12/03/2026
၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအတွက် အချက်အလက် အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်ရလဒ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင်မဖြစ်မနေ အခြေခံအသုံးပြုကြမည်ဖြစ်သဖြင့် ယင်းကိန်းဂဏန်း အချက် အလက်များကိုစစ်တမ်းနှင့်စာရင်းအင်း ရေးဆွဲသူများ၊ အချက်အလက် အသုံးပြုသူများအနေဖြင့်အကျိုးရှိရှိ အသုံးပြုဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
05/03/2026
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်း အကျိုး ဖြစ်ထွန်းစေမည့် ဌာန၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးမင်းဟိန်းနှင့် ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မှနိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုး ဖြစ်ထွန်းစေမည့် ဌာန၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်သူလူထုအတွက်ထိရောက်သောဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး တိုက်တွန်းမှာကြားခဲ့ပါသည်။
01/03/2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁ ရက်၊ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်း ရှိ ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊မြန်မာအာကာသအေဂျင်စီ၊ အာကာသ ပြတိုက်(ရန်ကုန်)တို့က ကြီးမှူး၍ပထမဆုံးအကြိမ်အဖြစ် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံးအခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲသို့သွားရောက်လေ့လာကြည့်ရှုအားပေးသည်။
ယင်းသို့ သွားရောက်ကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးအားမြန်မာအာကာသအေဂျင်စီ နှင့် အာကာသပြတိုက်(ရန်ကုန်)တို့မှ တာဝန်ရှိသူများကလက်ရှိ အခြေခံပညာအလယ်တန်း အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လိုက်လံရှင်းလင်း ပြသကြပြီး ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင် ကျာင်းသား/ ကျောင်းသူများအား နှုတ်ဆက်အားပေးကာ အဆာပြေအဖြစ် အအေးနှင့်မုန့်များ၊ ချီးမြှင့်ငွေများကို တစ်ဦးချင်း လိုက်လံဝေငှ ပေးအပ် ပြီးနောက်ပြိုင်ပွဲအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးဒေါက်တာ ချိုချိုမြတ်အောင်က လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုပ်များ၏ သရုပ်ပြဖျော်ဖြေမှုများကိုကြည့်ရှု အားပေးပြီးနောက် စကြဝဠာ တည်ရှိမှုသမိုင်းကြောင်းနှင့် အာကာသအတွင်းရှိကမ္ဘာမြေနှင့် ဂြိုဟ်ကြီးများအကြောင်း၊ အာကာသနည်းပညာဆိုင်ရာသိကောင်းစရာများနှင့် ပတ်သက်၍ အများပြည်သူ သိရှိနားလည်ဗဟုသုတ ရရှိစေရေးအတွက် ခင်းကျင်းပြသထားသည့် အာကာသဆိုင်ရာ ပြခန်းများအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်လိုက်လံ ရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့က အာကာသဆိုင်ရာပြခန်း တာဝန်ခံများအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ကြပြီးပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။
27/02/2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓ၊ မဟာစွယ်တော်မြတ် ၏ (၉၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်၊ယနေ့ မွန်းတည့် (၁၂) နာရီက မြတ်စွယ်တော်ဘုရားတန်ဆောင်း၌ကျင်းပရာ အခမ်းအနားသို့ မြတ်စွယ်တော် ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနမဟာနာယကဩဝါဒါစရိယ ၊သာသနာဓဇဓမ္မာ စရိယ၊ ပရိယတ္တိဓမ္မနုဂ္ဂဟဓမ္မာစရိယ၊ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဓန္တ ပညာဇောတ အမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြတ်စွယ်တော်ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညို ခဲ့ကြပါသည်။
25/02/2026
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများ အနက် အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများ၊ နိုင်ငံသား ကတ်ပြား ပျေက်ဆုံး/ပျက်စီး၊ မိတ္တူလျှောက်ထားသူများကို One Stop Service ဖြင့် ကွင်းဆင်း ဆောင်ရွက်ထုတ်ပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ၂၅ ရက်နေ့
24/02/2026
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရာဂီမုန်တိုင်းဒဏ်ကြောင့်ရေကြီး နစ်မြုပ်ပျက်စီးဆုံးရှုံးသွား သည့် ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးအဆောက်အဦအား အကြီးစားပြင်ဆင်ဆောင်ရွက်နေ မှု၊ ယာယီရုံးများဖွင့်လှစ်ထားသည့်နေရာ၌ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများအားတွေ့ဆုံ မှာကြားခဲ့ပါသည်။
23/02/2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ (၂၃) ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေး ဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင်ဇင်ယော်များအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ် (၁)၊ (၂)၊ (၃) စသည့် ရေယာဉ် (၃) စီးပေါ်သို့ တက်ရောက်ကာ ရေယာဉ်တစ်စင်းချင်းအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ ရေယာဉ်စက်ခန်းနှင့် တက်မခန်းများအခြေအနေ၊ ရေယာဉ် လူဝင်မှု စစ်ဆေးရေးတာဝန်ထမ်းဆောင်မည့် ကုန်းပတ်များနှင့် ဝန်ထမ်းများအနေဖြင့် ရေယာဉ် ပေါ်တွင် လိုက်ပါစီးနင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး စိစစ်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
05/02/2026
၅-၂-၂၀၂၆ရက်နေ့
ဘားအံမြို့နယ်တွင်းရှိအသက် (၁၈) နှစ်ပြည့်မှီလာသည့်အိန္ဒိယနွယ်ဘွားများအားနိုင်ငံသားပြုခွင့်လက်မှတ်ထုတ်ပေးနိုင်ရေးဘားအံမြို့နယ်ရုံးဝန်ထမ်းများမှဆောင်ရွက်ပေးခြင်း
03/02/2026
ပြည်ထောင်စုဝန်ကြီးမှဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုခြင်း
ယနေ့ ရွေးကောက်ပွဲ အပိုင်း(၁)၊(၂)နှင့်(၃)တို့ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်၊ နိုင်ငံတော်အတွက်လွန်စွာအရေးကြီးလှသော ဤလုပ်ငန်းစဉ်တွင်(၅)နှစ်မျှ ကာလအတွင်း မဲစာရင်းများပြည့်စုံမှန်ကန်စေရေး၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့်ပြည်သူအားလုံးနိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးအချိန်မှီရရှိကိုင်ဆောင်နိုင်ရေး၊ ပြည်သူများအနေဖြင့်မဲစာရင်းတွင်မှန်မှန်ကန်ကန်ပါဝင်စေရေးတို့အတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဦးစီးဋ္ဌာန(ရုံးချုပ်)များ၊ ပြည်နယ်/တိုင်း ဒေသကြီးဦးစီးမှူးရုံးများ၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးအသီးသီးတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသော မိမိတို့ဝန်ထမ်းများအနေဖြင့် ပန်းခင်းအစရှိသောစီမံချက်များတွင် နေ့မအား၊ညမနား အန္တရာယ်အမျိုးမျိုးကြား၌ ခြိမ်းခြောက်ခံရခြင်း၊ အသက်အန္တရာယ်ကြုံရခြင်း၊ ထိခိုက်မှုများဖြစ်ပွားခြင်း စသော အခက်အခဲအမျိုးမျိုးတို့ကို ကြုံတွေ့ ခဲ့ရသော်လည်း သက်စွန့်ဆံဖျား ဇွဲသတ္တိ၊စွမ်းရည်ပြည့်ဝစွာဖြင့် မိမိတို့ထမ်းရွက်ခဲ့ရသော နိုင်ငံ့တာဝန်ကို ကျေပွန်အောင်မြင်အောင် စွမ်းစွမ်းတမံကြိုးစားလုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို အထူးလေးစားစွာဖြင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
30/01/2026
၃၀-၁-၂၀၂၆ ရက်နေ့
လွိုင်ကော်မြို့၊ဒေါနိုးကူးရပ်ကွက်ရှိပြည်သူများအား ဒေါနိုးကူးရပ်ကွက်ဓမ္မာရုံ၌ UID ရိုက်ကူးပေးခြင်း
25/01/2026
၂၅၊၁၊၂၀၂၆ရက်နေ့
ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်မှနိုင်ငံသားကတ် ပျောက်ဆုံးသူတိုက်ပွဲရှောင်ပြည်သူများအား
အချိန်မှီ ဆန္ဒမဲပေးနိုင်ရေးအတွက်နိုင်ငံသားကတ်ထုတ်ပေးနိုင်ရန်ဆောင်ရွက်ပေးခြင်း