ဒီနေ့ လုပ်ဖော်ကိုင်ဖက်ဆရာမတစ်ယောက်က
မေးလာပါတယ်
ဆရာအောင်ကျော်ထွန်း စခန်းမှူးကြီးဖြစ်သွားလို့
စာမရေးတော့တာလား တဲ့။
မဟုတ်ရပါဘူးဗျာ
ဒါပေမယ့် မမဆောင်းပြောသလိုပြောရရင်
ဟုတ်တော့လည်း ဟုတ်သလိုလိုပါဘဲ။
အလုပ်များတာရယ် ဖုန်းမကောင်းတာရယ်
နှစ်ခုကြောင့်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော်စာရေးဖို့ ကြိုးစားနေပါတယ်
ခေါင်းစဉ်ကတော့
အမှုစစ်တို့ရင်ဆိုင်နေရသည့်တရားခွင်မှတိုက်ပွဲများ
ဖြစ်ပါတယ်။
ဒုရဲမှူး အောင်ကျော်ထွန်း - အမှုစစ်ရဲလုပ်ငန်းသုတေသီ
ဥပဒေကို လူတိုင်း သိရှိနားလည်ထားသင့?
ဥပဒေနှင့်ပတ်သက်၍သော်လည်းကောင်း
မှုခင်းနှင့်ပတ်သက်၍သော်လည်းကောင်း
ရဲလုပ်ငန်းနှင့်ပတ်သက်၍သော်လည်းကောင်း
သိရှိလိုသည်များရှိပါက ကျွန်တော့်၏
လက်ကိုင်ဖုန်းဖြစ်သည့် 09402500772 သို့
ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေး
အပ်ပါသည်။
ဒုရဲမှူးအောင်ကျော်ထွန်း
24/07/2023
https://vt.tiktok.com/ZSLuoaHfJ/
TikTok · 🧚♀️မစုလှိုင် 7164 likes, 18 comments. “အေးပါတော့ ခုတော့ ပြောပီပေါ့😁🤭”
အရာရှိစာမေးပွဲဖြေဆိုကြမည့်
သားငယ်၊သမီးငယ်တို့ ဖြေဆိုအောင်မြင်
နိုင်ကြပါစေ၊ကြိုးစားဖြေဆိုပေးကြပါ။
ပြီးရင် ပြီးရော မဖြေဆိုကြဖို့ အလေးအနက်
မှာကြားပါရစေ။နားမလည်တာ မသိတာရှိရင်
မေးပါ။ဖုန်းဖွင့်ပြီး စောင့်နေပါတယ်နော်။
သားငယ် သမီးငယ်တို့ရဲ့အမြဲတမ်းဆရာ
ဒုရဲမှူး အောင်ကျော်ထွန်း
(1)ငါ့ကိုအပြင်မှာမြင်ဖူးရင် (10မှတ်)
(2)ငါ့အသံကြားဖူးရင် (10မှတ်)
(3)ငါမုန့်ကျွေးတာစားဖူးရင်(10မှတ်)
(4)ငါဂရုစိုက်တာခံဖူးရင်(10မှတ်)
(5)ငါ့ရဲ့ဟာသတွေနားထောင်ဖူးရင်(10မှတ်)
(6) မက်စင်ဂျာမှာ စကားပြော ဖူးရင် (10မှတ်)
(7)ဖေ့ဘတ်ပေါ်မှာ ငါလိုက်ခ်ပေးဖူးရင်(10မှတ်)
(8)ငါစာတွေဖတ်ဖူးရင်(10မှတ်)
(9)ငါနဲ့ဖုန်းပြောဖူးရင် (10မှတ်)
(10)ငါ့စိတ်ဆိုးတာခံဖူးရင်(10မှတ်)
အမှတ်80ဆိုရင်တော့ မင်းက ငါချစ်ရတဲ့သူဘဲ
အမှတ်100ဆိုရင်တော့ Hello လိုက်ပါ
သင်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကို လိုက်လျော
ပေးမယ်နော်။
14/04/2023
29/01/2023
မှတ်ချက် တစ်ခု ရေးပေးဖို့
ဖိတ်ခေါ်ပါရစေ။
အမှုစစ်တို့ရေးသားသည့် အမှုနေ့စဉ်မှတ်တမ်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှုနေ့စဉ်မှတ်တမ်းဟူသည် အမှုစစ်တို့စစ်ဆေး
သည့်အမှုများနှင့်ပတ်သက်၍ မည်သို့မည်ပုံဆောင်
ရွက်ကြောင်း မှတ်တမ်းတင်ထားသည့် စာမှတ်စာ
တမ်းတစ်ခုဖြစ်သည်။အမှုနေ့စဉ်မှတ်တမ်းကို
အဘယ့်ကြောင့် ရေးရသနည်းဆိုလျှင် ရာဇဝတ်
ကျင့်ထုံးဥပဒေပုဒ်မ ၁၇၂ ပါပြဌာန်းချက်များအရ
အမှုနေ့စဉ်မှတ်တမ်းကို အမှုစစ်တို့ ရေးသားနေကြ
ရခြင်းဖြစ်သည်။ဤသို့ ရာဇဝတ်ကျင့်ထုံးဥပဒေ
အရပြဌာန်းထားသည့်အမှုနေ့စဉ်မှတ်တမ်းဟူသော
စာမှတ်စာတမ်းကို ရေးသားကြရာတွင် လုပ်ထုံး
လုပ်နည်းများနှင့်အညီရေးသားကြရန်မှာအလွန်ပင်
အရေးကြီးလှပေသည်။
အမှုစစ်တို့သည် အမှုနေ့စဉ်မှတ်တမ်းများကို ရေး
သားကြရာတွင် အစီရင်ခံစာတစ်ခုပမာ ခေါင်းစဉ်
များတပ်လျှက် ရေးသားနေကြသည်ကို အထူးသ
ဖြင့် မြင်တွေ့နိုင်ပေသည်။အမှုနေ့စဉ်မှတ်တမ်း
သည် အစီရင်ခံစာ တစ်ခု လုံးဝမဟုတ်ရပါ။အမှု
နှင့်ပတ်သက်၍ မိမိတို့၏စုံစမ်းမှု၊စစ်ဆေးမှုကို
ရေးသား မှတ်တမ်းတင်ထားသည့် လုပ်ငန်းဆိုင်ရာ
မှတ်တမ်း(work diary)သာ ဖြစ်ပါသည်။ထိုအမှု
နေ့စဉ်မှတ်တမ်းတို့ကိုဖတ်ရှုရုံဖြင့် အမှုတစ်ခုလုံး
ကို မြင်သာထင်ရှားစေရမည်သာမက အမှုနှင့်ပတ်
သက်၍ အမှုစစ်တို့မှ ဤအမှုကို မည်ကဲ့သို ခက်ခဲ
စွာ စုံစမ်းဖော်ထုတ်ခဲ့ရသည်ကိုလည်း မြင်တွေ့နိုင်
ရမည်ဖြစ်ပါသည်။
လက်ရှိတွင် အမှုနေ့စဉ်မှတ်တမ်းများကိုရေးသား
လျှက်ရှိကြသည်မှာ -
နေ့စဉ်ဖွင့်
အမှုနေ့စဉ်မှတ်မ်းအားရေးဖွင့်ပါသည်။
အမှုအကျဉ်း
အမှုမှာ ----–------------------------------
------------------------------------------
------------- အမှုဖြစ်ပါသည်။
တရားလိုစစ်
အမှုမှတရားလို ဦးနီအားစစ်ဆေးရာ တိုင်ချက်ပါ
အတိုင်းထွက်ဆိုပါသည်။
သက်သေ(၁)ဦးစစ်
အမှုမှသက်သေ မည်သူအားစစ်ဆေးရာ -------
------------------------------------------
------------ ထွက်ဆိုပါသည်။
သက်သေခံပစ္စည်းသိမ်း
တရားလိုဦးနီမှ မည်သည့်သက်သေခံပစ္စည်းကို
အပ်နှံပေး၍ သက်သေများရှေ့သိမ်းဆည်းပါ
သည်။
အခင်းဖြစ်ရပ်စစ်ဆေး
အခင်းဖြစ်အရပ်သို့သွားရောက်စစ်ဆေးပြီး
မြေပုံကြမ်းရေးဆွဲခြင်း၊မှတ်တမ်းဓါတ်ပုံရိုက်ယူ
ခြင်းတို့ဆောင်ရွက်ထားရှိပါသည်။
တရားခံ စစ်/ဖမ်း
အမှုမှတရားခံမောင်ဖြူအား စစ်ဆေးဖမ်းဆီးပါ
သည်။
ဟူ၍ ဖြစ်သည်။
အမှုနေ့စဉ်မှတ်တမ်းများကို ခေါင်းစဉ်ငယ်လေး
များတပ်လျှက် ရေးသားခြင်းဖြင့် အမှုနေ့စဉ်မှတ်
တမ်းများသည် အမှုအပေါ် ချည်နှောင်အားကို ကျ
ဆင်းစေပါသည်။အမှု၏ ကြံ့ခိုင်မှုကို လျော့ပါးစေ
ပါသည်။အမှုနှင့်ပတ်သက်၍စဉ်ဆက်မပြတ်ဖြစ်
နေရမည့် ကွင်းဆက်များကို ပြတ်တောက်စေပါ
သည်။အမှုစစ်၏ အမှုနှင့်ပတ်သက်သည့် ဆောင်
ရွက်ချက်များသည် လယ်ပြင်တွင် ဆင်သွားသည့်
ပမာ ကွက်ကွက်ကွင်းကွင်း မမြင်သာစေဘဲ ကွင်း
ဆက်ပြတ်လျှက်ရှိသည်။
မိမိ၏ဖြတ်သန်းလာခဲ့ရသော အမှုစစ်ရဲလုပ်ငန်း
အတွေ့အကြုံများအရ ပြောရလျှင် အမှုနေ့စဉ်
မှတ်တမ်းများသည် အစီရင်ခံစာတစ်ခုပမာ ခေါင်း
စဉ်ငယ်များဖြင့် ရေးသားရသော စာမှတ်စာတမ်း
တစ်ခု လုံးဝ(လုံးဝ)မဟုတ်ပါ။ခေါင်းစဉ်ငယ်လေး
များဖြင့် အမှုနေ့စဉ်မှတ်တမ်းများကို ရေးသားနေ
ကြခြင်းသည် လုပ်ထုံးလုပ်နည်း လွှဲချော်နေပါ
ကြောင်း ရဲဝံ့စွာ ပြောရဲပါသည်။နေ့တစ်နေ့တွင်
အမှုနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များ အား
လုံးကို အမှုနေ့စဉ်မှတ်တမ်းရေးဖွင့်သည်မှစ၍
အမှုနေ့စဉ်မှတ်တမ်းရေးပိတ်သည်အထိအစီအစဉ်
တကျ စာပိုဒ်ခွဲလျှက် ရေးသားရန်ဖြစ်သည်။
အမှုနေ့စဉ်မှတ်တမ်းတို့သည် လျှို့ဝှက်စွာရေးသား
ရသည့် စာမှတ်တစာတမ်း တစ်ခုဖြစ်ရာ အများနှင့်
ဆိုင်သောနေရာတွင် ရေးသားခြင်း မပြုရန် ရဲလက်
စွဲ ဒုတိယတွဲ အပိုဒ် ၁၆၈၉ တွင် တားမြစ်ထားခြင်း
ကြောင့် ရဲစခန်းတစ်ခုတည်းတွင်သာ ရေးသားရပါ
သည်။ထို့ကြောင့် အမှုနေ့စဉ်မှတ်တမ်း၏ ပထမစာ
ပိုဒ်တွင်
"အမှုနေ့စဉ်မှတ်တမ်းအား ရဲစခန်းတွင် ရေးဖွင့်ပါ
သည်"
ဟု စတင်ရေးသားရပေမည်။
အမှုနေ့စဉ်မှတ်တမ်း(၁)၊ချုပ်မိန့်ရီမန်တောင်းခံ
သည့် အမှုနေ့စဉ်မှတ်တမ်း၊ဥပဒေအကြံပြုချက်
တောင်းခံသည့် အမှုနေ့စဉ်မှတ်တမ်း၊တရားစွဲတင်
ကြောင်းဖော်ပြသည့်အမှုနေ့စဉ်မှတ်တမ်း သို့မ
ဟုတ် အမှုပိတ်သိမ်းကြောင်းဖော်ပြသည့် အမှုနေ့
စဉ်မှတ်တမ်းတို့၌ အမှုအကျဉ်းကို ထည့်သွင်းရေး
သားပေးရသည်။ထိုသို့ရေးသားရာတွင်လည်း
ခေါင်းစဉ်တပ်ပြီး ရေးသားခြင်း မပြုရပါ။
တရားလို သို့မဟုတ် သက်သေ တစ်ဦးတစ်ယောက်
ကို စစ်ဆေးပါကလည်း တရားလို သို့မဟုတ် သက်
သေအမည်၊အသက်၊မိဘအမည်၊မှတ်ပုံတင်အမှတ်
အလုပ်အကိုင်၊နေရပ်လိပ်စာတို့အားအမှုနေ့စဉ်မှတ်
တမ်းတွင် ရေးသားဖော်ပြရသည်။
တရားလို ဦးဖြူအား စစ်ဆေးရာ တိုင်ချက်ပါအ
တိုင်း ထွက်ဆိုပါသည်
ဟု ပြီးစလွယ် ရေးသားခြင်းမျိုးကို ရှောင်းရှားကြ
ရန် လိုအပ်ပါသည်။ထို့အပြင် စစ်ဆေးသည့် နေရာ
ကိုလည်း အမှုနေ့စဉ်မှတ်တမ်းတွင် ရေးသားဖော်ပြ
ရန် လိုအပ်ပါသည်။ထို့ကြောင့်
တရားလို ဦးဖြူ၊အသက် ၅၄ နှစ်(ဘ)ဦးညို၊၉/မခ
န(နိုင်)၁၂၃၄၅၆၊အရောင်းအဝယ်၊ရွာသာယာကျေး
ရွာ၊မြင်းခြံမြို့နယ်နေသူအား ရဲစခန်းတွင် စစ်ဆေး
ရာ တိုင်ချက်ပါအတိုင်းထွက်ဆိုပါသည်။
အမှုမှသက်သေ ဒေါ်နီ၊အသက် ၆၃ နှစ်၊(ဘ)ဦးမဲ၊
၉/မခန(နိုင်)၀၁၂၃၄၅၊ဈေးရောင်း၊ရွာသာယာအေး
ကျေးရွာ၊မြင်းခြံမြို့နယ်နေသူအား သူမနေထိုင်ရာ
ရွာသာအေးကျေးရွာနေအိမ်သို့သွားရောက်စစ်ဆေး
ရာ -----------------------------------------
--------------------- ဟုထွက်ဆိုပါသည်။
ဟူ၍ ရေးသားရပါသည်။
သက်သေစစ်ဆေးရန်အတွက် ရဲစခန်းမှထွက်ခွာရာ
တွင်လည်းကောင်း၊တရားခံစုံစမ်းရန် ရဲစခန်းမှ
ထွက်ခွာရာတွင်လည်းကောင်း၊တရားခံဖမ်းဆီးရန်
အတွက် ရဲစခန်းမှ ထွက်ခွာရာတွင်လည်းကောင်း၊
သက်သေခံပစ္စည်းသိမ်းဆည်းရန်အတွက် ရဲစခန်း
မှထွက်ခွာရာတွင်လည်းကောင်း၊ဆေးစာပေးပို့ရန်
ရဲစခန်းမှထွက်ခွာရာတွင်လည်းကောင်း၊အခင်းဖြစ်
နေရာသို့ သွားရောက်စစ်ဆေးရာတွင်လည်းကောင်း
ရဲစခန်း မှတ်ပုံတင် ၄(အရပ်ရပ်နေ့စဉ်မှတ်တမ်း)
ဖော်ပြရုံသာမက အမှုနေ့စဉ်မှတ်တမ်းတွင်လည်း
ထိုသို့ ထွက်ခွာကြောင်း ဖော်ပြရမည့်အပြင် ပြန်
လည် ရောက်ရှိပါကလည်း ရောက်ရှိကြောင်း ဖော်
ပြရပေမည်။
အမှုစစ်တို့သည် အခင်းဖြစ်နေရာအား စစ်ဆေး
ကြောင်း ရေးသားဖော်ပြကြရာတွင်
အခင်းဖြစ်နေရာအား စစ်ဆေးပြီး မြေပုံကြမ်းရေး
ဆွဲခြင်း၊မှတ်တမ်းဓါတ်ပုံရိုက်ယူခြင်းတို့ဆောင်
ရွက်ထားရှိပါသည်။
ဟု ရေးသားဖော်ပြရုံဖြင့် မလုံလောက်ပါ။လွန်ခဲ့
သော ရက်ပိုင်းလောက်က ကြေးနန်းစာတစ်စောင်
တွင် "အမှုစစ်အရာရှိသည် အခင်းဖြစ်နေရာအား
စစ်ဆေးကြောင်းဖော်ပြထားသော်လည်း စစ်ဆေး
တွေ့ရှိမှုအနေအထားကို အမှုနေ့စဉ်မှတ်တမ်း၌ဖော်
ပြမှုမရှိခြင်း" ဟူ၍ ညွှန်ပြထားသည်ကို တွေ့ရှိရ
ပါသည်။ထို့ကြောင့် အမှုစစ်တို့ အခင်းဖြစ်နေရာ
သို့ သွားရောက်စစ်ဆေးပါက အခင်းဖြစ်နေရာ၏
တည်နေရာ၊အခင်းဖြစ်နေရာ၏တည်ရှိပုံ၊အမှုစစ်
ရောက်ရှိစဉ်တွေ့ရှိချက်များတို့အား မှတ်တမ်းတင်
ရေးသားဖော်ပြရန် လိုအပ်ပါသည်။အခင်းဖြစ်အ
ရပ်သို့ ရောက်ရှိပြီး အထက်ပါအတိုင်းဖော်ပြလျှင်
ပြည့်စုံပြီလားဆိုလျှင် မပြည့်စုံသေးပါ။အခင်း
ဖြစ်ရပ် အနီးအနား ပတ်ဝန်းကျင်တွင် ရှိနေသူများ
ကိုလည်း စစ်ဆေးရန်နှင့်ထိုသို့စစ်ဆေးကြောင်း
အမှုနေ့စဉ်မှတ်တမ်းတွင် ဖော်ပြရန် လိုအပ်ပါသေး
သည်။အခင်းဖြစ်ရပ် အနီးအနား ပတ်ဝန်းကျင်တွင်
ရှိနေကြသူများအား အမှုစစ်မှ အခင်းဖြစ်ရပ်စစ်
ဆေးချိန်တွင် စစ်ဆေးခဲ့ခြင်းမရှိခြင်းကြောင့်
ဤအမှု ဤသို့ဖြစ်ရသည် ဟု သုံးသပ်လာလျှင်
သုံးသပ်သူသည် လုပ်ထုံးလုပ်နည်းအမှန်ကိုစွဲကိုင်
သုံးသပ်ခြင်းဖြစ်ပြီး အမှုစစ်မှာ ထိုလုပ်ထုံးလုပ်
နည်းကို လွဲချော်ဆောင်ရွက်ခဲ့မိပါကြောင်း ဝန်ခံ
ရန် မှ တစ်ပါး အခြားမရှိ။
သို့ဖြစ်ပါ၍ အမှုစစ်နယ်ပယ်တွင်ကျင်လည်နေကြ
ကုန်သော ညီငယ်၊ညီမငယ်များနှင့်ကြီးပေါကြာ
ကြောင် ချစ်ကိုကြီးများတို့သည် အမှုနေ့စဉ်မှတ်
တမ်းအားရေပက်မဝင်အောင်၊ကျစ်လစ်သိပ်သည်း
အောင်၊လုပ်ထုံးလုပ်နည်းနှင့်ညီအောင် အကယ်ဒမီ
ရွှေစင်ရုပ်ထု ချီးမြှင့်ခြင်းခံရသည့် ဇာတ်ကားတစ်
ခု၏ ဇာတ်ညွှန်းပမာ လက်စွမ်းပြရေးသားကြဖို့
အရေး နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။
04/01/2023
အမှုတစ်ခုဆိုတာ တကယ်တော့
ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သလို
ဒီအမှုကို စုံထောက်စစ်ဆေး တရားစွဲတင်ကြတဲ့
အမှုစစ်ရဲအရာရှိ ကိုရွှေအိုင်အိုတို့နဲ့မရွှေအိုင်အိုတို့
ဟာလည်း ဒီဇာတ်လမ်းရဲ့ဒါရိုက်တာတွေပါဘဲ။
ဇာတ်ကားတစ်ခုက ပေါက်သွားပြီဆိုရင်
အကယ်ဒမီ ရွှေစင်ရုပ်ကို ရနိုင်ပေမယ့်
အမှုတစ်ခု ထိရောက်ဟန့်တားလောက်တဲ့
ပြစ်ဒဏ်ရသွားခဲ့လို့ အမှုစစ်ရဲအရာရှိ
ဂုဏ်ထူးဆောင်ရဖို့ မျှော်လင့်ချက်နည်းပါတယ်။
အမှုတစ်ခုက တရားခံလွတ်သွားတယ် ဆိုရင်တော့
စုံ/ခုံ မလာဘဲ သက်/ချုပ်က ခုန်ပျံကျော်လွှား
ဝင်ရောက်လာတတ်တာကိုတော့ကိုရွှေအိုင်အိုတို့နဲ့
မရွှေအိုင်အိုတို့ အသိဘဲဖြစ်ကြမှာပါ။
ဒီဖြစ်ရပ်မှန်ဇာတ်လမ်းတွေမှာ ဇာတ်ညွှန်း(Script)
ဟာ အမှုနေ့စဉ်မှတ်တမ်းများဖြစ်ကြပြီး ဇာတ်
ကောင်တွေရဲ့ပြောစကား(Dialouge)တွေကတော့
သက်သေထွက်ဆိုချက်တွေဖြစ်ကြပါတယ်။
ဇာတ်ညွှန်း(Script)ကို ဖြစ်သလိုရေး
ဇာတ်ကောင်တွေရဲ့ပြောစကား(Dialouge)ကို
မိတ္တူ(Copy)ယူထားတဲ့ ဇာတ်လမ်းတွေကတော့
ကြည့်မကောင်းတာ အမှန်ဖြစ်သလို ဇာတ်လမ်း
အမည်ကို မှည့်ပေးပါလို့ပြောလာရင်တော့
ကျွန်တော် ဒုရဲမှူးအောင်ကျော်ထွန်း က ဇာတ်ကား
အမည်ကို ဒီလိုလေး ပေးချင်တယ်တယ်ဗျ
" ခဲ(ဂဲ)မလောက်၊တုတ်မလောက် "
အမှုနေ့စဉ်မှတ်တမ်းရေးသားခြင်းအကြောင်း
မကြာမီတင်ဆက်ပါမည်
ကလေးငယ်၏အသက်နှင့်စပ်လျဉ်း၍
~~~~~~~~~~~~~~~~~~~~~~~~~
အမှုစစ်ရဲအရာရှိတို့သည် ကလေးသူငယ်မှုခင်းများ
ကို ကလေးသူငယ်တရားရုံးသို့တရားစွဲတင်ကြရ
သည်။ကလေးသူငယ်မှုခင်းဆိုရာတွင် ကလေးသူ
ငယ်က ကျူးလွန်သော မှုခင်းတစ်ရပ်ရပ်ကိုဆိုပါ
သည်။ဤနေရာတွင် ကလေးသူငယ် တစ်ဦးတစ်
ယောက်အပေါ်ကျူးလွန်သည့် မှုခင်းတစ်ရပ်ရပ်
နှင့် မရောထွေးစေလိုပါ။ဥပမာအနေဖြင့် အသက်
၁၈ နှစ်မပြည့်သေးသော မိန်းကလေးတစ်ဦးအပေါ်
တွင်ကျူးလွန်သော မုဒိမ်းမှုသည် ကလေးသူငယ်
မှုခင်း မဟုတ်ပါ။သက်ငယ်မုဒိမ်းမှုသာ ဖြစ်သည်။
ကလေးသူငယ်အပေါ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်း
ဖက်မှုသာဖြစ်ပါသည်။
ကလေးသူငယ်မှုခင်းကို ကလေးသူငယ်တရားရုံး
တို့မှသာ စီရင်ပိုင်ခွင့်အာဏာရရှိပါသည်။သီးခြား
ပြဌာန်းချက် မရှိလျှင် မြို့နယ်တရားသူကြီး(အ
ထူးရာဇဝတ်အာဏာရ)သည် ကလေးသူငယ်တရား
သူကြီးပင်ဖြစ်သည်။ကလေးသူငယ်တို့မှ ကျူး
လွန်သော ပြစ်မှုသည် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ဇ
ယား(၂)၊စာတိုင်(၈)တွင် မည်သည့်တရားရုံးက စစ်
ဆေးစီရင်နိုင်သည်ဟု ပြဌာန်းထားပါစေ၊ကလေး
သူငယ်တရားရုံးတွင်သာ စစ်ဆေးစီရင်ရပါသည်။
ကလေးသူငယ်မှ ကျူးလွန်သော ပြစ်မှုသည် ရာဇ
သတ်ကြီးတွင်ဖြစ်စေ၊အထူးဥပဒေ(Special law)
တစ်ရပ်ရပ်တွင်ဖြစ်စေ အမြင့်ဆုံးသေဒဏ်အထိ
ချမှတ်နိုင်ကြောင်း ပြဌာန်းထားစေကာမူ ပြစ်မှု
ကျူးလွန်သည့် ကလေးသူငယ်ကို စစ်ဆေးစီရင်
ပိုင်ခွင့်ရှိသည့် မြို့နယ်တရားသူကြီး(အထူးရာဇ
ဝတ်အာဏာရ)တို့ထံတွင်သာ တရားစွဲတင်ပို့ရလေ
သည်။
ရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓါးပြမှု)တစ်ခုတွင် ပါ
ဝင်ခဲ့ကြသူ(၅)ဦးအနက် တစ်ဦး သို့မဟုတ် နှစ်ဦး
သည် အသက် ၁၈ နှစ်မပြည့်သေးသော ကလေးသူ
ငယ် ဖြစ်နေမည်ဆိုပါက အသက် ၁၈ နှစ်ပြည့်ပြီး
သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ၊ဇယား(၂)၊စာ
တိုင်(၈)အရ ခရိုင်တရားရုံသို့ တရားစွဲတင်ပို့ကာ
အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်
တရားခံများကို မြို့နယ်တရားရုံးတွင်သာ တရားစွဲ
တင်ပို့ရပါမည်။
ကလေးသူငယ်တရားရုံးတို့သည် တရားစွဲအဖွဲ့အ
စည်းဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားစွဲတင်
ပို့လာသည့် ကလေးသူငယ်မှုခင်းများကို လက်ခံစစ်
ဆေးရာတွင် ဦးစွာစိစစ်ရသည်ကား တရားစွဲတင်ပို့
လာသည့်ကလေးသူငယ်တရားခံသည် ၂၀၁၉ ခုနှစ်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊
ပုဒ်မ ၃၊ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် အသက်
၁၈ နှစ်မပြည့်သေးသော ကလေးသူငယ် ဟုတ်၊မ
ဟုတ် ဆိုသည့် အချက်ပင်ဖြစ်သည်။ထိုကဲ့သို့စိစစ်
ပြီး ကလေးသူငယ် မှန်ကန်ကြောင်း ပေါ်လွင်ထင်
ရှားမှသာ အမှုစစ်ဆေးခြင်းကို စတင်ပေသည်။
တရားစွဲတင်ပို့လာသည့် ကလေးသူငယ်တရားခံ
အား ကလေးသူငယ် ဟုတ်၊မဟုတ် စိစစ်ကြရာတွင်
၂၀၁၉ ခုနှစ်၊ကလေးသူငယ်အခွင့်အရေးများဆိုင်
ရာဥပဒေ၊အခန်း(၃၀)၊ပုဒ်မ ၁၁၃ ကိုလိုက်နာ၍ စိ
စစ်ရပါသည်။ယင်းဥပဒေ ပုဒ်မ ၁၁၃ တွင်အောက်
ပါအတိုင်း ပြဌာန်းထားသည်ကို တွေ့ရပေမည် -
ပုဒ်မ ၁၁၃။(က)ကလေးသူငယ်၏အသက်နှင့်စပ်
လျဉ်းသည့်အထောက်အထားကို
အောက်ပါအစီအစဉ်အတိုင်းဦး
စားပေးစိစစ်ရမည်-
( ၁)မွေးစာရင်း
(၂)ကျောင်းဝင်မှတ်ပုံတင်စာရင်း
ကောက်နှုတ်ချက်မိတ္တူမှန်
(၃)နိုင်ငံသားစီစစ်ရေးကတ်ပြား
သို့မဟုတ် ပြည်တွင်းတွင်အမြဲ
တမ်းနေထိုင်သောနိုင်ငံခြား
သားမှတ်ပုံတင်လက်မှတ်
(၄)ကျန်းမာရေးနှင့်အားကစားဝန်
ကြီးဌာနတွင်တာဝန်ထမ်း
ဆောင်နေသောသက်ဆိုင်ရာဆ
ရာဝန်၏ဆေးထောက်ခံချက်
(၅)အိမ်ထောင်စုစာရင်း
(၆)ပုဒ်မခွဲငယ်(၁)မှ(၅)အထိသတ်
မှတ်ထားသောအထောက်အ
ထားများမရရှိပါက အခြားခိုင်
လုံသောအထောက်အထားစာ
တမ်းအမှတ်အသား တစ်ခုခု
(ခ)ကလေးသူငယ်၏အသက်နှင့်စပ်
လျဉ်း၍ မွေးသည့်ခုနှစ်နှင့်လအ
တွက်သာဖော်ပြနိုင်လျှင်မွေးရက်
ကို ယင်းလ၏ ၁၆ ရက်နေ့ဟု
လည်းကောင်း၊မွေးဖွားသည့်ခုနှစ်
သာ ဖော်ပြနိုင်လျှင်မွေးလနှင့်ရက်
ကို ဇူလိုင်လ ၁ ရက်နေ့ဟု လည်း
ကောင်း သတ်မှတ်နိုင်သည်။
အမှုစစ်နယ်ပယ်တွင် အယူအဆလွဲမှားနေကြသည်
မှာ အထက်ပါ အထောက်အထားများအနက် တစ်ခု
ခု ရရှိလျှင် လုံလောက်သည်ဟူ၍ဖြစ်သည်။မွေး
စာရင်းကိုသာ ရောက်ရှိပါမူ အခြားအထောက်အ
ထား မလိုအပ်တော့ပါ။ဒီထက် တိကျတာ ဘာရှိအုံး
မလဲ ဟု ယုဆနေကြခြင်းပင်ဖြစ်သည်။
ကလေးသူငယ်တရားရုံးတို့သည် ပုဒ်မ ၁၁၃ နှင့်
အညီ ကလေးသူငယ် ဟုတ်၊မဟုတ် စိစစ်မည်ဖြစ်
ရာ အဆိုပါအထောက်အထားများအားလုံးကို တရား
စွဲအဖွဲ့အစည်းမှ တင်ပြရန် လိုအပ်ပါသည်။
အကယ်၍များ အဆိုပါ အထောက်အထားတစ်ခုခု
ကို အမှုစစ်ရဲအရာရှိတို့မှ မရနိုင်ခဲ့လျှင် မည်သည့်
အခက်အခဲကြောင့် ယင်းအထောက်အထားကို မရ
ရှိနိုင်ပါကြောင်း အမှုစစ်ရဲအရာရှိတို့ရေးသားသည့်
အမှုနေ့စဉ်မှတ်တမ်းတွင် ဝေဝေဆာဆာ ဖော်ပြရန်
လိုအပ်ပါကြောင်း ရေးသားတင်ဆက်လိုက်ရပေ
သည်။
ယုံကြည်လောက်အောင် သတင်းပေးခြင်းခံရသူ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ တွင် ပုဒ်မခွဲ(၁)
နှင့် ပုဒ်မခွဲ(၂)ဟူ၍ ပုဒ်မခွဲ(၂)ခုခွဲ၍ပြဌာန်းထား
ပါသည်။ပုဒ်မခွဲ(၂)ကို ဖျက်သိမ်းထားပြီး ပုဒ်မခွဲ
(၁)တွင် ပထမစာပိုဒ်မမှနဝမစာပိုဒ်အထိ စာပိုဒ်(၉)
ပိုဒ်ဖြင့် ပြဌာန်းထားပါသည်။ထိုပြဌာန်းချက်များ
သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဝရမ်းမပါ
ဘဲ ဖမ်းဆီးပိုင်ခွင့်ကို အပ်နှင်းထားသည့် ပြဌာန်း
ချက်များ ဖြစ်ကြပါသည်။
အမှုစစ်ရဲအရာရှိတို့အတွက် မိမိတို့စစ်ဆေးသော
အမှုများမှတိုင်တန်းခြင်းခံရသူ(တရားခံ)အားဖမ်း
ဆီးမည်ဆိုပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄
(၁)ပထမ စာပိုဒ်ကို တိကျစွားလိုက်နာကြရန်လိုအပ်
သည်။ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄(၁)ပထမ
စာပိုဒ်တွင်
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်နှင့်
စပ်ဆိုင်ပါဝင်နေသူ သို့မဟုတ် ထိုသို့စပ်ဆိုင်
ပါဝင်ကြောင်းကျိုးကြောင်းဆီလျော်စွာတိုင်
ကြားခြင်းခံရသူ သို့မဟုတ် ထိုသို့စပ်ဆိုင်ပါ
ဝင်နေကြောင်း ယုံကြည်လောက်အောင်သတင်း
ပေးခြင်းခံရသူ သို့မဟုတ် ထိုသို့စပ်ဆိုင်ပါဝင်
နေကြောင်း ယုတ္တိတန်စွာမသင်္ကာဖွယ်ရာဖြစ်သူ
ဟု ပြဌာန်းဖော်ပြထားသည်ကိုတွေ့ရပေမည်။
ဤပြဌာန်းချက်အား အသေးစိတ် ထပ်မံဖော်ပြရ
လျှင်
ရဲတပ်ဖွဲ့ဝင်တို့သည်
၁။ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်နှင့်စပ်
ဆိုင်ပါဝင်နေသူ
၂။ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်တွင်စပ်
ဆိုင်ပါဝင်ကြောင်းကျိုးကြောင်းဆီလျော်စွာ
တိုင်ကြားခြင်းခံရသူ
၃။ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်တွင်စပ်
ဆိုင်ပါဝင်နေကြောင်းယုံကြည်လောက်အောင်
သတင်းပေးခြင်းခံရသူ
၄။ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်တွင်စပ်
ဆိုင်ပါဝင်နေကြောင်းယုတ္တိတန်စွာ မသင်္ကာဖွယ်
ရာဖြစ်သူ
တို့အား ရာဇဝတ်တရားသူကြီးထံမှအမိန့်မရဘဲဖြစ်
စေ၊ဝရမ်းမပါဘဲဖြစ်စေ ဖမ်းဆီးနိုင်ကြောင်း ပြ
ဌာန်းချက် ဖြစ်ပါသည်။ပြည်ထောင်စုသမ္မတမြန်
မာနိုင်ငံ၏ တည်ဆဲဥပဒေများအနက် ရာဇဝတ်
ကျင့်ထုံးဥပဒေနှင့်သက်သေခံအက်ဥပဒေတိုသည်
ဖတ်ရှုနားလည်သဘောပေါက်ရန် မလွယ်ကူသော
ဥပဒေများတွင် ပါဝင်သည်။ဖတ်လေ ရှုပ်လေဖြစ်
တတ်ပြီး ရှုပ်သည်ကိုဆက်ဖတ်ပါကအိပ်ပျော်သွား
စေသည့် အိပ်ဆေးနှင့်ပင် အသွင်တူသည်သာမက
အဓိပ္ပါယ်ကောက် လွဲချော်သည်အထိပင် ရံဖန်ရံခါ
ဖြစ်သွားတတ်စေပါသည်။
အထက်တွင်ဖော်ပြထားသည့် ရာဇဝတ်ကျင့်ထုံး
ဥပဒေပုဒ်မ ၅၄(၁)ပထမစာပိုဒ်ပါ ရဲတပ်ဖွဲ့ဝင်တို့
ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသူ(၄)မျိုးကို ပြန်ကြည့်
မည်ဆိုလျှင် တူသလိုလို၊ဆင်သလိုလိုတွေ့ရပေ
မည်။ထို့ကြောင့် အထက်ပါဖမ်းဆီးခွင့်ရှိသူ(၄)မျိုး
အကြောင်းကို တစ်မျိုးချင်းစီအလိုက် ထပ်မံရှင်း
လင်းပေးပါမည်။
ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်နှင့်စပ်ဆိုင်
ပါဝင်နေသူ ဆိုသည်မှာ အဘယ်နည်း ။
ရဲတပ်ဖွဲ့ဝင်တို့ရှေ့မှောက်တွင် ရဲအရေးယူပိုင်
ခွင့်ရှိသောပြစ်မှုကိုကျူးလွန်ပြီး ထိုပြစ်မှုကိုကျူး
ရာတွင် စပ်ဆိုင်ပါဝင်သူများကိုဆိုလိုပါသည်။တစ်
နည်းဆိုသော် ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်စုံ
တစ်ရာကို ကျူးလွန်ကြောင်း ရဲတပ်ဖွဲ့ဝင်များကိုယ်
တိုင် မြင်တွေ့သိရှိခြင်းခံရသူများဖြစ်ကြပါသည်။
အများပြည်သူစိတ်ငြိုငြင်အောင် မူးယစ်ရမ်းကား
မှု၊လက်နက်ကိုင်ဆောင်မှု၊မှောင်ရိပ်ခိုမှုတို့မှ ပြစ်မှု
ကျူးလွန်သူများကို ဤပုဒ်မအရ ရဲတပ်ဖွဲ့ဝင်များ
မှ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ခြငါးဖြစ်ပါသည်။
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်တွင်စပ်ဆိုင်
ပါဝင်ကြောင်း ကျိုးကြောင်းဆီလျော်စွာတိုင်ကြား
ခြင်းခံရသူ ဆိုသည်မှာ အဘယ်နည်း။
ရာဇဝတ်ကျင့်ထုံးဥပဒေတွင် တိုင်တန်းခြင်းနှင့်သ
တင်းပေးခြင်းဟူ၍ စကားရပ်(၂)ခုကို မတူကွဲပြား
စွာ ပြဌာန်းထားသည်ကို တွေ့ရပေမည်။တိုင်တန်း
ခြင်းဟုသောစကားရပ်သည် တရားရုံးသို့တိုင်တန်း
ခြင်းကို ရည်ညွှန်းပြီး သတင်းပေးခြင်းဆိုသော
စကားရပ်သည် ရဲစခန်းသို့ သတင်းပေးခြင်းကို
ရည်ညွှန်းကြောင်းဆရာကြီးဦးချစ်ခိုင်၏ ရဲတာဝန်
စာအုပ်ကို ကိုးကားတင်ပြလိုပါသည်။ထို့ကြောင့်
ရဲအရေးယူပိုင်ခွင့်ရိသောပြစ်မှုတစ်ရပ်တွင်စပ်ဆိုင်
ပါဝင်ကြောင်း တရားရုံးတစ်ရုံးတွင်ကျိုးကြောင်း
ဆီလျော်စွာ တိုင်ကြားခြင်းခံရ၍ တရားရုံးမှ လူ
ဖမ်းဝရမ်း ထုတ်ဆင့်ခံထားရသူကို ဆိုပါသည်။
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်တွင်စပ်ဆိုင်
ပါဝင်နေကြောင်း ယုံကြည်လောက်အောင်သတင်း
ပေးခြင်းခံရသူဆိုသည်မှာ အဘယ်နည်း။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ အရ ရဲအရေး
ယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ပွားကြောင်း ရဲစခန်း
သို့ လာရောက် သတင်းပေးကြရာ ထိုသတင်းပေး
ချက်သည် အမှုစစ်ရဲအရာရှိအား ယုံကြည်လောက်
အောင် သတင်းပေးခြင်းခံရသူကိုဆိုပါသည်။
သတင်းပေးသူအနေဖြင့် ယုံကြည်လောက်သော
သတင်းပေးချက်မျိုးမဟုတ်ပါက ဤပြဌာန်းချက်
နှင့်အကျုံးမဝင်၍အမှုစစ်ရဲအရာရှိတို့ ဖမ်းဆီးခွင့်
မရှိ။ယုံကြည်လောက်သောသတင်းပေးချက်ဟုတ်
မဟုတ် ဆိုသည်ကို တိုင်းတာရမည့်ပေတံသည်ကား
အမှုစ်ရဲအရာရှိတို့၏ လေ့လာ သင်အံထားသည့်
ပရိယတ်၊ပရိပါဠ်များနှင့်သာ ဝေဖန်ပိုင်းခြား ဆင်
ခြင် သုံးသပ်ရပေမည်။မိမိ၏ဝါစဉ်မှာ နုနယ်လွန်း
ပါက သိက္ခာတော်ရ သက်ကြီး၊ဝါကြီး ဆရာသမား
တို့၏အကူအညီကို ရယူဆုံးဖြတ်ရပေမည်။သိက္ခာ
တော်ရ ဆရာကြီး၊သမားကြီးတို့မှလည်း မခြွင်းမ
ချန် ပြောဆိုတည့်မတ်ပေးသင့်ပါသည်။
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်ရပ်တွင်စပ်ဆိုင်
ပါဝင်နေကြောင်း ယုတ္တိတန်စွာ မသင်္ကာဖွယ်ရာဖြစ်
သူ ဆိုသည်မှာအဘယ်နည်း။
ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုတစ်စုံတစ်ရာတွင်
စပ်ဆိုင်ပါဝင်သည်ဟု ရဲတပ်ဖွဲ့ဝင်တို့မှ ယုတ္တိရှိစွာ
မသင်္ကာသူကိုဆိုသည်။မြင်သာအောင်ပြောရမည်
ဆိုပါလျှင် လူတစ်ယောက်သည် သော့ဖျက်ထား
သည့် ဆိုင်ကယ်တစ်စီးအား တွန်းလျှက်လာသည်။
ရဲတို့မှ ခေါ်ယူမေးမြန်းသည့်အခါ ဤဆိုင်ကယ်
အားပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်
ရာပြသနိုင်ခြင်းမရှိသည်သာမက ဤသော့ပျက်ရ
သည်ကိုပင် မရှင်းပြနိုင်၍ ဤသူအားရဲတို့မှ ဝရမ်း
မပါဘဲဖမ်းဆီးနိုင်သည်။
သို့ဖြစ်ပါ၍ အမှုစစ်ရဲအရာရှိတို့သည် မိမိတို့စစ်
ဆေးသော အမှုမှ တရားခံအားဖမ်းဆီးတော့မည်
ဆိုလျှင် ထိုတရားခံအပေါ် သတင်းပေးထားသည့်
သတင်းပေးချက်သည် အမှုစစ်ရဲအရာရှိအား
ယုံကြည်လောက်ပေးထားသည့် သတင်းပေးချက်
ဟုတ်၊မဟုတ် အတည်ပြုပြီး ယုံကြည်လောက်
သည့် သတင်းပေးချက်မျိုး ဟုတ်မှသာ တရားခံ
ဖမ်းဆီးခြင်းကို ဆောင်ရွက်သင့်ပါသည်။တိုင်သူရှိ
ရင် ဖမ်းရမှာပေါ့၊မဖမ်းစေချင်ရင် အတိုင်မခံရ
အောင်နေကြလေ ဟူသော ဥပဒေမဲ့ စကားလုံး
အသုံးအနှုန်းသည် သင်နှင့်သင့်ပတ်ဝန်းကျင်ကို
မည်သို့ထိခိုက်စေနိုင်သည်ကို သတိမူ အလေးထား
စေလိုပါကြောင်း ရေးသားတင်ဆက်လိုက်ရပေ
သည်။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
153852
