ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း- Vintage Luxury Yacht Hotel သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရုံးအဆောက်အဦပြင်ဆင်မွမ်းမံနိုင်ရေး သွားရောက် ကြည့်ရှုစစ်ဆေး၊ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းအပတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Tourism Yangon
Directorate of Hotels & Tourism (Yangon)
ရန်ကုန်တိုင်းဒေသကြီးအတွင်း အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၅)သင်တန်းဖွင့်ပွဲ ကျင်းပ
02/06/2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း အစားသောက်ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနား၊ Vintage Luxury Yacht Hotel သို့သွားရောက်ကြည့်ရှု့စစ်ဆေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီဌာန ရုံးအဆောက်အဦ ပြင်ဆင်မွမ်းမံနိုင် ရေးသွားရောက်ကြည့်ရှု့စစ်ဆေးခြင်းနှင့် ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း
ရန်ကုန်၊ ၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်
နေရာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန၊
ဗိုလ်ဆွန်ပက်လမ်း၊ ရန်ကုန်မြို့၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းစနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ၊ ဝန်ဆောင်မှုအဆင့်အတန်းများကောင်းမွန်လာစေရေးနှင့် လူ့စွမ်းအားအရင်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် အစားသောက်ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှတာဝန်ရှိသူများ၊သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။
ဦးစွာ ဝန်ကြီးက ပြောကြားရာ၌ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်မှာ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးအချက်အချာ ဖြစ်သကဲ့သို့ နိုင်ငံတကာခရီးသွားတွေ ပထမဆုံးဝင်ရောက်ရာ အဓိကတံခါးပေါက်လည်းဖြစ်ပါကြောင်း၊ ဒါကြောင့် မြို့တော်၏ ပုံရိပ်ကိုမြှင့်တင်ရာမှာ အစားအသောက်ထုတ် လုပ်ရောင်းချသူများ၏ သန့်ရှင်းမှုနှင့်ဝန်ဆောင်မှုအပိုင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူဆိုင်ရှင်များအနေနှင့် အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သည့်နေရာမှာ ဘေးကင်းလုံခြုံစိတ်ချရသည့်နည်းလမ်းများနှင့် သန့်ရှင်းရေးစံနှုန်းတွေကို စနစ်တကျလိုက်နာဖို့ အထူးလိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချသော နည်းပညာများကို စနစ်ကျလေ့လာမှတ်သားခြင်းဖြင့် စားသုံးသူ ခရီးသွားပြည်သူများကို အန္တရာယ်ကင်းရှင်းပြီး အဆင့်မြင့်မားသည့် ဝန်ဆောင်မှုအရည်အသွေးများပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။ယခုဖွင့်လှစ်သည့် အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ် (၅) အား သင်တန်းသား (၅၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ပြီး ဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် Vintage Luxury Yacht Hotel သို့ သွားရောက်ပြီး ဟိုတယ်လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှု့စစ်ဆေးပြီး ဟိုတယ်တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ဟိုတယ်သို့လာရောက်တည်းခိုနေထိုင်ကြသည့် ပြည်တွင်း/ပြည်ပ ဧည့်သည်များ၏ တည်းခိုနေထိုင်မှုစာရင်းကို နေ့စဉ်ဧည့်သည်စာရင်းအချက်အလက်စနစ်( Guest List Information System-GLIS)တွင် ပုံမှန်ဖြည့်သွင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဟိုတယ်မှထွက်ရှိသည့် အမှိုက် များနှင့် ရေဆိုးရေညစ်များအား စနစ်တကျစွန့်ပစ်ရေး၊ ပတ်ဝန်းကျင်အမှိုက်များ ကင်းစင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိုအထူးဂရုစိုက်ရန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ဝန်ကြီးသည်နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး၊ ရုံးအဆောက်အဦ ပြင်ဆင်မွမ်းမံဆောင်ရွက်နိုင်ရေးလှည့်လည်ကြည့်ရှု့စစ်ဆေးပြီးနောက်အဆောက်အဦအားပြန်လည်မွမ်းမံနိုင်ရေးအတွက် ကုန်ကျစရိတ်အားစနစ်တကျ တွက်ချက်တင်ပြရန်မှာကြားခဲ့ပါသည်။
၎င်းနောက် ဝန်ကြီးသည် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတွင် ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်ရန်တွက် ခိုင်မာသည့် အခြေခံအဆောက်အအုံများရှိရုံနှင့် မလုံလောက်ပါ ကြောင်း၊ အဓိကအကျဆုံးသည် ရေရှည်တည်တံ့ပြီး အရည်အသွေးပြည့်ဝတဲ့ "လူသား အရင်းအမြစ် (Human Resources)" ဖြစ်ပါကြောင်း၊ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ စီမံခန့်ခွဲမှု စနစ်ကောင်းမွန်ရမှာ ဖြစ်ပါကြောင်း၊ အဲဒီစီမံခန့်ခွဲမှုစနစ်ကို မောင်းနှင်နိုင်ရန် အမြော်အမြင်ရှိပြီး ထိရောက်သည့် 'ခေါင်းဆောင်မှုစွမ်းရည်' ရှိဖို့လိုအပ်ပါကြောင်း ၊ ထက်မြက်သည့် ခေါင်းဆောင်ကောင်း တစ်ဦးသည် မိမိ၏အဖွဲ့အစည်းကို မှန်ကန်သည့် လမ်းကြောင်းပေါ်ပို့ဆောင်ပေးနိုင်ရုံတင်မကဘဲ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်ပြီး လုပ်ငန်းခွင်ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ပါကြောင်း၊ မိမိတို့၏ လက်အောက်ငယ်သားများကို မှန်ကန်စွာလမ်းညွှန်ပြသနိုင်ပြီး ပြဿနာများကို အမြော်အမြင်ရှိရှိ ဖြေရှင်းနိုင်မည့် စွမ်းရည်များမြင့်တက်လာမည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
ယခုဖွင့်လှစ်သည့် ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင် မှု စွမ်းရည်မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၁) အား သင်တန်းသား (၅၅) ဦးတက်ရောက်ကြပြီး သင်တန်းကာလ (၁၀) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။
31/05/2026
23/05/2026
ရန်ကုန်တိုင်းဒေသကြီးအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း၊
နေ့ရက်။ ၂၀-၅-၂၀၂၆
နေရာ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊အစည်းအဝေးခန်းမ(၁၀၁)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားကော်မတီဝင်များ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ညီနောင်အသင်းများမှကိုယ်စားလှယ်များ၊ တိုင်းတာဝန်ခံနှင့်ဒုတာဝန်ခံတို့တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက် (၁၀၀) စီမံချက်ဆောင်ရွက်လျက်ရှိရာ၊ ယခုစီမံချက်ပြီးပါကနောက်ထပ်ရက် (၁၀၀) အတွက်ပြင်ဆင်သွားရမှာဖြစ်ကြောင်း၊ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သဖြင့်ဌာနပေါင်းစုံမှပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့လုပ်ငန်းများသည် ဌာနဆိုင်ရာဆောင်ရွက်မရသည့်လုပ်ငန်းများအား အသင်းအဖွဲ့များနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
၎င်းနောက် အစည်းအဝေးတက်ရောက်လာသူများမှအသီးသီးမိတ်ဆက်ဆွေးနွေးတင်ပြကြရာ ဝန်ကြီးမှလိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။
12/05/2026
ဧည့်သည်စာရင်းအချက်အလက်စနစ် (GLIS) တွင် ဧည့်စာရင်း
နေ့စဉ်ဖြည့်သွင်းရန် ကျန်ရှိသည့် ဟိုတယ်/တည်းခိုရိပ်သာများနှင့် တွေ့ဆုံခြင်း
နေ့ရက်။ ၁၂-၅-၂၀၂၆
အချိန်။ (၁၀:၀၀) နာရီ
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လာရောက်တည်းခိုနေထိုင်ကြသည့် ပြည်တွင်း/ ပြည်ပ ဧည့်သည်အားလုံး၏ ဧည့်သည်များတည်းခိုနေထိုင်မှုစာရင်းကို ဧည့်သည်စာရင်းအချက်အလက်စနစ် (Guest List Informatiom System – GLIS) တွင် ဖြည့်သွင်းဆောင်ရွက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဧည့်သည်စာရင်းအချက် အလက်စနစ် - GLIS တွင် ဧည့်စာရင်း ဖြည့်သွင်းနေမှုအား တင်ပြဆောင်ရွက်လျက်ရှိရာ GLIS စနစ်တွင် နေ့စဉ်ပါဝင်အသုံးပြုရန် ကျန်ရှိနေသည့် ဟိုတယ်/တည်းခိုရိပ်သာများ (၄၅) လုံးအား စနစ်အတွင်းသို့ ပါဝင်အသုံးပြုနိုင်ရေးအတွက် (၁၂-၅-၂၀၂၆) ရက်နေ့တွင် အစည်းအဝေးပြုလုပ်၍ ခေါ်ယူတွေ့ဆုံပြီး အခက်အခဲများဖြေရှင်းပေးခြင်း၊ ဧည့်သည် စာရင်းအားနေ့စဉ်ဖြည့်သွင်းပေးရန် အသိပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 16:30 |
| Tuesday | 09:00 - 16:30 |
| Wednesday | 09:00 - 16:30 |
| Thursday | 09:00 - 16:30 |
| Friday | 09:00 - 16:30 |
