13/05/2023
မီးသတ်သမားများအတွက် 👨🚒🔥
Wallpaper အလန်းတွေ....🍷
Firefighter Wallpaper (Part-2)👨🚒🍷
Fire and Rescue
13/05/2023
မီးသတ်သမားများအတွက် 👨🚒🔥
Wallpaper အလန်းတွေ....🍷
Firefighter Wallpaper (Part-2)👨🚒🍷
13/05/2023
ကဲ...သားကြီးတို့...👨🚒🍷
#ဒီတခါမုန်တိုင်းက ပြင်းလိမ့်မယ်။
ပြင်ဆင်စရာ တွေလဲ အတော်လေး ပြင်ဆင်ထားပီးပီ။
ဒီတခါလာမယ့် ရှာ/ကယ်သမားတွေရဲ့
ပြိုင်ဘက်က အန္တရာယ်များမယ်....🌪
ဒါပေမယ့်...ငါတို့မှာက 2023 ခုနစ်မှာနေနေတယ်...🍷🚨
#မကြာခင်မှာ မုန်တိုင်း ထိခိုက်မယ့်နေရာတွေကို
ပြည်နယ်နဲ့တိုင်း အဆင့် အသီးသီးက စေလွှတ်တဲ့
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေစထွက်တော့မယ်....🚒👨🚒
#ရှာဖွေကယ်ဆယ်ရေး မှာ ထိရောက်စွာအသုံးပြုနိုင်တဲ့
ခေတ်မှီစက်ပစ္စည်းကိရိယာတွေနဲ့ 🚒🚨
ရှာ/ကယ် အတက်ပညာတွေကို ပိုင်ဆိုင်ထားတယ်....👨🚒
အခုအဲ့ပညာတွေနဲ့ ပစ္စည်းတွေကို Professional ကျကျနဲ့
ကိုင်တွယ်အသုံးချပြီး ပြည်သူလူထုကို အကျိုးပြုမယ်...
#ငါတို့မှာ သတင်းအချက်အလက် လက်ဦးထားတယ်...
ကြိုတင်ပြင်ဆင်ထားတယ်... ရွှေ့ပြောင်းထားတယ်...
"မိုခါ" ထက်ခြေလှမ်းတွေသာတယ်....
အဲ့ဒါ တွေကငါတို့ အားသာချက်တွေပဲ။
#"ရဲဝင့်စွန့်စား မီးသတ်သမား" တဲ့....ကွ
ရဲရဲဝင့်ဝင့်နဲ့ စွန့်စားရဲတဲ့ကောင်တွေပဲ...
အားလုံး ကြိုးစားထားကြ။
တချိန်မှာဒါတွေက ငါတို့ရဲ့သမိုင်း တွေဖြစ်လာပြီး
မျိုးဆက်သစ်တွေကို ဂုဏ်ယူစွာ ပြန်ပြောကြရလိမ့်မယ်
အားလုံး ဂရုစိုက်ကြပါ။ အားတင်းထားပါ။
Ready ပဲ"မိုခါ"👨🚒
#မိုခါ
12/05/2023
Firefighter Wallpaper 👨🚒❤
11/05/2023
D i v e r 🍷🖤R e s c u e
12/12/2022
Search and Rescue "T-Shirt"🇹🇭
ယိုးဒယား (Grade A) အသား T-Shirt
ရင်ဘတ်/လက်မောင်း/နောက်ကြော
Search and Rescue logo Design in 🇱🇷
"အရေအတွက် ကန့်သတ်ထုတ်ထားသည်။"
=============================
ရောင်းစျေး=12500ks💰(L-Size) Only
စီးပွားဖြစ်မဟုတ်✖.ဝါသနာတူ ကယ်ဆယ်ရေးသမားများအတွက် တာဝန်ချိနိပြင်ပတွင် ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်ရန် ရည်ရွယ်သည်။
ကယ်ဆယ်ရေးသမားများအတွက် အထူးစျေးရှိသည်။
(Messager📲) သို့ (Phone📞) ဆက်မေးရန်။👨🚒✨
မန္တလေးမြို့အတွင်း နေ့ချင်းရနိုင်ပြီး
ဖုန်းဆက်ပေးပါရန်။ ☎09-443921139
နယ်ဝေးနှင့်အခြားမြို့များ
ငွေကြိုလွှဲရပြီး💳 ငွေလွှဲဝင်သည်နှင့် ချက်ချင်းပို့ပေးသည်။🚛🚛
ငွေလွှဲ Screenshot ပို့ပေးပါရန်။ (သို့)
Phone ဆက်ပေးပါရန်။
🇨🇳China Rescue Operations👨🚒
Fire Rescue Technic👨🚒📌
23/07/2022
“ The Triangle of Life”
==================
ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြောစကားတွေရှိတာကို ကြားဖူးကြမှာပါ။
အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါတော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။
(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)
ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေးအန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။
၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေးငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။
တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။
အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့် အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။
ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအလွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။
အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။
ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်ကတော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။
ဘေးကင်းဖို့ လက်တို့အညွှန်း
၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခုအောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ကြုံတွေကြရပါတယ်
၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါတယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။
၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။
၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချလိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။
၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီးကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေလိုက်ပါ။
၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊
၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီးအောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါးပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။
၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။
၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေလောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်လေးဟာ အသက်ကယ်တြိဂံပါပဲ့။
၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီးဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေထွက်ခဲ့ပါတယ်။
ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကိုတော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထားတွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာနှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။
ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။
ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေစေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)
Credit: Original Writer Via ကိုဖေအောင်
Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
03/06/2022
🔺 "မြေငလျင် အသိပညာပေး "🔻
========================
23/05/2022
🚨Search and Rescue Engine🚒
Perfect....👨🚒 (4×Wheel)