retreat ပထမနေ့

Photos from PPP - People's Pioneer Party - Hlaing Township's post 01/05/2026

ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️ ရန်ကုန်တိုင်းဒေသကြီးအမှုဆောင်အဖွဲ့ ၏ ဦးဆောင်မှုဖြင့် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အခါသမယတွင် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
တိုင်း အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ် အမှုဆောင်အဖွဲ့ဝင်များ နှင့် ပါတီဝင်များ မှ ဆံတော်ရှင် ဗိုလ်တထောင်ကျိုက်ဒေးအပ် စေတီတော်မြတ်ကြီး တွင် စုပေါင်းညောင်ရေသွန်းခြင်း၊ လူ (၆၀၀) စာ စတုဒိသာ အအေးများ တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက် လှူဒါန်းခဲ့ကြပါသည်။

#ပြည်သူ့ရှေ့ဆောင်ပါတီ။ #ကဆုန်လပြည့်

Photos from PPP - People's Pioneer Party's post 01/05/2026

၂၉.၄.၂၀၂၆ ဗုဒ္ဓဟူးနေ့ နံနက် ၁၀နာရီအချိန်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️မှ ဧရာဝတီတိုင်းဒေသကြီး အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းထိုက်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝေထက်၊ မြောင်းမြမြို့နယ် အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပကိတ်ကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးတင်မိုးရွှေတို့ လိုက်ပါ၍ မြောင်းမြမြို့နယ် ပကိတ်ကျေးရွာအုပ်စုရှိ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကြည်ရှု​ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေ (၅)သိန်းကျပ်အား ပကိတ်ကြီးကျေးရွာ ကျောင်းတိုက်ဆရာတော်ထံ ဆပ်ကပ်လှူဒါန်းခဲ့ပြီး မီးဘေး အန္တရာယ် ကြုံတွေခဲ့ရမှုနှင့် ပတ်သက်သော ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို နားထောင်မှတ်သားခဲ့ပါသည်။

#လွှတ်တော်ကိုယ်စားလှယ် #ပြည်သူ့ရှေ့ဆောင်ပါတီ

Photos from PPP - People's Pioneer Party's post 28/04/2026

ယနေ့ ၂၈.၄.၂၀၂၆ တွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်သော လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️ မှ ကျိုက်လတ်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၂) ဦးဇော်ဝေထက် တက်ရောက်၍ မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

နေ့လည်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့မယ် တဲ့တဲ့ကူး ကျေးရွာတွင် အစိုးသစ်၏ ရက်တစ်ရာစီမံချက်ဖြင့် မှတ်ပုံတင်များ ဆောင်ရွက်နေမှုကို လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌနှင့် အဖွဲ့များ နှင့်အတူ ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️ မှ ကျိုက်လတ်၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝေထက် မှ လိုက်ပါ ကြည့်ရှုအားပေးခဲ့ပါသည်။

#လွှတ်တော်ကိုယ်စားလှယ် #ပြည်သူ့ရှေ့ဆောင်ပါတီ

Photos from PPP - People's Pioneer Party's post 28/04/2026

ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️ မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံ မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးဇော်၀င်းသန့် (ခ) ဦးထက်အောင်လင်း သည် ချမ်းအေးသာစံမြို့နယ် ' လွှတ်တော်ကိုယ်စားလှယ် များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်အုပ်ရေးမှူးများ တွေ့ဆုံပွဲ ' သို့ တက်ရောက် ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ နှင့် ဒေသဆိုင်ရာ လိုအပ်ချက်များ ၊ နိုင်ငံတော် အစိုးရ ၏ ရက် ၁၀၀ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မည့် အစီအစဉ်များကို ရင်နှီးနွေးထွေးစွာ တွေဆုံဆွေးနွေးခဲ့ပါသည် ။

#လွှတ်တော်ကိုယ်စားလှယ်များ #ပြည်သူ့ရှေ့ဆောင်ပါတီ

Want your business to be the top-listed Government Service in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Kamayut

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00