အဏ္ဏဝါ ဆန်ရေ

အဏ္ဏဝါ ဆန်ရေ

Share

မေတ္တာအသိနောက်ကျသူ နောင်တပွား၍မီးလိ

Photos 20/11/2016

သားသမီးတိုင်းသို့
မိအို ဖအို ကြီးများရဲ့
မေတ္တာရပ်ခံချက်များ

*ငါအိုသွားပြီ။
ငါဟာ အရင်က ငါမဟုတ်တော့ဘူး။
ငါ့ကို စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးကြပါ။

*ချည့်နဲ့နဲ့ လက်တွေကြောင့်
အင်္ကျီလုံချည်ပေါ် ထမင်းဟင်းတွေ
ဖိတ်စင်သွားသည့် အချိန်အခါမျိုးတွေမှာ
တစ်ကိုယ်လုံး ပေပေကျံကျံဖြစ်နေတဲ့အခါ
ငါ့ကိုမရွံကြပါနဲ့ စိတ်ရှည်စွာသန့်ရှင်းပေးကြပါ။
မင်းတို့ငယ်ငယ်တုန်းက
ဘယ်လောက်ပဲ ညစ်ပတ်ညစ်ပတ်
ငါသုတ်သင် သန့်ရှင်းပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးကြပါ။

*အပ်ကြောင်းထပ်မက
ပြောခဲ့ဖူးတဲ့စကားတွေကို ပြန်ပြောမိတဲ့အခါ
အပြစ်မတင်ကြပါနဲ့ မငြူဆူကြပါနဲ့
ကျေးဇူးပြုပြီးနားထောင်ပေးပါ။
မင်းတို့ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း
တစ်ထောင့်တစ်ညပုံပြင်တွေ
ငါးရာ့ငါးဆယ် နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့ ပုံပြင်တွေကို
မရိုးနိုင်အောင် ငါပြောပြရင်းနဲ့
ချော့သိပ်ခဲ့တာတွေကို ပြန်ပြီးသတိရပေးကြပါ။

*မလှုပ်ရှားနိုင်လို့
ရေချိုးဖို့အကူညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ကြပါနဲ့။
အကြောင်းတစ်ခုခုပြပြီး ရှောင်မသွားကြပါနဲ့။
မင်းတို့ငယ်ငယ်တုန်းက
ချော့တစ်ခါခြောက်တစ်လှည့် အကြိမ်ကြိမ်အခါခါ
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးကြပါ။

*ခေတ်သစ်နည်းပညာသစ်တွေကို
မသိနားမလည်လို့ ဝင်မေးမိခဲ့တဲ့အခါမျိုးမှာ
ငါ့ကိုအထင်သေးကာ မလှောင်ရယ်ကြပါနဲ့။
မင်းတို့ငယ်ငယ်တုန်းက
မင်းတို့မေးခဲ့ဖူးတဲ့ မေးခွန်းများစွာတိုင်းကို
စိတ်ရှည်စွာပြန်ဖြေခဲ့တာတွေကို အမှတ်ရပေးကြပါ။

*စိတ်သွားတိုင်း ကိုယ်မပါ
နွမ်းလျပြီး လမ်းထမလျှောက်နိုင်တော့တဲ့အခါ
ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။
မင်းတို့ငယ်ငယ်တုန်းက
ခြေတစ်လှမ်းခြင်း တစ်လှမ်းခြင်း
လမ်းလျှောက်သင်ပေးခဲ့တာကို သတိရပေးကြပါ။

*တစ်နေ့ထက်တစ်နေ့
အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးတော့
ဝမ်းမနည်းကြပါနဲ့ စိတ်မကောင်းမဖြစ်ကြပါနဲ့
အိုမင်းသွားသူငါ့ကို တက်နိုင်သမျှကူညီပေးကြပါ။
ငါ့ဘဝနောက်ဆုံးအချိန်မှာ ငါ့ကိုအဖော်ပြုပေးကြပါ။
မင်းတို့ငယ်ငယ်တုန်းက
မင်းတို့ရဲ့ဘဝအစ တက်လမ်းအတွက်
သွန်သင်ဆုံးမပေးခဲ့ပြီး အားပေးခဲ့တာတွေ
အဖော်ပြုပေးခဲ့တာတွေကို ပြန်သတိရပေးကြပါ။

*ချစ်ခြင်းမေတ္တာတွေနဲ့ အေးမြမှု့တွေကို
မင်းတို့ဆီကနေ ငါပြုံးပြုံးလေးလက်ခံချင်တယ်။
အဲ့ဒီအပြုံးတွေထဲမှာ အဆုံးအစမရှိတဲ့
ငါ့မေတ္တာတွေကို မင်းတို့တွေ့ကြရလိမ့်မယ်။

အဏ္ဏဝါဆန်ရေ ( ထာဝရ မန္တလေး )

Photos 20/11/2016

သား/သမီး တို့၏ ကျင့်ဝတ်
{ သို့မဟုတ် }
မိဘကျေးဇူး ဆပ်သောနည်း

ငါတို့ကို ငါတို့၏ အမိအဖတို့က ပြုစုမွေးမြူခဲ့ကြ၏။

ငါတို့သည်လည်း ငါတို့၏ အမိအဖတို့ကို
ပြန်လည် ပြုစုလုပ်ကျွေးစောင့်ရှောက်ပေးရမည်။

အမိအဖတို့၏ အမှုကိစ္စကြီးငယ်တို့ကို
ကောင်းမွန်စွာ ပြန်လည်ဆောင်ရွက်ပေးရမည်။

အမိအဖတို့၏ ပစ္စည်းဥစ္စာများစွာတို့ကို
မပျက်စီးအောင် စောင့်ရှောက်ထိန်းသိမ်းပေးပြီး
အဘိုးအဘွားမိဘတို့၏ အစဉ်အဆက်က
ဆင်းသက်ပြုလုပ်လာခဲ့သော ကောင်းမှု့ကုသိုလ်များကို
အစဉ်အဆက်မပြက်စေရအောင် ဆက်လက်၍သာ
ဆောင်ရွက်ခြင့်ဖြင့် အမျိုးအနွယ်တည်တံ့စေရမည်။

အမွေခံထိုက်အောင် မိဘတို့၏ အဆုံးအမကို
လိုက်နာကျင်သုံး ဆောင်ရွက်ကြရမည်။

သေဆုံးကွယ်လွန်ပြီးကုန်သော အမိအဖတို့အတွက်
ရည်ဇူး၍သာအလှူပေး အမျှဝေခြင်းဖြင့်
အမိအဖတို့၏ ကျေးဇူးတရားများစွာတို့ကို
ကောင်းစွာကျေးဇူးပြန်၍ ဆပ်ကြရပေမည်။

အဏ္ဏဝါဆန်ရေ ( ထာဝရ မန္တလေး )

Photos 20/11/2016

သားသ္မီးများအပေါ် မိဘတိုင်းထားရှိသော
`` ဝါဒ ´´ သဘောထား ကြေငြာချက်

ချမ်းသာသော … မိဘဖြစ်စေ
ဆင်းရဲသော … မိဘဖြစ်စေ
သားသ္မီးတိုင်းအပေါ် မေတ္တာစေတနာထားရှိပြီး
ထားရှိသော မေတ္တာစေတနာတို့သည်
ထပ်တူထပ်မျှ ဖြစ်ခဲ့ကြပါသည်။

မိဘတို့သည်မည်သည့် သားသ္မီးလုပ်စာကိုမျှ
မှီခိုအားထားမှု့မျိုးလည်း မရှိခဲ့မရည်ရွယ်ခဲ့ကြပါ။
ငါတို့အား သားသ္မီးတို့သည် တစ်နေ့နေ့မှာ
အပြန်အလှန်အထောက်အပံ့ ရပါစေဟူသော
မျှော်လင့်ချက်ဖြင့်ပြုစုပျိုးထောင်ခဲ့ခြင်းမဟုတ်ပါ။

စီးပွားရေးမပြေလည်သော
သားသ္မီးကို အပြစ်တင်ကာရှုတ်ချမည်
ငွေကြေးပြည့်စုံကြွယ်ဝသော
သားသ္မီးကို မျက်နှာပေးရမည် ဟူသော
``မူမျိုး´´ခွဲခြားဆက်ဆံသူများလည်းမဟုတ်ပါ။
သားသ္မီးတို့၏အိမ်ထောင်ရေး လှပနေသည်ကို
မြင်ချင်တွေ့ချင်နေကြသူများသာ ဖြစ်ပြီး
ထိုသို့မြင်ရလျှင်ဝမ်းမြောက်ပီတိဖြစ်နေသူတွေပါ။

သားသ္မီးတို့သည် မိမိတို့၏စီးပွားရေးနှင့်
လုပ်ငန်းတိုးတက်ရေးတို့ကိုသာဦးစားပေးပြီး
မိဘကိုပြန်လှည့်မကြည့်နိုင်သူများကိုလည်း
အပြစ်မတင် အပြစ်မမြင်တဲ့အပြင် အဝေးမှပင်
ကြည့်မြင်မိရုံဖြင့် ကျေနပ်နေတက်ကြသည်။
သားသ္မီးများက အထောက်ပံ့မပြုစေကာမူ
``သူတို့ခမျာ မချောင်လည်လို့ ဖြစ်မှာပါ ´´
``သူတို့ခမျာ မအားလပ်လို့နေမှာပါ´´ဆိုပြီး
မေတ္တာတရားကြီးမားစွာဖြင့် အပြစ်မပြောမိပါဘူး။

မိဘတို့သည် သားသ္မီးတို့ကြောင့် ပျော်ရွှင်နေပုံကို
ပြချင် မြင်စေချင်ကြသူတွေပဲ … ဖြစ်ကြပါသည်။
သားသ္မီးတို့အနေဖြင့် မိမိတို့တာဝန်မကျေမှု့ဟူ၍
ကွယ်ရာတွင် မျက်ရည်ကျနေရမှာကိုမမြင်စေလို
မမြင်ရအောင်လဲ ကြိုးစားဖုံးကွယ်တက်ကြသည်။

ငါတို့သား ငါတို့သမီးတွေ အိမ်ထောင်ကျကုန်ပြီ။
သူတို့သားသ္မီးလေးတွေကြီးပြင်းလာချိန်အခါမှာ
မိဘနေရာကို စာနာတက်ကြလိမ့်မည်ဟူ၍သာ
မျှော်လင့်ဝမ်းမြောက်နေကြသူတွေသာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် . . .
``ငါတို့မိဘတွေလည်း ငါ့လိုပဲ သောကတွေ
ဒုက္ခအခက်အခဲအမျိုးမျိုးတွေရဲ့ကြားကနေပြီး
ပြုစုပျိုးထောင်လာခဲ့ကြမှာပဲ´´ဟူ၍
ငါတို့သားသ္မီးတွေ တစ်ကြိမ်တစ်ခါမျှတွေးမိရင်
ခွင့်လွတ်နားလည် ကျေနပ်နေကြတဲ့သူတွေပါ။

မြစ်ရေသည်အဆန်မရှိပဲ အစုန်သာရှိခဲ့ပါသည်။
ထိုနည်းတူ မိဘတို့သည်လည်း သာသ္မီးတို့အပေါ်
အတုန့်အလှည့်ဆိုတာ … မမျှော်လင့်ခဲ့ကြပါဘူး
``တစ်သမတ်တည်း´´ပေးဆပ်အနစ်နာခံကာ
နေတက်ကြသူတွေလည်းဖြစ်ပါသည်။
သားသ္မီးတို့၏ အိမ်ထောင်ရေးတွင်လည်း
မိမိတို့ကြောင့် စိတ်ဆင်းရဲမှု့များကိုမလိုလားပါ။
သားသ္မီးတို့၏အိမ်ထောင်ရေး ပဋိပက္ခများကို
မဖြစ်စေလို မကြားချင်သူတွေဆိုလဲမှန်ပါသည်။

သားသ္မီးအချို့က ``ငါတို့မိဘတွေအသုံးမကျလို့
ငါတို့အခုလိုမျိုး အခြေမွဲ အနေမွဲ နေနေရတာပါ
စိတ်နာတယ်ဗျာ´´ဟူ၍ မိဘတို့၏အပေါ်တွင်
အပြစ်တင် ရန်လုပ်တက်ကြသည်ကိုလည်း
မိဘများကအပြစ်မဆိုကာဖြင့် မိမိတို့၏ချို့ယွင်း
အားနည်းချက်တွေကိုသာ ပြန်လည်အမှတ်ရ၍
စိတ်မချမ်းမသာ ဖြစ်မိတက်သူတွေပါ။

မိဘတို့သည် မိမိတို့၏သားသ္မီးများငယ်ရွယ်စဉ်
စားဝတ်နေရေးအခက်အခက်အခဲများစွာတို့ကို
ပြေလည်အောင် အလွယ်တကူဖြတ်သန်းခဲ့ကြ၍
သားသ္မီးတို့၏ကောင်းစားစေလိုမှု့ကိုကြည့်ကာ
သားသ္မီးတို့ အရွယ်ရောက်ကြီးပြင်းလာခဲ့ချိန်မှာ
သားသ္မီးတို့၏ဂုဏ်သိက္ခာကို ထိခိုက်ခံရမည်ကို
တွေးတောပူပန်ရင်း နောင်တရမိတက်ကြသည်။

အဏ္ဏဝါဆန်ရေ ( ထာဝရ မန္တလေး )

Photos 14/06/2016

(မိုးကုတ် တစ်ဘဝသာသနာ-၄၆၆)

Photos 14/06/2016

သေသောသူ ကြာရင်မေ့ဆိုတဲ့
ဆိုရိုးစကားဟာ သားအတွက်တော့မဟုတ်ဘူး
အဖေကွယ်လွန်တာ(၈)နှစ်တိတိ ပြည့်ခဲ့ပေမယ့်
သားရင်ထဲမှာအဖေ့ဆုံးမစကားများစွာနှင့်
အဖေအခုထိရှိနေပါသေးတယ်ဗျာ။
အဖေ့ရဲ့ကျေးဇူးဂုဏ်အင်များစွာအတွက်
သားလေ ဒီကဗျာလေးနဲ့ဂါဝရပြုရင်း
အမျှ အမျှ အမျှ ပေးဝေပါ၏ ချစ်ဖေဖေ
သာဓု သာဓု သာဓု ခေါ်ဆိုရင်းနဲ့
ဖေဖေ ကောင်းရာသုဂတိရောက်ပါစေ။

Photos 14/06/2016

ဘယ်သူမှ မပေးနိုင်သော အသက်ကို
ပေးရဲသူ ပေးနိုင်သူ ပေးဝံ့သူဟာ အမေပါ။
ဒုက္ခအမှောင်တွေ ဘယ်လောက်ကြီးမားပါစေ
သားသ္မီးတို့ရဲ့ ဒဏ်ကို ခါးစီးခံနေသူက အမေပါ။
အန္တရာယ်ဟူသမျှတို့ကိုလည်း ကာကွယ်ရင်း
မွေးမြူခဲ့ရသူဟာ အမေတိုင်း အမေတိုင်းပါ။

ဆားဘူးတောင်း ဆရာတော် အရှင်ကုသလ
ဟောကြားတော်မူအပ်သော . . .
``ဒဏ်ရာမဲ့နှလုံးသား´´တရားတော်မှ
ကောင်နှုတ်နာယူရေးသားသည်။

Photos 13/06/2016

အမေနှင့်ဝေးကွာနေကြရသော
သူငယ်ချင်းများစွာ အတွက်

Photos 13/06/2016

အမေနဲ့ ဝေးကွာနေကြရသော
သူငယ်ချင်းများစွာအတွက် . . .
တစ်ချိန်က ကျွန်တော့်ရဲ့ စိတ်ခံစားမှု့တစ်ခုအား
ပုံဖော်ကာ ရေးသားအပ်ပါသည်။

Photos 11/06/2016

အသိ နောက်မကျစေနဲ့

Photos 11/06/2016

နေရောင် လရောင်

Photos 11/06/2016

ဆောင်ရွက် စီမံ

Photos 11/06/2016

မမြင်နိုင်သော မေတ္တာ

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

No. 255, 30th Street, Between 89th & 90th Street, North Of Pyi Kyaw Market
Mandalay
11221