株式会社ウラノス

株式会社ウラノス

Share

登録支援サポート

Photos from KiRa NWE's post 31/03/2026
18/02/2026

🌼【特定技能介護 合格おめでとうございます!】🌼

ミャンマーからの特定技能介護合格者8名の中より、2名が選ばれました。

日本で働く夢に向かって努力してきたお二人。本当におめでとうございます!

これから日本での新しいスタートを、私たちも責任を持ってサポートしていきます。

施設様との素敵なご縁を大切に、共に成長していけることを楽しみにしております。

09/02/2026

ဂျပန်မှာအလုပ်မထွက်ခင် Company ဘက်ကိုတောင်းသင့်တဲ့ စာရွတ်စာတမ်းများ

ဂျပန်မှာ အလုပ်ထွက်တော့မယ်ဆိုရင် ကုမ္ပဏီဘက်ကို အောက်ပါစာရွက်စာတမ်းတွေကို တောင်းခံဖို့ အရေးကြီးပါတယ်။ ဒီစာရွက်တွေက နောက်ထပ်အလုပ်အကိုင်အတွက် လိုအပ်နိုင်ပြီး ကိုယ့်ရဲ့အလုပ်သမားအခွင့်အရေးအတွက်လည်း အရေးကြီးပါတယ်။

1. 退職証明書 (Taishoku Shōmeisho)
အလုပ်ထွက်လက်မှတ်

- အလုပ်ထွက်ပြီးကြောင်း အတည်ပြုစာရွက်
- ကုမ္ပဏီနာမည်၊ အလုပ်သမားနာမည်၊ အလုပ်စတင်သည့်နေ့၊ အလုပ်ထွက်သည့်နေ့၊ အလုပ်တာဝန်စသည်တို့ ပါဝင်သည်။
- နောက်ထပ်အလုပ်လျှောက်တဲ့အခါ လိုအပ်နိုင်ပါတယ်။

2. 源泉徴収票 (Gensen Chōshūhyō)
အခွန်စာရင်း

- နှစ်စဉ်လစာနှင့် ကျသင့်အခွန်ပမာဏကို ဖော်ပြထားသော စာရွက်ဖြစ်ပါတယ်။
- နောက်နှစ်အတွက် အခွန်တင်သွင်းရာတွင် အသုံးပြုနိုင်ပါတယ်။
- အလုပ်ထွက်ပြီးနောက် နောက်ဆုံးလစာအတွက် ရရှိနိုင်ပါတယ်။

3. 健康保険・厚生年金保険資格喪失証明書 (Kenkō Hoken / Kōsei Nenkin Hoken Shikaku Sōsh*tsu Shōmeisho)

- ကျန်းမာရေးအာမခံနှင့် ပင်စင်အာမခံ ပြတ်တောက်ကြောင်း အတည်ပြုစာဖြစ်ပါတယ်။
- အလုပ်ထွက်ပြီးနောက် ကိုယ်တိုင်ဆက်လက်ထမ်းဆောင်လိုပါက (国民健康保険 Kokumin Kenkō Hoken) သို့ ပြောင်းရန် လိုအပ်သည်။

4. 雇用保険被保険者証 (Koyō Hoken Hihokensha Shō)
အလုပ်အကိုင်အာမခံကတ်

- အလုပ်လက်မဲ့ထောက်ပံ့ကြေး (失業保険 Sh*tsugyō Hoken) လျှောက်ထားရန် လိုအပ်သည်။
- အလုပ်ထွက်ပြီးနောက် Hello Work (ハローワーク) မှာ လျှောက်ထားနိုင်ပါတယ်။

5. 年金手帳 (Nenkin Techō) / 基礎年金番号通知書 (Kiso Nenkin Bangō Tsūchisho)
ပင်စင်နံပါတ်ပါသော စာအုပ် (သို့) အကြောင်းကြားစာ

- နောက်ထပ်အလုပ်တွင် ပင်စင်ခွန်ဆက်လက်ပေး ဆောင်ရန် လိုအပ်တယ်။

6. 在職証明書 (Zaishoku Shōmeisho)
အလုပ်လုပ်ကိုင်ခဲ့ကြောင်း အတည်ပြုလက်မှတ်

- အလုပ်လုပ်ကိုင်ခဲ့သည့် ကာလနှင့် ရာထူးကို အတည်ပြုပေးသော စာရွက်ဖြစ်ပါတယ်။
- နောက်ထပ်အလုပ်လျှောက်တဲ့အခါ ကိုယ်ရေးရာဇဝင်တွင် ထည့်သွင်းနိုင်သည်။

7. 退職時の未払い金の明細 (Taishoku-ji no Mibarai-kin no Meisai)
ကျန်ရှိလစာနှင့် အခြားခံစားခွင့်များ

- အလုပ်ထွက်ချိန်တွင် မရရှိသေးသော လစာ၊ ခံစားခွင့်ငွေများ (ဥပမာ: အပိုဆုကြေး၊ အလုပ်ပိတ်ရက်ကြေး)

*အရေးကြီးသော အကြံပြုချက်များ*

- အလုပ်ထွက်ချိန်မှာ ကုမ္ပဏီ HR (人事部 Jinjibu) နဲ့ သေချာညှိနှိုင်းပါ။
- စာရွက်စာတမ်းတွေကို ဂျပန်ဘာသာ နဲ့ တောင်းပါ (အင်္ဂလိပ်ဘာသာပါရင် ပိုကောင်း)။
- အလုပ်ထွက်ပြီး 1-2 ပတ်အတွင်း စာရွက်တွေရအောင် စောင့်ပါ (တချို့ကုမ္ပဏီတွေက ပေးဖို့နှောင့်နှေးတတ်ပါတယ်)။

ဒီစာရွက်တွေရှိရင် နောက်အလုပ်အတွက် လျှောက်ထားရာမှာ ပိုမိုလွယ်ကူပြီး ဂျပန်ရဲ့ဥပဒေနဲ့အညီ သင့်ရဲ့အခွင့်အရေးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အစဉ်ပြေကြပါစေဗျ။


#ဂျပန်မှာအလုပ်မထွက်ခင်တောင်းရမည့်စာရွတ်စာတမ်းများ

17/01/2026

💯အလုပ်ရသွားပြီးနောက် ကုမ္ပဏီဘက်ကို အလုပ်ကိုလက်ခံမယ်/ လက်မခံဘူး အကြောင်းပြန်တာ အရမ်းကို အရေးကြီးပါတယ်။💯

ဒီနေ့မှာတော့ အလုပ်ရပြီးနောက် သတိထားရမဲ့ အချက်လေးတွေကို ပြောပြသွားချင်ပါတယ်

✅ကျေးဇူးတင်ကြောင်း
ပထမဆုံးအနေနဲ့ အလုပ်ခန့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းမေးလ်ကို မဖြစ်မနေပို့ရပါမည်။

✅အလုပ်ခန့်စာကိုလက်ခံကြောင်းပြန်လည်ပို့ခြင်း
အလုပ်ခန့်စာကိုလက်ခံကြောင်း ပြန်လည်ပေးပို့ရမည့်ရက်နှင့်အချိန်ကို သေချာလိုက်နာပါ။
အလုပ်ခန့်စာကို သေချာစွာစိစစ်ပြီးမှ အလုပ်ကိုလက်ခံမလား/မလက်ခံဘူးလားကို ဆုံးဖြတ်ပါ။
အလုပ်ခန့်စာထဲမှာပါတဲ့အကြောင်းအရာတွေကို နားမလည်ပါက အလုပ်ခန့်ပေးတဲ့ကုမ္ပဏီကို အားမနာပဲ မေးပါ။
မေးချင်တဲ့အချက်များတဲ့အခါ 内定面談လုပ်ပေးဖို့တောင်းဆိုပါ။
အလုပ်ခန့်စာကို ကြည့်ရမည့်အချက်များ

・သတ်မှတ်ထားတဲ့ အလုပ်ဝင်ရက်မှာ အလုပ်စဝင်နိုင်လား
→တကယ်လို့ သတ်မှတ်ထားတဲ့ရက်မှာ မဝင်နိုင်ရင် အလုပ်မလက်ခံမှီ ကုမ္ပဏီဘက်ကို ဆွေးနွေးပါ။

・လစာ (သတ်မှတ်ထားတဲ့အချိန်ပိုကြေး ပါနေလား/မပါဘူးလား)

・အလုပ်ခန့်အပ်သည့်အမျိုးအစား (အမြဲတမ်းဝန်ထမ်းလား/စာချုပ်ဝန်ထမ်းလား)

・Supportပေးမည့်အချက်များ (လေယာဥ်လက်မှတ်၊ အိမ်ပြောင်းစရိတ်များကို မည်သူမှ ကုန်ကျခံမည်လဲစသည်ဖြင့်)

・Allowance (အိမ်လခများ၊ အချိန်ပိုကြေးများစသည်ဖြင့်)

✅အလုပ်လက်ခံမည်ဖြစ်ကြောင်း တရားဝင်ပြောကြားပြီးနောက်တွင် မရှောင်မလွှဲနိုင်သော အကြောင်းပြချက်မဟုတ်ပါက Cancelလုပ်ခြင်းကို မပြုလုပ်သင့်ပါ။
→အလုပ်ခန့်မည့်ကုမ္ပဏီဘက်မှ အလုပ်ဝင်ဖို့အတွက် အမျိုးမျိုးသော Processများ စတင်လုပ်ဆောင်နေပြီ ဖြစ်သောကြောင့် ကိုယ်ကအနှောင့်အယှက်ပေးသလိုဖြစ်သွားနိုင်ပါတယ်။

✅အလုပ်ခန့်စာကို လက်ခံပြီးနောက် Cancelလုပ်လည်း ရတယ်လို့ တွေးနေသူရှိကောင်းရှိနိုင်သော်လည်း ဂျပန်မှာကတော့ အလွန်ပင် မကောင်းသောလုပ်ရပ်ဖြစ်ပါတယ်။
အခြေအနေပေါ်မူတည်ပြီး တရားရင်ဆိုင်ရတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။

✅တခြားကုမ္ပဏီတွင် အလုပ်လျှောက်ထားခြင်းများနှင့်ပတ်သက်၍
တခြားကုမ္ပဏီတွင်လည်း အလုပ်လျှောက်ထားတာရှိပြီး Resultသိပြီးမှ အကြောင်းပြန်ချင်ပါက အကြောင်းပြန်ရမည့်Deadlineကို နောက်ဆုတ်ပေးနိုင်/မနိုင် ကုမ္ပဏီဘက်ကို ညှိနှိုင်းပါ။

✅အလုပ်လက်ခံပြီးပါက တခြားကုမ္ပဏီများကို သေချာပေါက် Cancelကြောင်း အကြောင်းကြားပါ။

✅လက်ရှိအလုပ်တွင် လုပ်ရမည့်အရာများ
အလုပ်သစ်ကအလုပ်ကိုလက်ခံမည်ဟု ဆုံးဖြတ်ပြီးသွားသောအခါ လက်ရှိအလုပ်ကိုအမြန်ဆုံး အလုပ်ထွက်စာတင်ပါ။
→ကိုယ်လုပ်နေတဲ့အလုပ်များကို Hand overပေးရမည်ဖြစ်သောကြောင့် တတ်နိုင်သလောက် ကြိုပြီးတင်ထားပါ။

✅အလုပ်သစ်မှာဝင်မယ်လို့ ကတိပေးထားတဲ့ရက်ကို ဝင်နိုင်အောင် လက်ရှိကုမ္ပဏီနဲ့ညှိပါ။
※ကတိပေးထားတဲ့ရက်မှာ ဝင်နိုင်အောင်လုပ်ပါ။ အလုပ်ကိုလက်ခံပြီးနောက် အလုပ်ဝင်မည့်ရက်ကို ပြောင်းတာက ကုမ္ပဏီအတွက် အရမ်းအခက်အခဲဖြစ်ပါတယ်။

✅မိမိခွင့်ရက်ကျန်နေသေးတာမျိုးရှိရင်လည်း လက်ရှိလုပ်နေတဲ့ ကုမ္ပဏီကို သုံးလို့ရ/မရကို တခါတည်းမေးပါ။ (ပုံမှန်သုံးလို့ရပါတယ်။)
အလုပ်ထွက်တဲ့အခါမှာ လုပ်ရမဲ့အချက်တွေကို သေချာလေးလက်စသတ်ထားပါ။

✅အလုပ်စမဝင်ခင် Flow
ကုမ္ပဏီဘက်က ညွှန်ကြားတဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း တင်ပေးပါ/ ပို့ပေးပါ။
အလုပ်ရပြီးနောက်လည်း ကုမ္ပဏီနှင့် မေးလ်အသွားအလာများကို Polite formများနှင့် ပို့ပေးပါ။

ကုမ္ပဏီဘက်က တောင်းဆိုတဲ့ကိစ္စများကို တတ်နိုင်သလောက်မြန်မြန်နှင့်မှန်မှန် လုပ်ဖို့လိုပါတယ်။ Replyပြန်ဖို့ နောက်ကျခြင်း၊ သေချာမဖတ်ပဲမှားသွားခြင်းတို့ဖြစ်ပါက

အလုပ်မဝင်ခင်ကတည်းက မိမိရဲ့Imageက ကျသွားမည်ဖြစ်ပါတယ်။ နားမလည်တာကို မေးလည်းကိစ္စမရှိတဲ့အတွက် ဆက်စပ်မေးပေးပါ။

အဆင်ပြေပြေနှင့်အလုပ်သစ်ကိုစဝင်ဖို့အတွက် ကုမ္ပဏီဘက်ကတောင်းဆိုတဲ့ ကိစ္စများကို ဦးစားပေးပြီး အမှားမရှိအောင်လုပ်ပေးပါ။

⭕️အရေးကြီးသော အချက်များ
မိမိဆန္ဒအတိုင်း အလုပ်ကိုလက်ခံပါ။
မိမိဆန္ဒအတိုင်းပြောခဲ့တဲ့ ကတိကို သေချာပေါက်တည်ပါ။
အချိန်ကိုလေးစားပါ။
နိုင်ငံခြားကနေလာမည့်သူတွေအနေနဲ့ ဂျပန်ရဲ့လုပ်ငန်းခွင်၊ နေထိုင်မှုဘဝကို တခါတည်းကြိုတွေးထားပါ။

တခြားဆောင်းပါးများဖတ်လိုပါက -
https://www.risefor-career.com/live-learn-lead

Design your own Career, RISE for Career.
゚viralシviralシfypシ゚viralシalシ


22/12/2025

🤰 育休ယူပြီးမှ အလုပ်ကို ပြန်မသွားဘဲ နုတ်ထွက်ခြင်းက စနစ်ကို အလွဲသုံးစားလုပ်တာလား?
🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

ဒါကအမှန်တော့ ဂျပန်ရဲ့ဥပဒေအရကို နားလို့ရတာပါ။ အပြစ်မြင်တဲ့သူက သူကိုယ်တိုင်မခံစားဘူးလို့လို့ မြင်မိတယ်။

အခုလို စာဖတ်ရတဲ့အခါ "育休もらい逃げ (ကလေးမွေးခွင့်ယူပြီး နုတ်ထွက်တာ)" ဆိုတာနဲ့ပတ်သက်ပြီး စိတ်ထဲမှာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ တကယ်တော့၊ ဒီကိစ္စဟာ ဂျပန်နိုင်ငံရဲ့ အလုပ်သမားရေးရာမှာ မကြာခဏဆိုသလို ဆွေးနွေးငြင်းခုန်စရာ ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုပါ။

ဒီကိစ္စကို အဓိကအားဖြင့် ရှုထောင့်နှစ်ခုကနေ ကြည့်လို့ရပါတယ်။

🙅‍♀️ ပြစ်တင်ဝေဖန်သူတို့ရဲ့ အမြင်- "ဒါဟာ စည်းကမ်းဖောက်ဖျက်မှုပဲ!"

အခု ဖတ်ခဲ့ရတဲ့ ဆောင်းပါးထဲမှာပါတဲ့ "発言小町 (Hatsugen Komachi)" က မှတ်ချက်တွေလိုမျိုး၊ တော်တော်လေး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိပါတယ်။

• "စနစ်ကို အလွဲသုံးစားလုပ်တာ"

ကလေးမွေးခွင့် (育休 - Ikukyuu) ဆိုတာက အလုပ်ပြန်ဝင်ဖို့ ရည်ရွယ်ပြီး ပေးထားတဲ့စနစ် ဖြစ်လို့၊ ပြန်မဝင်ဘဲ နုတ်ထွက်တာဟာ မူလရည်ရွယ်ချက်ကို လျစ်လျူရှုလိုက်တာပဲလို့ ရှုမြင်ကြပါတယ်။

• "ကိုယ်ကျင့်တရားမရှိဘူး/ ကောက်ကျစ်တယ်":

အလုပ်ပြန်ဝင်ဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်ရှင်ကို ဒုက္ခပေးတာ၊ 育休ပေးတဲ့စနစ်ကို အပြည့်အဝ အခွင့်ကောင်းယူပြီးမှ ထွက်သွားတာကို မလုပ်သင့်ဘူးလို့ ယူဆပါတယ်။

• "နောက်လူတွေအတွက် ဒုက္ခပေးတာ"
ဒီလိုမျိုး ကိစ္စတွေ များလာရင် နောင်တစ်ချိန်မှာ 育休ယူချင်တဲ့ အမျိုးသမီးတွေအတွက် အလုပ်ရှင်တွေက သံသယဖြစ်လာပြီး 育休ပေးဖို့ ခက်ခဲသွားနိုင်တယ်လို့ စိုးရိမ်ကြပါတယ်။

• လက်တွေ့ကျတဲ့ စိုးရိမ်မှုများ
နုတ်ထွက်ရင် ကလေးထိန်းကျောင်း (保育園 - Hoikuen) ဝင်ခွင့်ရဖို့ ခက်ခဲမယ် (အလုပ်ပြန်ဝင်ကြောင်း အထောက်အထား လိုအပ်တာမျိုး ရှိနိုင်လို့)၊ အလုပ်အသစ်မှာလည်း ကလေးငယ်နဲ့ အလုပ်ပြောင်းတာကို အလုပ်ရှင်က လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။

👩‍💼 ကျွမ်းကျင်သူနဲ့ အတွေ့အကြုံရှိသူတို့ရဲ့ အမြင်- "အလုပ်ရှင်အတွက် ဆုံးရှုံးမှုဖြစ်ပေမယ့် လူ့အဖွဲ့အစည်းအတွက်တော့ အဆင်ပြေနိုင်တယ်"

ဆောင်းပါးထဲက ကျွမ်းကျင်သူ (山谷真名 - Yamaya Mana) ရဲ့ ထောက်ပြချက်တွေနဲ့ အလုပ်ပြောင်းခဲ့သူရဲ့ အတွေ့အကြုံကတော့ ဒီလို ဝေဖန်မှုတွေရဲ့ တစ်ဖက်ခြမ်းကို ဖော်ပြနေပါတယ်။

• အလုပ်ရှင်အတွက် ဆုံးရှုံးမှု

ဝန်ထမ်းတစ်ဦးကို လေ့ကျင့်ပေးထားတဲ့အတွက် ကုန်ကျစရိတ် တော့ ဆုံးရှုံးရမှာ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို စနစ် အလွဲသုံးစားလုပ်တာ လို့ တိုက်ရိုက်ပြောလို့မရဘဲ ဥပဒေအရ ပြဿနာမရှိဘူးလို့ ယူဆကြပါတယ်။

• လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အမြင်

အလုပ်ရှင်ပြောင်းသွားပေမယ့် အဲဒီအမျိုးသမီးဟာ ဆက်လက် အလုပ်လုပ်ကိုင်နေဦးမှာဖြစ်လို့ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိမှု (စွမ်းအား/လုပ်သားကို ဆက်လက် ပံ့ပိုးနိုင်မှု) ကတော့ ရှိနေပါတယ်။

• အလုပ်ရှင်ရဲ့ ပြဿနာ

တကယ်လို့ အလုပ်ရှင်က "ကလေးမွေးပြီးရင် ပြန်လာချင်စရာ မရှိတဲ့" ပတ်ဝန်းကျင်မျိုး ဖြစ်နေတယ်ဆိုရင်၊ အဲဒါက ပြောင်းလဲသင့်တဲ့ အလုပ်ရှင်ရဲ့ ပြဿနာလို့ 山谷 က ထောက်ပြထားပါတယ်။

• အလုပ်ပြောင်းသူရဲ့ အတွေ့အကြုံ

တချို့ကိစ္စတွေမှာ၊ ကလေးမွေးပြီးနောက် ပြန်လာရင် ကလေးနဲ့ အဆင်မပြေတဲ့ နေရာကို ရွှေ့ခိုင်းပြီး နုတ်ထွက်ဖို့ တိုက်တွန်းခံရတာ မျိုးတွေ ရှိတတ်တဲ့အတွက်၊ 育休ကာလမှာ အလုပ်ပြောင်းလိုက်တာက ပိုကောင်းတဲ့ အသက်မွေးဝမ်းကျောင်းဘဝ (Career) ကို ရစေနိုင်တယ်လို့ "転職万歳 (Tenshoku Banzai)" က ပြောပြထားပါတယ်။

⚖️ နိဂုံးချုပ်

တကယ်တော့ 育休ပြီးမှ နုတ်ထွက်တာ ဟာ ဥပဒေအရ တရားဝင် ပေမယ့်၊ ကိုယ်ကျင့်တရားအရ ဒါမှမဟုတ် လူမှုဆက်ဆံရေးအရ လက်ခံနိုင်သလားဆိုတာကိုတော့ လူတစ်ဦးချင်းရဲ့ ခံယူချက်ပေါ် မူတည်ပါတယ်။

• အလုပ်ရှင်ကို စိတ်ရင်းနဲ့ သစ္စာရှိချင်တယ်ဆိုရင်

မလုပ်သင့်ပါဘူး။

• ဒါပေမဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းဘဝ (Career) ကို ပိုအရေးကြီးတယ်လို့ ယူဆပြီး ပိုကောင်းတဲ့ အခွင့်အရေးကို လိုချင်တယ်ဆိုရင်

育休ကာလကို အသုံးပြုပြီး အလုပ်ပြောင်းတာဟာ စဉ်းစားသင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

ဆောင်းပါးထဲက "名子" ရဲ့ ခံစားချက်လိုမျိုး "အပြစ်ရှိသလို ခံစားရခြင်း (罪悪感)" ကတော့ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့၊ "ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို ရေရှည်အတွက် စဉ်းစားပြီးမှ ဆုံးဖြတ်ပါ" ဆိုတဲ့ ကျွမ်းကျင်သူရဲ့ အကြံပေးချက်အတိုင်း၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ အရေးကြီးပါတယ်။

#育休

22/12/2025

အလုပ်လျှောက်တဲ့ချိန်မှာ ပြင်ဆင်ရတဲ့ ❝職務経歴書(しょくむけいれきしょ) ❞ ဆိုတာဘာလဲ📝

အလုပ်လျှောက်ထားရာမှာ (အထူးသဖြင့် အလုပ်အသစ်ပြောင်းရာမှာ) အသုံးပြုတဲ့ 職務経歴書(しょくむけいれきしょ) ဆိုတာက 履歴書(りれきしょ) ထက် လုပ်ငန်းအတွေ့အကြုံနဲ့ စွမ်းရည်တွေကို ပိုပြီးအသေးစိတ်ဖော်ပြတဲ့ အရာပဲဖြစ်ပါတယ်။ ‌

ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေကို သေချာဖော်ပြနိုင်မယ်ဆိုရင် အလုပ်ရှင်ရဲ့ စိတ်ဝင်စားမှုကိုရရှိပြီး အလုပ်ရဖို့ အခွင့်အ‌ရေးများလေဖြစ်ပါတယ်။ဒါကြောင့်職務経歴書 (しょくむけいれきしょ) ကို ကောင်းမွန်အောင် ဘယ်လိုရေးသင့်လဲဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ ရှင်းလင်းပြတ်သားပြီး စနစ်တကျရှိခြင်း
職務経歴書(しょくむけいれきしょ) တစ်ခုက ဖတ်ရလွယ်ကူပြီး ရှင်းလင်းနေရပါမယ်။

✔ Format အနေနဲ့ သပ်ရပ်တဲ့ Fontနဲ့ ရေးသားပြီး စာပိုဒ်များ၊ ခေါင်းစဉ်ခွဲများကို စနစ်တကျ ခွဲခြားရပါမယ်။ ဒါမှသာ အလုပ်ရှင်က သင့်ရဲ့အချက်အလက်တွေကို အချိန်တိုအတွင်း သေချာမြင်နိုင်မှာပါ။
✔စကားလုံးအသုံးအနှုန်းအနေနဲ့ ယဉ်ကျေးတဲ့ စကားလုံးများကိုသာ သုံးပါ။ ကိုယ့်ကိုယ်ကို မြှင့်တင်တဲ့ စကားလုံးတွေကို လျှော့သုံးပြီး အရေးကြီးတဲ့အချက်အလက်တွေကို ဦးစားပေးဖော်ပြပါ။
✔စာပိုဒ်အရှည် အနေနဲ့ လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး ယေဘုယျအားဖြင့် စာမျက်နှာ (၁)မျက်နှာ မှ (၂) မျက်နှာခန့်သာ ရေးသားသင့်ပါတယ်။ အရမ်းရှည်လွန်းရင် ဖတ်ရသူကို စိတ်ရှုပ်စေနိုင်ပါတယ်။

၂။ ပါဝင်ရမည့် အပိုင်းများ
職務経歴書(しょくむけいれきしょ)တွေမှာ ဒီလို အဓိက အစိတ်အပိုင်းတွေ ပါဝင်သင့်ပါတယ်။

①職務要約 (しょくむようやく) လုပ်ငန်းတာဝန် အကျဉ်းချုပ်
ဒီအပိုင်းမှာ မိမိရဲ့ အဓိက အရည်အချင်းများ၊ လုပ်ငန်းအတွေ့အကြုံနဲ့ လျှောက်ထားတဲ့ရာထူးအတွက် အထောက်အကူဖြစ်မယ့် အချက်အလက်တွေကို အတိုချုံးအနေနဲ့ သေချာစွာ ဖော်ပြပါ။

②職務経歴 (しょくむけいれき) လုပ်ငန်းမှတ်တမ်း/အတွေ့အကြုံ
နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်ကို ဦးစားပေးဖော်ပြပါ။ လက်ရှိ သို့မဟုတ် နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်မှစပြီး အချိန်ကာလ အစဉ်အတိုင်း ဖော်ပြပါ။ တာဝန်နှင့်ရရှိခဲ့တဲ့ ရလဒ်များကိုလည်း အလုပ်တစ်ခုစီအတွက် မိမိရဲ့ တာဝန်များကို ဖော်ပြရုံသာမက၊ အဲ့ဒီအလုပ်မှာ အောင်မြင်ခဲ့တဲ့ ရလဒ်ကောင်းများ (実績 – じっせき) ကိုလည်း တတ်နိုင်သလောက် ဖော်ပြပါ။

③ 活かせる能力 (いかせるのうりょく) စွမ်းရည်များ
လျှောက်ထားတဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုများ (ဥပမာ- ဘာသာစကား၊ ကွန်ပျူတာပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုစွမ်းရည်) တွေကို ရှင်းလင်းစွာ ဖော်ပြပါ။

④自己PR (じこピーアール) မိမိကိုယ်ကို မိတ်ဆက်ခြင်း/အားသာချက်များဖော်ပြခြင်း
မိမိ၏ စိတ်နေသဘောထား၊ အလုပ်အပေါ်ထားရှိသော သဘောထားနှင့် အလုပ်ရှင်အတွက် မည်သို့ အကျိုးရှိစေမည်ကို ဆွဲဆောင်မှုရှိသော စာပိုဒ်ဖြင့် ရေးသားပါ။

၃။ အလုပ်တစ်ခုချင်းစီအတွက် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခြင်း

ကောင်းမွန်တဲ့ 職務経歴書(しょくむけいれきしょ) ဆိုတာ အသင့်ရေးထားပြီးသားတစ်ခုတည်းဖြင့် အလုပ်အားလုံးကို ဒိုင်ခံလျှောက်ခြင်းမဟုတ်ပါဘူး။ လျှောက်ထားမယ့် ရာထူးရဲ့ Job Description (အလုပ်ဖော်ပြချက်) ကို သေချာဖတ်ပါ။ အဲ့နေရာတွက် လိုအပ်တဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို ကိုယ့်ရဲ့ 職務経歴書(しょくむけいれきしょ)မှာ ပိုမိုထင်ရှားအောင် ဖော်ပြပေးရပါမယ်။

၄။ အမှားအယွင်းမရှိစေရန် စစ်ဆေးခြင်း
ဘယ်လောက်ပဲ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရေးထားပေမယ့် စာလုံးပေါင်းသတ်ပုံအမှား၊ သဒ္ဒါအမှား‌တွေ ပါနေမယ်ဆိုရင် ကိုယ့်ရဲ့ပုံရိပ်ကို အနည်းနဲ့အများ ထိခိုက်စေတာကြောင့် ရေးပြီးသား職務経歴書(しょくむけいれきしょ) ကို ဂရုတစိုက် ပြန်လည်စစ်ဆေးပါ။

※တတ်နိုင်ပါက အခြားသူတစ်ဦးကိုလည်း ဖတ်ရှုစေပြီး မိမိသတိမထားမိလိုက်တဲ့အမှားများကို ပြင်ဆင်ပါ။

📝ဒီလောက်ဆိုရင် 職務経歴書(しょくむけいれきしょ) ရေးနည်းကို သိသွားကြလောက်ပြီလို့ ထင်ပါတယ်။ 職務経歴書(しょくむけいれきしょ)ကောင်းတစ်ခုက သင့်ကို အင်တာဗျူးမယ့်သူဆီကနေ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်ကိုရနိုင်တာမို့ အချိန်ယူပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရေးသားဖို့ လိုအပ်ပါတယ်နော်။

※MJCSNမှာလည်း IT ၊ စားသောက်ဆိုင် ၊ ဟိုတယ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို တစ်ဦးချင်းစီ အချိန်ယူဆွေးနွေးပေးပြီး ၊ CV form ( အခမဲ့ )ပြင်ဆင်ရေးသားပေးခြင်း နဲ့ အလုပ်အကိုင် (အခမဲ့) မိတ်ဆက်ပေးနေတာကြောင့် စိတ်ဝင်စားရင် Page Messengerမှတဆင့် လာရောက်စုံစမ်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

#fypageシ #followersシ゚シ゚ #外食 #宿泊 #履歴書 #職務経歴書

Photos from 株式会社ウラノス's post 01/12/2025

特定外食အလုပ်ခေါ်စာပါ
ဂျပန်ပြည်တွင်းအလုပ်ခေါ်စာပါရှင်
အလုပ်အမျိုးအစား-စားသောက်ဆိုင်(居酒屋)
နေရာ- Osaka
လစာ- 25万~30万
まかないရှိ(တစ်နပ်စာ-200¥)
အချိန်-15:00~4:00時(အလှည့်ကျ)
ပိတ်ရက် -တစ်ပတ် ၂ရက် (အလှည့်ကျ)
ဂျပန်စာ-N3နှင့်အထက်(N4合格ဖြစ်ပြီးစကားပြောနိုင်ရင် Ok)
မှတ်ချက်-ကျန်းမာသန်စွမ်းပြီးတတ်တူးမရှိသူ


特定技能2号 、Visa supportရှိ
နောက်ပိုင်းကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ထိ supporting ရှိပါတယ်
မီးဖွားခွင့်၊မင်္ဂလာဆောင်ခွင့်ဘာညာလဲရှိ🤭
ဆံပင်ကာလာဘာညာ-စိတ်ကြိုက်ပါ😄
ညဆိုင်းပဲဆင်းရမှာမို့ ပင်ပန်းပါမယ်
လစာကတော့တတ်တာမြန်ပါမယ် ရှယ်လဲကောင်းပါတယ်
အသေးစိတ်သိချင်တာရှိရင်cbကမေးမြန်းနိုင်ပါသည်။
မိတ်ဆက် ခအခမဲ့ပါရှင်

Photos from Khaing Online Japanese Language Class's post 23/11/2025
04/11/2025

🇯🇵 ဂျပန်နိုင်ငံ၊ အိုဆာကာမှာ အလုပ်လုပ်ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ!

စောင့်ရှောက်မှု (介護) အလုပ်ကို စိတ်ဝင်စားပြီး ရေရှည်လုပ်ကိုင်လိုသူများ လိုအပ်နေပါတယ်။

✨ **အလုပ်အမျိုးအစား- စောင့်ရှောက်မှု (Kaigo)**
💰 **လုပ်ခလစာ- တစ်နာရီ ¥1,500(介護福祉士)အတွေ့ကြုံရှိသူ
-တစ်နာရီ¥1450(じつけんしゅう)
       တစ်နာရီ¥1400(しょにんしゃけんしゅう)

*အတွေ့အကြုံမရှိသူများ၊ သင်တန်းဆင်းများလည်း လျှောက်ထားနိုင်ပါတယ်။ လုပ်ချင်စိတ်သာရှိရင် အိုကေပါတယ်နော်။*

**🎯 တာဝန်-** နေထိုင်သူများရဲ့ နေ့စဥ်ဘဝ (စားသောက်၊ ရေချိုး၊ အိမ်သာ) လိုအပ်ချက်များကို ကူညီပေးရမှာပါ။

**🕰️ အလုပ်ချိန်-** တစ်ပတ် ၃ ရက်မှ စ၍ အလုပ်ချိန်ကို ညှိနှိုင်းနိုင်ပါတယ်။

**📍 တည်နေရာ-** 大阪ふ、いずみし(ဘတ်စ်ကားမှတ်တိုင်နားမှာမို့ သွားလာရလွယ်ကူပါတယ်!)

📌 စိတ်ဝင်စားပါက အသေးစိတ်သိရှိလိုသည်များရှိလျှင် Comment မှာ မေးမြန်းနိုင်သလို၊ ပုံထဲမှာပါတဲ့ Email ကိုလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်။
(Email: [email protected])

#ဂျပန်အလုပ် #အလုပ်ခေါ်စာ #အိုဆာကာ #စောင့်ရှောက်မှု

Photos from WeXpats Myanmar's post 03/11/2025
Want your business to be the top-listed Government Service in Tamwe?

Click here to claim your Sponsored Listing.

Location

Telephone

Address

大阪市福島区吉野2-14-14, プレミアムコート野田阪神1号室, 株式会社 ウラノス
Tamwe
5530006