06/05/2025
(စစ်တွေကဗျာဝိုင်းမှ အထူးဝမ်းနည်းမိပါကြောင့်
⭐⭐⭐⭐⭐
ကဗျာဆရာမောင်ခိုင်အောင်
(၂၇မေ၁၉၅၃ -၅မေ၂၀၂၅)
ကဗျာဆရာ မောင်ခိုင်အောင်(ခေါ်) ဆရာဦးဦးလှစော ၏ မိသားစုရို့နန့်တတူ စစ်တွေကဗျာဝိုင်းမိသားစုမှ ထပ်တူဝမ်းနည်းမိပါကြောင့်
ဆရာမောင်ခိုင်အောင်(ခေါ်) ဦးဦးလှစော
ကောင်းရာမွန်ရာ ဘုံဌာနကို ရောက်ဟိနိူင်ပါစီကြောင့် အကျွန်ရို့ကဗျာဝိုင်းမိသားစုမှ ဆုတောင်းမေတ္တာပို့သ ပီးလိုက်ပါရေ
🫡ရက္ခိုင့်ရို့ ကြယ်တစ်ပွင့်ကြွီကျခြင်း🫡
( 27may1953 - 5may2025 )
🙏🙏🙏🙏🙏
#သတင်းရဟိမှု လိုင်းအခက်ခဲ့ကြောင့် အခုမှ postတင် ဝမ်းနည်းကြောင့် ပြောကြားရခြင်းအတွက် နားလည်းပီးကတ်ပါလို့ အနုအညွတ်တောင်းပန်အပ်ပါရေ
စစ်တွေကဗျာဝိုင်း မိသားစု
6may2025
15/10/2023
စစ်တွေမြို့အတွင်း ပြုလုပ် ကျင်းပလျက် ဟိမ့်သော
#စစ်တွေကဗျာဝိုင်း ရေရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်
စေတနာ သဒ္ဓါ တရား ထက်သန်စွာဖြင့်
အလှူငွေ ၅၀၀၀ိ ကို ပါဝင်လှူဒါန်းပီးပါသော
#ဆရာသိန်းဝင်း(မာန်အောင်) အား
စစ်တွေကဗျာဝိုင်းတော်သူ/သားများမှ ဤဂုဏ်ပြုလွှာနှင့်အတူ
ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
"ဆန္ဒနန့်ဘဝ တထပ်တည်း ကျနိုင်ပါစီဆရာ"
#စစ်တွေကဗျာဝိုင်း
#10.15.2023
09/10/2023
စစ်တွေမြို့အတွင်း ပြုလုပ် ကျင်းပလျက် ဟိမ့်သော
#စစ်တွေကဗျာဝိုင်း ရေရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်
နိန်ရာထိုင်ခင်း ခွင့်ပြုပီးရေအပြင်
စေတနာ သဒ္ဓါ တရား ထက်သန်စွာဖြင့်
အလှူငွေ ၁၁၀၀၀၀ိ ကို ပါဝင်လှူဒါန်းပီးပါသော
#ဘဒ္ဒန္တသူရဓမ္မမဟာကုသလကျောင်းဆရာတော် အား
စစ်တွေကဗျာဝိုင်းတော်သူ/သားများမှ ဤဂုဏ်ပြုလွှာနှင့်အတူ
ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
"ခန္ဓာကျန်းမာ စိတ်ချမ်းသာ၍
ဆန္ဒနန့်ဘဝ တထပ်တည်း ကျနိုင်ပါစီအသျှင်ဘုရား”🙏
#စစ်တွေကဗျာဝိုင်း
#9.9.2023
08/10/2023
စစ်တွေကဗျာဝိုင်း
ရည်ရှည် သက်ဝင် လှုပ်ရှားနိုင်ရေးအတွက်
အလှူငွေများ လှူဒါန်းပီးပါသော
ဆရာမ မေမြတ်အား
အထူးကျေးဇူးတင်လျက်
ဤဂုဏ်ပြုလွှာဖြင့် မှတ်တမ်းတင်လိုက်ပါသည်။
#စစ်တွေကဗျာဝိုင်း
07/10/2023
စစ်တွေကဗျာဝိုင်း
အပတ်စိုင် (၂၀) ကြိမ်မြောက်ကို
ပြုလုပ်လားဖို့ ဖြစ်ရေအတွက်နန့်
ကဗျာဆရာတိနန့်တကွ စာပီချစ်မြတ်နိုး များအားလုံးကို
တလေးတစား ဖိတ်ခေါ်လိုက်ရပါရေ။
စာပီအတွက် တစ်ဒေါင့်တစ်နိန်ရာက အကျိုးဖြစ်စီဖို့ ၊မိမိရို့၏ အတွေးတိ၊စိတ်ကူးတိကို နှီးနှောဖလှယ်ဖို့နန့် စာပီဗဟုသုတတိမျှဝီဖို့တွက် အကျွန်ရို့
စစ်တွေကဗျာဝိုင်း ကို တက်ရောက်ပီးကတ်ပါရန် ဖိတ်ခေါ်လိုက် ပါရေ။
စာပီချစ်အမျိုးတိအားလုံးကို လေးစားတန်ဖိုးထားလျှက်....
နက်ဖြန်ခါ စစ်တွေကဗျာဝိုင်းမှာ ဆုံတွိကတ်ပါမေ..။
#စစ်တွေကဗျာဝိုင်း
06/10/2023
"ကဗျာဝိုင်း"
*စာပီအတွက်၊ စိတ်ချင်းဆက်လို့
တွဲလက်ခေါ်ယူ၊ ရင်ချင်းတူရေ
အားတူပြိုင်တွန်း၊ သုတလမ်းတွက်
စိတ်စွမ်းဖြိူင်ဖြိုင်၊ အတွေးမြိုင်ရေစာပီဝိုင်း။
*ကဗျာသမား၊ တွေးစွမ်းအားနန့်
ရွီးသားမြောက်ပြောင်၊ စာကလောင်ရို့
အမှောင်လည်းကင်း၊ ပီတိခင်းကာ
ရင်တွင်းခိုင်ခိုင်၊ အပြုံးလှိုင်သောစာပီဝိုင်း။
*စာဖွဲ့ဋီကာ၊ ဥာဏ်အလွှာနန့်
ထူကာစပ်ပေါင်း၊ ကဗျာကောင်းရို့
ဟောင်းမလားအောင်၊ နိမိတ်ဆောင်ရ
ကလောင်နန်းဘုံ၊ ရသစုံရေစာပီဝိုင်း။
*တိုးတက်လို့လာ၊ ခေတ်ညီစွာတဖန်
မော်ဒန်ရှုဒေါင့်၊ ဟန်ဆင့်ဝင့်လို့
ရှေးတင့်ဂုဏ်မှန်၊ ကာရန်ကဗျာ
ဝီဆာဖူးညှင်း၊ မွှီးကြိုင်သင်းဖို့
စိတ်ချင်းဖလှယ်၊ အမြင်စုံရေစာပီဝိုင်း။
*စာချစ်သူရို့
မငြူမိုးဒဏ်၊ လီမင်းထံလေ့
အားမာန်ပေါင်းစု၊ ညီညာပြုလို့
ထုဆစ်စာပီ၊ ပိုလန်းစီရေး
မျှော်တွေးနောင်ခါ၊ စာပီလိုက်စား
လူငယ်မျိုးရို့
မှတ်သားလေ့လာ၊ နည်းယူလာဖို့
ကဗျာပန်းရို့ ဆန်းရေဝိုင်း
ကဗျာပန်းရို့ လန်းရေဝိုင်း။
ဦးကောဏ္ဍည(မြို့ဟောင်း)