Yangon Region Public Transport Committee -YRTC
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူ?
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ စည်းကမ်းဖောက်ဖျက်သော (YBS)ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးဟောပြောခြင်း ပြုလုပ်
23/05/2026
အသိပေးအကြောင်းကြားခြင်း
YPS ဝန်ဆောင်မှုများကိုအသုံးပြုသူ လူကြီးမင်းများရှင့်
(၂၃.၅.၂၀၂၆) ရက်နေ့တွင် YPS အရောင်းကောင်တာ (ဆူးလေ)၊ YPS အရောင်းကောင်တာ (လှည်းတန်း)၊ YPS အရောင်းကောင်တာ (မြန်မာပလာဇာ) နှင့် YPS အရောင်းကောင်တာ (မြေနီကုန်း) တို့ကို ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်ရှင်။
(၂၄.၅.၂၀၂၆) ရက်နေ့တွင် YPS အရောင်းကောင်တာ (ဆူးလေ)၊ YPS အရောင်းကောင်တာ (လှည်းတန်း)၊ YPS အရောင်းကောင်တာ (မြန်မာပလာဇာ) နှင့် YPS အရောင်းကောင်တာ (မြေနီကုန်း) တို့ကို ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်ရှင်။
YPS ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက YPS ဝန်ဆောင်မှုများနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Yangon Payment Service page Messenger မှတဆင့် စုံစမ်းမေးမြန်း နိုင်ရုံသာမက Call Center Phone Number: (Hotline နံပါတ်) 09772666699 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (၈) နာရီ ) မှ (ညနေ(၆) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
21/05/2026
နိုင်ငံတော်သမ္မတလမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ရက် ၁၀၀ စီမံကိန်းပါ လုပ်ငန်းစဉ်အဖြစ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ၁၆-၅-၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသူအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေအောင်လွင်၊ မြန်မာ့အာမခံ လုပ်ငန်းရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မေသန္တာ၊ အမှတ်(၆၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးဦးအောင်ဇော်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း) ဦးစီးအရာရှိ ဦးသိန်းအေးထွန်းတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး အနှေးယာဉ်မောင်းများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
15/05/2026
နိုင်ငံတော်သမ္မတလမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ဦးဆောင်မှုဖြင့် ရက် ၁၀၀ စီမံကိန်းပါ လုပ်ငန်းစဉ်အဖြစ် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေးဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ၁၃-၅-၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ မင်္ဂလာဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်၊ မြန်မာ့အာမခံလုပ်ငန်းမှ ဒု-အထွေထွေမန်နေဂျာ ဒေါ်မေသန္တာနှင့် အမှတ်(၆၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးမင်းဇော်ဦး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) စစ်ဆေးရေးမှူး(၃) ဦးထက်မြတ်စိုးတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး အနှေး ယာဉ်မောင်းများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
08/05/2026
စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲ သင်တန်းအမှတ်စဉ် (၅/၂၀၂၆) YRTC တွင် ကျင်းပ
၇-၅-၂၀၂၆ (ကြာသပတေးနေ့)
၁။ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ကြီးမှူးကျင်းပ သော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲ အမှတ်စဉ် (၅/၂၀၂၆) ကို ၇-၅-၂၀၂၆ (ကြာသပတးနေ့) နံနက် ၉:၃၀ မှ နေ့လည် ၁၅:၂၅ နာရီ အထိ YRTC ရုံးချုပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။
၂။ယင်းဆွေးနွေးပွဲ၌ YRTC၏ ဒုတိယဥက္ကဋ္ဌဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် တက်ရောက် လာကြသည့်YBS ယာဉ်မောင်းကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်း ဆက်သပါကြောင်း၊ ခရီးသွားပြည်သူ (၁.၇) သန်းခန့်ကို ယာဉ်စီးရေ (၃၇၀၀) စီးနှင့် YBS ယာဉ်မောင်း (၇၅၀၀) ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေကြောင်း၊ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းကြီးများ များပြားလာ သည့်အတွက် (၁) လလျှင် (၂) ကြိမ် ဆွေးနွေးပွဲပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင် ခရီးသွားပြည်သူ (၇၀၀) (၈၀၀) ဦး၏ လိုရာခရီးကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးနေသူများမှာလည်း YBS ယာဉ်မောင်း ကြီးများပင်ဖြစ်ပါကြောင်း၊ YBS လောက၏ အဓိကအကျဆုံးပုဂ္ဂိုလ်များသည် စည်းကမ်းဖောက်ဖျက်နေသည့် သူ များမဖြစ်သင့်ပါကြောင်း၊ အများနှင့်သက်ဆိုင်သည့် လမ်းမကြီးများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းစေရန်အတွက်ကိုလည်း အဓိကအကျဆုံး ပုဂ္ဂိုလ်များပင်ဖြစ်ပါကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူ ဆောင်ရွက်ရာတွင် စည်းကမ်းဖောက်ဖျက်သည့် မှတ်တမ်းအချက်အလက်များအား ကြည့်ရှု၍ အင်္ဂါနေ့ တိုင်း စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးပြုလုပ်၍ စိစစ်ပြီးမှသာ အရေးယူခြင်းဖြစ်ပါကြောင်း၊ YBS ယာဉ်များ မှတ်တိုင်တွင်ခရီးသည်များ အတင်အချပြုလုပ်ရာ၌ တံခါးများပိတ်ပြီးမှသာ ယာဉ်ကိုထွက်ခွာစေလိုကြောင်း၊ ထိုသို့ လမ်းမများပေါ် YBS ယာဉ်များ အချင်းချင်း ကျော်တက်မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုမီတာအထက် မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက YRTC မှ ရာသက်ပန်ထုတ်ပယ် ယာဉ်မောင်းအဖြစ်သတ်မှတ်ပြီး လက်တွဲဖြုတ်သွားမှာဖြစ် ကြောင်း၊ YRTC က စောင့်ကြည့်အရေးယူရာတွင် Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူ၍အရေးယူခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုရှိ/မရှိတို့ကို စစ်ဆေးပြီး သက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်အရေးယူလျက်ရှိကြောင်း၊ မိမိ၏မဆင်မခြင်မောင်းနှင်မှုကြောင့် သေ ဆုံးဒဏ်ရာရသူ၏ မိသားစုနှင့် မိမိကိုမှီခိုသူမိသားစုမှာလည်း အမင်္ဂလာဖြစ်ပြီး သောကရောက်ရကြောင်း၊ ထိုသို့မ ဖြစ်ပွားအောင် YRTC မှ ဆွေးနွေးအသိပညာပေးခြင်း၊ မြေပြင်ကြပ်မတ်စစ်ဆေးအရေးယူခြင်းများ ပြုလုပ်နေရ ခြင်းမှာ ယာဉ်တိုက်မှုများကျဆင်း၍ ခရီးသွားပြည်သူများ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် စနစ် တကျဆင်ခြင်မောင်းနှင်နိုင်အောင် ကြိုတင်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ အများအားဖြင့် YBS ယာဉ်များ ကိုအခြေခံလူတန်းစားများ အဓိကအားထားစီးနင်းနေရခြင်းဖြစ်သဖြင့် ကိုယ်ချင်းစာစိတ်ထားပြီး စာနာမောင်းနှင် ပေးစေလိုကြောင်း၊ လောဘကိုလျော့၍ ညွှန်ကြားချက်များ လိုက်နာ၍ မောင်းနှင်ခြင်းအားဖြင့် ယာဉ်တိုက်မှုများ၊ သေဆုံးမှုများလျော့ကျလာမှာဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲ သို့ တက်ရောက်လာသည့် YBS ယာဉ်မောင်းကြီးများမှ ပြင်ဆင်သင့်သည်များ ပြင်ဆင်၊ လိုက်နာသင့်သည်များ လိုက်နာ၍ မှတ်သားနာယူပြီး ပိုင်းခြားဆင်ခြင်ဆုံးဖြတ်၍ မောင်းနှင်ခြင်းဖြင့် ယာဉ်တိုက်မှု၊ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများထဲမှ (၁) ခုပဲဖြစ်ဖြစ် လျော့နည်းပါက ဆွေးနွေးပြုလုပ်ပေးရကျိုး နပ်ပါကြောင်း၊ YRTC ၏ အဓိကရည်မှန်းချက်ကြီးဖြစ်သော “Safe Public Transpor tation to All ” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှု ကောင်းမွန်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာစေရန် YRTC နှင့်အတူ ကြိုးစား လိုက်နာ ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး
ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)
သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ လက်မှတ်ဝယ်ယူမှုအဆင်ပြေစေရန်နှင့် ယာဉ်စီးခပိုမိုတောင်းခံခြင်းမပြုလုပ်ရန် သက်ဆိုင်ရာမှ ယာဉ်လိုင်းများအား မှာကြားထားပြီးဖြစ်။ ရန်ကုန်၊ မတ်လ - ၂၉ ရက်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Tamwe
Opening Hours
| Monday | 09:00 - 16:30 |
| Tuesday | 09:00 - 16:30 |
| Wednesday | 09:00 - 16:30 |
| Thursday | 09:00 - 16:30 |
| Friday | 09:00 - 16:30 |
| Saturday | 09:00 - 16:30 |
| Sunday | 09:00 - 16:30 |
