အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်း - National Tuberculosis Program

အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်း - National Tuberculosis Program

Share

"တီဘီရောဂါကင်းဝေးဖို့၊ အားလုံးလက်တွဲပါဝင်လို့၊ စက္ကန့်မနှေးဆောင်ရွက်စို့"

24/03/2022

https://www.facebook.com/109808584764519/posts/155138016898242/

မင်္ဂလာပါ
ဒီနေ့လေးဟာ "ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့" "World TB Day" ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ဆောင်ပုဒ်လေးကတော့ "Invest to End TB. Save Lives" ဖြစ်ပါတယ်။ ဒီနေ့လေးကို ဂုဏ်ပြုတဲ့အနေနဲ့ "တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ကြိုးစားစို့ - Local Action Towards TB-Free Myanmar" Team မှ တစ်ကမ္ဘာလုံးဆိုင်ရာတီဘီနေ့အကြောင်းသိကောင်းစရာ ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

🌏 💡 တစ်ကမ္ဘာလုံးဆိုင်ရာတီဘီနေ့ဘယ်လိုပေါ် ပေါက်လာသလဲ?

✅ ၁၈၈၂ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဒေါက်တာ Robert Koch သည် တီဘီရောဂါဖြစ်စေသော ဘက်တီးရီးယားပိုးကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုရှာဖွေေတွေ့ရှိမှုသည် ရာစုနှစ်များစွာ လူသားတို့ တီဘီရောဂါကြောင့်ခံစားရသော ဝေဒနာ၊ အသက်ဘေး မှ လွတ်ကင်းအောင် ကာကွယ်၊ ကုသရန် မျှော်လင့်ချက် စတင်ရရှိသည့်နေ့ဟုလည်း ခေါ်နိုင်ပါသည်။ ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၈၂ ခုနှစ်မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း မတ်လ (၂၄) ရက်နေ့ကို ကမ္ဘာ့တီဘီရောဂါနေ့ အဖြစ် သတ်မှတ်ပြီး ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန် လှုံ့ဆော်ခြင်းများ ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပပြုလုပ်ကြပါသည်။

🛑 💥 တီဘီရောဂါက လူသားတွေအပေါ် ဘယ်လိုထိခိုက်မှုရှိနေလဲ?

✅ တီဘီရောဂါသည် လက်ရှိတွင် ရောဂါပိုးတစ်မျိုးကြောင့် သေဆုံးမှုတွင် ဒုတိယအများဆုံးသော ရောဂါဖြစ်ပြီး Covid-19 ကမ္ဘာ့ကပ်ရောဂါ မတိုင်မှီက တီဘီရောဂါဟာ လူသေဆုံးမှု အများဆုံးရောဂါ ဖြစ်ခဲ့ပါသည်။ တီဘီရောဂါသည် ကာကွယ်၊ ကုသနိုင်သော်လည်း ကမ္ဘာ့လူဦးရေ၏ ၃ပုံ၁ပုံမှာ တီဘီပိုးကူးစက်ခံနေရပြီး၊ တီဘီရောဂါကြောင့် တစ်နေ့လျှင် လူအယောက် ၂၈,၀၀၀ နီးပါးနာမကျန်းဖြစ်၍ ၄၁၀၀ ကျော်သည် နေ့စဥ်အသက်ဆုံးရှုံးနေရပါသည်။ မြန်မာနိုင်ငံမှာ ၂၀၂၀ခုနှစ်အတွင်း လူနှစ်သောင်းခန့် တီဘီရောဂါ အမျိုးမျိုးကြောင့် သေဆုံးခဲ့မယ်လို့ ခန့်မှန်းထားပါသည်။

🏆❗ တီဘီရောဂါကင်းစင်အောင် တိုက်ဖျက်မှု အရှိန်မြှင့်ရန် ဘာကြောင့်လိုအပ်လဲ?

✅ တီဘီရောဂါ တိုက်ဖျက်ရန် တစ်ကမ္ဘာလုံး၏ ကြိုးပမ်းမှုများသည် ၂၀၀၀ ပြည့်နှစ်မှ စရေတွက်လျှင် ခန့်မှန်းခြေ အသက် ၆၆ သန်း ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း COVID-19 ကပ်ရောဂါသည် တီဘီရောဂါ တိုက်ဖျက်ရေး၌ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော တိုးတက်မှုများကို ဆုတ်ယုတ်စေခဲ့ပါသည်။ တီဘီရောဂါကြောင့် သေဆုံးမှုသည် 2020 ခုနှစ်တွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးလာခဲ့သည်။ လက်ရှိအခြေအနေတွင် တီဘီရောဂါ ကာကွယ်ရေးနှင့် ကုသစောင့်ရှောက်ရေးကိုပါ COVID-19 ကပ်ရောဂါ နှင့် တန်းတူ အလေးထားဆောင်ရွက်ရန် အထူးအရေးကြီးပါသည်။

🔎 📣 ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဘီရောဂါနေ့အတွက် ဆောင်ပုဒ်ကဘာလဲ?

✅ ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဘီရောဂါနေ့၏ ဆောင်ပုဒ်မှာ “Invest to End TB. Save Lives” ဟူ၍ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ တီဘီရောဂါတိုက်ဖျက်ရေးကို မြှင့်တင်ရန်နှင့် ကမ္ဘာ့ခေါင်းဆောင်များ ချမှတ်ထားသော တီဘီရောဂါ အဆုံးသတ်ရေး ကတိကဝတ်များ ပြည့်မှီရန်အတွက် အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံရန် အရေးတကြီးလိုနေကြောင်းဖြစ်ပါသည်။ တီဘီတိုက်ဖျက်ရေးတွင် အရင်းအမြစ်များ ပိုမိုရင်းနှီးမြှုပ်နှံခြင်းသည် လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ရုံမျှမက ၂၀၃၅ ခုနှစ်တွင် တီဘီကပ်ရောဂါ အဆုံးသတ်နိုင်ရေး ရည်မှန်းချက်အောင်မြင်ရန်လည်း အရှိန်မြင့်စေမည် ဖြစ်ပါသည်။

📢 ❗ USAID's LATT-M စီမံကိန်းအဖွဲ့မှ တိုက်တွန်းနှိုးဆော်ချက်

✅ တီဘီရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအဖြစ် တည်ရှိနေဆဲဖြစ်ပြီး လူအချင်းချင်းကူးစက်ပြန့်ပွားဆဲ၊ သေဆုံးစေမြဲ ဖြစ်ပါသည်။ လူသားမျိုးနွယ်စုကို ခြိမ်းခြောက်လျက်ရှိသော ရောဂါဆိုးများကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရန် အတွက် Covid-19 ကပ်ရောဂါ တိုက်ဖျက်ရေး နှင့်အတူ တီဘီရောဂါ တိုက်ဖျက်ရေးတွင်ပါ ပါဝင်ကူညီပေးကြပါရန် ယနေ့ ကျရောက်သော World TB Day (ကမ္ဘာ့တီဘီရောဂါ တိုက်‌ဖျက်ရေးနေ့) တွင် ကျွန်ုပ်တို့၏ USAID's LATT-M စီမံကိန်းအဖွဲ့မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စာကြွင်း။ ပုံနှင့် ကိန်းဂဏန်း၊ အချက်အလက်များကို ကမ္ဘာ့ကျန်းမာ‌‌ရေးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များမှ မှီငြမ်းပါသည်။







10/03/2021

၂၀၂၁ခုနှစ် မတ်လ (၂၄) ရက်နေ့ကျရောက်မည့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိန်းအမှတ်ဆောင်ပုဒ်

"တီဘီရောဂါကင်းဝေးဖို့၊ အားလုံးလက်တွဲပါဝင်လို့၊ စက္ကန့်မနှေးဆောင်ရွက်စို့"
"The Clock is Ticking"

01/12/2020

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းသည် ပြည်သူလူထုအား တီဘီရောဂါဆိုင်ရာ အသိပညာများ၊ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖြန့်ဝေနိုင်ရန်နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါဆိုင်ရာ သတင်းအချက်အလက်၊ လမ်းညွှန်ချက်များကို တစ်နေရာတည်းတွင် အလွယ်တကူ ရှာဖွေအသုံးပြုနိုင်ရန် စသော ရည်ရွယ်ချက်များဖြင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ Webpage (www.ntpmynamar.org) အား စတင်ကာ ထုတ်လွှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Photos from အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်း - National Tuberculosis Program's post 15/11/2020

မော်လမြိုင်ပြည်နယ်တီဘီဌာနရုံးသစ်တက်အလှူမဂ်လာ ဖြစ်ပါတယ်။
တီဘီရုံးသစ်မှာ တီဘီလုပ်ငန်းကို ဆထက်ထမ်းပိုး ဆောင်ရွက်သွားပါမည်။

TB Related Program, Myanmar 24/10/2020

DVB Debate:"ကိုဗစ် ဒုတိယလှိုင်း နှင့် TB ရောဂါတိုက်ဖျက်ရေး ဘာကြောင့်ပိုအရေး ကြီးတာလဲ?"

TB Related Program, Myanmar တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ

12/10/2020

Transition of injection based to fully oral MDR - TB treatment regimens
TB Webinar Recording File (11-Oct-2020, 1:00 - 3:00 PM)

15/09/2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့များ ရန်ကုန်တိုင်းဒေသကြီးသို့ ထပ်မံသွားရောက္မည်။

သတင်းအပြည့်အစုံအား အောက်ပါလင့်တွင် ဆက်လက်ဖတ်ရှု့နိုင်ပါသည်။

https://www.facebook.com/199295433433103/posts/3774995132529764/

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Address

Naypyidaw 1000 Bedded Hospital Compound, Near B. E. H. S No. (6), Zabukyetayae Street
Naypyidaw
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00