Owlette ဇီးကွက်ငယ်လေး

Owlette ဇီးကွက်ငယ်လေး

Share

owletteကစိတ်ကူးလေးတိုင်းစာရေးပါတယ်

20/10/2022

ချစ်ခြင်းနှင့်ပျိုးသောပန်းတစ်ပွင့်
အပိုင်း(၇)

လေ့လာရေးခရီးပြီးနောက်နေ့က စနေကျောင်းပိတ်ရက်ဆိုတော့
လင်းမြတ်ပိုင်အိမ်မှာဘဲအမဖြစ်သူနဲ့အတူမုန့်လုပ်စားနေတယ်
"ပေါင်မုန့်ကိုဘေးသားတွေအရင်လှီးမယ်
လှီးတဲ့အခါကြစတုရန်းလိုပတ်လည်အနားညီအောင်လှီး
လှီးပြီးရင်ကြက်ဥခေါက်ထား"

"ကြက်အူချောင်းတွေခွာပြီးပြီဆိုတော့ တန်ပူရာမှုန့်ကိုခွက်ထဲထည့်မယ်
ကြက်ဥခေါက်လို့ပြီးပြီလား လင်းမြတ်"

"ခေါက်ပြီးပြီ ရော့အမနန်း"

"အေးကြက်အူချောင်းကိုပေါင်မုန့်ထဲထည့်လိပ်ထားနှင့်
ငါဂတ်စ်ဖိုယူလိုက်အုံးမယ်
ဟဲ့ဟဲ့ဟဲ့ လိပ်တဲ့ခါကြက်ဥခေါက်ထားတဲ့ဟာလေးကိုနည်းနည်းသုတ်ပြီးလိပ်အဲ့တာမှပြန်ပြီးကွာမသွားမှာပြီးတော့cheeseထည့်ဖို့လည်းမမေ့နဲ့အုံး ကြားလားလင်းမြတ်"

"ဟုတ်ကြားပါကြောင်းအမတော်"

"ဟူးရပြီ...
လိပ်ပြီးတာတွေကိုငါ့ပေး ကြက်ဥထဲနှစ်ပြီးတန်ပူရာမှုန့်နဲ့ကပ်ထားရမယ်"
ဒယ်အိုးထဲဆီထည့်ကာဆီပူလာတာနဲ့ကြော်တဲ့လုပ်ငန်းစကြလေတယ်။ ကြော်နေရင်း

"လင်းမြတ်နင်ခုလိုမုန့်တွေငါနဲ့အတူလာလုပ်နေတာကသူ့ကြောင့်မလားဟုတ်တယ်မလား ဟင် မှန်မှန်ပြောဟုတ်တယ်မလားလို့"

"ဘာတွေလာပြောနေတာလဲအမနန်းရာ
ကိုယ့်ဟာကိုကြော်စရာရှိတာကြော်စမ်းပါ ဟိုမေးဒီမေးနဲ့"

"ဟွန့် မဖြေချင်လည်းနေပေါ့ ငါကရိပ်မိပြီးသား"
'ဟွန့်ဖြေသာမဖြေတာမျက်နှာကဖြင့်အတိုင်းသားကိုပေါ်လို့ ငါ့မောင်ငါ့မောင်လူကဖြင့်လက်တောက်လောက်နဲ့ အချစ်ရေးအချစ်ရာတွေမှာ ဘွဲ့တောင်ရနေပြီဒင်းလေးက'

နန်းခင်မြတ်သူ့မောင်အကြောင်းတွေးပြီးစိတ်ထဲနေကြိတ်ပြီးပြောနေသလို လင်းမြတ်ပိုင်လည်းသူ့ရဲ့"သူ"ဆိုတဲ့သူအကြောင်းအတွေးနယ်ချဲ့ရင်းမျက်နှာပေါ်ကပါးစပ်ကြီးမှာနားရွက်တက်ချိတ်လုမတက်ဖြစ်နေလေရဲ့

...............................

ကလင်လင် ကလင်လင် ကလင်လင်..

"Hello"

"Helloအန်တီ ခွန်းသာအိမ်မှာရှိလားဗျ"

"အော်မောင်ရဲမာန်ထက်ကိုး
ရှိပါ့တော်ရှိပါ့ အန်တီခေါ်လိုက်မယ်ခနနော်သား
ခွန်းသာရေ ခွန်းသာ သားခွန်းသာ"

"ဗျ အမေ"

"ဒီမှာရဲမာန်ထက်ဆီက ဖုန်းလာနေတယ် ဆင်းခဲ့အုံး"
ငရဲဆီကဖုန်းဆိုတော့ခွန်းသာလည်း အိပ်မလို့လုပ်ရာကနေထပြီး

"ပြောငရဲဘာလဲ"

"မင်းအားလား"

"ဘာလို့"

"ငါ့ဆီလာခဲ့ပါ့လားကွ"

"ဘာလုပ်ဖို့"

"ငါအပြင်သွားမလို့ကွာ
ပြောရရင်oceanသွားမလို့ ဈေးလည်းဝယ်ရင်းလိပ်ဥလည်းတူးရင်းပေါ့ကွာ ဟဲဟဲ"

"အော်မင်းကဒီလိုကိုး
နေစမ်းပါအုံးငါကဘာဆိုင်လို့လိုက်ရမှာလဲပြောပါအုံး"

"ဒီလိုလေကွာမင်းသိသားနဲ့ ငါတစ်ယောက်ထဲသွားရင်ဘယ်လိုလုပ်ကောင်မလေးတွေကဝိုင်းဝိုင်းလည်မှာလဲ မင်းလိုရုပ်ချောအချေကောင်တစ်ကောင်လောက်ပါမှရမှာပေါ့ဟ"

"မင်းကတော့လေတကယ့်ငရဲသွားရမယ့်ကောင်"

"ဟာကွာငါကဆော်လေးတွေကိုလက်နဲ့တောင်မထိဘူးလေကွာ ငါလည်းဆော်ရချင်တယ်လေကွာငါ့ကောင်ရာ
ထုံးစံအတိုင်းလိုက်ခဲ့ပါကွာ"

'ဒင်းကိုစိတ်ရှိလက်ရှိတိုင်းလုပ်လိုက်ရရင် ဒင်းသေတော့မယ်'စိတ်ထဲမှာကြိမ်ဆဲရင်း
"ပြီးရောလိုက်ခဲ့မယ်"

"Okကွဒါမှငါ့ကောင်ငခွန်းကွ"

"ဘာ"

"ပြီးမှလာခေါ်မယ်ဒါဘဲ"

"ဟေ့ကောင်ငရဲ..."
တီတီတီ....

"တောက် ဖုန်းချသွားပြီ ပြီးမှတွေ့မယ်ဒင်းနဲ့"

..
"ဟေ့ကောင်ခွန်းသာ ငါရောက်ပြီထွက်ခဲ့တော့"
ငရဲလည်းအိမ်ထဲကထွက်လာတဲ့ခွန်းသာကိုစိတ်ပျက်လက်ပျက်နဲ့ကြည့်နေမိတယ်

"ဘာကြည့်နေတာလဲသွားမယ်ဆို"

"မင်းဟာကလည်းကွာငါတို့ကခုအပြင်ထွက်မှာနော်မင်းဟာကကြည့်ပါအုံး
ရိုးရိုးတီရှပ်အဖြူနဲ့အောက်ကဘောင်းဘီတို(pants)နဲ့ဘဲလား
အဲ့လိုဝတ်မယ်ဆိုလည်းကောင်းကောင်းလေးတော့ဝတ်ခဲ့လေကွာ မင်းဟာက အိပ်ရာဝင်တော့မယ့်ပုံစံကြီး
ငါ့ကြည့်စမ်းပါ ဘယ်လောက်လန်းလဲ "

"မင်းမအိုက်ဘူးလား
နွရောသီကြီးမှာကိုဂျာကင်တွေဝတ်နေတာ"

"ဟာကွာအဲ့ဒါဘဲမင်းဖက်ရှင်မျက်လုံးမရှိဘူးဆိုတာ
ကြည့်လိုက် အောက်ကနေရှပ်ဝတ်ပြီးအပေါ်ကကြကုတ်ဝတ်ထားတာ။
ပြီးတော့ဂျင်းဘောင်းဘီအမည်းနဲ့တွဲဝတ်လိုက်တယ်။
ကျန်သေးတယ်နော် ဆံပင်ကိုပုံသွင်းထားတာလေးကိုတစ်ချက်ရှိုးလိုက်
လန်းနေတာဘဲ တွေ့တယ်မလား"

"အေးပါကွာ အေးပါကွာမင်းအကြိုက်တွေ့ရင်ပြီးရော"
သူ့ကိုသူတော့ဘယ်လောက်လမ်းသရဲပုံပေါက်နေလဲတော့မသိဘဲနဲ့

...........

"ဒီမောင်နှမနှစ်ယောက်ဘာတွေလုပ်နေကြတာလဲ"

"အော်ဖွားဖွား
ဟော့ဒေါ့လုပ်စားနေတာပါဖွားဖွား
ပြီးရင်လာပို့ပေးမလို့ဘဲဖွားဖွားကထွက်လာတာ"

"မကြိုက်ပါဘူးအေဖွားဖွားကအဲ့လိုအစားအစာတွေမစားတတ်ပါဘူး
အဖွားကမုန့်လက်ကောက်တို့သာကြိုက်တာ"
"ဟာဖွားဖွားကလည်းစားကြည့်ပါမုန့်လက်ကောက်မမှီတောင်ကောင်းတော့ကောင်းပါတယ်"
"အေးပါကွယ်အေးပါ
အဖွားလမ်းထိပ်သွားလိုက်အုံးမယ် ငါ့မြေးတို့အမေမေးရင်ပြောလိုက်ကြအုံး"
"ဟုတ်ကဲ့ပါအဖွား"
"ဟုတ်ကဲ့ပါအဖွား"

------
Oceanဘက်မှာတော့

"မင်းဒီနေ့oceanကိုအထပ်တိုင်းလျှောက်သွားဖို့တွေးထားတာလား
ငါတို့ဟိုးမြေညီထပ်ကနေခုတက်လို့ရတဲ့အပေါ်ဆုံးထပ်ကိုရောက်နေပြီ
ဘာမှလည်းခုထိမည်မည်ရရမဝယ်ရသေးဘူး"
"မင်းကလည်းကွာပွစိပွစိနဲ့ မိန်းမကြီးကြနေတာဘဲ
ငါ့အမေတောင်ဒီလောက်ပြောမှာမဟုတ်ဘူး"
"မင်းအမေလားမပြောမှာ မင်းအမေသာခုမင်းပုံစံကိုမြင်ကြည့်တွေ့တဲ့ဟာနဲ့အရင်ကောက်ပေါက်မှာအသေချာဘဲ"
"အမှန်တွေပြောရက်တာ
အေးပါငါလည်းငါ့အမေခရီးထွက်တုံးလေးကဲတာကို"
"ခုKFCမှာငါ့ကိုကျွေးတော့မင်းကြောင့်ငါညောင်းသွားပြီ"
"ဟင်းဆော်လေးတွေများကြည်မလားဆိုပြီးသူ့ခေါ်လာပါတယ်ဘာဆော်မှမရဘဲနဲ့ခုတော့သူ့ကိုကြက်ကြော်ဝယ်ကျွေးရတော့မယ်"
"အော် ငါခြေထောက်ညောင်းအောင်မင်းနောက်လိုက်နေရတာကိုလည်းထည့်ပြောလေ"

"နင်တို့တွေကလေမတည့်အတူနေမမြင်ချောင်းကြည့်ဆိုတဲ့အတိုင်းကြနေတာဘဲ စကားလောက်များနေကြတာ"
ငြင်းခုံနေတဲ့ခွန်းသာနဲ့ရဲမာန်ထက်တို့နှစ်ယောက်ကြားထဲထိုးဖောက်လာတဲ့စကားသံ
ရဲမာန်ထက်လည်းခွန်းသာရဲ့နောက်ကိုကျော်ကြည့်လိုက်မှ
"အော် ယမုံ
နင်ရောoceanလာတာလား"
ယမုံလည်းခွန်းသာဘေးနားလျှောက်လာပြီး
"အင်းလေ လာလို့နင်ခုတွေ့နေရတာပေါ့
ခွန်းသာရောပါလာတော့ငါနင်တို့ကိုတွေ့တွေ့ချင်းတုံးကအံ့ဩနေတာ"
"ဘာအံ့ဩစရာပါလို့လဲ"
"ခွန်းသာကလည်း နင်ကပုံမှန်ဆိုဒီလိုလျှောက်လည်တာတွေသိပ်မလုပ်လို့လေ"
"ငါကဒီကောင်ကြီးနဲ့ ထွက်နေကြ"
ခွန်းသာရဲ့ခွန်းတုံ့ပြန်စကားမှာယမုံလည်းပြောစရာစကားတွေပျောက်ရှကုန်တယ်
"ငါတို့သွားတော့မယ်ယမုံ
ဟေ့ကောင်သွားမယ်"
"သွားပြီဟေ့"

ယမုံကိုနောက်ချန်ထားခဲ့ပြီး စက်လှေကားဆီလျှောက်လာချိန်
ယမုံကတော့ ချေခံလိုက်ရတဲ့အတွက် မကျေမနပ်ဖြစ်နေရှာတယ်
"ဟေ့ကောင်မင်းယမုံကိုပြောလိုက်တာကကွာ မိုက်တယ်
ငါနင့်ကိုမကြိုက်နိုင်ဘူးလို့တဲ့ငြင်းလိုက်တာတဲ့ခံရခက်နေမှာသေချာတယ်"
"ငါကအဲ့သဘောမျိုးနဲ့မဟုတ်ပါဘူး
သူကငါ့အကြောင်းကိုသိသလိုမျိုးကြီးလာပြောနေတာနဲ့အဲ့လိုပြန်ပြောမိသွားတာပါကွာ
ထားပါသွားစားမယ်ပြီးရင်ပြန်မယ်"
"အေးပါ"

စားပြီးအပြန်မှာ
"ခွန်းသာငါ့ကောင်ကြီးမင်းဘာမှမဝယ်ဘူးလား"
"ငါ...ဝယ်ခဲ့တယ်"
"ဘာဝယ်လိုက်တာလဲငါမမြင်မိဘူး"
"လေရှည်ပြီးစပ်စုတာကွာ အရှေ့သာကြည့်မောင်းစမ်းပါ"
"ဝယ်ချင်တာဝယ် ငါ့အပူမဟုတ်ဘူး"
ဘောင်းဘီအိတ်ကပ်ထဲက သော့ချိတ်လေးကိုထုတ်ကြည့်ရင်း ပီတိတွေဖြာနေလိုက်တာ

မီးပွိုင့်မှာမီးနီနေတုံးမို့ ရပ်ထားတုံး ဘေးကဆိုင်ကယ်ကဖူဂျိုးရှိမမနှစ်ယောက်က ခွန်းသာသော့ချိတ်လေးကြည့်ပြီးပီတိဖြစ်နေတာကိုမြင်တော့ ရှေ့ကဆိုင်ကယ်မောင်းတဲ့ငရဲနဲ့ခွန်းသာကို အထင်တော်များလွဲပြီး shipလေကြရဲ့

ကျောင်းဖွင့်ရက်တွေမှာ

ခွန်းသာကလင်းမြတ်ပိုင်ရဲ့အတန်းကိုနေ့တိုင်းလိုလိုခြေဦးလှည့်နေတယ်
အကြောင်းပြချက်တစ်ခုမဟုတ်တစ်ခုနဲ့ကိုသွားနေတော့တာ

"အော အကိုခွန်းသာဒီနေ့ရောဘာလို့တုံး"
"စာမေးစရာရှိလားလို့လာပြီးcheck outလုပ်တာပါ"
"ဒီနေ့တော့မရှိဘူးမနေ့ကမေးထားပြီးပြီဆိုတော့"
"ဒါဆိုမုန့်ဆိုင်သွားမလား ကိုယ်ဝယ်ကျွေးမယ်"
"တော်ပါပြီအကိုရာ ကျွန်တော်ခုလေးတင်မှထမင်းစားပြီးထားတာ"
"ကိုယ်တို့ကခုခင်နေကြပြီဘဲကိုရင်းရင်းနှီးနှီးပြောပါ
အကိုခွန်းသာလို့လည်းခေါ်မနေနဲ့ခွန်းသာဆိုပြီးဘဲခေါ်လည်းရတယ်
ကျွန်တော်ဆိုပြီးလည်းပြောမနေနဲ့ရတယ်"
"ဟုတ်ဟုတ်"
"ဒါနဲ့အကို ဟုတ်ဘူးခွန်းသာ"
"ပြောလေ"
"ခွန်းသာကို ဟိုနားကကောင်မလေးကလှမ်းကြည့်နေသလိုဘဲ
ကြည့်တာတော်တော်ကြာပြီ။စွံတယ်ဗျ"
"လင်းပိုင်ကိုကြည့်တာလည်းဖြစ်နိုင်တာဘဲလေ၊
ဒီကလင်းပိုင်ကလည်းအချောဆိုတော့"
"ဟားဟားမဟုတ်ရပါဘူးဗျာ
အကိုခွန်းသာလို့မခေါ်ရရင်လည်းခွန်းကြီးလို့ခေါ်မယ်နော်ခွန်းသာကြတစ်မျိုးကြီးမို့"ပြောပြီးသွားကြီးပေါ်အောင်ရယ်ပြနေတော့ခွန်းသာမှာတစ်ဒိတ်ဒိတ်နဲ့ခုန်နေတဲ့ရင်ခုန်သံကိုလင်းမြတ်ပိုင်ကြားသွားမှာစိုးထိတ်နေရတယ်
"ရတယ်အဆင်ပြေသလိုသာခေါ် ဟုတ်ပြီလား"
"ဟုတ်
စကားမဆက်ခုနကကောင်မလေးကိုခွန်းကြီးမကြွေဘူးလား
ရုပ်ကလေးကလည်းလှတယ်၊ဆံပင်လေးကလည်းဖြောင့်စင်းပြီးရှည်တော့နန်းစံတယ်၊ပုံစံလေးကလည်းရိုးရိုးယဉ်ယဉ်လေး"
"မကြွေပါဘူး"ကိုယ့်မှာကကြွေဆင်းမိထားတဲ့သူရှိပြီးသားမို့
"ဒီလိုအဲ့ကောင်မလေးရဲ့အလှဖော်ပြနေပုံထောက်တော့လင်းပိုင်မင်းကြွေနေတာမလား"ဟာသအနေနဲ့မေးတယ်ဆိုပေမယ့်ကိုယ့်ရင်ထဲမှာနာကျင်ရတယ်လင်းပိုင်ရယ်
"မကြွေပါဘူး
ကျတော်ကအောင်သွယ်လုပ်ကြည့်တာပါ"
"မြှားနတ်မောင်လေးပေါ့"
"ဒါပေါ့"ခေါင်းလေးမော့ပြီးပြောနေတာကိုကြည့်ပြီးခွန်းသာစချင်သွားတယ်
"ဒါဆိုရင်တော့မြှားနတ်မောင်တွေက ကလေးသေးခံလိုဟာလေးဘဲဝတ်ကြတာနော် လင်းပိုင်လည်းအဲ့လိုဘဲဝတ်ရမှာပေါ့"
"ဟာမဝတ်ပါဘူး ဘာတွေလာပြောနေတာလဲ"
"ဟားဟား....."ခွန်းသာအော်ပြီးတော့ကိုရယ်ချမိသွားတယ်
လင်းမြတ်ပိုင်လည်းမနေနိုင်ဘဲလိုက်ရယ်မိတော့တယ်
သူတို့နှစ်ယောက်ရယ်တာကိုအနားကလူတွေကတော့ကြောင်တောင်တောင်လေးတွေနဲ့ကြည့်နေကြရဲ့။

ဒီလိုနဲ့ခွန်းသာနဲ့လင်းမြတ်ပိုင်တို့ရဲ့ခင်မင်မှုဟာတစ်စတစ်စနဲ့တိုးလာခဲ့တယ်...

25/08/2022

ကိုယ့်ရဲ့“သျှီသျှား”ဆိုတဲ့ကလောင်နာမည်ကလေအခြားတော်တော်များများလည်းသုံးကြတာကိုတွေ့တယ်ပေါ့နော်
အဲ့တာကြောင့်ကိုယ့်ရဲ့နာမည်လေးကိုဘဲသုံးလိုက်ပါတော့မယ်ထွေထွေထူးထူးစဉ်းစားကြည့်တာလည်းမရတာနဲ့လေ
“owlette” “ဇီးကွက်ငယ်လေး”ဆိုပြီးပြောင်းလိုက်မယ်နော်
စီနီယာအော်သာတွေထဲမှာအဲ့နာမည်မရှိလောက်ဘူးလို့လည်းထင်လို့ပြောင်းလိုက်တာပါ

စာလေးကိုဖတ်ပေးတဲ့အတွက်ကျေးဇူးပါ

23/08/2022

အိပ်ရာကနေမျက်လုံးဖွင့်ဖွင့်ချင်းခေါင်းထဲဝင်လာတာကအတိတ်ကပုံရိပ်လေးနှစ်ခု တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးရယ်မောခဲ့တာတွေကြည်နူးခဲ့တာတွေကဇာတ်လမ်းတစ်ပုဒ်ကြည့်လိုက်ရသလိုကိုခေါင်းထဲပေါ်လာခဲ့တယ်
အတိတ်ကပုံရိပ်လေးတွေကသိပ်ကြည်နူးဖို့ကောင်းခဲ့လွန်းလို့မျက်ရည်ကိုတောင်မထိန်းနိုင်ခဲ့ဘူး

မျက်ရည်လေးတွေကိုသုတ်ပြီးခုလက်ရှိမှာပိုပြီးကောင်းအောင်လုပ်ရမယ်ဆိုတဲ့စိတ်လေးနဲ့နိုးထလာလိုက်ရတယ်

အတိတ်ကချစ်ရသူလေးရှိတဲ့အရပ်ဆီကိုခုလည်းခြေဦးလှည့်နေတုံးပါ

23.8.2022
7:07am
#သျှီသျှား

21/08/2022

အချစ်ကိုလေသူနဲ့မှစတွေ့ခဲ့တယ်
သူကမသိပေမဲ့ကိုယ့်ဘက်ကတော့တော်တော်လေးကိုပျော်ဝင်နေမိပြီသူ့ကိုချစ်တဲ့အချစ်မှာ
တစ်ဖက်သတ်အချစ်ကလေခါးသီးလွန်းတယ်ပေးဆပ်ရတာသိပ်များတယ်
သို့ပေမဲ့လည်းအဲ့ခါးသီးမှုမှာဘဲပျော်မွေ့နေမိတယ်

21.8.2022
9:43pm
#သျှီသျှား

23/07/2022

နေကြာပန်းလေးတွေက နေမင်းကြီးရှိရာအရပ်ကိုအမြဲ‌လှည့်နေသလို
ကိုယ်ဟာလည်းမင်းရှိရာအရပ်ကိုအမြဲမျက်နှာလှည့်နေမှာပါ

To: Hakken, JK and..........infinity

23/07/2022

နှင်းဆီမှာရှိတဲ့အဆူးတွေက သူ့ကိုခူး‌ဆွတ်ကြမယ့်သူတွေဆူးပါစေတော့ဆိုပြီးရှိနေတာမဟုတ်ရပါဘူး
သူတို့ကိုတန်ဖိုးမထားဘဲနင်းခြေဖျက်ဆီးသွားမယ့်သူတွေရန်ကိုကြောက်လို့အဆူးတွေနဲ့သူတို့ကိုယ်သူတို့ကာကွယ်ထားတာပါ

18/07/2022

ချစ်ခြင်းနှင့်ပျိုးသောပန်းတစ်ပွင့်
အပိုင်း(၆)

အသင်းလိုက်လေးစီရီကာ တန်းစီပြီးလာနေသည့်ကျောင်းသားအုပ်စုတန်းလေကိုနိုင်ငံခြားသားများ၏ ဓါတ်ပုံရိုက်သည့်သူကရိုက်သည်နှင့် ရှိရာ ထိုအာရုံစိုက်မှုတို့ကို ခံယူကာလျှောက်လှမ်းလာရင်း ရှေ့တူရှုမှာ ရွှေနန်းတော်ကြီးကို တွေ့မြင်နေရပါပြီ။

ရွှေနန်းတော်ကြီးကို အရှေ့ပိုင်းမင်းဆောင်တော် ၊ အနောက်ပိုင်းမင်းဆောင်တော် ၊ အနောက်ပိုင်းမိဖုရားဆောင် ဟူ၍ (၃)ပိုင်းခွဲခြား၍တည်ဆောက်ထား သည်။
ရွှေနန်းတော်ကြီး၏ တရားဝင်သတ်မှတ်ထားသောအမည်ကား မြနန်းစံကျော်‌ ရွှေနန်းတော် ဖြစ်၏။

ရွှေနန်းတော်ကြီး အရှေ့တွင် အမြှောက်ကြီးများရှိသည်ဖြစ်ရာ
အရင်ဆုံး‌ ကျောင်းသားကျောင်းသူများအားလုံးစုကာ ရွှေနန်တော်ကြီးကို နောက်ခံထားပြီး အဖွဲလိုက်ဓါတ်ပုံရိုက်ကြသည်။
နောက်တော့ ကိုယ့်အတန်းနဲ့ကိုယ် ဓါတ်ပုံရိုက်ကြပြီး ကိုယ့်သူငယ်ချင်းနဲ့ကိုယ် အဖွဲ့လေးများနှင့်ကွဲပြီး အစုစုလေးများဖြစ်နေကြသည်။

မြနန်းစံကျော်ရွှေနန်းတော်ကြီးကို ရောက်ချိန်တွင် နေမင်းကြီးမှာ ခေါင်းပေါ်တည့်တည့်တွင် အတောက်ပဆုံးချိန်ဖြစ်သည်။
ခွန်းသာရဲ့လက်ကောက်ဝတ်မှ နာရီလက်တံလေးနှစ်ခုမှာ ၁၂တိတိသို့ညွှန်ပြနေလေ၏။

"ခွန်းသာ အဆင်ပြေသလိုစားလို့ရတယ်ကွ"

"ဘာကိုလဲ"

"ငါပြောချင်တာက အသင်းလိုက်စားခိုင်းမှာလည်းမဟုတ်ဘူး
အတန်းလိုက်စားခိုင်းမှာလည်းမဟုတ်ဘူးတဲ့
အဆင်ပြေသလိုစားလို့ရတယ်၊ တစ်ခုဘဲ "

"အဲ့တစ်ခုက မိန်းကလေးတွေနဲ့တော့မစားရဘူးဟုတ်တယ်မလား"

"အင်း
ကောင်းဘူးနော့၊ တကယ်ဆိုလွတ်လွတ်လပ်လပ်စားခိုင်းရမှာ အဲ့တာမှ ဟင်းဟင်းဟင်း"

"ဘာဟင်းဟင်းလဲ
ထမင်းနဲ့တွဲစားဖို့လာပြောနေတာလား"

"မင်းကလည်းကွာ ဒီကောင်ရဲမာန်ထက်ပြောတာဟုတ်တယ်ကွ
အဲ့လိုသာဆိုမိန်းကလေးတွေကငါတို့အဖွဲ့နားဝိုင်းနေမှာမြင်ယောင်တယ်
ခွန်းသာရဲ့ကျေး‌ဇူးနဲ့လေ
အော်မေ့လို့ လင်းမြတ်ပိုင်ကြောင့်ရောပေါ့နော် သူကလည်းငါတို့လိုကြည့်ကောင်းတာဆိုတော့ ဟမ်းဟမ်း"

"ကျွန်တော်က ကြည့်မကောင်းပါဘူးဗျာ"
ရှက်ကိုးရှက်ကန်းလေးဖြေတာလေးကိုခွန်းသာကြည့်ပြီးရင်တွေခုန်လာသလိုသူ့ရင်ခုန်ခုန်သံကိုတစ်ခြားသူတွေမကြားအောင်လည်းထိန်းချုပ်နေရသေး၏။

"ကြည့်ကောင်းပါ့"

"တော် ဟိုမှာဆရာမတွေထမင်းဘူးလာဝေနေပြီ ပါးစပ်လေးများပိတ်ကြတော့"

ကျောင်းက ထမင်းဖြူ၊ကြက်သားကြော်နှင့် အချည်အနေနဲ့ ချည်ပေါင်စပ်ချည်ချက်လေးတို့ ကျွေးသည်။
စားပြီးအချိုအနေနဲ့ သခွားမွှေးနှင့် ကြံရည်တို့တိုက်၏။

စားပြီးကြချိန်တွင် ဖုန်းလေးကိုယ်စီနှင့် ဓါတ်ပုံရိုက်သူကရိုက်၊ chatတဲ့သူကchat၊ ဂိမ်းဆော့သူကဆော့နဲ့ အချိန်ကို ကောင်းစွာအသုံးချနေလေရဲ့

မန်းကျည်းပင်ကြီးအရိပ်အောက်မှာ နားကြပ်‌တပ်ပြီး ကြံရည်သောက်‌ကာ

"လင်းမြတ်ပိုင်"

"အော် ကိုရဲမာန်ထက် ဘာလဲဟင်သွားကြတော့မှာတဲ့လား"

"မဟုတ်ပါဘူး မသွားသေးဘူး
ဟီးမင်းနေရာကနေဆို ကောင်မလေးတွေကြွေမလားလို့ လာတာ"

"အော်"မဆိုသလောက်လေးရယ်ကာ
"ရပါ့ဗျာ ထိုင်ပါ ကြွေဆင်းသွားကြအောင် ရှိုးလိုက်တော့"

"အေးကွ
ဒါနဲ့ အကိုဆိုပြီးခေါ်မနေနဲ့ အသက်လည်းသိပ်မကွာဘူး ပြီးတော့ အချင်းချင်းဘဲ ရင်းရင်းနှီးနှီးပေါ့ နာမည်ဘဲခေါ်ရတယ်"

"နာမည်ခေါ်မနေနဲ့ ငရဲလို့‌ဘဲခေါ်လိုက်"

"ဟာကွာ ခွန်းသာ မင်းမလာနဲ့ကွာသွား"

"ဘာကြောင့်"

"မင်းလာရင် ကောင်မလေးတွေက မင်းဘဲကြည့်တော့မှာပေါ့ဟ
ပြောစမ်းပါအုံးဟာ လင်းမြတ်ပိုင်ရာ"

"မသွားနဲ့ ခွန်းသာ ဒီကငရဲဆိုသူကြီး အပယ်ခံသွားရအောင်လို့ ဟားဟား.."

ဟင် သူ ငါ့ကို နာမည်ဘဲခေါ်လိုက်တာလား ရှေ့ကနာမ်စားတွေဘာတွေမခံဘဲ
ခုလိုကြတော့လည်း နားထဲနည်းနည်းတစ်မျိုးဘဲ

"လင်းမြတ်ပိုင်က ဘာသီချင်းတွေနားထောင်နေတာလဲ
နားကြပ်ကြီးနဲ့"

"အာ...ဟို..."ငါပြောလိုက်ရမလား ငါပြောလိုက်ရင် အရင်ကလူတွေလို မိန်းကလေးတွေကြိုက်တာကြီးနားထောင်တယ်ဆိုပြီးပြောနေမလား
ဘယ်လိုလုပ်ရမလဲ

"ဘာသီချင်းလဲလို့ Englishသီချင်းလား "

"အင်း....အဲ့တာလည်းပါတယ်"

"ရဲမာန်ထက်‌
ယွန်းပန်ခေ့ါ်နေတယ်မင်းကို"

"အေး"
"ငါ့ကိုခေါ်တော်ရှိနေတယ်တဲ့ သွားလိုက်အုံးမယ်"

"သီချင်းက ကောင်းလား
ကိုယ်ရောနားထောင်လို့ရမလား"

ငါပြောလိုက်မယ်ဟာ မဟုတ်လည်း ခင်စရှိသေးတာဘဲ သူတို့မပေါင်းချင်လည်း မတတ်နိုင်ဘူးကွာ
"ဟုတ်ကောင်းတယ်
BTSရဲ့ zero o'clockလေ"

"မင်းက ARMYကြီးပေါ့"

"ဟင်..
ဟုတ် ဆိုပါတော့"

"ကိုယ့်ညီမကလည်း ARMYအကြီးစားကြီးလေ"

"ဟုတ်လားဗျ"

"ကဲနားတာတော်ပြီ မင်းတို့တွေလည်းပျင်းမနေအောင် ဂိမ်းလေးတွေဆော့ကြမယ် ပြီးမှ ရွှေနန်းတော်ကြီးထဲဝင်ကြတာပေါ့"

ရွှေနန်းတော်ကြီး နားမှ မြက်ခင်းပြင်မှာဘဲ အသင်းလိုက်လေးစုကာနဲ့ ကစားပွဲလေးရဲ့introစလိုက်ကြတယ်

"ပြိုင်မယ့်ဟာလေးတွေအရင်ပြောမယ်
ကိုယ့်အသင်းကနေလူရွေးထားလို့‌ရအောင်ပေါ့

(၁)ဂေါ်လီလုံးကောက်
(၂)သံပုရာသီးဇွန်းကိုက်
(၃)အမူအရာပြတာကို ပြောရတဲ့ဂိမ်း
(၄).........(၈) ကဲဂိမ်းကတော့ရှစ်ခုဘဲ လူရွေးထားကြပေါ့
နောက်ငါးမိနစ်နေရင် ပွဲစမယ်

"ခွန်းသာ နင်ကအမူအရာဟာလုပ်
ခန့်ကိုသန့် မောင်လေးက ဂေါ်လီလုံးကောက်လိုက်နော်
ငါက ဗန်းရွက်လိုက်မယ်
ညီမလေးနှင်းက သံပုရာသီးဟာလုပ်လိုက်နော်"

"ဟိုအမ အမူအရာကနှစ်ယောက်လုပ်ရမှာလေ"

"အာဟုတ်သား
ဒါဆိုခွန်းသာနဲ့ ဒီကမောင်လေးနဲ့လုပ်လိုက်ပေါ့နော်"

"ကျန်တာတွေကတော့ဒီလိုလုပ်ကြတာပေါ့"

ဒီလိုနဲ့ဂိမ်းတွေဆော့လာလိုက်ကြတာခွန်းသာနဲ့လင်းမြတ်ပိုင်တို့ရဲ့အမူအရာခန့်မှန်းတဲ့ဂိမ်းလေးကိုမှခွန်းသာတို့အသင်းမလှည့်လေးပေါ့

နောက်ကစာရွက်လေးမှာရေးထားတာပ"ရေကူးနေသောငါး"တဲ့
လက်နဲ့ရေကူးတဲ့ပုံစံလေးလုပ်ပြပြီးငါးကိုလက်တွန့်ပြီး‌ပုံဖော်ပြလိက်တာနဲ့တန်းပြီးလင်းမြတ်ပိုင်လည်းဖြေနိုင်တယ်

နောက်တစ်ခုကကြ"ဘုန်းကြီးကျောင်း"တဲ့လေ
ခွန်းသာကဘုန်းကြီးပုံဖြစ်အောင်ပုတီးစိတ်ပြလေရဲ့ဒါပေမဲ့လင်းမြတ်ပိုင်မှာပုတီးစိတ်တာဘဲပြောနေပြီးဘုန်းကြီးဆိုတာကိုထွက်မလာတရားထိုငိပြတော့လည်းမမှန်သေးတာနဲ့
နောက်တော့ခွန်းသာလည်းသပိတ်နဲ့တူအောင်အုန်းသီးကိုင်ပြီးလမ်း‌ေလျှာက်ပြမှဘုန်းကြီးဆိုပြီးထွက်လာတော့တယ်
အဲ့တော့မှလက်မထိုင်ပြပြီးကျောင်းဆိုတာသိအောင်အင်္ကျီကိုကိုင်ပြတော့ လင်းမြတ်ပိုင်တွေးလိုက်တာက'အင်္ကျီကိုင်ပြတာဆိုတော့သင်္ကန်းပေါ့'ဆိုပြီးဖြေ‌ပါလေရော ခွန်းသာလည်းနီးစပ်မဲ့အင်္ကျီမှာတဲ့ကျောင်းနာမည်ကိုထိုးပြမှလင်းမြတ်ပိုင်တစ်ယောက်နားလည်တော့တယ်

ဒီလိုနဲ့အလွဲလွဲလေးတွေနဲ့ယှဉ်ပြိုင်လာရင်းကစားပွဲအားလုံးလည်းပြီးဆုံးသွားပြီးအမှတ်စာရင်းလေးတွေထွက်လာ‌တာပေါ့

"အမှတ်တွေတော့ထွက်လာပြီ အမှတ်အနည်းဆုံးအသင်းကနေစကြေငြာမယ်
အနည်းဆုံးက အဝါအသင်း
စတုတ္ထကကြ အပြာအသင်း
တတိယကတော့ အစိမ်းအသင်း
ပထမကိုအရင်ပြောလိုက်‌မယ်နော်
ပထမက.....လိမ္မော်အသင်း....
ဒုတိယကတော့အနီပေါ့ကွယ်"

"ဟာကွာအဲ့တာဟိုခြောက်တန်းကကလေးတွေကြောင့်ကွာဘယ်လိုကစားနေကြလဲကိုမသိဘူး"

"ငရဲဟဲ့ကောင် ဒါကအပျော်ကစားတာဘဲဟာဘာဖြစ်လဲ
အနိုင်အရှုံးကအရေးမကြီးပါဘူးကွာ"

"မင်းကဒုတိယတဲ့အသင်းဆိုတော့ပြောပေါ့ကွာ"

"အဲ့လိုမဟုတ်ပါဘူးကွာ ငါကဒီအတိုင်းပြောတာ"

"အေးပါကွာငါလည်းနည်းနည်းစိတ်တိုသွားလို့ပါ ဆောရီး"

"ပြိုင်ပွဲမှာအနိုင်အရှုံးကအဓိကမဟုတ်ဘူးနော်။ ဆရာမတို့ကမင်းတို့လေးတွေကိုအသင်းစိတ်ဓာတ်အားကစားစိတ်ဓာတ်ရအောင်ကစားပွဲလေးလုပ်‌တာ ခိုက်ရန်ဖြစ်ဖို့မဟုတ်ဘူး ကြားကြလား"

"ဟုတ်ကဲ့ပါဆရာမ"

"ဒါဆို ရွှေနန်းတော်ကြီးကိုဝင်ကြည့်လေ့လာပြီးပြန်ကြတာပေါ့ကွယ်"

"ဟေ့လင်းပိုင်"

"ဟုတ်ပြောလေ"

"ကိုယ်အမူအရာလုပ်ပြတာမကောင်းလို့ အမှတ်နည်းသွားတာထင်တယ်"

"မဟုတ်ပါဘူးဗျာ ကျွန်တော်လည်းဒီကအကိုလုပ်ပြတာတွေကိုမှန်အောင်မဖြေနိုင်ခဲ့ဘူးဘဲလေ"

"အတူတူပေါ့ကွာ
ဟားဟား"
"ကိုယ့်ကိုကျောင်းမှာလည်းဒီလိုခင်လို့ရတယ်နော်
လင်းပိုင်ကိုတစ်ယောက်ထဲပဲခနခနတွေ့နေလို့လေ"

"အော်ကျွန်တော်ကတစ်ယောက်ထဲအနေများလို့ပါ
ကျောင်းမှာလည်းခင်ပါ့မယ်ဗျ"

"အင်း"

နန်းတော်ကျုံးကြီးကိုလေ့လာရေးခရီးထွက်တာလေးအပြီးအပြန်မှာကိုယ်စီလမ်းခွဲအိမ်ပြန်လာကြပေမဲ့ခွန်းသာရဲ့စိတ်ထဲမှာလင်းမြတ်ပိုင်လေးကျန်ရှိနေသေးသလို လင်းမြတ်ပိုင်ရဲ့စိတ်ထဲမှာလည်းအသိတွေတိုးလာလို့ပြီးဝမ်းသာနေလေရဲ့

ဘဝမှာအမြဲတမ်းတစ်ယောက်နေဖို့ရာခက်ခဲလှသလို
ကိုယ်ချစ်ရသူရဲ့ဘေးမှာရှိနေတဲ့ချိန်ကိုယ့်ရဲ့ရင်ခုန်သံကိုသူမကြားသွာအောင်ထိန်းချုပ်ထားရတာလည်း ခက်ခဲလှပေတယ်

08/07/2022

ချစ်ခြင်းနှင့်ပျိုးသောပန်းတစ်ပွင့်
အပိုင်း(၅)

နေ့လည်ခင်းရဲ့နေမင်းကြီးဟာ သူ့တာဝန်တိုင်းအစွမ်းကုန်တောက်ပနေလေ၏။နန်းမြို့ကျုံးကြီးထဲတွင် သစ်ရိပ်ပင်ရိပ်များသောကြောင့် ‌တိုက်ခတ်လာသောလေမှာ နေမင်းကြီးကိုလှောင်ရယ်ရင်း အေးမြမှုတို့ကိုပေးလေ၏။ လမ်းဘေးဝဲရာတွင် သစ်ပင်ကြီးများအပြင် ပန်းပင်လေးများလည်းရှိ၏။ ‌

လမ်းတွင် ကျွန်တော်တို့ဘေးတွင်ရှိနေသော သမိုင်းဆရာမကနေ နန်တော်ကျုံးကြီးအကြောင်းပြောပြသည်။

"ကလေးတို့သိကြလား
ဘာကြောင့်မန္တလေးမြို့ကို မင်းတုန်းမင်းကြီးက လေးထောင့်စတုရန်းပုံစံ တည်ခဲ့တာလဲဆိုတာ။"

(ဒီမှာပြောတဲ့လေးထောင့်စတုရန်းပုံစံက မန္တလေးမြို့ကိုပါနော်
မန္တလေးတိုင်းဒေသကြီးကိုမဟုတ်ပါဘူး။ရှေးခေတ်အချိန်ကိုပြောတာပါနော်)

"သိဘူးဆရာမ"

"အေးမသိရင် ဆရာမပြောပြမယ်
မန္တလေးမြို့ကြီးကိုတည်တုံးက သာသနာတော်နှစ်၂၄၀၀ပြည့်ထဲလေ
အဲ့တာကြောင့် မင်းတုန်းမင်းကြီးက အထိမ်းအမှတ်‌အနေနဲ့ လေးထောင့်စတုရန်းပုံစံ တည်ခဲ့တာကွဲ့"

"ခုရောလားဆရာမ၊
‌ခုရောလေးထောင့်ပုံစံဘဲလားဆရာမ"

"အဲ့တာတော့ မဟုတ်တော့ဘူးထင်တယ်ကွဲ့ သားလင်းမြတ်ပိုင်၊
ခုဟာကသားတို့လည်းသိကြ၊ကြားကြမှာဘဲလေ
မြို့သစ်တွေချဲ့‌ထွင်ပြီးနေထိုင်နေကြတာလေ။ ဆိုတော့ လေးထောင့်စတုရန်းပုံစံတော့ဖြစ်‌မနေလောက်တော့ဘူးထင်တယ် ဆရာမလည်း"
"ကျုံးကြီးကိုရေတွေနဲ့တည်ဆောက်တဲ့ ရည်ရွယ်ချက်လည်းရှိသေးတယ်"

"ရန်သူတွေအလွယ်တကူ မဝင်နိုင်အောင်လို့ ..
ဟုတ်လားဆရာမ"

"အင်း သားရဲမာန်ထက် မှန်တယ်၊
ရန်သူတွေအလွယ်မဝင်နိုင်အောင် ဆရာမတို့ရဲ့ရှေးဘုရင်တွေက အမြှော်အမြင်ကြီးကြီးနဲ့ တည်ဆောက်ခဲ့ကြတာ။"

"ပြီးတော့ ခုဆရာမတို့ဝင်ခဲ့တဲ့ တံခါးပေါက်နာမည်က ဦးထိပ်တံခါးလို့ခေါ်တယ်"

"ဆရာမ အဲ့တာဆိုတစ်ခြားဘက်က တံခါးပေါက်တွေမှာလည်း နာမည်ရှိ‌မှာပေါ့"

"အင်း ရှိတာပေါ့ ပြောရင်အများကြီးဘဲ
မြို့တံခါး ၁၂ ရပ်အတွက်ဆိုတော့ နာမည်ကလည်း ၁၂ခုတောင်လေ။
မင်းတို့မျက်လုံးထဲတန်းမြင်မဲ့ တံခါးမကြီးနာမည်တွေဘဲ ဆရာမပြောပြမယ်။"

"ခုဝင်လာတဲ့ ရှေ့ဘက်ကတံခါးကိုကြ ဦးထိပ် တံခါး၊ တောင်ဘက်ကတံခါးကိုကြ ကျော်မိုး တံခါး၊ မြောက်ဘက်ကတံခါးကိုကြ လေးသိန်း တံခါးလို့ခေါ်ပြီး အနောက်မှာကြ တံခါးကနှစ်ပေါက်ရှိတယ်ကွဲ့ ။
တံခါးမကြီးနာမည်ကတော့ စည်ရှင် လို့ခေါ်ပြီး၊နောက်တစ်ခုကိုကြ ကြေးမုံ တံခါးလို့ခေါ်တယ်။ အဲ့ကြေးမုံတံခါးမှာရှိတဲ့တံတားကနေ နန်းတော်ထဲက လူသေတွေကိုထုတ်တာ။တံတားနာမည်ကိုကြ အာဠဝီ(ကြေးမုံ)တံတားလို့ခေါ်ပြီး အမင်္ဂလာတံတားလို့လည်းခေါ်တယ်။"

"ဆရာမ အဲ့လူသေကောင်တွေကိုဘယ်မှာထားတာလဲ"

"ဟဲ့ကောင် ရဲမာန်ထက် မင်းကလည်းလူသေဆိုမှ‌တော့သချိုင်းမှာထားမှာပေါ့ဟ"ကျော်ကျော်လင်းကပြောတော့ခွန်းသာကလည်း ထောက်ခံလေတယ်။

"အဲ့တာတော့ငါလည်းသိပါတယ်ကွာ၊ ငါပြောချင်တာက သချိုင်းကဘယ်နားလဲမေးတာ"

ဆရာမလည်း ရယ်ကာ

"သချိုင်းကတော့ရှိတာပေါ့။
ခုနကဆရာမပြောတဲ့ အာဠဝီတံတားကနေ ထွက်လာလိုက်ရင် ခုခေါ်နေတဲ့ 22Cလမ်းကိုရောက်သွားရော၊
ခုခေါ်ကြတယ်လေ ပုလင်းဝင်း တို့ အမဲအိုးတန်း တို့ဆိုတဲ့ရပ်ကွက်တွေလေ ၊ အဲ့ရပ်ကွက်တွေက အရင်တုံးကသချိုင်းဘဲ။ "

ကျွန်တော်တို့လည်း ခုမှထိုအ‌ေကြာင်းအရာများကိုသိရ၍ ခေါင်းလေးတစ်ညိမ့်ညိမ့်နဲ့ နားထောင်ရင်း

"ဟိုမှာ ပဟိုရ်စင် တောင်ရောက်ပြီ‌ဘဲ"

"ပဟိုရ်စင် ။ ဆရာမအဲ့တာကဘာကြီးလဲ"ခွန်းသာမှာ မန္တလေးသားဖြစ်ပေမဲ့ ကျုံးအတွင်းထဲကိုခုမှရောက်ဖူးတာဖြစ်သည်။

"အေး ဆရာမပြောပြမယ်
အကုန်လုံးသိရအောင်ဆရာမတစ်ချက် သွားပြီး ပြောလိုက်အုံးမယ်"
ဆရာမလည်း တစ်ခြားဆရာ၊ဆရာမများနားသွားကာ အကျိုးအကြောင်းပြောနေသည်။

ခေါင်းဆောင်ဆရာမဖြစ်သူ ဆရာမထား မှ

"ကဲကလေးတို့သင်းလိုက်ခွဲပြီးအစုလိုက် လူခွဲလိုက်ကြ"

အသင်းလိုက်ခွဲပြီးရပ်လို့အပြီး

သမိုင်းဆရာမ မှ ရှေ့ထွက်ကာ
"ကလေးတို့ခုမြင်နေရတာကြီးက ပဟိုရ်စင်လို့ခေါ်တယ်၊
နားလည်အောင်ပြောရမယ်ဆိုရင်တော့ နာရီစင်ပေါ့ကွယ်။
ဒီပဟိုရ်စင်ပေါ်မှာ ပဟိုရ်‌စည်တော်ကြီးရှိတယ်။
စည်တော်ကြီးကိုမတီးခင်မှာ မင်းမှုထမ်းတွေက ရွှေနန်းတော်ကြီးမှာရှိတဲ့ ရေနာရီကိုအရင်ကြည့်ရတယ်၊ရေနာရီတော်ကဖလားလေးနစ်သွားမှ တစ်ပဟိုရ်ပြည့်တယ်ဆိုပြီး စည်တော်ကြီးကိုတီးရတာ"

"ဆရာမ
တစ်ပဟိုရ် ဆိုတာဘာကိုပြောတာလဲဟင်"

"အော်အေး ဆရာမမေ့သွာတယ်
ကလေးတွေကြနားမလည်လောက်ဘူး၊တစ်ပဟိုရ်ဆိုတာ တစ်နာရီကိုပြောတာကွဲ့။ဆရာမတို့နာရီတေွမှာတစ်နာရီပြည့်ရင်လက်တံလေးကပြတယ်မလား၊အဲ့လိုဘဲ ရှေးခေတ်ကလည်းဖလားလေးတစ်ခါနစ်သွားရင် တစ်နာရီပြည့်တယ်ဆိုပြီး စည်တော်ကြီးကိုတစ်ခါတီးရတယ်။
ရှေးခေတ်ကလူတိုင်းမှာနာရီရှိကြတာမဟုတ်ဘူးလေ၊စည်တော်ကြီးကတီးမှ ဘယ်နှစ်နာရီဆိုတာကိုသိကြရတာ"

"ကဲ ဒီအစုလေးတိုင်းဆက်သွားကြမယ်"

"ကဲ အခုတောင်ဘက်မှာမြင်နေရတာကိုတွေ့တယ်မလား၊သွားတော့မသွားတော့ဘူး ဒီအတိုင်းဘဲ‌ေပြာပြလိုက်မယ်နော်။
ဟိုမှာတွေ့နေရတာက စွယ်တော်စင်၊ ဘုရားရဲ့စွယ်တော်၊ဓာတ်တော်မွေတော်တွေထားတယ်။"

စွယ်တော်စင်သည် မြန်မာမှုဗိသုကာများနှင့် ဆောက်လုပ်ထားသောအုတ်တိုက်ဖြစ်၏။

"ခုက တော်ဝင်ဂူဗိမာန်ကို သွားမယ်"

"ဒါကဘုရင်၊မိဖုရား‌တွေရဲ့ဂူဗိမာန်ပေါ့ကွယ်
ဘုရင်ကိုဒီမှာ ဂူသွင်းထားတယ်။မိဖုရားတွေအကုန်လုံးကို ဒီမှာထားရှိတာမဟုတ်ဘူး၊မိဖုရားခေါင်းကြီးနဲ့ ကျန်မိဖုရား‌ေတွကို‌ေတာ့ ဘုရင့်စိတ်သဘောအတိုင်း ထားဆိုရင်ထားရတယ်ပေါ့ကွယ်"

တော်ဝင်ဂူဗိမာန်တွင် မင်းတုန်းမင်းတြားကြီး၏ မိဖုရားခေါင်ကြီးနှစ်ပါးဖြစ်သည့် စင်္ကြာဒေဝီမိဖုရားခေါင် နှင့် ဆင်ဖြူမရှင်မိဖုရားခေါင်တို့၏ ဂူများအပြင် မိဖုရားလောင်းရှည်၏ အုတ်ဂူလည်းရှိသည်။

"မင်းတုန်းမင်းကြီးက သဘောထားသေးသိမ်တာကွာ။
ငါသာဆိုမိဖုရားတွေအကုန်လုံးကို ဒီမှာဂူနဲ့ထားမှာ"

"မင်းတုန်းမင်းကြီးကသာ မင်း‌ေပြာသလိုထားမယ်ဆိုရင် ခုကျုံးကြီးကလေ ဂူတွေနဲ့တင်ပြည့်သွားမှာပေါ့ ငနာရ"

"ဟုတ်သားဘဲ"

"ဟာ......ဒီတစ်ခါက ငါ့အတန်းထဲကကောင်တွေဆီကတင်အပြောခံရတာမဟုတ်ဘူးကွ"

"မင်းကပြောလည်းပြောချင်စရာကို"

"ဟေ့‌ကောင်ခွန်းသာ"

"ဟိုမှာ သွားခိုင်းနေပြီ၊ လိုက်တော့"ငရဲမှာပြောမယ့်စကားလေးပြတ်သွားရှာတယ်။

"ဂူဗိမာန်ရဲ့မြောက်ဘက်မှာ ဒင်္ဂါးစက်ရုံရှိတယ်၊ပထမဆုံး ဒေါင်းဒင်္ဂါးကိုလည်း အဲ့ဒီဒင်္ဂါးစက်ရုံကနေဘဲသွန်းလုပ်ခဲ့တယ်။"

ဒင်္ဂါးစက်ရုံကို အင်္ဂလိပ်တွေသိမ်းပိုက်ပြီးချိန်မှာတော့ ဗြိတိသျှတွေက မုန့်ဖုတ်ရုံ အဖြစ်ပြောင်းလဲအသုံးပြုခဲ့သေးသည်။

ထိုမှ အဓိကနေရာဖြစ်သည့် ‌မြနန်းစံကျော်ရွှေနန်းတော်ကြီးရှိရာဆီသို့ ထွက်လာခဲ့ကြသည်။

မန္တလေးသားတို့ရဲ့ နှလုံးသားဟုတင်စားသည်များထဲမှ တစ်ခုဖြစ်သော ကျုံးမြို့ရိုးအတွင်းမှာ နှလုံးသားဥယျာဉ်ထဲ ပန်းလေးတစ်ပွင့်စိုက်ဖို့ ခြေလှမ်းတစ်လှမ်း စလှမ်းနိုင်ခဲ့လေသည်။

07/07/2022

ချစ်ခြင်းနှင့်ပျိုးသောပန်းတစ်ပွင့်
အပိုင်း(၄)

ကျောင်းယူနီဖောင်းကိုအပြည့်အစုံဝတ်ကာ လျှာထိုးဦးထုပ်ကိုစောင်းပြီး အပြီအပြင်ဂိုက်ပေးကြမ်းနေတဲ့ ကိုကိုပဲ မှာမောင်ခွန်းသာဖြစ်၏။လက်ကိုင်ပဝါကိုမမေ့မကျန်နဲ့လက်မှာစည်း‌‌ေန‌ေလ၏။စည်းနေရင်းမျက်နှာပေါ်မှာ အလိုလိုပေါ်လာတဲ့အပြုံးလေးတစ်စ

"ကိုကိုရေသွားမယ် နောက်‌ကျတော့မှာဘဲ သူပဲများနေတာနဲ့"

"အေးလာပါပြီ အမိရယ်"
_____________

ကျောင်းဝတ်စုံဝတ်ကာ
လက်ကိုင်အိတ်‌ေလးထဲမုန့်တွေရေဘူးတွေထည့်နေတဲ့သူကတော့ လင်းမြတ်ပိုင်ပင်ဖြစ်၏။ရေဘူးလေးပေါ်ကစာသားလေးက
"BTS & ARMY"တဲ့ ၊သူလေးမှာတစ်စုံတစ်ယောက်ကြောင့်ARMY boyလေးဖြစ်နေ၏။
_____________________________________________

"ကဲကိုယ့်အတန်းလူကိုယ်စုံပြီလားစစ်ကြပါ အတန်းပိုင်ဆရာဆရာမနဲ့ ဂိုက်ဆရာဆရာမတို့"ကျောင်းအုပ်ဆရာမကြီးရဲ့စကားသံအပြီး
လုပ်ငန်းစကြရသည့်ဆရာဆရာမများမှာ ကိုယ့်အတန်းရှိရာကိုယ်သွားပြီးလူစစ်နေ၏။

"ကျွန်တော်တို့အတန်းကလူစုံပါပြီဆရာမ"

‌"အေးအတန်းခေါင်းဆောင်"

အတန်းပိုင်ဆရာမသည်ကျောင်းအုပ်ကြီးဆီသွားကာ
"ကျွန်မတို့(၈)တန်းခန်းကတော့လူစုံပါပြီဆရာမကြီး"

"အေးအေးအခြားတန်းတွေကိုခနစောင့်တာပေါ့"
အလျိုလျိုနဲ့တစ်တန်းပြီးတစ်တန်းလူစုံကြောင်းတင်ပြပြီးချိန် အတန်းနှစ်တန်းကတော့လူလိုနေကြဆဲ

"(၇)တန်းခန်းနဲ့(၉)တန်းခန်းက လူလိုနေတုံးလား"

"ဟုတ်ဆရာမကြီး ခွန်းသာတို့မောင်နှမလိုနေလို့ပါ"

'ခွန်းသာ အင်းးးးနာမည်ကအဆန်းသား'လင်းမြတ်ပိုင်ရဲ့စိတ်ထဲတွေးမိလိုက်၏။

"ဟိုမှာ‌လာနေပါပြီဆရာမ "

"‌ဆရာမကြီးလူစုံပါပြီ"

"မင်းတို့ကလည်းကွာနောက်ကျနေတာဘဲ ဘာလည်းမင်းညီမ မိတ်ကပ်လိမ်းတာ‌ေစာင့်နေရလို့လား"ရဲမာန်လင်းကသူ့အထင်ကိုမေးလိုက်ခြင်းဖြစ်သည်။

"မဟုတ်ရပါဘူးနော် ညီမကဘာမှမလိမ်းရဘူး ကိုကိုသာ ပဲများနေတာ၊
မှန်ကိုဘယ်နှစ်ခါလောက်ကြည့်မှန်းကိုမရီနိုင်တော့ဘူး၊
မှန်ကြည့်ရင်းလူကပြုံးလိုက် ဖြီးလိုက်နဲ့ အရူးကြီးကြနေတာဘဲ"

"တော်တော် မိခွန်း ကိုယ့်အတန်းကိုယ်သွားတော့"

"ခွန်းသာ မင်းက ယွန်းပန်နဲ့ကြတယ်ကွ အတန်းခေါင်းဆောင်နဲ့ကျသလို ယွန်းပန်လိုချောချောလေး‌နဲ့ကျတာ
အားကျတာကွာ"

"မဟုတ်တာတွေ လာအားကျနေတယ်"
ပြောရင်း ခေါင်းလေးဝဲကြည့်တော့ မျက်စောင်းထိုးလောက်မှာရှိနေတဲ့ (၈)တန်းခန်းက တစ်ယောက်ရဲ့လက်မှ လက်ကိုင်ပဝါလေးထံ မျက်လုံးတို့ရောက်သွား၏။ ပျော်၍ပြုံး‌လိုက်သောအပြုံးဆိုပေမဲ့ မသိစိတ်က မလုံမလဲတော့ဖြစ်မိ။

ခနကြာချိန်မှာ‌ေတာ့ ‌နာရီလက်တံမှာ ၉နာရီခွဲကိုပြလေပြီ
"ကဲခု အသင်းလိုက်ခွဲပြီးနေရာယူကြ "

"လိမ္မော်တွေ ဒီလာမယ်"

"အဝါတွေ ဒီလာမယ်"

"အစိမ်းတွေဒီလာမယ်"

"အနီ‌ေတွ ဒီလာမယ်နော်"

"နောက်ဆုံးနေနဲ့ အပြာတွေ ဒီကိုလာပါ"

အသင်းလိုက်ကိုယ်စီနေရာယူပြီးတဲ့ချိန် တစ်သင်းမှာတော့ အပျော်ကြီးပျော်နေမိသူတစ်ယောက်တော့ရှိနေ၏။
အသင်းလိုက်စီရီပြီး မန္တလေးနန်းတော်ကျုံးကြီးဆီသွားဖို့
ကားဆီသို့စထွက်ခဲ့ကြသည်။

နှစ်ယောက်တစ်တွဲ တွဲပြီးထွက်ရခြင်းဖြစ်သည်။
ခွန်းသာမှာ ကိုယ့်အတန်းကလူနဲ့တောင်မတွဲဘဲ အမှီပြေးကာ

"မင်းတွဲဖို့လူမရှိသေးရင် ကိုယ်နဲ့တွဲမလား"

"ဟုတ် ကျွန်တော်လည်းလူမရှိသေးဘူး" အမှန်တကယ်ပင်သူ့မှာတွဲဖို့လူရှာနေရသည်။အတန်းခေါင်းဆောင် မင်းသူရိန်မှာလည်း အသင်းကမတူတော့ တွဲမရ၊ ကျန်လူတွေနဲ့ကြလည်းမရင်းနှီး၊
ခုလိုလာပြီးလူတွဲဖို့ပြောတဲ့ ထိုအတန်းကြီးအကိုကြီးကိုပင် ကျေးဇူးတင်နေမိ၏။

"မင်းကဘယ်အတန်းကလည်း ကိုယ်က(၉)တန်းကပါ"

"ဟုတ် ‌ကျွန်တော်က (၈)တန်းကပါဗျ"

"အော်ကိုယ်တို့ရဲ့ နှစ်တန်းကျော်ကပေါ့"

"ဟုတ်"

"အကို့နာမည်က ခွန်းသာပါ"

"ကျွန်တော်က လင်းမြတ်ပိုင်ပါ"

"မင်းမှာနာမည်ပြောင်ရှိဘူးလား"

"ဟင် အကိုကဘာကိုပြောတာလဲ"

"အော်မင်းရဲ့နာမည်ကို အလည်ကမြတ်ဖြုတ်လိုက်ရင် လင်းပိုင်( လပိုင်🐬 )ဆိုပြီးဖြစ်သွားတယ်လေ အဲ့တာကြောင့်ပါ အကိုကစတာ"

"အော် ဟားဟား
ကျွန်တော်တောင်မတွေးမိဘူးဗျ"

'သူရီလိုက်တာလား ငါတစ်ခါမှသူရီတာမတွေ့ဘူးသေးဘူး၊ အားးးးးးးးချစ်ဖို့ကောင်းပြီး ခန့်သာကွာ ယောင်္ကျားချင်းတောင်အားကျလောက်တဲ့ထိဘဲ'

"ကျွန်တော့်မျက်နှာမှာဘာပေနေလို့လဲ‌‌ဗျ"အင်္ကျီလေးကိုဆွဲကာမေးလာတော့မှ

"ဟင်
အော်ဘာမှမပေပါဘူး"‌ရှက်ကိုးရှက်ကန်းနဲ့ သူခိုးလူမိသွားတဲ့အတိုင်း ခွန်းသာတစ်ယောက် သူ့မျက်နှာဘယ်နားသွားထားရမှန်းမသိဖြစ်နေ၏။

"အော် အကိုက‌ကျွန်တော့်ကို အကြာကြီးကြည့်နေတာဆိုတော့ဘာများပေနေလို့လဲလို့ပါ "

"အော်ဟီး ဆောရီးနော် ဒီအတိုင်းပါ တစ်ခြားတွေးမိသွားလို့ပါ "
"ပန်းအကြောင်းလေးကို"

"ပန်းအကြောင်း?
အကိုက ဘယ်ပန်းကိုလဲ ဒီနားတော့ပန်းမတွေ့ပါဘူး"

"ဒီအတိုင်း အ ရမ်း လှ တဲ့ ပန်းလေးအကြောင်းကိုပါ"

"ဟုတ်ဟုတ်"

"ကား‌သံုးစီးခွဲထားတယ် အဖြူရောင်ကားကို လိမ္မော်၊အဝါရယ် တက်မယ်။
အပြာရောင်ကားကိုတော့ အစိမ်းတစ်ဝက်ရယ်၊အနီရယ်၊ဆရာဆရာမအချို့ရယ်တက်မယ်
အမည်းရောင်ကားကိုတော့အပြာရောင်အသင်းနဲ့ကျန်တဲ့ဆရာ၊ဆရာမတွေတက်လိမ့်မယ်"

"ကျွန်တော်ကအပြာရောင်ကားတက်မှာပါဆရာမ အပြာရောင်ကား‌ပါဆရာမအပြာရောင်ကား"

"ဖြေးဖြေးပြောပါဟဲ့ ရဲမာန်ထက်ရယ်
အေးနင်ကအပြာရောင်တက်မှာဆိုနင်နဲ့တွဲတဲ့သူကိုပါခေါ်လေအစကတွဲထားတဲ့အတိုင်းနှစ်ယောက်တစ်တွဲတက်ရမှာဘဲ"

"ဟုတ်ဆရာမ
ဟဲ့ ကျော်ကျော်လင်း လာပါဟအပြာရောင်ကားတက်ရမှာငါတို့က"

"အေးပါမင်းကလည်းဇွတ်"

"အစိမ်းတွေတစ်ဝက်တက်ပြီးရင် အနီတွေတက်မယ်"

"လာမင်းအရင်တက်"

"ဟုတ် "

"ဟေ့ကောင်ခွန်းသာ လာလာ ဒီနားလာ"
ငရဲဦးထားပေးသည့်နေရာကိုဝင်ထိုင်လိုက်သည်။
ဒီလိုကြငရဲကသိတတ်သား

"င့ါမှာမင်းနဲ့ထိုင်ရအောင်နောက်ဆုံးမှာနေထားတာ
ဒါနဲ့သူက ဘယ်အတန်းကလဲ"

"ကျွန်တော်က (၈)တန်းကပါဗျ"

"အော်အေး အသက်သိပ်မှမကွာတာသူငယ်ချင်းတွေဘဲပေါ့
နော့ခွန်းသာ"

"အေးပေါ့"

ဘီးလုံးတွေလည်ရင်းလည်ရင်း ထွက်လာလိုက်တာ ခုဆို 26Bလမ်းကို‌ရောက်ပြီးကျုံးကြီးကိုတောင်သေသေချာချာမြင်နေရသည်။26Bလမ်းတိုင်း‌ေရှ့ကိုတက်ကာ 66လမ်း‌ေပါ်ရှိကျုံးရဲ့‌ေရှ့ဘက်ခြမ်းကို‌ေရာက်‌ေလပြီ။ ကားကိုအပြင်တွင်သာရပ်ထားခဲ့ကြပြီး ကျောင်းသားကပ်များပြကာ ကျုံးအတွင်းသို့ ဦးထိပ်တံခါးမှ နှစ်ယောက်တစ်တွဲ လမ်းလျှောက်ဝင်၏။

ဒီလိုနဲ့လမ်းလျှောက်ရင်း ခွန်းသာတစ်ယောက် လင်းမြတ်ပိုင်နဲ့ရင်းနှီးအောင်ဘယ်လိုကြိုးစားမှာပါလိမ့်...........

07/07/2022

ကိုယ်ကပေးဆပ်နိုင်သလောက်ပေးဆပ်လို့မှဘာမှပြန်မရခဲ့ရင်အဲ့အရာကိုလွှတ်ချလိုက်ပါ
အရာရာတိုင်းမှာအပေးနဲ့အယူ အသွားနဲ့အပြန်ဆိုတာရှိရတယ်
ကိုယ်ကချည်းပေးနေလို့ကတော့ ဘယ်အရာမှကြာလာရင်ရေရှည်အဆင်မပြေနိုင်ဘူး

06/07/2022

ချစ်ခြင်းနှင့်ပျိုးသောပန်းတစ်ပွင့်
အပိုင်း(၃)

We don't need permission to dance nananananana nananananana
We don't need permission to dance .....

"ဟင်းးးးးးးးးးးးးးalarmတောင်မြည်နေပြီ"နံနက်ခြောက်နာရီတွင် alarmမြည်သံနဲ့အတူလင်းမြတ်ပိုင်တစ်ယောက်နိုးထလို့လာသည်။
လုပ်ရမည့် ကိစ္စအမှုတို့ကိုလုပ်ကာ မနက်စာစားလေသည်။

"ဒီနေ့ရောဦးလေးကောင်းလိုက်ပို့မှာလားဗျ"

"ဟင် ဒီနေ့တော့ဦးလေးကောင်းမအားဘူးကွာ အလုပ်ကိုသွားရမှာမို့
မင်းကိုလိုက်မပို့နိုင်တော့ဘူး"

"ရပါတယ် ကိုကောင်းရာ အိမ်က ဦးကုလားကိုခိုင်းလိုက်မယ် ရတယ်"

"အေးပါဟာ ငါလည်းမအားလို့ပါ ကဲသွားပြီ"

ကျောင်းကိုဒီနေ့ဦးကုလားနဲ့ထွက်လာခဲ့သည်။ကျောင်းရောက်လျှင်လင်းမြတ်ပိုင်အတွက်အထွေအထူးလုပ်စရာမရှိ။ ဒီနေ့သည်သူ့၏အသင်းနေ့လည်းမဟုတ်။စာသင်ခန်းထဲကကိုယ့်နေရာကိုယ်မှာသာဝင်ထိုင်ပြီး စာကြည့်နေလိုက်သည်။

_____________________________________________

"မိခွန်းသစ္စာထတော့ဟေ့ နေဖင်ထိုးတော့မယ်
ဟိုဘက်က‌ မောင်ခွန်းသာရော ထတော်မှုပါ"ဒေါ်ခင်သစ္စာမှာသားဖြစ်သူနှင့်သမီးဖြစ်သူကို အိပ်ရာမှထရန် လိုက်ပြီးဆော်သြနေရသည်။

"ထပါပြီ အမေ"ခွန်းသစ္စာကတော့ထပြီဖြစ်ပေမဲ့
ခွန်းသာကတော့အိမ်မက်ကမ္ဘာထဲမှခုထိမထလာနိုင်သေး။

"ဒီကောင်လေးနဲ့တော့မရိုက်ချင်လို့ပါးစပ်နဲ့နှိုးနေတာကိုမထဘူး တွေ့မယ်တွေ့မယ်"ဆိုကာ မကြာဥကိုအသင့်ယူခိုင်းထားသည့် ကြက်မွှေးနှင့်

"ဖြန်း"

"အားးးးးးးးးးးးးး နာတာ ဘယျကောငျတုံးကှ"

"နင့်အမေငါ ငါ ငါ"

"ဟာအမေဗျာ ရက်စက်တာ ကိုယ့်သားလေးအိပ်နေတာကိုခုလိုကြီးရိုက်တာဗျာ ရက်စက်တယ်ဗျာ"

"နင်ခေါင်းလေးမေ့ပြီးပြတင်းပေါက်လေးလည်းလှမ်းကြည့်အုံး နေမြင့်နေပြီ ကျောင်းသွားဖို့လုပ်တော့"

ခွန်းသာတို့မောင်နှမ‌နှစ်ယောက်မနက်ခင်း ဆူပူကြိမ်းမောင်းသောအသံများနှင့်ကျောင်းကိုထွက်လာခဲ့သည်။
___

"ဟာကွာ ငါမှစာမပြီးသေးလို့စာကူးမလို့စောင့်နေပါတယ်ဆို ငနာခွန်းသာကရောက်ကိုမလာသေးဘူး"

"အော်ပြောရင်းအသက်ရှည်တော့မယ်။
ခွန်းသာ"အကျယ်ကြီးအော်ခေါ်တော့သည်။

"အေးပါငါတောင်အတန်းထဲမဝင်ရသေးဘူးမင်းကအဲ့တာဘာဖြစ်နေတာလဲ"

"Chemစာအုပ်၊ စာအုပ်‌ေလးမြန်မြန်ပေးပါ"
မျက်နှာငယ်လေးနဲ့ကပျာကယာတောင်းနေတဲ့ ငရဲမှာဒီလိုကြသနားစရာအတိ။

"အေးရော့ အကုန်လုံးတိုက်ရိုက်ကြီးမကူးနဲ့အုံး ဆရာမက မင်းကူးချထားမှန်းရိပ်မိသွားလိမ့်မယ်"

"အေးအေး"ခေါင်းတောင်မဖော်တော့ဘူးစာကိုကူးနေတာက

Chem‌ဆရာမမှာတကယ်ကြောက်ရပါတယ် စာသင်ချိန်မှာစာထ ထမေးတတ်သလို မရရင်လည်းအဆူခံရပါသည် ။လေ့ကျင့်သည့်သ‌ဘော‌အနေနှင့်တစ်ယောက်ချင်းရှေ့ထွက်ပြီးလည်းစာဖြေခိုင်းတတ်ပါသေးတယ်။ စာသင်ချိန်တွင်သာဆရာမ‌ကကြောက်ရတာပါ အပြင်မှာတွေ့တာမျိုးဆိုရင်တော့ဆရာမကအလွန်ပင်ချစ်ဖို့ကောင်းပါသည်။
ထို့ကြောင့်ဆရာမကို ချစ်ကြောက်ရိုသေ ဟုနာမည်ပေးထားကြ၏။

"ခွန်းသာ ငါ့ကို ဒီစာလေးရှင်းပြပေးပါဟာ ငါမရလို့"ပြောလာသည့်ကောင်မလေးတစ်ယောက်

"အေးရပါတယ် ဘယ်အပုဒ်တုံးပြော"

"ဒီဟာ"
‌ေမးသည့်စာရှင်းပြပေးနေလေသည်။

"ဟေးဟေး မင်း အဲ့တစ်ယောက်ယမုံက မင်းကိုကြိုက်နေတာမလား ငါရိပ်မိနေတယ်ဟ"

"အေး မင်းလည်းစာလုပ်နေလို့သာဘဲ စသုံးလုံးကတော့"

"မင်းကလည်းကွာငါကမင်းသူငယ်ချင်းမို့ မေးကြည့်တာလေးကိုမဖြေချင်နေပေါ့ အချိန်တန်သိရမှာဘဲ"

ကလောင် ကလောင် ကလောင်

ကျောင်းတက်သွားလေ၏။

"လင်းမြတ်ပိုင် ငါနဲ့အတန်းရှေ့လိုက်ခဲ့စမ်းပါကွာ ဆရာမသွားကြိုမလို့ "

"ဟုတ်ရပါတယ် အတန်းခေါင်းဆောင်"

"စောင့်ရအုံးမယ်ထင်တယ် ဆရာမကမလာသေးဘူး"

"ဟုတ်တယ်နော်"

"မင်းကဘယ်သူနဲ့မှစကားသိပ်မပြောဘူးနော် မင်းကိုအရင်ထဲကသတိထားမိနေတာ ငါတို့ကအတန်းတွေတူတယ်လေအရင်တန်းတွေတုံးက"

"ဟုတ်အတန်းခေါင်းဆောင် ကျွန်တော်လည်းသတိထားမိပါတယ် အတန်းတွေအတူတူကျတာကို"

"အတန်းခေါင်းဆောင်လို့မခေါ်ပါနဲ့ ငါ့နာမည်သာခေါ်ပါရင်းရင်းနှီးနှီးပေါ့"

"ဟုတ်ဟုတ် မင်းသူရိန်"

"အကူညီလိုရင်လာပြောပေါ့ စာတော့အကူညီလိုမယ်မထင်ဘူး အဆင့်(၁)သမားကြီးဆိုတော့ "

"ဟာမဟုတ်ရပါဘူး ငါလည်းစာမရတာတွေများပါတယ်"

"အေးပါ
ဟိုမှာဆရာမလာပြီ"

"အေးဆရာမနည်းနည်းနောက်ကျသွားတယ် ဆောရီးပါကလေးတို့ဆောရီး"

"ရပါတယ်ဆရာမ "

လင်းမြတ်ပိုင်တို့နှစ်ယောက်နဲ့ဆရာမတို့အတန်းထဲဝင်သွားပြီးစာစသင်ကြလေသည်။

နေ့လည်၁၂နာရီတွင်
ကလောင် ကလောင် ကလောင် နေ့လည်ထမင်းစားဆင်းချိန်ဖြစ်လေသည်။

ထမင်းဘူးကိုယ်စီနှင့်စားသောက်ပြီးကြချိန်

"ခွန်းသာ..........."ဆိုပြီးအသံရှည်ဆွဲပြီးခေါ်နေ၏။

"ဘာလဲကွာ မင်းဟာက"

"ငါဒီလောက်စာအမှီကူးတာတောင်ဆူခံရသေးတယ်ကွာ"

"အေး"

"မင်းက‌လည်း ငါမှစိတ်ညစ်ပါတယ်ဆို မင်းကစိတ်ပျက်တဲ့အသံနဲ့ လာပြောနေတယ်"

ကျောက်သင်ပုန်းပေါ်တွင်

*လာမည့်အပတ် သောကြာနေ့တွင် ကျုံး၊နန်းတော်‌ သို့ လေ့လာရေးခရီးလိုက်ပို့ပေးမည်ဖြစ်သည်*

"အတန်းခေါင်းဆောင် ကျွန်တော်တို့အတန်းဘဲလား သွားမှာက"

"ဟုတ်ဘူး ၅တန်း ကနေ ၉တန်းထိက သောကြာနေ့
သူငယ်တန်း ကနေ ၄တန်းထိကဗုဒ္ဓဟူးနေ့ သွားရမှာ"

"ဖုန်းရောယူလို့ရလား"ဒါမျိုးဆိုတက်ကြွတဲ့ကြက်ဖ ကိုငရဲကထိပ်ဆုံးကနေဦးအောင်မေးသည်။

"အဲ့တာတော့အတန်းပိုင်ကိုသာမေးတော့ ငါလည်း‌ေသချာမပြောတတ်ဘူး"

"ဟင်း
ဒါကြသိဘူး အဲ့ယွန်းပန်က"

"ယွန်းပန်က အတန်းပိုင်မှမဟုတ်သာ ဘယ်လိုလုပ် အဲ့ကိစ္စကိုပြောလို့ရမှာတုံး"
ဒါနဲ့ ၅တန်းကနေ ၉တန်းထိသွားမှာတဲ့ သူနဲ့ရင်းနှီးမှုရဖို့အခွင့်အရေးရပြီ။
_____________________________________________
"အဲ့ဒီနေ့ကြရင် ကျောင်းဝတ်စုံကို အပြည့်အစုံဝတ်ခဲ့ကြပါ၊နေပူမှာဖြစ်တဲ့အတွက် ဦးထုပ်ကိုပိုပိုလိုလို ယူခဲ့ကြ"

"ဟုတ်ဆရာမ"

"ဆရာမ အဲ့နေ့ကြဖုန်းယူလို့ရလားဗျ"ဒီအတန်းတွင်လည်း မောင်ငရဲနည်းတူ ကျောင်းသားများလည်း ရှိသေး၏။

"ယူလို့ကရတယ်၊အရှုပ်အရှုပ်တွေမဖြစ်စေနဲ့။ ရှုပ်ရှုပ်ရှပ်ရှပ်တွေ ကြားလို့ကတော့အကုန်အဲ့နေ့ကြ နာပြီသာမှတ်ထားကြ"

"ဟုတ်ကဲ့ပါဆရာမ"

"အတန်းခေါင်းဆောင်က အသင်းအရောင်လိုက် လက်ကိုင်ပဝါလေးတွေပေးမယ် အဲ့နေ့ကြလက်ကိုင်ပဝါလေးတွေကိုလက်မှာစည်းခဲ့ကြ "

"ခုအကုန်လုံးကို လိုက်ဝေပါမယ်။ အသင်းခေါင်းဆောင်တွေကတော့ အရောင်ရင့်တာရမှာပါ။"

"ဘာလို့လဲ အတန်းခေါင်းဆောင်၊ ဘာလို့သူတို့ကအရောင်ရင့်တာရတာလဲ"

"ဟဲ့ သူရထက်ဇော် အသင်းခေါင်းဆောင်တွေကရှေ့ကနေဦးဆောင်ရမှာ ‌အခြားတန်းကလူ‌ေတွနဲ့အတူတူ လုပ်ရမှာ ခေါင်းဆောင်တွေကအရောင်ကွဲနေမှ အခြားတန်းကသူတွေက အဲ့လူအသင်းခေါင်းဆောင်မှန်းသိမှာပေါ့"

တယ်ရစ်ကြောရှည်တဲ့အတန်းပါဘိ။လင်းမြတ်ပိုင်ရဲ့လက်ကိုင်ပဝါ‌အရောင်လေးကတော့ အနီရောင်ကိုမှ‌အဖျော့လေးဖြစ်သည်။သူသည်သူနှင့်အသင်းတူသည့်သူတွေလှည့်ပတ်ကြည့်ရင်း အဲ့နေ့ကြမှတ်မိနေအောင် လိုက်ကြည့်ကာလူတွေကိုမှတ်နေ၏။
____________

ငရဲမှလက်ကိုင်ပဝါကိုင်ပြီး အတွေးနယ်ချဲ့နေသောခွန်းသာကို

"ဟေ့ကောင် ဟေ့ကောင် မင်းဘာအရောင်ရလဲကွ ငါကအစိမ်းရောင်၊
ယမုံလည်းအစိမ်းရောင်ကြီးကွ မင်း‌ကရော"

"ငါက....."

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Mandalay