Ninja Park

Ninja Park

Share

Ninja Park Indoor is a great place for children and teenagers to have fun and enjoy themselves!

27/05/2026

🥷✨ ကျောင်းမဖွင့်ခင် အမုန်းကဲထားကြနော် 🎒🏃‍♂️

"ကျောင်းပြန်တက်ရတော့မယ်... ဒါပေမဲ့ ဆော့လို့ မဝသေးဘူး" ဆိုတဲ့ ကလေးတွေ ရှိတယ်မလား? 😉

ဦးဦးတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ ကျောင်းပိတ်ရက်ကုန်ခါနီးပြီဆိုရင် နှမြောလွန်းလို့ အချိန်ရှိ သရွေ့ အမုန်းဆော့၊ အမုန်းကစားခဲ့ကြတာ။ အခုခေတ် နင်ဂျာလေးတွေလည်း ဒီလိုပဲ ဖြစ်နေမယ်ဆိုတာ ဦးဦးတို့ 100% နားလည်တာပေါ့!

ဒါကြောင့်... ကျောင်းမဖွင့်ခင် ဒီနောက်ဆုံးရက်သတ္တပတ်မှာ Ninja Park ကို အရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ် လိုက်ပါတယ် 🚀

ကျောင်းစာအုပ်တွေကြားထဲ မနစ်မြုပ်ခင် နင်ဂျာတို့ရဲ့ Energy တွေကို အပြည့်အဝသုံးပြီး ပြေးလွှား ဆော့ကစားမယ်။
ကျောင်းပြန်တက်ရတော့မယ့် စိတ်လှုပ်ရှားမှုတွေကို ခဏမေ့ထားပြီး သူငယ်ချင်းအသစ်တွေနဲ့ ကစားမယ်လေ

ခေတ်မီကစားကွင်းပစ္စည်းတွေနဲ့ အကာအကွယ်တွေ စနစ်တကျ ထားရှိပေးထားလို့ မေမေ ဖေဖေတို့လည်း စိတ်ချလက်ချ လွှတ်ထားလို့ရပါတယ်။

ဒါကြောင့် "ကျောင်းမဖွင့်ခင် ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ် (မှားလို့)
ဒယ်ဒီဖားသား မာမီမားသားတို့ရယ်

လက်ကျန်ကျောင်းပိတ်ရက်တွေကို အလန်းဆုံး ဖြတ်သန်းဖို့ အခုပဲ မေမေ ဖေဖေတို့ကို ပူဆာပြီး Ninja Park ကို လာခဲ့ကြတော့နော်... နင်ဂျာလေးတို့ရေ! 💨

#ကျောင်းမဖွင့်ခင်အမုန်းဆော့ #နင်ဂျာလေးများအကြိုက်

25/05/2026

VR ကမ္ဘာထဲကို တကယ် ရောက်သွားသလို ခံစားချက်မျိုးကို ခံစားဖူးချင်လား? 🤔

Game ထဲက Character တွေနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ရမယ့် Blueprint တွေကို ကိုယ်တိုင် ဖြေရှင်းဖို့ အဆင်သင့်ပဲလား! 💥

Ready ပဲ ဆိုရင်တော့ Mega Ninja Park မှာ အလန်းဆုံးနဲ့ အမိုက်စား Spatial Ops VR Game ကို လာဆော့လိုက်ပါ။

VR Headset တပ်လိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး တကယ့် စ-စ်မြေပြင် ရောက်နေသလို ခံစားချက်မျိုးနဲ့ စိတ်လှုပ်ရှားစရာ Gameplay တွေကို အပြည့်အဝ ခံစားချင်တယ်ဆိုရင် ဒီတစ်ပတ် Weekend မှာ သူငယ်ချင်းတွေနဲ့ Mega Ninja Park ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျို့! 🏃‍♂️💨

Photos from Ninja Park 's post 21/05/2026

💥 TTEC က သူငယ်ချင်းတွေ Mega Ninja Park မှာ အပီအပြင် ကြမ်းသွားကြပြီ! 💥

ဘော်ဒါတွေအများကြီးစုပြီး အုပ်စုလိုက် လာရောက်ဆော့ကစားရင်း အမှတ်တရကောင်းတွေ ဖန်တီးသွားကြတဲ့ TTEC အင်္ဂလိပ်ဘာသာစကားသင်တန်းက ကျောင်းသား/သူတွေနဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် 🥰🙌

နောက်ထပ်ရော ဘယ်သူတွေ Squad Goals အမိုက်စားတွေ ဖန်တီးချင်သေးလဲ? 😎
ရုံးက လုပ်ဖော် ကိုင်ဖက်တွေပဲဖြစ်ဖြစ်၊ ကျောင်းက သူငယ်ချင်းတွေပဲဖြစ်ဖြစ် အခုလိုမျိုး Group Play လာကစားမယ်ဆိုရင်...
🎁 Special Discount (အထူးလျှော့စျေး) အစီအစဉ်လည်း ရှိတာမို့ အခုပဲ Page Messenger ကနေ လှမ်းပြီး Booking တင်လိုက်တော့နော်! 📥✨

20/05/2026

Mega Ninja Park ထဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဂိမ်း ၅ ခုကို အနိုင်ဆော့ရမဲ့ ဂိမ်းပြိုင်ပွဲကြီး ကျင်းပတော့မယ်နော်! 😎 ဒီပြိုင်ပွဲကြီးကို လာမယ့် မေလ ၁၈ ရက်နေ့ မှာ စတင်ပါမယ်။
🚀 ကိုယ့်ရဲ့ လျှင်မြန်မှု၊ ဖြတ်လတ်မှုနဲ့ ခွန်အားတွေကို သက်သေပြဖို့ အဆင်သင့်ပဲလား?

🎮 သတ်မှတ်ထားတဲ့ ဂိမ်း ၅ မျိုးကို စက္ကန့် ၉ဝ အတွင်း သာ အောင်မြင်အောင် ကစားနိုင်ရင် Mega Ninja Park ရဲ့ Cashback Voucher ၁ဝ,ဝဝဝ ကျပ် ကို ချက်ချင်း ရရှိမှာပါ! ✅💯

စဉ်းစားကြည့်နော်... 🎟️ ဝင်ကြေး ၅,ဝဝဝ ကျပ် ပဲ ပေးရပြီး၊ ပြိုင်ပွဲနိုင်ရင် ၁ဝ,ဝဝဝ ကျပ်တန် လက်ဆောင် ပြန်ရမှာဆိုတော့ နှစ်ဆတန် တဲ့အပြင် အပျော်ကြီးပျော်ရမှာ။😍🏃‍♂️💨 ဒါကြောင့် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံးထုတ်ပြပြီး အနိုင်ပိုင်းလိုက်ပါ!

🎁 ရလာတဲ့ Cashback Voucher လေးကို Mega Ninja Park ရဲ့ ဆိုင်ခန်းအားလုံးမှာ စိတ်ကြိုက် ပြန်သုံးလို့ရပါတယ်။ (စားချင်တာစား၊ သောက်ချင်တာသောက်ပေါ့ 😉)

မှတ်ထားဦးနော်! ဒီ ပြိုင်ပွဲကြီး (Obstacle Course Challenge) က တနင်္လာနေ့နဲ့ ကြာသပတေးနေ့တိုင်းပဲ ရှိမှာပါ! (မေလ ၁၈ ကနေ ဇွန်လ ၅ ရက်အထိပဲနော်)

သူငယ်ချင်းတွေကိုပါ တခါတည်း Tag လုပ်ပြီး ဘယ်သူက ပိုမြန်သလဲ၊ ဘယ်သူက Voucher ယူနိုင်မလဲ ဘယ်သူကအကောင်းဆုံးစံချိန်တင်နိုင်မလဲဆိုတာသိရဖို့ လာရောက်ယှဉ်ပြိုင်လိုက်ပါ! 👇

14/05/2026

အတန်ဆုံးဝင်ကြေးနဲ့ အလန်းစားကစားကွင်းကြီး Mega Ninja Park ရဲ့ Weekdays Special ရှိတယ်နော်

• 🗓️ Promotion Days တွေက တနင်္လာ၊ ကြာသပတေး၊ သောကြာ (Monday, Thursday, Friday)
• 💰 Discount Price က ၂၅,ဝဝဝ ကျပ် မဟုတ်ဘူးနော်... ၂၂,၀၀၀ ကျပ် ထဲနဲ့ တဝကြီး ကစားလို့ ရမှာ!
• 🥤 Bonus အနေနဲ့ အမောပြေဖို့အတွက် Drink (တစ်ခွက်) ပါ Free တိုက်ဦးမှာဆိုတော့ တန်မှ တန်ပေါ့။

ပြေးမယ်၊ ခုန်မယ်၊ နံရံတက်မယ်၊ အမုန်းဆော့မယ်ကွာ

Ninja တစ်ယောက်လို စိန်ခေါ်မှုတွေကို အနိုင်ယူဖို့ အဆင်သင့်ပဲဆိုရင်….
အတန်ဆုံး Promotion ရှိနေတဲ့ မြောက်ဒဂုံ Pinlon Hills Retail Mall ထဲက Mega Ninja Park ကို လာခဲ့တော့လေ! 🏃‍♂️💨

"အသက်သာဆုံး ဈေးနှုန်း ၊ အဆုံးမရှိတဲ့ ပျော်ရွှင်မှု!"

13/05/2026

သူငယ်ချင်းတွေနဲ့ Group လိုက် အပီအပြင် ကဲချင်တဲ့သူတွေအတွက် သတင်းကောင်းပါ!

အိမ်မှာပဲ ငြိမ်ငြိမ်လေးနေရတာ ပျင်းနေပြီဆိုရင် Junction Square, Terminal M နဲ့ Pinlon Hills က Ninja Park တွေဆီ အပြေးလှမ်းခဲ့တော့။ 🏃💨

အင်္ဂါ နဲ့ ဗုဒ္ဓဟူးနေ့ ရောက်တိုင်း လူ ၄ ယောက်လာရင် ၂ ယောက်စာပဲ ပေးရမှာနော်! 🤩 ကျန်တဲ့ ၂ ယောက်က လုံးဝ Free ဆော့ရမှာဆိုတော့ တော်တော်လေးကို တန်နေပါပြီ။ လူစုံလေ၊ ပိုပျော်လေ၊ ပိုသက်သာလေပဲပေါ့။

📍�Ninja Park (Junction Square)�Ninja Park (Terminal M)�Mega Ninja Park (Pinlon Hills) တို့မှာ�
🗓️ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တိုင်း
စိန်ခေါ်မှုတွေအပြည့်နဲ့ Obstacles တွေကို သူငယ်ချင်းတွေနဲ့ အပြိုင်အဆိုင် ဖြတ်ကျော်မလား?

ချွေးထွက်အောင် ဆော့ရင်း Stress တွေ လွှတ်ချမလား?
ရှယ်တန်တဲ့စျေးနဲ့ ကဲရမှာမို့ အခုပဲ နင်ဂျာတွေကို Mention ခေါ်ပြီး လူစုလိုက်တော့နော်! 🥷✨

11/05/2026

ချစ်ရတဲ့ ကာစတမ်မာတွေကို တစ်နှစ်တာလုံး အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ Ninja Park, Mega Ninja Park ရဲ့ မိသားစုဝင် (ဝန်ထမ်း) တွေအတွက် Staff Party ကျင်းပပေးမှာမို့

📅 ၁၂.၅.၂၀၂၆ (အင်္ဂါနေ့) မှာ
🕒 Ninja Park ကစားကွင်းအားလုံးကို နေ့လယ် (၃) နာရီအထိသာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ပင်ပန်းသမျှကို အားအင်အသစ်တွေအဖြစ် ပြောင်းလဲပြီး ပိုမိုလန်းဆန်းတဲ့ အငွေ့အသက်တွေ၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ ပြန်လည် ဆုံတွေ့ကြမယ်နော်။ 🥳

နောက်ရက်တွေမှာတော့ ပုံမှန်ဆိုင်ဖွင့်ချိန်အတိုင်း ပြန်လည် ဝန်ဆောင်မှု ပေးသွားမှာပါ။
အမြဲတမ်း အားပေးဝန်းရံပေးကြတဲ့ ချစ်ရတဲ့ ကာစတမ်မာများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏❤️

𝑩𝒆𝒕𝒕𝒆𝒓 𝑹𝒆𝒔𝒕 𝒇𝒐𝒓 𝑩𝒆𝒕𝒕𝒆𝒓 𝑺𝒆𝒓𝒗𝒊𝒄𝒆! ☕✨

08/05/2026

Ninja Park မှာ အမုန်းကဲပြီး "FREE DRINK" သောက်ရအောင်! 🥤✨

ဒီလောက်ပူနေတာ အိမ်မှာပဲ အောင်းမနေနဲ့တော့! Ninja Park ရဲ့ အေးစိမ့်နေတဲ့ Indoor Playground မှာ အားရပါးရ လာကဲလိုက်တော့လေ။ ဦးဦးနင်ဂျာတို့ဆီမှာ ချွေးထွက်အောင်ဆော့ပြီးရင် အမောပြေ သွားမယ့် အအေးတစ်ခွက်က အသင့်စောင့်နေမှာနော် ❄️🏃‍♂️

ကဲပြီးရင် မောသွားမှာကို ဦးဦးနင်ဂျာတို့က ကြိုသိတယ်လေ။ ဒါကြောင့် Location တိုင်းမှာ ကစားကွင်း ဝင်ခွင့်လက်မှတ်ပြလိုက်တာနဲ့ ချိုချဥ်မွှေးအေး "Iced Lemon Tea" တစ်ခွက်ကို FREE တိုက်မှာပါ! 🍋🧊

Promotion Date လေးတွေ မှတ်ထားဦးနော် 👇
📍 Ninja Park - Junction Square
(၁.၅.၂၆ မှ ၁ဝ.၅.၂၆ အထိ)

📍 Ninja Park - Terminal M
(၁.၅.၂၆ မှ ၁၅.၅.၂၆ အထိ)

📍 Mega Ninja Park - Pinlon Hills
(၁.၅.၂၆ မှ ၁၅.၅.၂၆ အထိ)

Iced Lemon Tea (Free)ရမှာဆိုတော့ အခုပဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ချိန်းပြီး နီးစပ်ရာ Ninja Park ကို အပြေးလှမ်းခဲ့တော့နော်! 💨🥳

07/05/2026

အိမ်ကဆိုဖာပေါ်မှာ ခုန်နေလို့ မေမေဆူနေပြီလား?
အိမ်ထဲမှာ နေရာအကန့်အသတ်နဲ့ ဆော့ရလို့ စိတ်တိုင်းမကျ ဖြစ်နေပြီလား? 🏠❌
ဒါဆိုရင်....
ကျယ်ဝန်းပြီး အေးအေးလူလူရှိတဲ့ Ninja Park Indoor Playground မှာ စိတ်ကြိုက်ခုန်ပေါက် ပြေးလွှားလိုက်ပါ။ ခုန်ချင်သလောက်ခုန်၊ ပြေးချင်သလောက်ပြေး! 🎢💨

ကျွမ်းကျင်တဲ့ 🥷 ဝန်ထမ်းအစ်ကိုကြီး၊ အစ်မကြီးတွေကလည်း အနားမှာ အမြဲရှိနေပေးမှာဆိုတော့ အန္တရာယ်ကင်းကင်းနဲ့ စိတ်ကြိုက်ဆော့လို့ရပြီပေါ့ 🛡️

ပြီးတော့ အမောပြေ Iced Lemon Tea တစ်ခွက်လည်း Free တိုက်မှာတဲ့ဗျာ 😋

Ninja Park မှာ တစ်နေကုန် Unlimited ကစားနိုင်တာမို့ ဘယ်လောက်ဆော့ဆော့ မမောတဲ့
သားသားမီးမီးတို့ရေ...
မီးပွင့်အောင်ဆော့ဖို့ အခုပဲ လာခဲ့လိုက်တော့! 🌈🙌

Ninja Park @ Junction Square
Ninja Park @ Terminal M
Mega Ninja Park @ Pinlon Hills

04/05/2026

"Grip Socks က ဖက်ရှင်ကျဖို့အတွက်ပဲလား? ❌မဟုတ်ပါဘူးနော်။

ဒါက နင်ဂျာတို့ရဲ့ Safety Bodyguard ပါ! 🛡️ Ninja Park ရောက်ရင် Grip Socks ဝတ်ဖို့ ဘာလို့ တိုက်တွန်းရတာလဲ?

အဖြေက ဒီမှာပါ 👇

No More Slips! (ချော်လဲခြင်းကို တားဆီးပေးခြင်း) 🚫🏃‍♂️
Grip Socksရဲ့ အောက်ခြေမှာပါတဲ့Silicone Dots လေးတွေကTrampoline နဲ့ ကစားကွင်း ကြမ်းပြင် ကြားမှာ ပွတ်တိုက်မှု (Friction)ကို အားကောင်းစေလို့ အရှိန်ပြင်းပြင်းဆော့လည်း ခြေမချော်တော့ဘူးပေါ့ ⚡👟

Level Up Your Performance (ခုန်အားကို မြှင့်တင်ပေးခြင်း) 💪🔥 🚀

ခြေဖဝါးက ကစားကွင်းမျက်နှာပြင်မှာ မြဲမြံနေမှ ခုန်အား (Bounce) ကို ပိုရစေသလို Ninja Wall လို နေရာမျိုးမှာလည်း အားအပြည့်နဲ့ တက်လှမ်းနိုင်မှာပါ 🧗‍♂️🔝

Hygiene First (သန့်ရှင်းရေးက ပထမ) 🧼✨
🧼✨ခြေဗလာနဲ့ ဆော့တာထက် ခြေအိတ်ဝတ်ထားတာက တစ်ကိုယ်ရေ သန့်ရှင်းမှု ပိုရှိစေပြီး ခြေဆီနံ့ ထွက်တာနဲ့ အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ 👣🛡️

Friction Burn Protection (ပွတ်တိုက်ဒဏ်ရာတွေကို ကာကွယ်ပေးခြင်း) 🩹✨
Slide ကဆင်းတဲ့အခါ ပွတ်တိုက်မိပြီး အရေပြားပြဲမှာ ပူစရာမလိုတော့ဘူးပေါ့! 🛝🔥အရှိန်နဲ့ လျှောဆင်းတဲ့အခါ ဒါမှမဟုတ် လဲကျတဲ့အခါ အရေပြားနဲ့ ကြမ်းပြင် တိုက်ရိုက်မထိအောင် ခြေအိတ်က အလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထားပါတယ် 🛡️🌈

"Ready to be a Safe Ninja? 🥷
ခြေလှမ်းတိုင်း မြဲမြံဖို့နဲ့ စိတ်ကြိုက် ခုန်ပေါက်နိုင်ဖို့ Ninja Park ရောက်ရင် Grip Socks ဝတ်ပြီးမှဆော့ဖို့ မမေ့နဲ့နော်! 🧡✨
(Grip Socks မရှိသေးရင်လည်း Ninja Park Counter မှာ ဝယ်ယူလို့ ရပါတယ်) 🛒🎁

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Level (6), Secrect Garden, Junction Square
Yangon
11041