Mandalay Youth Force Charity-MYFC

Mandalay Youth Force Charity-MYFC

Share

Donation donating

17/04/2022

🙏မြန်မာနှစ်သစ်ဆုတောင်း🙏

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် "နှစ်ဆန်းတစ်ရက်နေ့" နှစ်သစ်မင်္ဂလာ အချိန်အခါသမယမှစ၍ မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး စီးပွားလုပ်ငန်းများအားလုံး ဆထက်တိုးအောင်မြင်ကြပါစေကြောင်း ကျွန်တော်တို့ညီအကိုများမှ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ🙏🙏🙏

#နှစ်ဆန်းတစ်ရက်နေ့

02/03/2022

#တောင်သူလယ်သမားနေ့

ယနေ့ မတ်လ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့တွင် ကျေးဇူးရှင် တောင်သူလယ်သမား အားလုံးကို ဦးညွှတ် ဂါ၀ရ ပြုအပ်ပါသည် 🙏🙏🙏

တောင်သူဦးကြီး အားလုံး ကျန်းမာချမ်းသာ ကြပါစေကြောင်း ကျွန်​တော်တို့MYFCညီအကိုများမှ
ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏 🙏🙏

19/12/2021

🔴ယခုအချိန်မှာ ဗီဇပြောင်း အိုမီခရွန် ကိုဗစ်ပိုးဟာ
နိုင်ငံအတော်များမှာ အလျင်အမြန်ကူးစက်ပြန့်ပွား
နေပါတယ်။
🔵ကျနော်တို့ ပြည်သူတွေအနေနဲ့ အရင်ကထက်
ပိုပြီးဂရုစိုက်နေထိုင်ကြဖို့လိုပါတယ်။

🎀 အစစရာရာဂရုစိုက်ပြီး အခက်ခဲအားလုံးကို
အတူတူကျော်ဖြတ်ကြရအောင်။

17/08/2021

ပရဟိတ အလုပ်ဆိုတာ
ပိုက်ဆံရှိတဲ့သူတိုင်းလဲ မလုပ်နိုင်ဘူး
နာမည်ကြီးတဲ့သူတိုင်းလဲ မလုပ်နိုင်ဘူး
ခွန်အားရှိသူတိုင်းလဲ မလုပ်နိုင်ဘူး
အချိန်အားသူတိုင်းလဲမလုပ်နိုင်ဘူး

ကြင်နာတတ်တဲ့ ဂရုဏာတရား
စာနာတတ်တဲ့ နှလုံးသား
ကူညီချင်တဲ့ စေတနာမေတ္တာတရား တွေနဲ့
နှလုံးသားလှသူတွေသာလုပ်နိုင်တဲ့အလုပ်တစ်ခုပါ

13/08/2021

မနက်ဖြန် 14.8.2021 ဟာ ကျနော်တို့အဖွဲ့စတင်ဖွဲ့စည်းတာ ၁လပြည့်နေ့ဖြစ်ပါတယ်။
ကျနော်တို့ညီအကိုတွေဟာ ဒီ၁လအတွင်းမှာ-
Positiveလူနာတွေကိုလဲကူညီခဲ့ တယ့်အပြင်
အင်မတန်နွမ်းပါးတဲ့ပြည်သူလူထုကိုလဲထောက်ပံ့မှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင်
အရမ်းခက်ခဲနေတဲ့ မိဘမဲ့ကျောင်းလေးကိုပါ
လှုဒါန်းနိုင်ခဲ့ပါတယ်။
ဆက်ပြီးတော့လဲ ပြည်သူလူထုကို ထောက်ပံ့သွားမှာဖြစ်တဲ့အတွက် ပါဝင်လှူဒါန်းဖို့လဲ တောင်းဆိုပါတယ်ခဗျ။
MYFC 1 month anniversary.
#ပြည်သူနှင့်အတူရှိသောMYFC
(MYFC:::2021ခုနှစ်နွေဦးတော်လှန်ရေးကာလတွင် စတင်တည်ထောင်သည်။)

Photos from Mandalay Youth Force Charity-MYFC's post 05/08/2021

၅၊၈၊၂၀၂၁♻️
ကျနော်တို့ညီကိုတွေဟာ
အင်မတန်အခက်ခဲဖစ်နေတဲ့ အမေအိုတဦးကိုအိမ်တိုင်ရာရောက်သွားပီးထောက်ပံ့ခဲ့ပါတယ်။
လမ်းခရီးအကြပ်တည်းတွေကြောင့် အရင်လိုလှူဒါန်းမှုတွေကို ခနတာ နားထားပါတယ်ဗျ။
မကြာခင်မှာ ပြန်လည်ကူညီထောက်ပံ့သွားမှာပါဗျ။
#ပြည်သူနှင့်အတူရှိသောMYFC
မြန်မာပြည်ကြီးအမြန်ဆုံး ငြိမ်းချမ်းပါစေ။

Photos from Mandalay Youth Force Charity-MYFC's post 29/07/2021

မနက်ဖန်မှာဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေကိုသွားပီး
ထောက်ပံ့ဖို့ အဆင်သင့်ဖြစ်ပါပီခင်ဗျာ။
#ပြည်သူမှပြည်သူသို့

24/07/2021

အလှူခံ ပိုစ့်လေးပါခင်ဗျ ။
ဒီကာလမှာအားလုံးခက်ခဲနေကြတာကို သိပေမယ့်
ကိုယ့်ထက်ပိုခက်ခဲတဲ့ဘဝတွေကို ငဲ့ကြည့်ပြီး
ပြည်သူကပြည်သူကို ပြန်ကူညီရအောင်
၁၀၀၀ကျပ်မှစပြီးလှူဒါန်းပေးဖို့ကျွန်တော်တို့
MYFCညီအစ်ကိုများမှတောင်းဆိုပါတယ်။
ကျွန်တော်တို့ပြည်သူတွေမှာပြည်သူတွေပဲရှိပါတယ်
စည်းစည်းလုံးလုံးနဲ့ အခက်ခဲအားလုံးကို
ကျော်ဖျတ်ရအောင်ပါ💪
လှူဒါန်းလိုရင်တော့
Page messenger နဲ့
KBZ pay- 09787900790
wave pay-09966606998
တို့မှာလှူဒါန်းလို့ရပါတယ်
#ပြည်သူမှပြည်သူသို့

Photos from Mandalay Youth Force Charity-MYFC's post 23/07/2021

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ
ကျနော်တို့MYFCညီအစ်ကိုများမှ
အရမ်းနွမ်းပါးတဲ့တိုင်းရင်းသားမိဘမဲ့ကျောင်းလေးကို အလှူငွေ ၁၅၀၀၀၀ကျပ်နှင့် စားစရာမုန့်များလှူဒါန်းခဲ့ပါသည်။
ပါဝင်လှူဒါန်းတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
နတ်လူသာဓုခေါ်စေသောဝ်...
မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ။

Photos from Mandalay Youth Force Charity-MYFC's post 22/07/2021

ပါဝင်လှူဒါန်းရန်ဖိတ်ခေါ်ခြင်း 🙏
---------------------------------------------
မန္တလေးတိုင်း တံတားဦးမြို့နယ် က
မိဘမဲ့ကလေးငယ် ၆၀ခန့်ရှိတဲ့
တိုင်းရင်းသားမိဘမဲ့ပရဟိတကျောင်းလေးကို
မနက်ဖြန် လပြည့်နေ့မှာလှူဒါန်းမှာဖြစ်ပါတယ်။
ကျနော်တို့MYFCညီအကိုများမှ မတည်ငွေ
၁၀၀၀၀၀ကျပ်တိတိကိုလှူဒါန်းမှာပါ။
ပါဝင်လှူဒါန်းလိုပါက-
Page messenger နှင့်
KBZ Pay- 09787900790
Wave - 09966606998တို့မှာ လှူဒါန်းနိုင်ပါတယ်ခဗျ

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Mandalay