United Kuki State Council / United Kuki State Army

Website Contact the organization

United Kuki State Council / United Kuki State Army Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from United Kuki State Council / United Kuki State Army, Political organisation, Tamu.

တစ်ဖက်သတ် နယ်မြေတောင်းဆိုမှုများက ပဋိပက္ခဖြစ်စေနိုင်ကြောင်း UKSC သတိပေး သတင်းနှင့် မီဒီယာ ကွန်ရက်။၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ...
17/06/2026

တစ်ဖက်သတ် နယ်မြေတောင်းဆိုမှုများက ပဋိပက္ခဖြစ်စေနိုင်ကြောင်း UKSC သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။


လက်ရှိတွင် UKSC အနေဖြင့် အိမ်နီးချင်း တိုင်းရင်းသားညီအစ်ကိုများနှင့် ပဋိပက္ခဖြစ်ပွားရန် မလိုလားဘဲ ‘အပြန် အလှန် အသိအမှတ်ပြုရေး’ မူဝါဒဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရှမ်းနီအမျိုးသား ညီညွတ်ရေးအဖွဲ့များ၊ နာဂအဖွဲ့အစည်းများနှင့် သီးသန့်မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းကမ်းလှမ်းသွားမည်ဖြစ်ပြီး၊ နယ်မြေအငြင်းပွားမှုများကို တစ်ဖက်သတ် ဆုံးဖြတ်ခြင်းထက် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အဖြေရှာရန် တိုက်တွန်းထားသည်။

သို့သော် ကူကီးလူမျိုးများ၏ တောင်းဆိုချက်နှင့် ဆန္ဒများကို လျစ်လျူရှုကာ မိမိတို့ သဘောဖြင့် သတ်မှတ်ထားသည့် နယ်နိမိတ်အတိုင်း ဆက်သွား မည်ဆိုပါက တရားဝင်လှုပ်ရှားမှုများဖြင့် ဆက်လက်တုံ့ပြန်သွားမည့်အပြင်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#ကူကီး

တစ်ဖက်သတ် နယ်မြေတောင်းဆိုမှုများက ပဋိပက္ခဖြစ်စေနိုင်ကြောင်း UKSC သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ကူကီးလူမျိုးတို့၏ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေများကို ဌာနေလူမျိုးစု များ၏ ဆန္ဒမပါဘဲ တစ်ဖက်သတ် ထည့်သွင်းတောင်းဆို ဆွေးနွေးမှုများသည် ဒေသတွင်း လူမျိုးရေးပဋိပက္ခများ ကို ဦးတည်စေနိုင်ကြောင်း ကူကီးပြည် သွေးစည်းညီညွတ်ရေး ကောင်စီ (United Kuki State Council – UKSC) က သတိပေးလိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော် မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံစဉ် ဟုမ္မလင်း၊ ခန္တီး၊ ကလေး နှင့် တမူး ဒေသများကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထည့်သွင်းရန် ဆွေးနွေးခဲ့သည့်အပေါ် UKSC က တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

UKSC ၏ ထုတ်ပြန်ချက်တွင် မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် သမိုင်းဝင်ပိုင်နက်များကို အခြားလူမျိုးတစ်မျိုး၏ ပိုင်နက်အောက်သို့ ထည့်သွင်းသိမ်းပိုက် တောင်းဆိုခြင်းကို လုံးဝလက်ခံနိုင်မည်မဟုတ်ကြောင်းနှင့် သမိုင်းအမှန်တရားများကိုလည်း အလေးထားဖို့ လိုအပ်ကြောင်း ထောက်ပြထားသည်။

ထိုကဲ့သို့ ကာယကံရှင် ကူကီးလူမျိုးများ၏ ဆန္ဒကို လျစ်လျူရှုကာ တစ်ဖက်သတ် ဆွေးနွေးနေမှုများနှင့် ပတ်သက် ၍ UKSC တာဝန်ရှိသူ ဂျော့ရှူဝါ ဟွောက်ကစ် (ပ်) က ယခုကဲ့သို့ ပြောသည်။

“၂၀၀၈ အခြေခံဥပဒေမှာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ဖွဲ့စည်းတုန်းကလည်း ကျနော်တို့ ကူကီးလူမျိုး တွေရဲ့ ဆန္ဒမပါဘဲနဲ့ လေရှီးဒေသတွေကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန် မှာလည်း ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျနော်တို့ နယ်မြေတွေကိုပါ ထည့်သွင်းဆွေးနွေးတာ ကြားလို့ ချက်ချင်း စာထုတ်ပြန် တုန့်ပြန်ရတာ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့်မို့ ကျနော်တို့ ဒီဒေသမှာ ရှမ်းနီ၊ နာဂ၊ ကူညီးတွေကြားမှာ ပဋိပက္ခဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။”

ဗြိတိသျှကိုလိုနီခေတ် ‘သွေးခွဲအုပ်ချုပ်ခြင်း’ မူဝါဒနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်၏ နယ်မြေစီမံခန့်ခွဲမှုများကြောင့် ကူကီးလူမျိုးတို့သည် မိမိတို့နယ်မြေတွင် လူနည်းစုအဖြစ်သို့ ရောက်ရှိခဲ့ရသည့် သမိုင်းကြောင်းများ ရှိခဲ့သည်။

အထူးသဖြင့် ၁၉၆၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထိုစဉ်က တော်လှန်ရေးကောင်စီအစိုးရ ပြုလုပ်ခဲ့သည့် ‘ခါတော်မီစစ်ဆင်ရေး’ သည် ကူကီးကျေးရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရကာ လူဦးရေ ၂၀,၀၀၀ ကျော် ဘိုးဘွားပိုင်မြေမှ ဖယ်ရှားခံခဲ့ရသည့် “လူမျိုးစုသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) နှင့် လူမျိုးတုန်းစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှု သာဓက” ဖြစ်ကြောင်း UKSC က ဆိုသည်။

ထိုစစ်ဆင်ရေးအပြီးတွင် ကူကီးကျေးရွာ အမည်ပေါင်း ၁၀၀ ကျော်ကို ဗမာနှင့် ရှမ်းအမည်များသို့ အတင်းအဓမ္မ ပြောင်းလဲစေခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဒဏ်ရာ နှင့် ပတ်သက်၍ ဂျော့ရှူဝါ ဟွောက်ကစ် (ပ်) က “ဒီနောက် ဆက်တွဲ ဆိုးကျိုးတွေဟာ ကျနော်တို့ လူမျိုးအတွက် အင်မတန်ကြီးမားတဲ့ (Trauma) ဖြစ်နေပါ တယ်။ ခါတော် မီအော်ပရေးရှင်း နောက်ဆက်တွဲမှာ ကူကီးလူမျိုး တော်တော်များများဟာ ကူကီးဆိုတဲ့ နာမည် ကို မသုံးဝံ့တဲ့ အနေအထား ဖြစ်ခဲ့ရတယ်။ ဒီနေ့အချိန်အထိ ကျနော်တို့လူမျိုးကြားထဲမှာ ကူကီးဆိုတဲ့ နာမည်ကို အစွဲပြုတယ်ဆိုရင် ပြည်နှင်ခံရမယ်ဆိုတဲ့ ခေတ်အဆက်ဆက် ကြောက်ရွံ့မှုတွေက အခုအချိန်အထိ အကြီးကြီး စိုးမိုးနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့လူမျိုးထဲမှာ ကူကီးလို့ ကိုယ့်ကိုယ်ကို ဝန်ခံဖို့၊ အခေါ်ခံဖို့ ကြောက်ရွံ့နေတဲ့သူတွေ အမြောက်အများ ရှိနေပါသေးတယ်” ဟု ဆက်ပြောသည်။

UKSC အနေဖြင့် အဆိုပါ စစ်ဆင်ရေးတွင် နစ်နာခဲ့ရသည့် သားစဉ်မြေးဆက်များကို နိုင်ငံသားအဖြစ် အလို အလျောက် ပြန်လည်ခံယူခွင့်ပြုရန်၊ လျော်ကြေးပေးရန်နှင့် တည်ဆဲအစိုးရများက တရားဝင်တောင်းပန်ရန် တောင်းဆိုထားပြီး၊ ၎င်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးကြောင်း ယူဆထားသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် UKSC သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နှင့် တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ထားပြီး၊ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အတွက် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်” ထူထောင်နိုင်ရေးကို ဆက်လက်ဆောင်ရွက် သွားမည်ဟု ဆိုသည်။

လက်ရှိတွင် UKSC အနေဖြင့် အိမ်နီးချင်း တိုင်းရင်းသားညီအစ်ကိုများနှင့် ပဋိပက္ခဖြစ်ပွားရန် မလိုလားဘဲ ‘အပြန် အလှန် အသိအမှတ်ပြုရေး’ မူဝါဒဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရှမ်းနီအမျိုးသား ညီညွတ်ရေးအဖွဲ့များ၊ နာဂအဖွဲ့အစည်းများနှင့် သီးသန့်မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းကမ်းလှမ်းသွားမည်ဖြစ်ပြီး၊ နယ်မြေအငြင်းပွားမှုများကို တစ်ဖက်သတ် ဆုံးဖြတ်ခြင်းထက် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အဖြေရှာရန် တိုက်တွန်းထားသည်။

သို့သော် ကူကီးလူမျိုးများ၏ တောင်းဆိုချက်နှင့် ဆန္ဒများကို လျစ်လျူရှုကာ မိမိတို့ သဘောဖြင့် သတ်မှတ်ထားသည့် နယ်နိမိတ်အတိုင်း ဆက်သွား မည်ဆိုပါက တရားဝင်လှုပ်ရှားမှုများဖြင့် ဆက်လက်တုံ့ပြန်သွားမည့်အပြင်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ကူကီး

ကူကီးလူမျိုးတို့၏ သမိုင်းဝင်နယ်မြေများအား အသိအမှတ်ပြုရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ     သဘောထားရပ်တည်ချက်ကို ထ...
06/06/2026

ကူကီးလူမျိုးတို့၏ သမိုင်းဝင်နယ်မြေများအား အသိအမှတ်ပြုရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ကြေညာခြင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုအား United Kuki State Council (UKSC) အနေဖြင့် လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဟုမ္မလင်း၊ ခန္တီး၊ က လေးနှင့် တမူးဒေသများ ပါဝင်ဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည့်အတွက်၊ ၎င်းဒေသများတွင် နှစ်ပေါင်းများစွာ အ ခြေချနေထိုင်ခဲ့ကြသည့် ကူကီးလူမျိုးတို့၏ သမိုင်းဝင်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ တရားဝင်သဘောထား ကို ရှင်းလင်းစွာ ဖော်ထုတ်တင်ပြအပ်ပါသည်။

ကူကီးလူမျိုးတို့သည် ရှေးပဝေသဏီကပင် ကိုယ်ပိုင်နယ်မြေ (Zale'n-gam) တွင် ကိုယ့်ထီးကိုယ့်နန်းဖြင့် လွတ် လပ်အေးချမ်းစွာ ရပ်တည်လာခဲ့ကြသည့် ဌာနေတိုင်းရင်းသားများ ဖြစ်ပါသည်။ ၁၉၁၇-၁၉၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ သော Anglo-Kuki War သည် ကူကီးလူမျိုးတို့မှ ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်မှုကို အသက်သွေးချွေးများစွာ ရင်းနှီး၍ ခုခံတိုက်ခိုက်ခဲ့သည့် စစ်ပွဲကြီးဖြစ်ပြီး၊ အာရှတိုက်၏ အကြီးကျယ်ဆုံးသော လွတ်လပ်ရေးတိုက်ပွဲကြီးများ အနက်တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့ကို စစ်ရှုံးနိမ့်ခဲ့ကြသဖြင့် ကူကီးမျိုးချစ် Haosa ဟွောက်ဆာ စစ်ခေါင်းဆောင်များသည် သေ ဒဏ်မှ တစ်သက်တစ်ကျွန်းအထိ ဖမ်းဆီးချုပ်နှောင်၍ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ကြသည်။ ထို့အပြင် စစ်ပြီးဆုံးပြီး နောက်ပိုင်းတွင် အစဉ်အလာအရ အုပ်ချုပ်ရေးနယ်မြေတစ်ခုအတွင်း ဆက်စပ်တည်ရှိနေသော ကူကီးနယ်မြေကို (၂) ပိုင်းခွဲကာ အနောက်ဘက်ခြမ်းကို အိန္ဒိယအုပ်ချုပ်ရေးနယ်မြေ အတွင်း၌လည်းကောင်း၊ အရှေ့ဘက်ခြမ်ကို မြန်မာ အုပ်ချုပ်ရေးနယ်မြေ အတွင်း၌လည်းကောင်း ထည့်သွင်းအုပ်ချုပ်ခဲ့ ကြသည်။

ကိုလိုနီခေတ်အဆက်ဆက်၏ "သွေးခွဲ အုပ်ချုပ်ခြင်း" (Divide and Rule) မူဝါဒများကြောင့် မြန်မာအုပ်ချုပ်ရေး နယ်မြေအတွင်းတွင် သွတ်သွင်းခြင်းခံခဲ့ရသည့် ကူကီးလူမျိုးတို့၏ ဘိုးဘွားပိုင်နယ်မြေများအနက် အထက်ပိုင်းဒေ သရှိ Joujang Haosa ဟွောက်ဆာ (စော်ဘွား) ပိုင်ဖြစ်သော ရွာပေါင်း (၃၀) ရွာခန့်အပါအဝင် နာဂတောင်တန်းနှင့် ဟုမ္မလင်းမြို့နယ်တို့ကို ခန္တီးခရိုင်အုပ်ချုပ်ရေးနယ်မြေ၏ အစိတ်အပိုင်းများအဖြစ်လည်းကောင်း၊ ကလေး-ကဘော် ဒေသများ အပါအဝင် အလယ်ပိုင်းဒေသများကို မော်လိုက်ခရိုင်အုပ်ချုပ်ရေးနယ်မြေ၏ အစိတ်အပိုင်း များအဖြစ် လည်းကောင်း၊ Hengjang Haosa ဟွောက်ဆာ (စော်ဘွား) အပိုင်ဖြစ်သော ရွာပေါင်း (၁၅) ရွာခန့်အပါအဝင် အောက် ပိုင်းကူကီးနယ်မြေများကို ချင်းတောင်တန်းအုပ်ချုပ်ရေးနယ်မြေ၏ အစိတ်အပိုင်းများအဖြစ်လည်းကောင်း အစိတ် စိတ် အမြွှာမြွှာဖြစ်အောင် ထပ်မံခွဲခြား၍ အုပ်ချုပ်စေခဲ့ကြသည်။ ထိုသို့ ကိုလိုနီနယ်ချဲ့တို့၏ ခေတ်အဆက်ဆက် "သွေးခွဲအုပ်ချုပ်ခြင်း" (Divide and Rule) မူဝါဒများနှင့် နယ်မြေစီမံခန့်ခွဲမှုများကြောင့် ကူကီးလူမျိုးတို့၏ ပင်ကိုယ် အခွင့်အရေးနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ တည်ရှိမှုများကို များစွာထိခိုက်စေခဲ့ပြီး၊ ဒေသအသီးသီးတွင် လူနည်းစုအဖြစ်သို့ ကျရောက်ခဲ့ရသည်။

လွတ်လပ်ရေးအကြိုကာလ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော နယ်စပ်ဒေသများ၏သဘောထားကို မေးမြန်းစုံစမ်း သော မေမြို့စုံစမ်းရေးကော်မရှင်တွင် အထက်ပိုင်းကူကီးနယ်မြေများကို ကိုယ်စားပြုသော Pu. Som Thong, Pu. Ngam Jam, Pu. Ja Vum Mi တို့သည်လည်းကောင်း၊ အောက်ပိုင်း ကူကီးနယ်မြေများကို ကိုယ်စားပြုသော Pu. Let So, Pu. On Kho Mang, Pu. Ngam Kho Thang တို့သည်လည်းကောင်း အသီးသီးပါဝင်တက်ရောက်ကာ မြန်မာ ပြည်မနှင့် ပူးပေါင်းကာ လွတ်လပ်ရေးအရယူရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ Pu. Som Thong ဦးဆောင်သော ကိုယ်စားလှယ်များသည် မြန်မာပြည်ထောင်စုနှင့် ပူးပေါင်းရန်၊ တိုင်းပြုပြည်ပြု လွှတ်တော်သို့ ကိုယ်စားလှယ်များ စေလွှတ်ရန်၊ အခြားလူမျိုးစုငယ်တို့ ကဲ့သို့ပင် ခွဲထွက်ခွင့်ရှိရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပမ်းဆက်သွယ်ရေး တို့ကို အလျှင်အမြန် အရေးယူဆောင်ရွက်ပေးရန်အပြင်၊ ဗြိတိသျှအစိုးရမှ ဤလိုအပ်ချက်များကို ရရှိစေရန်အတွက် ကြီးကြပ်ကွတ်ကဲသူအဖြစ် တာဝန်ယူပြီး အသိသက်သေအဖြစ် လက်မှတ်ထိုးရန်တို့ပါဝင်သော စာတမ်းကို မေမြို့စုံ စမ်းရေးကော်မရှင်တွင် တင်သွင်းခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (ဖ၊ဆ၊ပ၊ လ) အစိုးရခေတ်တွင် လွတ်လပ်ရေးအကြိုကာလ မေမြို့စုံစမ်းရေး၌ ကူကီးကိုယ်စားလှယ်များနှင့် (ဖ၊ဆ။ပ၊လ) ခေါင်းဆောင်များ၏ သဘောတူညီချက်များကို လုံးဝ အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ကြပါ။ ပို၍ ဆိုးရွားသည်မှာ ကူကီးလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအရ ခေတ်အဆက် ဆက်ကျင့်သုံးလာခဲ့ကြသည့် Haosa ဟွောက်ဆာ (စော်ဘွား) အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ကြခြင်းနှင့်အတူ ကူ ကီးလူမျိုးတို့၏ မြေယာပိုင်ဆိုင်ခွင့်များကိုပါ ရုတ်သိမ်းပစ်ခဲ့ကြသည်။ ထိုသို့ Haosa ဟွောက်ဆာ အုပ်ချုပ်ရေးစနစ် ကို ဖျက်သိမ်းခဲ့ကြခြင်းသည် ကူကီးလူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို ဦးဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်မှုစနစ် ကို ဖျက်သိမ်းပစ်ခြင်းပင်ဖြစ်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် နှစ်ပေါင်းများစွာ နောက်ကျခဲ့ကြရပြီး၊ ကူကီး လူမျိုးတို့အတွက် အလွန်ကြီးမားလှသော ဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ်သည်။ ထို့အပြင် ဦးနု၏ (ဖ၊ဆ၊ပ၊လ) အစိုးရ ခတ်တွင် ကူကီးနယ်မြေဒေသများအတွင်း ပြည်မမှ လူမျိုးခြားများကို ပြည်တော်သာစီမံကိန်းအမည်ဖြင့် စတင်အ ခြေချနေထိုင်စေခဲ့သည်။

၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရသည် ချင်းလူမျိုးစုခေါင်းဆောင် ဒု-ဗိုလ်မှူးကြီးဗန်ကူလ်၏ သဘောတူပူးပေါင်းမှုဖြင့် ကူကီးလူမျိုးတို့၏ ဘိုးဘွားပိုင်နယ် မြေများကို အဓမ္မသိမ်းပိုက်ရန် ရည်ရွယ်သည့် “ခါတော်မီစစ်ဆင်ရေး” ကို မတရားသဖြင့် အကြောင်းပြချက်ရှာ၍ ဆင်နွှဲခဲ့သည်။ ဤမတရားသော စစ်ဆင်ရေးတွင် ကူကီးတိုင်းရင်းသားကျေးရွာပေါင်း (၄၀) ကျော်ကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကူကီးတိုင်းရင်းသားကျေးရွာ (၁၅) ရွာခန့်ကို အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း၊ လယ်ယာမြေ ဧကပေါင်းများစွာကို မတရားအတင်းအဓမ္မသိမ်းပိုက်ခဲ့ကြခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ “ခါတော်မီစစ်ဆင်ရေး” တွင် ဌာနေတိုင်းရင်းသား ကူကီးပြည်သူ (၂၀,၀၀၀) ကျော်ကို ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေမှ ရက်ရက်စက်စက် မ တရားပြည်နှင်ဒဏ်ပေးခဲ့ပြီး၊ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အမျိုးသားလက္ခဏာရပ်များ လုံးဝပျောက်ကွယ် သွားစေရန် ကျူးလွန်လုပ်ဆောင်ခဲ့ကြသည်။ ဤ "ခါတော်မီစစ်ဆင်ရေး" တွင် ကျူးလွန်ခဲ့သော ပြည်နှင်ဒဏ်ပေး ခြင်း၊ ကျေးရွာများအား စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းနှင့် အဓမ္မရွှေ့ပြောင်းစေခြင်း လုပ်ရပ်များသည် မြန်မာပြည် တွင်းနှင့် နိုင်ငံတကာဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ပြီး စနစ်တကျ ပြင်ဆင်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ ဖြစ်ကြောင်း ထင်ရှားလှသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity)။ ။စစ်အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြု၍ ဌာနေလူထုအား အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာစေခြင်း (Deportation or forcible transfer of population) နှင့် သီးခြားလူမျိုးစုတစ်စုကို ပစ်မှတ်ထား ဖိနှိပ်ညှဉ်းပန်းခြင်း (Persecution) တို့သည် နိုင်ငံတကာ စစ် ရာဇဝတ်မှုဥပဒေအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ်မှုမြောက်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အား ချိုးဖောက်ခြင်း။ ။ ဤလုပ်ရပ်သည် လူတိုင်းတွင် လွတ်လပ်စွာနေထိုင်ခွင့်၊ ကိုယ်ပိုင်အိုးအိမ် ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည့် (UDHR) အပိုဒ် (၉) (မတရား သဖြင့် ပြည်နှင်ဒဏ်မပေးရခြင်း)၊ အပိုဒ် (၁၃) (လွတ်လပ်စွာ ရွှေ့ပြောင်း အခြေချခွင့်) နှင့် အပိုဒ် (၁၇) (မိမိပိုင်ဆိုင် ခွင့်ကို မတရားအသိမ်းမခံရခြင်း) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

လူမျိုးတုန်းစေရန် တမင်ရည်ရွယ်ချက် (Genocidal Intent - Dolus Specialis) ထင်ရှားခြင်း။ ။ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ၏ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာသဘောတူစာချုပ် (Genocide Convention - Article II) အရ လူမျိုးတစ်စုကို တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ ပျက်စီးစေရန် တမင် ရည်ရွယ်ချက်ဖြင့်ကျူးလွန်ခြင်းကို လူမျိုးတုန်းစေရန်
ရည်ရွယ်ချက်ဟု သတ်မှတ်ပါသည်။

ဤ "ခါတော်မီစစ်ဆင်ရေး" တွင် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များသည် အောက်ပါအချက်များကြောင့် လူမျိုးတုန်း စေရန် တမင်ရည်ရွယ်ချက် (Genocidal Intent) အထင်အရှား မြောက်နေပါသည် -
(၁)။ ကူကီးကျေးရွာပေါင်း (၄၀) ကျော်အား ရွာလုံးကျွတ် စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းမှာ လူမျိုးစုတစ်စု ၏ ရုပ်ပိုင်းဆိုင်ရာတည်ရှိမှုကို တစ်စိတ်တစ်ပိုင်း ပျက်စီးစေရန် တမင်လုပ်ဆောင်ခြင်း ဖြစ်သည်။
(၂)။ ဌာနေလူဦးရေ (၂၀,၀၀၀) ကျော်ကို ဘိုးဘွားပိုင်မြေမှ အဓမ္မမောင်းထုတ်ပြီး ၎င်းတို့၏ စာပေ၊ ယဉ် ကျေးမှုနှင့် သမိုင်းဝင်အထောက်အထားများကို ဖျက်ဆီးကာ "အမျိုးသားလက္ခဏာရပ်များ လုံးဝကင်းမဲ့ ပျောက်ကွယ်သွားစေရန်" စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းသည် လူမျိုးစုတစ်စု၏ ဖြစ်တည်မှုကို ကမ္ဘာ့မြေ ပုံပေါ်မှ ကွယ်ပျောက်စေရန် တမင်ဖန်တီးခဲ့သည့် လူမျိုးစုသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) နှင့် လူမျိုးတုန်းစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှု သာဓကဖြစ်သည်။

ပြည်တွင်းဥပဒေနှင့် သမိုင်းဝင်ကတိကဝတ်များအား ချိုးဖောက်ခြင်း။ ။ ဤ"ခါတော်မီစစ်ဆင်ရေး" သည် သ မိုင်းဝင် ပင်လုံကတိကဝတ် ဖြစ်သော တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒများကို လုံးဝဥဿုံ ဖျက်ဆီးခဲ့ပြီး၊ နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံရပိုင်ခွင့်များနှင့် ပြည်တွင်းတည်ဆဲဥပ ဒေပါ ပိုင်ဆိုင်ခွင့်၊ ရှင်သန်ခွင့်ဥပဒေများကို လက်နက်အားကိုးဖြင့် ဓားပြတိုက်ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိ အုပ်ချုပ်ရေးအရ ယာယီသတ်မှတ်ထားသည့် ပထဝီနယ်နိမိတ်မျဉ်းများသည် ယခင်က အာ ဏာပိုင်များနှင့် အဖွဲ့အစည်းအချို့ပူးပေါင်းကာ ကူကီးလူမျိုးများအပေါ် စစ်အင်အားသုံး၍ လူဦးရေပထဝီနှင့် နယ် မြေပထဝီဝင်များကို စနစ်တကျအဓမ္မပြောင်းလဲခဲ့သည့် သမိုင်းဝင်မတရားမှုများအပေါ် အခြေခံနေခြင်းဖြစ်ကြောင်း လွန်စွာထင်ရှားလှပါသည်။ ထို့သို့ သမိုင်းစဉ်တစ်လျှောက် ပြောင်းလဲလာသည့် နယ်မြေဖွဲ့စည်းပုံများကို လျစ်လျူရှု ကာ၊ လက်ရှိ သတ်မှတ်ထားသော ပထဝီဝင်နယ်နိမိတ်ကိုသာ အခြေခံပြီး တောင်းဆိုခြင်းသည် သမိုင်းအမှန်တရား ကို ပျက်ပြားစေပါသည်။

သို့ဖြစ်၍ ယခု ကူကီးနယ်မြေအစိတ်အပိုင်းများကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်း ဆိုနေမှုအပေါ် သမိုင်းကြောင်းအရလည်းကောင်း၊ တရားမျှတမှုအရလည်းကောင်း ပြန်လည်သုံးသပ်ပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အတူတကွညှိနှိုင်းဖြေရှင်းသွားကြပါရန် (UKSC) အနေဖြင့် လေးလေးနက်နက် တိုက် တွန်း တောင်းဆိုပါသည်။

ကူကီးလူမျိုးတို့သည် မည်သည့်လူမျိုးစု၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုမျှ ကန့်ကွက်ရန် သဘောထားမရှိသော်လည်း မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် သမိုင်းဝင်ပိုင်နက်များကို အခြားလူမျိုးတစ်မျိုး၏ ပိုင်နက်အောက်သို့ အတင်းအဓမ္မ ထည့်သွင်းသိမ်းပိုက် တောင်းဆိုခြင်းကိုမူ လုံးဝ လက်ခံနိုင်မည် မဟုတ်ပါ။ မည်သည့်လူမျိုးစု၏ သမိုင်းကြောင်းနှင့် အခွင့်အရေးကိုမျှ ဖိနှိပ်ချုပ်ချယ်ခြင်း မရှိမှသာ ဘက်လိုက်မှုကင်းသော၊ တရားမျှတမှုရှိသော၊ ငြိမ်းချမ်းသော အနာ ဂတ်ဖက်ဒရယ်ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်ကြမည် ဖြစ်ပါသည်။

ယနေ့အချိန်တွင် ကျွန်ုပ်တို့ (UKSC)အနေဖြင့် အလေးအနက်တောင်းဆိုနေသည်မှာ အတိတ်၏အမှားများကို ပြန် လည်ပြုပြင်ပြီး၊ သမိုင်းကြောင်းအရ ကူကီးလူမျိုးတို့ပိုင်ဆိုင်ခဲ့သော အခွင့်အရေးများနှင့် ဘိုးဘွားပိုင်နယ်မြေများကို ပြန်လည်ရယူရန်သာ ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မိမိတို့ကူကီးလူမျိုးနှင့် ဘိုးဘွားပိုင်နယ်မြေများ မ ပျောက်ပျက်စေရန် လူနည်းစုများ၏ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" (Self-determination) ရရှိရေးအတွက် ခေတ်အဆက် ဆက် တောင်းဆိုတိုက်ပွဲဝင်လာခဲ့ကြသည်ကိုလည်း မြန်မာအစိုးရအဆက်ဆက်နှင့် အိမ်နီးချင်းလူမျိုးစုအသီးသီးမှ သိရှိပြီးဖြစ်ပါသည်။

ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) အနေဖြင့် ကူကီးလူမျိုးတို့၏ အမျိုးသားအကျိုးစီးပွားနှင့် ပြည်ထောင်စုအတွင်း ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် မိမိတို့ရပ်တည်ချက်ကို အောက်ပါအတိုင်း ထုတ် ပြန်ကြေညာ အပ်ပါသည် -

၁။ လက်ရှိ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်များသည် ကိုလိုနီခေတ်၏ အမွေဆိုးများသာဖြစ်ကြောင်း၊ ကူကီးလူ မျိုးတို့၏ မူလပိုင်ဆိုင်မှုသမိုင်းကြောင်းကို နိုင်ငံတော်အစိုးရနှင့် ဆွေးနွေးပွဲတွင် ပါဝင်သူများအားလုံးက သမိုင်းပေး တာဝန်တစ်ရပ်အဖြစ် အလေးအနက်ထား အသိအမှတ်ပြုရန် လိုအပ်ပါသည်။

၂။ ကူကီးလူမျိုးတို့၏ ဘိုးဘွားပိုင်နယ်မြေများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပ ဒေဘောင်အတွင်းမှ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်" ထူထောင်ခွင့် ရရှိရေးလုပ်ငန်းစဉ်များ ကို ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

၃။ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) ၏ ရပ်တည်ချက်သည် အိမ်နီးချင်း ရှမ်းနီ၊ နာဂနှင့် အခြား သော တိုင်းရင်းသားညီအစ်ကိုများနှင့် ပဋိပက္ခများမဖြစ်စေရန် "အပြန်အလှန် အသိအမှတ်ပြုရေး" မူဝါဒကို အခြေ ခံလျက်၊ တစ်ဦး၏ အခွင့်အရေးကို တစ်ဦးက လေးစားခြင်းဖြင့် ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာအတူတကွနေ ထိုင်သွားရန် ဖြစ်ပါသည်။

၄။ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) သည် အကြမ်းဖက်မှုများကို (လုံးဝ) မလိုလားသည်နှင့်အ ညီ ပဋိပက္ခများကို နိုင်ငံရေးစကားဝိုင်းများမှတစ်ဆင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါသည်။ နိုင်ငံတော်အစိုးရ၊ ရှမ်းနီ၊ နာဂနှင့် အခြားတိုင်းရင်းသား အင်အားစုများနှင့်အတူ ချစ်ခင်ရင်းနှီးမှု၊ မိတ်ဆွေဖြစ်မှုတို့ကို အခြေခံ၍ ပွင့် လင်းစွာ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းသွားရန် ကတိကဝတ်ပြုပါသည်။

ကျွန်ုပ်တို့သည် ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဂုဏ်ယူစွာဖြင့် အတူတကွ ငြိမ်းချမ်းစွာနေထိုင်ရေး ကို အမြဲတမ်းတန်ဖိုးထားပါသည်။ သို့ဖြစ်ပါ၍ လူမျိုးစုများအကြား နယ်မြေပိုင်နက်နှင့် ပတ်သက်သည့် အငြင်းပွား မှုများကို ဖြေရှင်းရာတွင် တစ်ဖက်သတ်ဆုံးဖြတ်ခြင်းထက် ဆက်စပ်ပတ်သက်သူအားလုံးပါဝင်နိုင်သော စာပွဲဝိုင်း တွင် ငြိမ်းချမ်းစွာ မျက်နှာချင်းဆိုင်အဖြေရှာရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

DECLARATION ON THE RECOGNITION OF HISTORICAL TERRITORIES AND THE RIGHT TOSELF-DETERMINATION OF THE KUKI PEOPLE.The Unite...
06/06/2026

DECLARATION ON THE RECOGNITION OF HISTORICAL TERRITORIES AND THE RIGHT TO
SELF-DETERMINATION OF THE KUKI PEOPLE.

The United Kuki State Council (UKSC) respectfully acknowledges and records the bilateral meeting held on June 4, 2026, between the National Solidarity and Peacemaking Negotiation Committee (NSPNC)—which isactively striving for peace and political stability in the Republic of the Union of Myanmar—and the Shanni Nationalities Solidarity Organization.

Observing that the agenda of the aforementioned meeting included discussions regarding the regions of Homalin, Khamti, Kalay, and Tamu, we hereby present and declare our official and definitive stance regarding the historical ownership, heritage, and ancestral rights of the Kuki people who have settled and inhabited these regions for generations.

The Kuki people are indigenous inhabitants who, since time immemorial, lived peacefully and independently in their own sovereign territory, historically known as Zale’n-gam, under their own traditional governance. The Anglo-Kuki War (1917–1919) stands as a monumental historical testament to this sovereignty, during which the Kuki people defended their land against British imperialist invasion at the cost of immense life and sacrifice. This conflict remains recognized as one of the most significant wars of independence in Asian colonial history.

Following their military defeat by the British forces, the patriotic Kuki Haosas (traditional chiefs and military leaders) were subjected to severe punitive measures, ranging from death sentences to life imprisonment. Subsequently, the British colonial administration partitioned the contiguous Kuki ancestral territory into two administrative segments: the Western Kuki hills were annexed into British India, while the Eastern Kuki hills were integrated into British Burma.

Under the colonial policy of "Divide and Rule," the ancestral lands of the Kuki people integrated into Burma were systematically fragmented and redistributed to diminish their political cohesion:

The Upper Region: The ancestral territories—including approximately 30 villages traditionally governed by the Joujang Haosa (Chief), alongside the Naga Hills and Homalin Township—were annexed into the administrative jurisdiction of Khamti District.

The Central Region: The Kalay-Kabaw valley and surrounding areas were absorbed into the administrative jurisdiction of Mawlaik District.
The Lower Region: Kuki territories, including approximately 15 villages traditionally governed by the Hengjang Haosa (Chief), were annexed into the administrative jurisdiction of the Chin Hills.

These imperialist administrative demarcations severely fractured the natural rights, political standing, social structures, and economic livelihood of the Kuki people, artificially reducing them to minority status within their own ancestral domain.

During the pre-independence transition, the Kuki people actively participated in determining the future of the frontier areas. Kuki representatives representing the Upper Region—Pu Som Thong, Pu Ngam Jam, and Pu Ja Vum Mi—and those representing the Lower Region—Pu Let So, Pu On Kho Mang, and Pu Ngam Kho Thang—formally attended the Maymyo Inquiry Commission (Frontier Areas Committee of Enquiry) to decide on joining the mainland in the pursuit of independence.

The delegation led by Pu Som Thong submitted a formal memorandum to the Commission, outlining the following key demands:
To join the Union of Burma as equal partners;

To send representatives to the Constituent Assembly;

To guarantee the right of secession, equal to that of other ethnic nationalities;

To urgently implement developmental projects in education, healthcare, and infrastructure;

To secure the British Government’s supervision and signature as a guarantor to ensure these demands were met.

Following Burma's independence, the AFPFL (Anti-Fascist People's Freedom League) government
completely failed to honor the agreements reached between the Kuki representatives and AFPFL leaders during the Maymyo Inquiry.

In a more devastating blow to the Kuki nation, the government arbitrarily abolished the traditional Haosa
(Chieftainship) administrative system—the cornerstone of Kuki social cohesion—and revoked the land
ownership rights of the Kuki people. This targeted dissolution of the Haosa system effectively dismantled the
central leadership of the Kuki people, plunging them into decades of political, economic, and social
marginalization. Furthermore, under U Nu’s AFPFL administration, the government initiated the "Pyidawtha Project," systematically settling non-indigenous populations within historical Kuki territories.

On November 18, 1967, the Revolutionary Council military government, led by General Ne Win and in
collusion with the Chin ethnic leader Lieutenant Colonel Van Kul, launched the highly aggressive and unjust military campaign known as "Operation Khator-mee" to forcibly seize ancestral Kuki
lands.

During this campaign:
More than 40 Kuki indigenous villages were systematically burned to the ground;

Approximately 15 villages were subjected to forced relocation;

Thousands of acres of agricultural land were unlawfully confiscated;

Over 20,000 indigenous Kuki civilians were brutally and forcibly deported from their ancestral lands.

This systematic expulsion was deliberately designed to permanently erase the national identity and presence of the Kuki people in these areas.

Legal Analysis of the Atrocities Committed:

Crimes against Humanity: The abuse of military power to execute mass deportation, the forcible transfer of populations, and the systematic persecution of a targeted ethnic group constitute grave violations of international criminal law and amount to Crimes against Humanity.

Violations of the Universal Declaration of Human Rights (UDHR): These actions blatantly violated Article 9 (freedom from arbitrary exile), Article 13 (the right to freedom of movement and residence), and Article 17 (the right to property and freedom from arbitrary deprivation of property) of the UDHR.

Genocidal Intent (Dolus Specialis): Under Article II of the 1948 United Nations Genocide Convention, acts
committed with the intent to destroy, in whole or in part, a national, ethnical, racial, or religious group
constitute genocide. The actions during "Operation Khator-mee" clearly demonstrate Genocidal Intent
through:

The systematic destruction and arson of over 40 Kuki villages, targeting the physical existence of the group's habitat;

The forced expulsion of over 20,000 indigenous residents, accompanied by the destruction of their literature, culture, and historical records to ensure their "complete disappearance and lack of national identity"—a classic manifestation of ethnic cleansing and genocidal intent.

Breach of Domestic Law and Historical Pledges: This military operation utterly violated the historic Panglong Commitments, which guaranteed equality and self-determination for ethnic nationalities, and trampled upon the basic constitutional rights, property rights, and right to life of the citizens through armed force.

It is highly evident that the current temporary administrative boundaries are built upon a foundation of historical injustice, where previous authorities and certain organizations colluded to use military force to systematically alter local demography and geography. To ignore this historical evolution and demand administrative rights based solely on current, artificially imposed boundaries is a direct distortion of historical truth.

Therefore, the UKSC strongly urges and demands a comprehensive review of the ongoing proposals to include
Kuki historical territories within the Shanni Self-Administered Zone, based on historical accuracy and justice. We call for these issues to be resolved peacefully and collaboratively at the negotiation table.

While the Kuki people have no desire to object to or hinder the right to self-determination of any other ethnic nationality, we will absolutely not accept the forced annexation of our ancestral, historical lands under the jurisdiction of another ethnic group. A balanced, just, and peaceful future Federal Democratic Union can only be achieved when no ethnic group’s history or rights are suppressed.

Our sole objective today is to rectify the injustices of the past and reclaim the historical rights and ancestral territories belonging to the Kuki people. Our struggle for "Self-Determination" to preserve our identity and ancestral lands within the Union is a historical reality well known to successive Burmese governments and neighboring ethnic nationalities alike.

In defense of the national interests and the dignified existence of the Kuki people within the Union, the UKSC solemnly declares its official position as follows:

Denunciation of Colonial Legacies: The current administrative boundaries are merely the bitter legacy of the colonial era. The Union Government and all negotiating parties have a historical responsibility to formally recognize the original, historical territorial ownership of the Kuki people.

Commitment to a Kuki National State: In order to protect our ancestral lands, we will continue to pursue, with unwavering determination and within the constitutional framework, the establishment of a "Self- Determined Kuki National State."

Principle of Mutual Recognition: The stance of the UKSC is firmly rooted in the principle of "Mutual
Recognition" to prevent conflict with our neighboring Shanni, Naga, and other fraternal ethnic nationalities.
We believe in peaceful co-existence within the Union, achieved through mutual respect for each other's rights.

Commitment to Peaceful Dialogue: The UKSC categorically rejects violence and remains fully prepared to resolve all conflicts through political dialogue. We commit to engaging in open, transparent, and amicable political negotiations with the Union Government, Shanni, Naga, and other ethnic forces.

We have always valued, and will continue to value, peaceful co-existence as an integral part of the Union. Therefore, we respectfully urge that all territorial and boundary disputes between ethnic groups be resolved not through unilateral declarations, but through peaceful, inclusive, and face-to-face negotiations at a roundtable where all relevant stakeholders are represented.

The United Kuki State Council (UKSC)

Thadou Baptist Association (TBA) အသင်းတော်ခေါင်းဆောင်များအား ရက်စက်စွာ ခြုံခိုတိုက်ခိုက် လုပ်ကြံမှုကို ပြင်းထန်စွာရှုတ်ခ...
13/05/2026

Thadou Baptist Association (TBA) အသင်းတော်ခေါင်းဆောင်များအား ရက်စက်စွာ ခြုံခိုတိုက်ခိုက် လုပ်ကြံမှုကို ပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်ကြေညာချက်။

Official Condemnation of the Brutal Ambush and Assassination of Church Leaders from the Thadou Baptist Association (TBA)

The United Kuki State Council (UKSC) expresses its profound shock and utmost indignation following the heinous and cowardly ambush carried out by armed groups on the morning of May 13, 2026. The incident occurred between Kotzim and Kotlen villages in Kangpokpi District, Manipur, targeting vehicles carrying innocent religious leaders of the Thadou Baptist Association (TBA) who were engaged in peace and missionnary endeavors.

This unprovoked attack resulted in the tragic loss of revered peace-builders and spiritual leaders, including Rev. Dr. Vumthang Sitlhou, Rev. Kaigoulun Lhouvum, and Pastor Paogoulen Sitlhou. Furthermore, several other church leaders and staff sustained critical injuries during the assault.

In light of this grave incident, the UKSC hereby issues the following resolutions:

1. Categorical Condemnation: We unequivocally condemn the targeting of religious leaders who have dedicated their lives to peace and spiritual service without involvement in political or armed conflicts. Such acts constitute a reprehensible crime against humanity.

2. Call for Justice: We urge the Government of Manipur and the Union Government of India to immediately identify, apprehend, and prosecute all individuals and organizations complicit in this assassination. We demand that justice be served through the most stringent legal measures.

3. Cessation of Violence: We demand an immediate end to the targeting of civilians and the destruction of communities under the guise of ethnic conflict. The UKSC stands firmly against all forms of terrorism and extremism, and we categorically oppose any entities that incite or harbor such radical elements.

4. Appeal for Peaceful Solidarity: We call upon all peace-loving citizens to express their rejection of such lawless violence through peaceful means and to stand united in the pursuit of justice, rights, and communal harmony.

On behalf of the UKSC, we extend our deepest condolences to the bereaved families of the fallen leaders, the Thadou Baptist Association, and the entire Kuki community during this time of immense grief. Our prayers and thoughts remain with those injured, wishing them a swift and full recovery.

Thadou Baptist Association (TBA) အသင်းတော်ခေါင်းဆောင်များအား ရက်စက်စွာ ခြုံခိုတိုက်ခိုက် လုပ်ကြံမှုကို ပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်ကြေညာချက်။

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် Manipur ပြည်နယ်၊ Kangpokpi ခရိုင်၊ Kotzim ရွာနှင့် Kotlen ရွာအကြားတွင် ငြိမ်းချမ်းရေးနှင့် သာသနာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Thadou Baptist Association (TBA) မှ အပြစ်မဲ့ ဘာသာရေးခေါင်းဆောင်များလိုက်ပါလာသော မော်တော်ယာဉ်များကို လက်နက်ကိုင်အဖွဲ့များက ယုတ်မာရက်စက်စွာ ခြုံခိုတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်အပေါ် United Kuki State Council (UKSC) အနေဖြင့် များစွာ တုန်လှုပ်ခြောက်ခြားရပြီး အပြင်းထန်ဆုံး စကားလုံးများဖြင့် ကန့်ကွက်ရှုတ်ချပါသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် Rev. Dr. Vumthang Sitlhou၊ Rev. Kaigoulun Lhouvum နှင့် Pastor Paogoulen Sitlhou တို့ကဲ့သို့သော ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသူ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်ဆုံးရှုံးခဲ့ရပြီး အခြားသော ဘာသာရေးခေါင်းဆောင်များနှင့် ဝန်ထမ်းများလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်၍ UKSC အနေဖြင့် အောက်ပါအတိုင်း သဘောထားထုတ်ပြန်အပ်ပါသည် -

၁။ မည်သည့်နိုင်ငံရေး၊ လက်နက်ကိုင်ပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးနှင့် ဘာသာရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ခေါင်းဆောင်များကို ဦးတည်တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုဖြစ်ကြောင်း သတ်မှတ်၍ ပြင်းထန်စွာရှုတ်ချပါသည်။

၂။ အဆိုပါ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သူအားလုံးကို အမြန် ဆုံး ဖော်ထုတ်ဖမ်းဆီးရန် Manipur အစိုးရနှင့် အိန္ဒိယဗဟိုအစိုးရတို့အား တိုက်တွန်းပါသည်။ ဤလုပ်ရပ်အတွက် တာဝန်ရှိသူများကို ထိရောက်ပြတ်သားစွာ တရားဥပဒေအရ အရေးယူပေးရန် လေးနက်စွာတောင်းဆိုပါသည်။

၃။ လူမျိုးရေး ပဋိပက္ခများကို အကြောင်းပြ၍ အရပ်သားပြည်သူများနှင့် ရပ်ရွာလူထုကို ဦးတည်တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်းများကို လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေဖြင့် ချက်ချင်းရပ်တန့်ရန် တောင်းဆိုပါသည်။ အကြမ်း ဖက်မှုနှင့် အစွန်းရောက်ဝါဒကို အားပေးအားမြှောက်ပြုနေသည့် မည်သည့်အပြုအမူမျိုးကိုမဆို ကျွန်ုပ်တို့ UKSC အ နေဖြင့် လုံးဝ (လုံးဝ) လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်သည်။

၄။ ငြိမ်းချမ်းရေးကို မြတ်နိုးသော မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ မတရားသော လုပ်ကြံသတ်ဖြတ်မှုများကို လက်မခံကြောင်း ငြိမ်းချမ်းစွာဖြင့် ထုတ်ဖော်ပြသကြရန်နှင့် မိမိတို့၏ ရပိုင်ခွင့်နှင့် တရားမျှတမှုအတွက် စည်းလုံးစွာ ရပ်တည်ကြရန် တိုက်တွန်းပါသည်။

UKSC အနေဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ TBA အသင်းတော်နှင့် ကူကီး ပြည်သူတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း အသိပေးအပ်ပါသည်။ ကျန်ရှိသော ဒဏ် ရာရရှိသူများအား အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်းလည်း အထူးဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

Address

Tamu

Alerts

Be the first to know and let us send you an email when United Kuki State Council / United Kuki State Army posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to United Kuki State Council / United Kuki State Army:

Shortcuts

Share