Agricultural Mechanization Department

Agricultural Mechanization Department

Share

To share knowledge for agricultural mechanization

01/06/2026

"ပြည်သူသို့ နှိုးဆော်ချက်"

Photos from Agricultural Mechanization Department's post 20/05/2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့
အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု
(အထူး)သင်တန်း ဖွင့်ပွဲ ကျင်းပ

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် အမှတ်စဉ် (၁/၂၀၂၆-
၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနား ကို (၁၈.၅.၂၀၂၆) ရက်နေ့နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ မှ သင်တန်းဖွင့်အမှာစကားပြောကြား၍ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မိတ္ထီလာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့ဝင် များ စက်မှုလယ်ယာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိများ၊ ဗဟို သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ Farmer Choice Tractor Co;Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နံနက်(၁၀:၀၀)နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် နေပြည်တော်မှ(၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊ မကွေး တိုင်းဒေသကြီးမှ(၈)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃၀)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၁)ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ(၆)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ(၁)ဦး၊ စုစုပေါင်း သင်တန်းသား ( ၅၄ ) ဦး တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းကို (၁၈.၅.၂၀၂၆) နေ့မှ (၁၀.၇.၂၀၂၆) နေ့ ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

18/05/2026

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ရှိသော စက်မှုလယ်ယာသင်တန်းကျောင်း (ရေဆင်း) တွင် အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းကို (၁-၆-၂၀၂၆) မှ (၂၄-၇-၂၀၂၆) ထိ ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသော တောင်သူများအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သင်တန်းတက်ရောက်နိုင်ရန် လျှောက်ထားနိုင်ပါသည်-
(က) အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။
(ခ) အခြေခံပညာ (၈) တန်း/ Grade-9 အောင်မြင်ပြီးသူ ဖြစ်ရမည်။
(ဂ) လယ်ယာသုံးစက်ကိရိယာများကိုစိတ်ဝင်စားပြီး ကျန်းမာသန်စွမ်းသူ အမျိုးသား ဖြစ်ရမည်။
(ဃ) သင်တန်းကာလပြီးဆုံးအောင် အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
မည်သည့်သင်တန်းကြေးမှပေးသွင်းရန်မလိုဘဲ အခမဲ့ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလအတွင်း ရေ၊ မီး၊ နေထိုင်စားသောက်ရေး (စားစရိတ် တစ်ရက်လျှင် ၁၅၀၀ ကျပ်နှုန်း)နှင့် စာရွက်စာတမ်းကို ဌာနမှ ကျခံဆောင်ရွက်ပေးမည်။ သင်တန်းတွင် လိုအပ်မည့်ဝတ်စုံများအား ယာယီ ထုတ်ပေးမည်။ လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်အသုံးပြုခြင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လက်သုံးကိရိယာများ အသုံးပြုခြင်း၊ ထွန်စက်ကြီး၊ ထွန်ယက်ကိရိယာအမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက်၊ လက်တွန်းထွန်စက်မောင်းနှင်နည်းနှင့် ထိန်းသိမ်းကြံ့ခိုင်နည်းများ သင်ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းပြီးဆုံးအောင်တက်ရောက်ပါက သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကာ တောင်သူသင်တန်းသားများအတွက် ဝန်ထမ်းခန့်ထားရေး ကူညီဆောင်ရွက်ပေးပါမည်။
သင်တန်းတက်ရောက်လိုပါက ၀၉-၄၂၈၄၆၁၄၂၇ ၊ ၀၉-၆၉၆၂၃၂၈၂၃ တို့ကို ဆက်သွယ်စာရင်းပေးနိုင်သည့်အပြင် မိမိနီးစပ်ရာ စက်မှုလယ်ယာအဖွဲ့အစည်းများ ဖြစ်သည့် စက်မှုလယ်ယာစခန်းများ၊ အလတ်စားစက်ပြင်အလုပ်ရုံများ၊ ပင်မစက်ပြင်ရုံများ၊ သင်တန်းကျောင်းများနှင့် ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

07/05/2026

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ် သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်ဆောင် ရွက်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှာသာ အချိန်တိုအတွင်း အောင်မြင်နိုင်မှာဖြစ် ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေး ဆောင်ရွက်ရာမှာ အဓိကအရေးပါသည့် တောင်သူလယ်သမား မျိုးဆက်သစ်များအနေအား ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် ကောက် စိုက်စက် မောင်းနှင်ထိန်းသိမ်းခြင်း ပညာရပ်များကို စာတွေ့/လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချသွားမှာဖြစ် ၍ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုမိုအကျိုးဖြစ်ထွန်းလာမှာဖြစ်ကြောင်းနှင့် သင်တန်းမှ စနစ်တကျ တတ်မြောက် လာမည့် အတတ်ပညာများကို မိမိတို့ မိတ်ဆွေအသိုင်းအဝိုင်းများကို လက်ဆင့်ကမ်းမျှဝေပေးခြင်း၊ လက်တွေ့အသုံးချခြင်းတို့ဖြင့် မိမိရပ်ရွာဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏ လယ်ယာထုတ်ကုန် တိုးတက် မြင့်မားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ကြား သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ သင်တန်း၌စာတွေ့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ လယ်ယာသုံး စက် ကိရိယာ အသိပညာပေးစာဆောင်များနှင့် သင်တန်းတွင် လက်တွေ့မောင်းနှင်အသုံးပြုသင်ကြားမည့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇)တွင် ပဲခူးတိုင်းဒေသကြီးမှ(၅၀)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁)ဦးနှင့် နေပြည်တော်မှ(၂)ဦး စုစုပေါင်း သင်တန်းသား(၅၃)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမှာ ဖြစ် ကြောင်း သတင်းရရှိသည်။

Photos from Agricultural Mechanization Department's post 27/04/2026

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ရှိသော စက်မှုလယ်ယာသင်တန်းကျောင်း (ရေဆင်း) တွင် အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းကို (၁-၆-၂၀၂၆) မှ (၂၄-၇-၂၀၂၆) ထိ ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသော တောင်သူများအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သင်တန်းတက်ရောက်နိုင်ရန် လျှောက်ထားနိုင်ပါသည်-
(က) အသက်(၁၈) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။
(ခ) အခြေခံပညာ (၈) တန်း/ Grade-9 အောင်မြင်ပြီးသူ ဖြစ်ရမည်။
(ဂ) လယ်ယာသုံးစက်ကိရိယာများကိုစိတ်ဝင်စားပြီး ကျန်းမာသန်စွမ်းသူ အမျိုးသား ဖြစ်ရမည်။
(ဃ) သင်တန်းကာလပြီးဆုံးအောင် အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
မည်သည့်သင်တန်းကြေးမှပေးသွင်းရန်မလိုဘဲ အခမဲ့ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလအတွင်း ရေ၊ မီး၊ နေထိုင်စားသောက်ရေး (စားစရိတ် တစ်ရက်လျှင် ၁၅၀၀ ကျပ်နှုန်း)နှင့် စာရွက်စာတမ်းကို ဌာနမှ ကျခံဆောင်ရွက်ပေးမည်။ သင်တန်းတွင် လိုအပ်မည့်ဝတ်စုံများအား ယာယီ ထုတ်ပေးမည်။ လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်အသုံးပြုခြင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လက်သုံးကိရိယာများ အသုံးပြုခြင်း၊ ထွန်စက်ကြီး၊ ထွန်ယက်ကိရိယာအမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက်၊ လက်တွန်းထွန်စက်မောင်းနှင်နည်းနှင့် ထိန်းသိမ်းကြံ့ခိုင်နည်းများ သင်ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းပြီးဆုံးအောင်တက်ရောက်ပါက သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကာ တောင်သူသင်တန်းသားများအတွက် ဝန်ထမ်းခန့်ထားရေး ကူညီဆောင်ရွက်ပေးပါမည်။
သင်တန်းတက်ရောက်လိုပါက ၀၉-၄၂၈၄၆၁၄၂၇ ၊ ၀၉-၆၉၆၂၃၂၈၂၃ တို့ကို ဆက်သွယ်စာရင်းပေးနိုင်သည့်အပြင် မိမိနီးစပ်ရာ စက်မှုလယ်ယာအဖွဲ့အစည်းများ ဖြစ်သည့် စက်မှုလယ်ယာစခန်းများ၊ အလတ်စားစက်ပြင်အလုပ်ရုံများ၊ ပင်မစက်ပြင်ရုံများ၊ သင်တန်းကျောင်းများနှင့် ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Photos from Agricultural Mechanization Department's post 02/04/2026
02/04/2026

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရရံပုံငွေဖြင့် ဝယ်ယူသည့် လယ်ယာသုံး စက်ကိရိယာများ ရောက်ရှိမှုနှင့်တပ်ဆင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

Photos from Agricultural Mechanization Department's post 25/02/2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့
လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲ ကျင်းပ

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် လေ့ကျင့်သင်ကြားရေး (မွမ်းမံ) သင်တန်း ၊ သင်တန်းဖွင့်ပွဲအခမ်းအနား ကို (၂၃.၂.၂၀၂၆) ရက်နေ့နံနက်(၉:၀၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) ကသင်တန်းဖွင့် အမှာစကားပြောကြား၍ အင်းကုန်း၊ ကျောက်ဆည်မှ စက်ရုံ ၊ အလုပ်ရုံမှူးများ၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း - ကျောင်းအုပ်ကြီး၊ မိတ္ထီလာခရိုင် နှင့် မြို့နယ်အဆင့် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်ရေး အဖွဲ့ဝင်များ ၊ ခရိုင်နှင့် မြို့နယ်
စက်မှုလယ်ယာအဖွဲ့အစည်းများမှတာဝန်ရှိသူများ ဆရာ၊ ဆရာမများ ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်( ဘယ်လင်း၊ စဉ့်ကိုင် ) မှ သင်တန်း ဆရာမများတက်ရောက် ခဲ့ပြီး နံနက်(၁၀:၀၀) နာရီတွင် သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် နေပြည်တော်မှ ( ၄ )ဦး ၊ တနင်္သာရီတိုင်းဒေသကြီးမှ ( ၁ )ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၄) ဦး ၊ မကွေးတိုင်းဒေသကြီး မှ ( ၂ ) ဦး ၊ မန္တလေးတိုင်းဒေသ ကြီး မှ ( ၉ )ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ(၁၀)ဦး၊ မွန်ပြည်နယ်မှ (၂)ဦး၊ ရှမ်းပြည်နယ် (အရှေ့) မှ (၃)ဦး ၊ ရှမ်းပြည်နယ် (တောင်) မှ(၆)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၈) ဦး စုစုပေါင်း သင်တန်း သား (၄၉) ဦး တက်ရောက် ခဲ့ကြပြီးယခုသင်တန်းကို (၂၃.၂.၂၀၂၆)နေ့မှ (၆.၃.၂၀၂၆) နေ့ထိ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပါသည်။

15/01/2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Photos from Agricultural Mechanization Department's post 14/01/2026

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြိုနယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၄/၂၀၂၅-၂၀၂၆) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်ရေး အတွက် စက်မှုလယ်ယာကဏ္ဍသို ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ တိုးတက်သုံးစွဲလာသည်နှင့် အမျှ လယ်ယာသုံးစက်ကိရိယာဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို စာတွေ့လက်တွေ့ ပိုချသင်ကြားပေးခြင်းဖြင့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲလာနိုင်ပြီး လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာစေရန် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ သင်ကြားရမည့် စာတွေ့ လက်တွေ့ အသိပညာဗဟုသုတများဖြင့် လယ်ယာထုတ်ကုန် တိုးတက်မြင့်မားရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ကြား သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ သင်တန်း၌စာတွေ့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ လယ်ယာသုံးစက်ကိရိယာ အသိပညာပေးစာဆောင်များအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၄/၂၀၂၅-၂၀၂၆)တွင် ပဲခူးတိုင်းဒေသကြီးမှ(၃၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီး မှ(၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၂)ဦးနှင့် မွန်ပြည်နယ်မှ(၁)ဦး စုစုပေါင်း သင်တန်းသား(၄၀)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmision, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့၊လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Address

Office No. 50
Naypyidaw
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00