08/10/2025
ဒီလိုပုံစံထွက်ဖို့ အလုပ်တွေကြိုးစားခဲ့ရတယ်၊ညဘက်တွေအိပ်ရေးအပျက်ခံပြီး Phone Serviceထိုင်ပြီး ပိုက်ဆံရှာတယ်၊ရှာလို့ရတဲ့ ပိုက်ဆံ မိဘကိုထောက်ပံ့ရတယ်များထင်လား အိမ်မှာ မိသားစု အတွက် လက်ငုတ်လက်ရင်း စီးပွားရေးရှိတဲ့အတွက် မလိုဘူး။ကျွန်တော်ရှာလို့ရတဲ့ငွေက မိဘပြည်သူထောက်ပံ့ကူညီနိုင်ဖို့ လိုအပ်တာ တခုခြင်းဝယ်တယ်၊လမ်းကြောင်းထွက်ရရင် ညီတွေမျက်နှာမငယ်စေဖို့ သုံးတယ်၊ပိုက်ဆံအပိုမပါရင် သူငယ်ချင်းတွေဆီအကူအညီတောင်း လိုသလောက် ခဏချေးတယ် အဲ့ပိုက်ဆံနဲ့သုံးတယ်။မီးလောင်ပြင်/ကယ်ဆယ်ရေးတိုင်းမှာ တပ်ဖွဲ့ဝင် ဆရာ၊ညီ၊အကိုတွေနှင့်မိတ်ဆွေတွေက Rapper ဆိုတဲ့ ကျွန်တော်ရှိရင် ပြည့်စုံတယ် အဖက်ဖက်ကနေ မီငြိမ်းသတ်ရေးနဲ့ကယ်ဆယ်ရေးမှာလည်း တက်တက်ကြွကြွပဲ လစ်ဟာမှု့မရှိအောင် တာဝန်ဆိုတာထက် ဝါသနာကို အရင်းခံပြီးတော့ကို ပေးဆပ်မှု့တွေနဲ့ရင်းပြီး လုပ်ခဲ့တာ ကူညီရေးသွားရင်း ပစ္စည်းပျောက်တာတွေရှိတယ် ပြန်မရှာပဲ တွေ့တဲ့သူအသုံးဝင်မှာပါဆိုတဲ့စိတ်နဲ့နေလိုက်တယ် အဲ့ထက်ကောင်းတာ ပြန်ဝယ်နိုင်တယ်။ကျွန်တော် ဗုဒ္ဓဘာသာလူမျိုးဖြစ်လို့ ဘုရားလည်း ရှိခိုးဖြစ်တယ်၊ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေကလည်းစောင့်ရှောက်တယ်။ကျွန်တော်လုပ်အားနဲ့ကော ခန္ဓာကိုယ်နဲ့ကောရင်းပြီး အများအကျိုးသယ်ပိုးနေတယ်ဆိုတာက ဒီပေါ်ကနေ ကိုယ်ကျိုးအတွက် ရပိုင်ခွင့်ကိုမျှော်လင့်ပြီးလုပ်တာ မဟုတ်ဖူး ပေးဆပ်ပြီးလုပ်တာ ကျွန်တော်နာမည်ကို မီးသတ်သမားဆရာ၊ညီ၊အကိုတွေကို မေးကြည့်ပါ ဘယ်လိုလူမျိုးလည်းဆိုတာ။ကျွန်တော် ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတွေက ခုထိမပျောက်သေးလို့ ကျွန်တော့်လို မဖြစ်အောင်၊မခံစားရအောင်ဆိုတဲ့ စိတ်နဲ့ပဲ ကူညီပေးခဲ့တာ။ကျွန်တော် သဲတောမှာနေတော့ ကိုအောင်ကောင်းဝေ အသင်းနဲ့ပူးပေါင်းကူညီခဲ့တယ်၊နာရေးလမ်းကြောင်းတွေလိုက်တယ် ကိုကြီးဆီက ပညာတွေယူတယ်၊မန္တလေးပြန်ရောက်တယ် ကိုယ့်မြို့နယ်မှာပဲ ပူးပေါင်းဆောင်ရွက်၊ကူညီပေးတယ်၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် ဆရာ၊ညီ၊အကိုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ “သွေး"အလှုလည်း ကူညီဆောင်ရွက်ပေးပါသေးတယ်၊ကိုယ့်စရိတ်နဲ့ကိုယ် လှုတဲ့တပ်ဖွဲ့ဝင်ညီကိုတွေကို “အာဟာရ"ဒါန ကုသိုလ်ယူပါသေးတယ်ဗျာ့။ကျွန်တော်တစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက် ဘယ်တော့မှ ကျွန်တော်ချစ်တဲ့ မီးသတ်တပ်ဖွဲ့ကြီးကို အလွဲသုံးစားမလုပ်ပါ။ကျွန်တော့်ကို ရေဘေးမှာကော၊ငလျင်ဘေးမှာကော ကူညီကယ်ဆယ်ထောက်ပံ့နိုင်ဖို့ အဓိက လှုဒါန်းပေးတာက Native Species Conservation & Identification Page&Group မိသားစုဝင်တွေဖြစ်ပါတယ်၊ကျွန်တော် လှုဒါန်းသည့်အခါမှာလည်း NSCI မိသားစုဝင်တွေ လှုဒါန်းတာဖြစ်ကြောင်းပြောပြီးမှ သားက အမရပူမြို့နယ်က မီးသတ်တပ်ဖွဲ့တစ်ဦးပါဆိုပြီး မိတ်ဆက်စကားပြော၊အားပေးစကားပြောပြီး လှုဒါန်းပေးလေ့ရှိတယ်၊ငလျင် လှုပ်ပြီး ၂ရက်ကြာတော့ DB ထုတ်တဲ့နေရာမှ ဉာဉ့်နက်ခဲ့လို့ အိမ်ပြန်အိပ်နေတုန်း “ရာမ" ဖက်ရှင်နှင့်အထည်ချုပ် လုပ်ငန်း ဦးစီးတဲ့ ဆရာကြီး ဦးနေမျိုးနိုင် မှ ၁၀သိန်းကျပ် လာရောက် လှုဒါန်းသွားပြီး ကယ်ဆယ်ရေးလုပ်တဲ့နေရာတွေ၊လောလောလတ်လတ် အဆင်ပြေအောင် ငလျင်ဒဏ်သင့်မိဘပြည်သူတွေကို ၁သိန်းကျပ် ၅သောင်းကျပ် လိုအပ်တယ်ထင်ရင် ပိုလှုခဲ့လိုက်တယ်၊အိမ်ကအမေနဲ့မိသားစုဝင်တွေဆို အေးဆေးနေနေရတယ်မထင်နဲ့သားတွေ လမ်းကြောင်းသွားရင်စားဖို့ ချက်ပြုတ်ပေးရတာ အမော လှုမယ့်ပစ္စည်းတွေဆို အိမ်မှာ ဈေးရောင်းကူတဲ့အစ်ကိုကြီးကအစ အထုပ်တွေထုတ်ကူခဲ့တာ၊အမေက သူ့သားကြီး ဝါသနာသိလို့ အမေလည်း ကျွန်တော်နဲ့ထပ်တူ အဖြစ်ဆိုးတွေခံစားခဲ့ရတာမို့ အရင်ကထပ် ပိုပြီး ပံ့ပိုးတယ်၊အဖေကဆို လမ်းကြောင်းထွက်တဲ့အခါ ကားလိုက်မောင်းပြီး ကူညီတာ၊ပံ့ပိုးမှု့ပေးတဲ့ မိသားစုရှိလို့ နောက်ဆံမတင်းပဲ ထွက်နိုင်တာ၊ပိုက်ဆံမရှိရင် အမေ့ဌားပါအုန်းဆိုပြီး ခဏဌားပြီး လုပ်အားခရတဲ့အခါ ပြန်ပေးလိုက်တယ်။အိမ်မှာဆိုပန်းကန်တောင်မကျတဲ့သူတွေက မိဘပြည်သူအတွက်ဆို အမှိုက်ပုံပေါ်မှာ ထမင်းစားရမလား လာထား ငြိမ်းသတ်ရင်းရတဲ့အတွေ့အကြုံလေးတွေ ဝေမျှရင်း မြိန်ရေရှက်ရေစားကျတာလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေပါပဲဗျာ့၊မိဘပြည်သူ ဒီအချိန်ခက်ခဲနေမှန်းသိလို့ ဘာလိုလို အလှုမခံဘူး ကိုယ်တိုင်စုဝယ်တယ်၊ကျွန်တော်တို့အဖွဲ့မှာ လူနာတင်ယာဉ်လိုအပ်နေတယ် မိတ်ဆွေတွေထံ အလှုခံကြည့်ပြီးပြီ သူတို့လည်း အဆင်မပြေကျတာမို့ ကျွန်တော့် ညီတွေနဲ့အလုပ်ပိုကြိုးစားပြီး ဝယ်မယ်ဆိုပြီး၊အလုပ်တစ်ခု စတင်အကောင်ထည်ဖော်နေပါပြီ အဲ့အလုပ်ကတော့ ကား/ဆိုင်ကယ်ရေတိုင်ကီထဲထည့်ရတဲ့ “ရေစိမ်း"ကိုအာမခံ အရေအသွေးနဲ့ရောင်းချပေးသွားမှာပါ။ကျွန်တော် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တစ်ယောက်အနေနဲ့မိဘပြည်သူကို ကူညီကယ်ဆယ်လာတာ ကျွန်တော့်အသက်မကတော့ပါဘူးဗျာ့ ကူညီလာတဲ့ထဲမှာ လူမျိုး၊ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာအကူအညီတောင်းရင် ကူညီပေးလိုက်တယ် အဆင်ပြေသွားရင် ပီတိဖြစ်ရုံမှတပါး အခြားမရှိပါ ကျေနပ်စွာနဲ့အမေချက်ကျွေးတာလေး အေးဆေးစားပြီး မိဘပြည်သူအပူ ကူငြှိမ်းနေတဲ့ Volunteer ဆိုသည့်အတိုင်း နေတဲ့ ကျွန်တော် အမရပူရမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် Rapper ဆိုတာ ကျွန်တော်ပါပဲ🇲🇲👨🚒🚒
AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team
0️⃣9️⃣9️⃣5️⃣7️⃣9️⃣8️⃣4️⃣1️⃣9️⃣1️⃣
06/10/2025
🔥မီးသတင်း🔥
ချမ်းမြသာစည်မြို့နယ် ၆၂လမ်း ၁၀၃လမ်းတွင် လူနေအိမ် RC 2ထပ် မီးလောင်ကျွမ်းမှု့ဖြစ်ပွား
ဗဟိုမီးသတ်ဌာနမှ Level-1 ယာဉ်အုပ်စုလွှတ်ထား
Edit-ဗဟိုမှ Level-2 ယာဉ်အုပ်စုထပ်မံလွှတ်ထား
🚒👨🚒🇲🇲🚒👨🚒🇲🇲🚒👨🚒🇲🇲🚒👨🚒🇲🇲🚒👨🚒🇲🇲
မန္တလေးတိုင်းဒေကြီးအတွင်း အရေးပေါ် အခြေအနေနဲ့ကြုံခဲ့ပါက-
အရေးပေါ် ☎️191
ဗဟိုမီးသတ် ☎️02-4060739,02-4060740
အမရပူရမြို့နယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြို့နယ် ☎️02-5154974
ပုသိမ်ကြီးမြို့နယ် ☎️02-4058056
ချမ်းမြသာစည်မြို့နယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြို့နယ် ☎️02-4076362
အောင်မြေသာစံမြို့နယ်☎️02-4060200
ချမ်းအေးသာစံမြို့နယ်☎️02-4060738
အမရပူရမြို့နယ်ရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ဖုန်းနံပတ်များ
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးခင်မောင်ဝင်း☎️09797374680 အမရပူရ ဗုံးအိုး အရန်မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးမျိုးကျော်☎️09775702913 အမရပူရ တောင်သမန် အရန်မီးသတ်စခန်း
ဦးအောင်ကျော်လင်း☎️09774456695 အမရပူရ ရွှေကြက်ယက် အရန်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော် NSCI
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
ဦးဇင်မောင်မြင့်☎️09985901706 အမရပူရ အနောက်ခြမ်း သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
🇲🇲👨🚒🚒မိဘပြည်သူအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့🇲🇲👨🚒🚒
06/10/2025
🔥မီးသတင်း🔥
ပြည်ကြီးတံခွန်မြို့နယ် ၁၃၁×၁၃၂ ကြား လမ်း၆၀တွင် မီးလောင်မှု့ဖြစ်ကြောင်းသတင်းရရှိ။နယ်မြေခံမီးသတ်ကားများ ထွက်ခွာငြိမ်းသတ်🇲🇲👨🚒🚒
သတင်းရချိန်-၇:၃၁
မီးထိန်းချိန်-၇:၃၆
Edit-မီးငြိမ်း-၇:၄၆
မန္တလေးတိုင်းဒေကြီးအတွင်း အရေးပေါ် အခြေအနေနဲ့ကြုံခဲ့ပါက-
အရေးပေါ် ☎️191
ဗဟိုမီးသတ် ☎️02-4060739,02-4060740
အမရပူရမြို့နယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြို့နယ် ☎️02-5154974
ပုသိမ်ကြီးမြို့နယ် ☎️02-4058056
ချမ်းမြသာစည်မြို့နယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြို့နယ် ☎️02-4076362
အောင်မြေသာစံမြို့နယ်☎️02-4060200
ချမ်းအေးသာစံမြို့နယ်☎️02-4060738
အမရပူရမြို့နယ်ရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ဖုန်းနံပတ်များ
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးခင်မောင်ဝင်း☎️09797374680 အမရပူရ ဗုံးအိုး အရန်မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးမျိုးကျော်☎️09775702913 အမရပူရ တောင်သမန် အရန်မီးသတ်စခန်း
ဦးအောင်ကျော်လင်း☎️09774456695 အမရပူရ ရွှေကြက်ယက် အရန်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော် NSCI
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
ဦးဇင်မောင်မြင့်☎️09985901706 အမရပူရ အနောက်ခြမ်း သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
🇲🇲👨🚒🚒မိဘပြည်သူအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့🇲🇲👨🚒🚒
03/10/2025
သီတင်းကျွတ် အခါသမယနားလည်း နီးပြီဆိုတော့ ပျော်ပွဲရွှင်ပွဲတွေလည်း ပေါသလို သွားရောက်ပျော်ပါးကျမယ့် မိတ်ဆွေ၊ဆွေမျိုးများနှင့်မိဘပြည်သူများအတွက် သတိပေးနှိုးဆော်စာလေးနဲ့မေတ္တာရပ်ခံ နှိုးဆော်ပန်ကြားအပ်ပါတယ်ခင်ဗျာ့။
👨🚒၁။သောက်စားမူးယစ်မည်ဆိုပါက ကား/ဆိုင်ကယ်/အိုးဝေ လုံးဝလုံးဝ မမောင်းပါနှင့်
👨🚒၂။ခိုက်ရန်ဖြစ်ပွားခြင်း၊လူစုလူဝေးရှိတဲ့နေရာများသို့သွားရင် ချွန်ထက်စေသည့် လက်နက်(သို့)ဓားများ လုံးဝလုံးဝ မယူဆောင်ပါနဲ့ဘာလို့လည်းဆိုရင် ကိုယ်က ပျော်ဖို့သွားတာ အပျက်လုပ်ဖို့သွားတာမဟုတ်လို့ပါပဲ
👨🚒၃။ခိုက်ရန်ဖြစ်ပွားနေသည့် အနားသွားရောက်ပြီး မစပ်စုကျပါနဲ့မိမိနဲ့ပါလာသည့် လူအရေအတွက်နှင့်ပါလာသည့် လူ အန္တရာယ်ကင်းရှင်းအောင် စုရပ်ထားစုကာ အခြေနေမကောင်းရင် ဆက်လက်မပျော်ပါးတော့ပါနဲ့အိမ်ပြန်ကျပါ။
👨🚒၄။အရက်၊ဘီယာသောက်စားတတ်သူတို့ ကား/ဆိုင်ကယ်မောင်းခဲ့ရင် ဖြေးဖြေးမောင်းဖို့ မသောက်စားတတ်သူက တတွတ်တွတ် မှာကြားပေးပါ
👨🚒၅။လုံခြုံရေးအဖွဲ့အစည်းများ စစ်ဆေးသည့်အခါတွင်လည်း ငါတော့ ဘယ်သူ့ပိုင်တယ်၊ဘယ့်ဝါပိုင်တယ်ဆိုပြီး ကြည်ဖြူစွာ အစစ်ဆေးမခံလျှင် ခံရမည်က မိမိကိုယ်တိုင်သာဖြစ်ပါသည်။
👨🚒၆။လူစုလူဝေးရှိသည့်နေရာသွားရောက်ပျော်ပါးလျှင် အဖိုးတန်လက်ဝတ်ရတနာများဝတ်စားကာ သွားရောက်လည်ပတ်ခြင်းမပြုကျပါနှင့်ပျော်ဖို့သွားတာ ဂုဏ်ပြိုင်ဖို့အတွက်မဟုတ်လို့ပါ။
👨🚒၇။မိမိတို့ သွားမည့်ကား(ဝါ)အိုးဝေ(ဝါ)ဆိုင်ကယ် ကြံ့ခိုင်အရင် စစ်ဆေးပါ၊ကြံ့ခိုင်မှု့မရှိရင် လုံးဝမသွားပါနှင့်ဒီလမ်းဒီခရီး အပျော်အနေနဲ့မသွားလိုက်ရလို့လည်း ဘာမှမဖြစ်သလို၊ဇွတ်သွားလိုက်လို့ ဖြစ်ခဲ့ရင် ကျန်ရစ်တဲ့ မိသားစုပဲ ရင်ကျိုးရမှာဖြစ်ပါတယ်။
👨🚒၈။အသက်မပြည့်သေးသည့် ကလေးသူငယ်များအား ကား၊ဆိုင်ကယ်၊အိုးဝေ ပေးမောင်းခြင်း၊ကလေးသူငယ်တွေချည်း ပေးလွှတ် ပျော်ပါးခြင်း မပြုကျရန် မိဘဆွေမျိုးများမှ တားမြစ်ပေးပါရန်။
👨🚒၉။မြစ်၊ချောင်း၊အင်း၊အိုင်များတွင် သွားရောက်ပျော်ပါးလျှင် လုံခြုံရေး စည်းတားထားတဲ့ အတွင်းမှာပဲ ပျော်ပါးကျပါ လုံခြုံရေး စည်းကျော်ပြီး ပျော်ပါးခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း မနည်းပါဘူး၊ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ရပြီး အလောင်းဆယ်ဖို့ ကူညီပေးခဲ့ရဖူးပါတယ်။
👨🚒၁၀။အပျော်အနေနဲ့သီတင်းကျွတ် မီးပုံပျံ လွှတ်တင်မည်ဆိုပါက လွှတ်တင်မည့်နေရာတွင် လျှပ်စစ်မီးကြိုးများ၊သစ်ပင်၊သစ်ကိုင်းများ ရှုပ်ထွေးနေသည့် နေရာများမှ မလွှတ်တင်ကျပါနဲ့လူသူကင်းရှင်း ကွင်းပြောင်ပြောင်နေရာမျိုးမှ လွှတ်တင်တာ အကောင်းဆုံးပါ၊မတော်တဆ မီးပုံပျံ ပျက်ကျလို့ မိဘပြည်သူအိမ်ပေါ်သို့ ကျရောက်ပြီး မီးလောင်ကျွမ်းမှု့ဖြစ်ခဲ့ရင် နစ်နာသူကလည်း မိဘပြည်သူပဲဖြစ်မှာပါခင်ဗျာ့၊ကိုယ်ကတော့ အပျော်သဘောနဲ့လွှတ်တင်ပေမယ့် တဖက်လူမှာ အိုးမဲ့အိမ်မဲ့အခြေနေသို့ ရောက်ရှိသွားတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိခဲ့ဖူးပါတယ်။
👨🚒၁၁။ကျယ်လောင်သော ဗျောက်အိုးဖောက်ခြင်း၊ယမ်းအားပြင်း မီးရှုးမီးပန်းလွှတ်တင်ခြင်းများ မပြုလုပ်ကျပါနှင့်အကယ်၍ လူသူကင်းဝေးတဲ့နေရာမှ လွှတ်တင်မည်ဆိုရင်လည်း ကလေးသူငယ်များအား ပေး၍ မလွှတ်တင်ခိုင်းပါနဲ့ဗျောက်အိုးလက်ထဲကွဲလို့ လက်ဖြတ်လိုက်ရတဲ့ ကလေးသူငယ်တွေလည်း နှစ်စဉ်ကြုံတွေ့နေရတာမို့ပါ။
အထက်ပါ အချက်အလက်လေးတွေက ကျွန်တော် ကိုယ်တွေ့၊စာတွေ့၊လက်တွေ့ ကြားမြင်သိရှိထားတာလေးတွေကို ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။
သီတင်းကျွတ်အခါသမယမှာ မိဘဆွေမျိုးဘိုးဘွားများအား လိုက်လံကန်တော့ပြီး ငြိမ်းချမ်းအေးချမ်းတဲ့ သီတင်းကျွတ်ပိတ်ရက်လေးဖြစ်ပါစေလို့ ကျွန်တော်တို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်ခင်ဗျာ့🙏🙏🙏
Myanmar Fire Services Department Of AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team
မန္တလေးတိုင်းဒေကြီးအတွင်း အရေးပေါ် အခြေအနေနဲ့ကြုံခဲ့ပါက-
အရေးပေါ် ☎️191
ဗဟိုမီးသတ် ☎️02-4060739,02-4060740
အမရပူရမြို့နယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြို့နယ် ☎️02-5154974
ပုသိမ်ကြီးမြို့နယ် ☎️02-4058056
ချမ်းမြသာစည်မြို့နယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြို့နယ် ☎️02-4076362
အောင်မြေသာစံမြို့နယ်☎️02-4060200
ချမ်းအေးသာစံမြို့နယ်☎️02-4060738
အမရပူရမြို့နယ်ရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ဖုန်းနံပတ်များ
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးခင်မောင်ဝင်း☎️09797374680 အမရပူရ ဗုံးအိုး အရန်မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြို့နယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးမျိုးကျော်☎️09775702913 အမရပူရ တောင်သမန် အရန်မီးသတ်စခန်း
ဦးအောင်ကျော်လင်း☎️09774456695 အမရပူရ ရွှေကြက်ယက် အရန်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော် NSCI
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
ဦးဇင်မောင်မြင့်☎️09985901706 အမရပူရ အနောက်ခြမ်း သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
🇲🇲👨🚒🚒မိဘပြည်သူအတွက် အသင့်ရှိနေမယ့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့🇲🇲👨🚒🚒
ပုံပါဖြစ်စဉ်လေးကတော့ ၂၉.၉.၂၀၂၅ရက်နေ့က ပြင်ဦးလွင်မြို့နယ် ၈ထပ်ရေတံခွန်မှာ ရေလာဆော့ရင်း ပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လေးဖြစ်ပါတယ်၊ပျော်ဖို့သွားရင်း ခန္ဓာပျက်ခဲ့ရတဲ့သူတွေအတွက်လည်း များစွာစိတ်မကောင်းဖြစ်ခဲ့သလို ကယ်ဆယ်ရေးလုပ်ကျတဲ့ ဆရာ၊အကို၊ညီများအတွက်လည်း ခဲရာခဲဆစ် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရပါတယ်ခင်ဗျာ့။
02/10/2025
🇲🇲မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သမိုင်းအကြောင်းလေး
🇲🇲သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်တွင် မီးကပ်တပ်သား (၆၆၃)ဦး (သောသောညံ ပုဂံမီးဆော်မောင်း) ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေး ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ရှေးခေတ် မြန်မာမင်းအဆက်ဆက် လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော် မီးဘေး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အထောက်အထားများရှိခဲ့သည်။ ခရစ်သက္ကရာဇ် (၁၀၄၄) ခုနှစ်၊ မြန်မာသက္ကရာဇ် (၄၀၆) ခုနှစ်၌ နန်းတက်သော ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင် နိုင်ငံတော်မီးဘေးကာကွယ်ရေး အတွက် ရှေးခေတ်အခေါ် မီးကပ်သား (၆၆၃) ဦး အား ခန့်ထားပြီး မီးဘေးကာကွယ်ရေးကို ဆောင်ရွက်ခဲ့ကြောင်း သမိုင်းအထောက်အထားများရှိခဲ့သည်။
ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်းနှင့် မြေလတ်ပိုင်းအထိ နယ်ချဲ့တို့၏လက်အောက်သို့ ကျရောက် ခဲ့ရသည်။ နယ်ချဲ့တို့သည် ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများတွင် ယင်းတို့၏ စီးပွားရေး လုပ်ငန်း စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ အဆောက်အအုံ၊ လူနေအိမ်များ မီးဘေးကာကွယ်ရေး အတွက်သာ ၎င်းတို့၏ အမျိုးသားများပါဝင်သော မီးသတ်အဖွဲ့များကို ၁၈၈၃ ခုနှစ် တွင် ဖွဲ့စည်းထားရှိခဲ့ပြီး မြင်းများဖြင့် ရေးဆွဲရသော ရေနွေးငွေ့သုံးမီးသတ်စက်ကို မြန်မာပြည်သို့ တင်သွင်း အသုံးပြုခဲ့သည်။
၁၈၈၅ ခုနှစ်၊ အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်္ဂလိပ်တို့သည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေးအရ အဓိကအချက်အချာကျသောမြို့များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ မြို့များ၏ မီးဘေးကာကွယ်ရေးအတွက် အင်္ဂလိပ်ကပြားများ၊ စစ်တကောင်းကုလားများပါသော မီးသတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ကျန်မြို့ရွာများ၏ မီးဘေးအန္တရာယ်ကာကွယ်မှုအား လျစ်လျူရှုထားသဖြင့် မြို့ရွာမီးဘေး ကာကွယ်ရေးအတွက် မြန်မာလူငယ်များပါဝင်သည့် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများကို ဒေသအလိုက် ဖွဲ့စည်းခဲ့ကြသည်။ အပျော်တမ်းမီးသတ်အဖွဲ့အစည်းများ သည် စေတနာ့မီးသတ်အသွင်သို့ တဖြည်းဖြည်းကူပြောင်းဖွဲ့စည်းကာ မြို့ရွာများ၏ မီးဘေးအန္တရာယ် သာမက နိုင်ငံ၏လွတ်လပ်ရေးအတွက် ပါဝင်လှုပ်ရှားလာကြသည်။ ကွဲပြားနေသော မီးသတ်အဖွဲ့အစည်း များကို စုစည်းရန်အတွက် ၁၉၄၆ ခုနှစ်၊ မေလ (၅) နေ့၊ တနင်္ဂနွေနေ့၊ ရန်ကုန်မြို့၊ ကန်တော်လေး၊ ဇိနတ်အစ္စလာမ်မိန်ခလေးကျောင်းခန်းမတွင် ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပခဲ့ရာ တစ်ပြည်လုံးရှိ (၁၉) ခရိုင်မှ ကိုယ်စားလှယ်ပေါင်း (၁၉၇) ဦး စုံညီစွာ တက်ရောက်ခဲ့ကြသည်။ ယင်းညီလာခံကြီးသို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုက်တက်ရောက်၍ မီးသတ်လုပ်ငန်းနှင့် ပတ်သက်၍ လမ်းညွှန်ဩဝါဒ မိန့်ကြားခဲ့သည်။
၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးနှင့် ဒေသန္တရဝန်ကြီးဌာနအောက်တွင် မီးသတ်ဦးစီးဌာနကို ထားရှိပြီး အမှုထမ်း (၂၁) ဦး ဖြင့် စတင်ခန့်ထားဆောင်ရွက်ခဲ့ရာတွင် ဦးလှကျော်အား ညွှန်ကြားရေးဝန်အဖြစ် စတင်ခန့်ထားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မီးသတ်အဖွဲ့ အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး မီးသတ်ဌာနကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွေ့ခန့်ထားခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ညွှန်ကြားရေးဝန်အဖြစ် ဦးခင်မောင်လွင်အား ၁၉၅၆ ခုနှစ်အထိ ခန့်ထားခဲ့သည်။ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ယခင်ညွှန်ကြားရေးဝန် ဦးလှကျော်အား ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မီးသတ်ဝန်ထမ်းနှင့် မီးသတ်အဖွဲ့အက်ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တက်လာသည့် အချိန်မှစ၍ ဒုတိယဗိုလ်မှူးကြီး စိန်လွင်မှ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရသည် မီးသတ်တပ်ဖွဲ့ဥပဒေကိုပြဋ္ဌာန်း၍ လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ စည်းကမ်းစနစ်ကျနမှု ပိုမိုရှိလာစေရေး အတွက် တပ်ဖွဲ့အသွင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကာလတွင် ၁၉၉၀ ပြည့်နှစ် မတ်လ(၁)ရက်နေ့မှစ၍ မီးသတ်ဦးစီးဌာနအား အင်အား(၇၈၃)ဦး ထပ်မံဖြည့်စွက် တိုးချဲ့ ခွင့်ပြုသဖြင့် တပ်ဖွဲ့အင်အားစုစုပေါင်း (၂၅၈၁) ဦးဖြစ်လာခဲ့ပြီး မြို့နယ်ပေါင်း (၃၇၁)မြို့နယ်ရှိသည့်အနက် မြို့နယ် ရုံးပေါင်း (၄၅)မြို့နယ်၊ မီးသတ်စခန်းပေါင်း(၁၇၃)စခန်းအဖြစ်သို့ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှစ၍ မီးသတ်ဦးစီးဌာနကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အောက်တွင် ထားရှိခဲ့ရာမှ ၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အောက်သို့ပြောင်းရွှေ့ထားရှိခဲ့သည်။
မီးသတ်သင်တန်းကျောင်း (ရန်ကုန်) ကို ၁၉၅၂ ခုနှစ်မှ စတင်၍ အမှတ် ၁၇၁၊ အလုံလမ်း၊ ဒဂုံမြို့နယ် (ယခုပြည်သူ့ရင်ပြင်) တည်ရှိရာနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ အမှတ်(၄) ဗမာ့သေနတ်ကိုင်တပ်ရင်း (ယခု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး) တည်ရှိရာနေရာတွင် ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး အခြေခံမီးသတ် သင်တန်း အမှတ်စဉ် (၁) မှ (၁၈) အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ နာဂလှိုင်ဂူကုန်းမြင့် (ယခုစွယ်တော်မြတ်စေတီတော်) တည်ထားကိုးကွယ်ရာနေရာတွင် သင်တန်းကျောင်း ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး ၎င်းနောက် ၁၉၉၆ ခုနှစ်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အုပ်ပုံဆိပ်လမ်းနှင့် စွယ်တော်မြတ်စေတီလမ်းထောင့်သို့ ထပ်မံပြောင်းရွေ့ခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ကိုယ်တိုင် ဗဟိုမီးသတ် သင်တန်းကျောင်း (ပြင်ဦးလွင်) ကို စတင် ဖွင့်လှစ်ပေးခဲ့သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် မီးသတ်ဦးစီးဌာနသည် လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ပြောင်းရွေ့ခဲ့သည်။ လက်ရှိတွင် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပြီး ဝန်ထမ်းအင်အား စုစုပေါင်းအင်အားမှာ ၂၄၆၅၉ ဦး ဖြစ်သည်။ လက်ရှိအင်အားမှာ ၁၂၃၉၄ ဦး ဖြစ်သည့် အတွက် လစ်လပ်ဝန်ထမ်း ဦးရေ ၁၂၂၆၅ ဦး ဖြစ်သည်။
🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆိုတာ ပုဂံ ခေတ်ကတည်းက ဖွဲ့စည်း တည်ဆောက်ထားတဲ့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အစိုးရဌာန အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ မီးသတ်ဌာနရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မြန်၃မြန်နှင့်အတူ မိဘပြည်သူရဲ့ အသက်အိုးအိမ်တိုက်တာစည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်လာတာဆိုရင်ဖြင့် ပုဂံခေတ် ကတည်းကဆိုတာ သမိုင်းကြောင်း အထောက်အထားတွေနဲ့ရှိပြီးသားဖြစ်ပါတယ်၊ကျွန်တော်ဆိုရင်လည်း အရန်မီးသတ်ထဲကို စဝင်ပြီဆိုတာနဲ့မိဘပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မိမိအသက်နှင့်ရင်းပြီး ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာအဓိဌာန်ပြုထားပါတယ်၊သစ္စာအဓိဌာန်ရွတ်ဆိုထားတဲ့ အတိုင်းလည်း မီးလောင်ပြင်တွေမှာ၊ရှာဖွေကယ်ဆယ်ရေးဖြစ်စဉ်တွေမှာ မိမိရဲ့အသက်ကို ပဓာနမထားပဲ ထိမိခိုက်မိခဲ့ရင်တောင် မိမိဘာသာ ကြိတ်မှိတ်ခံစားကာ ကျွန်တော်ထမ်းဆောင်ရမယ့် တာဝန်ကို ကျေပွန်သည်ထက် ဝါသနာကိုအရင်းခံပြီး ကူညီကာကွယ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ကျွန်တော် ယခင်က အရက်၊ဘီယာ ကိုကြိုက်နှစ်သက်တဲ့ လူငယ်တစ်ဦးပါ၊ကျွန်တော် အရက်၊ဘီယာသောက်ထားချိန်နှင့်မီးငြိမ်းသတ်ရေး(ဝါ)ရှာဖွေကယ်ဆယ်ရေးလုပ်ရမည့်အချိန်နှင့်တိုက်ဆိုင်ခဲ့ရင် မိဘပြည်သူနှင့်အနီးကပ်ထိတွေ့ရချိန် အလွဲအမှားများပါမည်ကို စိုးရိမ်ကာ အရက်၊ဘီယာ သောက်ခြင်းကို ရာသက်ပန်စွန့်လွှတ်လိုက်တဲ့ လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ရွယ်တူ လူငယ်တွေ ပျော်ပါးနေချိန် ကျွန်တော် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေရလို့လည်း စိတ်ပျက်ခြင်း၊စိတ်မပါခြင်းများလည်း လုံးဝ လုံးဝမရှိပါ ဘာလို့လည်းဆိုရင် ကျွန်တော်ကိုယ်တိုင်ကိုက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့မိဘပြည်သူကို ကူညီခွင့်ရရင်ကို ပီတိဖြစ်နေသူမို့ပါ၊ဝါသနာကို အရင်းခံလို့ မီးသတ်တပ်ဖွဲ့ကြီးကို ချစ်မြတ်နှိုးလွန်းတာ သိလို့ ကျွန်တော့်ကို မွေးပေးထားတဲ့ မိဘနှစ်ဦးနှင့်မိသားစုဝင်များနှင့်ဆွေမျိုးများက ကျွန်တော် ကူညီကယ်ဆယ်၊ငြိမ်းသတ်ရေး ထွက်ရတဲ့အခါ လိုသည်ထပ်ပိုပြီး ထောက်ပံ့ပေးပါတယ်၊ကျွန်တော်တစ်ဦးတစ်ယောက်ထဲအတွက်တင် မဟုတ်ပဲ တပ်ဖွဲ့ဝင် ဆရာ၊အကို၊ညီတွေအတွက်ပါ ထောက်ပံ့ပေးပါတယ်။မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆိုတာ မီးငြိမ်းသတ်ရာမှာလည်း လျင်မြန်၊ကျွမ်းကျင်စွာနှင့်မီးလောင်မှု့ဖြစ်စဉ်တွေမှာ မိနစ်ပိုင်းနဲ့ငြိမ်းသတ်နိုင်တယ်ဆိုတာလည်း မိဘပြည်သူသိရှိပြီးဖြစ်မှာပါ။မြန်မာနိုင်ငံမှာ ရှေးအကျဆုံးနှင့်သက်တမ်းအကြာဆုံး အရန်မီးသတ်စခန်းဟာဆိုရင်လည်း တနင်္သာရီတိုင်း မြိတ်မြို့တွင် တည်ရှိပါတယ်၊မိဘပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် အသက်ပေးပြီး ကာကွယ်စောင့်ရှောက်သွားတဲ့ စီနီယာ ဘဘကြီး၊ဦးလေး၊ဆရာ၊အကိုတွေကိုလည်း ဒီကနေပဲ အစဉ်ထာဝရလေးစားမှု့ဖြင့် ကန်တော့လိုက်ပါတယ်🙏🙏🙏
Myanmar Fire Services Department Of AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team
🇲🇲👨🚒🚒191🇲🇲👨🚒🚒
0️⃣9️⃣9️⃣5️⃣7️⃣9️⃣8️⃣4️⃣1️⃣9️⃣1️⃣
🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒🚒🇲🇲👨🚒
27/09/2025
ရန်ရှောင်းကွင်း ကုမ္ပဏီ မိသားစုမှ ပို့ပေးလိုက်တဲ့ “သီတင်းကျွတ် လက်ဆောင်"လေးလည်း AP Swal Taw NSCI Auxiliary Fire&Rescue Volunteers Team မှလက်ခံရရှိပါတယ်ခင်ဗျာ့🤝🤝🤝
ရန်ရှောင်ကွင်း ကုမ္ပဏီ မိသားစုလည်း များစွာအောင်မြင်ပြီး စီးပွားဥစ္စာ ဒီရေအလားတိုးတက်ကာ အနာရောဂါကင်းရှင်းပြီး ကျန်းမာသောဘဝလေး ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ့🙏🙏🙏