Ayeyarwaddy Region Auditor General's Office

Ayeyarwaddy Region Auditor General's Office Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy Region Auditor General's Office, Government Organization, Pathein.

၂-၁၀-၂၀၂၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ဒေါ်ငြိမ်းငြိမ်းဝင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် မ...
03/10/2026

၂-၁၀-၂၀၂၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ဒေါ်ငြိမ်းငြိမ်းဝင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်စာရင်းစစ်ရုံးနှင့် ဝါးခယ်မမြို့နယ်စာရင်းစစ်ရုံး များသို့သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စီမံချက်နှင့်အညီဆောင်ရွက်နိုင်စေရေး၊ အရည်အသွေးပြည့်ဝသည့် အစီရင်ခံစာများ ထုတ်ပြန်နိုင်စေရေး၊ ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်သိက္ခာနှင့်အညီနေထိုင်စေရေး၊ မြို့နယ်ရုံးများတွင်လည်း ဌစသင်တန်း၊ Bookkeeping သင်တန်းများဖွင့်လှစ်နိုင်စေရေး၊ ရုံးတွင်းစာကြည့်တိုက် ထားရှိစေရေးတို့အတွက် လမ်းညွှန်မှာကြားခြင်း၊ ဝန်ထမ်းများ၏နေထိုင်ရေး၊ ရုံးတွင်းလိုအပ်ချက် အခက်အခဲများအား ညှိနှိုင်းဆောင်ရွက်ပြီး ဝန်ထမ်းများအား ကြက်ဥများထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

၃၀-၉-၂၀၂၆နေ့ညနေပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးအစည်းအဝးခန်းမတွင်ဝန်ထမ်း များ၏ဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၆)အခမ်...
30/09/2026

၃၀-၉-၂၀၂၆နေ့ညနေပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးအစည်းအဝးခန်းမတွင်ဝန်ထမ်း များ၏ဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၆)အခမ်းအနားကိုကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးများ၊ဌာနခွဲအသီးသီးမှဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ရုံးအဖွဲ့၊စစ်ဆေးရေးဦးစီးဌာခွဲများနှင့်စီမံရေးရာဌာနခွဲတို့မှ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များအား ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တို်ငးဒေသကြီးညွှန်ကြားရေးမှူးတို့မှပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ စစ်ဆေးရေးလုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များလမ်းညွှန်မှာကြား ခဲ့ပါသည်။

၂၉-၉-၂၀၂၆ ရက်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းသည် တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ ဒ...
29/09/2026

၂၉-၉-၂၀၂၆ ရက်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းသည် တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်အတူ ပုသိမ်ခရိုင်စာရင်းစစ်ရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးလုပ်ငန်းများထိရောက်အောင်မြင်စေရေး၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျင့်ဝတ်သိက္ခာနှင့်အညီ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခြင်း၊ Bookkeeping သင်တန်း၊ ဌစသင်တန်းဖွင့်လှစ်မည့်ကိစ္စရပ်များပါဆွေးနွေးပြီး ဝန်ထမ်းများအား ကြက်ဥများထောက်ပံ့ ပေးအပ်ခဲ့ ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ဘန့်ဘွေးကုန်းအမျိုးသမီးဝန်ထမ်းအဆောင်(၂)ဆောင်နှင့်(၂)ခန်းတွဲအရာထမ်းနေအိမ်တို့သို့သွားရောက်ကာ အိမ်ရာအဆောင်များလုံခြုံရေး၊ သန့်ရှင်းရေးနှင့် ပြင်ဆင်ရန်လိုအပ်မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး အဆောင်နေဝန်ထမ်းများကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပစ္စည်း(၄)မျိုး တပ်ဆင်ရန် လေဝင်လေထွက်ကောင်းမည့်နေရာရွေးချယ်ခြင်းနှင့် လိုအပ်သည်များလမ်းညွှန်မှာကြား ခဲ့ပါသည်။

၂၈-၉-၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည်...
28/09/2026

၂၈-၉-၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊လေ့ကျင့်ရေးဌာနခွဲ(သင်တန်းရေးရာ)မှ ကြီးမှူးဖွင့်လှစ်သည့် ဒု-စာရင်းစစ်မှူးနှင့် လက်ထောက် စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု မွမ်းမံသင်တန်း (ISSAIs) အမှတ်စဉ်(၁/၂၀၂၆) ၏ သင်တန်းဆင်းအရည်အချင်းစစ်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊သင်တန်းခန်းမ၌ သင်တန်းသူ(၆)ဦးတို့၏ Google Quiz Form ဖြင့် ဖြေဆိုမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂၈-၉-၂၀၂၆ရက်နေ့တွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊နဝရတ်ခန်းမ၌ကျင်းပသောအခြေခံစာရင်းကိုင် နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်...
28/09/2026

၂၈-၉-၂၀၂၆ရက်နေ့တွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊နဝရတ်ခန်းမ၌ကျင်းပသောအခြေခံစာရင်းကိုင် နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၃၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ဧရာဝတီတိုင်း ဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး များ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းကထိကများနှင့် သင်တန်းသား၊သင်တန်းသူ(၃၂)ဦး တို့သည် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမမှ
Video Conferencing ဖြင့်တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်က ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး တွင် တက်ရောက်သော သင်တန်းသား၊ သင်တန်းသူ (၃၂) ဦးအား သင်တန်းဆင်းပွဲကျင်းပ၍ အရည်အချင်းစစ်စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ပြီး အဆင့်ကောင်းမွန်စွာဖြင့် အောင်မြင်စေရေး ဆက်လက်ကြိုးစားကြရန်နှင့် မိမိလုပ်ငန်းခွင်တွင်အထောက် အကူပြုသော၊ နိုင်ငံတော်နှင့်ပြည်သူ့အကျိုး ကို ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်စေကြောင်း အားပေးအမှာစကားပြောကြားပြီး ၊ တက်ရောက်သူများအား နံနက်စာ ကော်ဖီ၊ မုန့်တို့ဖြင့် ဧည့်ခံကျွေး မွေးခဲ့ပါသည်။

"ရေကြည်မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် ရေဘေးဒဏ်ခံရသည့် လေးမျက်နှာမြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအားတွေ့ဆုံခြင်း၊...
26/09/2026

"ရေကြည်မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် ရေဘေးဒဏ်ခံရသည့် လေးမျက်နှာမြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအားတွေ့ဆုံခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း"
ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း သည် တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးတို့နှင့်အတူ ၂၅-၉-၂၀၂၆ ရက်နေ့တွင် ရေကြည်မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးဆိုင်ရာလုပ်ငန်းပိုင်း၊ ဝန်ထမ်းပိုင်း၊ စီမံရေးရာကိစ္စ ရပ်များဆွေးနွေးမှာကြားပြီးဝန်ထမ်းများအားကြက်ဥများ(တန်ဖိုးကျပ်၇၀,၀၀၀)နှင့်ငွေသားကျပ်၂၀၀,၀၀၀ ထောက်ပံ့ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့်အဖွဲ့သည် ရေးဘေးဒဏ်ခံရသည့် လေးမျက်နှာ မြို့နယ်စာရင်းစစ်ရုံးသို့သွားရောက်ပြီး၊ လေးမျက်နှာမြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများ၊ ဟင်္သာတခရိုင် စာရင်းစစ်ရုံးဝန်ထမ်းများ၊ ရေကြည်မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများ၊ လေးမျက်နှာမြို့နယ်မီးသတ်ဦးစီး ဌာနမှ ဝန်ထမ်းများ ပါဝင်သော စုစုပေါင်း( ၂၀ )ဦးတို့မှ လေးမျက်နှာမြို့နယ်စာရင်းစစ်ရုံး၏ ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး လေးမျက်နှာ မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန် (ဆန်၊ ဆီ) တန်ဖိုးကျပ် ၇၄၀,၀၀၀ နှင့် ထောက်ပံ့ငွေတန်ဖိုးကျပ်၉,၆၀၀,၀၀၀၊ ကူညီဆောင်ရွက်ပေးသော အခြားဝန်ထမ်းများအား ထောက်ပံ့ငွေ တန်ဖိုးကျပ် ၂၀၀,၀၀၀ တို့အားပေးအပ်ခဲ့ပါသည်။

23/09/2026
၂၃-၉-၂၀၂၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ နည်းပညာ ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန...
23/09/2026

၂၃-၉-၂၀၂၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ နည်းပညာ ဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးတိုးပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိဒေါ်ပွင့်ဖြူဇင်အား ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်
ဒေါ်ငြိမ်းငြိမ်းဝင်းနှင့် ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုနှုတ်ဆက်စကား
ပြောကြား၍ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် ရုံးအဖွဲ့၊ စီမံရေးရာနှင့် စစ်ဆေးရေးဌာနခွဲအသီးသီးမှ ဒုတိယညွှန်ကြားရေးမှူးများက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ ပါသည်။

၉-၉-၂၀၂၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ ရာထူးတိုး ပြောင်းရွှေ့ဝန်ထမ်းများနှင့် ပြောင်...
09/09/2026

၉-၉-၂၀၂၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ ရာထူးတိုး ပြောင်းရွှေ့ဝန်ထမ်းများနှင့် ပြောင်းရွှေ့ဝန်ထမ်းများအားနှုတ်ဆက်ပွဲအခမ်းအနားကျင်းပရာ စာရင်းစစ်မှူး မှ ဦးစီးအရာရှိအဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ ရာထူးတိုးပြောင်းရွှေ့မည့် စာရင်းစစ်မှူး ဝန်ထမ်း(၂)ဦး၊ သံတွဲခရိုင်စာရင်းစစ်ရုံး (ဧရာဝတီတိုင်းဒေသကြီးတွဲဖက်)မှ ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် ဒု-စာရင်းစစ်မှူးမှစာရင်းစစ်မှူးအဖြစ် ရာထူးတိုးမြှင့်သည့် ဝန်ထမ်း(၁)ဦး၊ ပုသိမ်ခရိုင်နှင့်ကျုံပျော်မြို့နယ်စာရင်းစစ်ရုံးများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဒု-စာရင်းစစ်မှူး ဝန်ထမ်း(၂)ဦးအား ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းနှင့် ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုနှုတ်ဆက်စကားပြောကြား၍ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် ရုံးအဖွဲ့၊ စီမံရေးရာနှင့် စစ်ဆေးရေးဌာနခွဲအသီးသီးမှ ဒုတိယညွှန်ကြားရေးမှူးများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ ပါသည်။

၃-၉-၂၀၂၆ ရက်နေ့တွင်     ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ၊    အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ဝန်ထမ...
03/09/2026

၃-၉-၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ဝန်ထမ်း (၆၈)ဦးအား ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး တိုင်းဒေသကြီးစာရင်းစစ်ချုပ် နှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူး တို့က ဝန်ထမ်း (၁)ဦးလျှင် စားဆီ ၊ ကြက်ဥ ၊ အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးခဲ့ပါသည်။

Address

Pathein
100011

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy Region Auditor General's Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share