ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၃၊အာဠာဝကစစ်ကြောင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၃၊အာဠာဝကစစ်ကြောင်း

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၃၊အာဠာဝကစစ်ကြောင်း, Military Base, Yangon.

04/05/2026

ငွေကြေးက တော်လှန်ရေးရဲ့ အရာရာလား 💰
​ရိုးသားမှုက တော်လှန်ရေးရဲ့ အရာရာလား ✨
​အရည်အချင်းရှိမှုက တော်လှန်ရေးရဲ့ အရာရာလား 💪
​ခံယူချက်က တော်လှန်ရေးရဲ့ အရာရာလား 🎯
​ခေါင်းဆောင်နဲ့ ရဲဘော်တွေကြားထဲက ယုံကြည်မှုက တော်လှန်ရေးရဲ့ အရာရာလား 🤝

​အဖြေမှန်တွေ တွေ့ကြလို့ ပြုပြင်ကြတော့မယ်ဆိုကြပါစို့။ 🛠️

​အိမ်တစ်လုံးပြုပြင်ရမယ်ဆိုရင် ခေါင်မိုးကို အရင်လုံအောင် ပြင်ထားရင် တခြားအရာတွေ ပြုပြင်တဲ့အခါ အရိပ်အောက်မှာ လုံလုံခြုံခြုံ ပြုပြင်နိုင်မယ်လို့ ယူဆလို့ရတယ်မဟုတ်လား။ အကြမ်းအားဖြင့်ပေါ့လေ။ 🏠🌧️

​ဘာလို့ အောက်ဆုံးကပဲ အမြဲတမ်းလဲ??? 🤔

01/05/2026

ထီပေါက်စဉ် ရပါပြီခင်ဗျာ။မိဘပြည်သူများ ကံကောင်းကြပါစေ။

01/05/2026

( ၁ )ကြိမ်မြောက် အာဠာဝကထောက်ပို့ထီ ဖွင့်ပွဲ အခမ်းအနား

30/04/2026
29/04/2026

" မကြွေမီက ကြိုကာ "ကမ်ပိန်းရဲ့ အသီးအပွင့်ကို ကျွန်တော်တို့ စတင်ခံစားရပါပြီ။

လမ်းခရီး ကောင်းရင်ကောင်းသလို နောက်ထပ် နောက်ထပ် ရောက်လာမှာတွေလဲ ရှိနေသေးတဲ့အတွက် ပြည်သူများ စောင့်ကြည့်ပေးကြစေလိုပါတယ်ခင်ဗျာ။

ကမ်ပိန်းမှရရှိသမျှကို ကျွန်တော်တို့ တကျပ်တပြားမှအစ အ‌လေအလွင့်မရှိအောင် ကြိုးစားနေကြောင်းလဲ အသိပေးလိုက်ရပါတယ်ခင်ဗျာ။

#မကြွေမီကကြိုကာ

27/04/2026

🔥" BUDDY " အရည်အသွေးနဲ့ တန်ဖိုးထက် ပြည်သူ့မေတ္တာကိုခံယူမယ့်
အမှတ် (၂ ) စစ်ဒေသရဲ့ တော်လှန်ထုတ်ကုန်။

ဆက်တိုက်ချင်ရင် BUDDY သုံး 🛀🛀🛀

17/04/2026

နှစ်သစ်ကူး ဆုတောင်းပါ။
ဒီနှစ်တော့ ပြည်သူတွေအတွက်ထက် စိတ်ရောကိုယ်ပါ မွန်းကျပ်နေကြတဲ့ ကျွန်တော်တို့ရဲဘော်ရဲဘက်တွေကို ပိုဦးစားပေးချင်မိပါတယ်။

ပြည်သူများ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#အာဠာဝကစစ်ကြောင်း

12/04/2026

💦 သင်္ကြန်စစ်စစ် တို့နိူင်ငံမှာ ဖြစ်ပါစေ။
🌿 လူသားစစ်စစ်တွေ တို့နိူင်ငံမှာ ကြီးစိုးပါစေ။

ဒီသင်္ကြန်မှာ စစ်ဖိနပ်အောက်က အရပ်သားပြည်သူတွေအနေနဲ့ ဟန်မပျက် ဆင်နွှဲနေကြရလိမ့်မယ်။
ဒါပေမယ့် သူတို့ရင်ထဲမှာ လွတ်လပ်ပေါ့ပါးတဲ့ သင်္ကြန်ကို ‌မျှော်လင့်နေကြလိမ့်မယ်။
ဒါကို အကြွင်းမဲ့ယုံတယ်။ 🌿

ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကတော့
ပန်းတိုင်မရောက်ခင် ပျော်ဖို့ပါးဖို့ကြိုးစားမိတဲ့အခါ ဒီအချိန်ထိမပါလာနိူင်တော့တဲ့ ရဲဘော်ရဲဘက်တွေအတွက် အရှက်ရနေလိမ့်မယ်। 🕯️

ကျပ်တည်းနွမ်းပါးလာတဲ့ပြည်သူတွေ
ထောက်ပံ့သမျှကို သုံးဖြုန်းပစ်မိကြမယ့်အရေးကိုတွေးပြီး အရှက်ရနေလိမ့်မယ်။

လွတ်လပ်ချင်တဲ့စိတ်၊ပျော်ပါးချင်တဲ့စိတ်များလာလေလေ
ကျွန်တော်တို့ဟာ ကိုယ့်တာဝန်ကို ကျေသည်ထက်ကျေအောင်တိုးပြီးလုပ်ကြရမယ်။ 💪

ကျွန်တော်တို့ဟာ ပြည်သူ့မေတ္တာနဲ့ ထိုက်တန်ကြောင်းကို လုပ်ရပ်တွေနဲ့ သက်သေပြမယ်။ ❤️

ကျွန်တော်တို့ဟာ ရန်သူလိုတိရိစ္ဆာန်စိတ်နဲ့ လူခန္ဓာကိုယ်မဟုတ်ပဲ လူသားပီသကြောင်းကို အရှက်တရားနဲ့ ကိုယ်ချင်းစာစိတ် ကတဆင့် ဖော်ပြကြမယ်။ 🤝

မှားခဲ့တာတွေရှိရင်တောင် ပြုပြင်ပြီး မြန်မာနှစ်သစ်ကို ကူးကြမယ်। 🎊

နောက်နှစ်တွေမှာ ပြည်သူတွေကို သင်္ကြန်စစ်စစ်ပြန်အပ်နှင်းပြီး ကျဆုံးခဲ့ရ‌တဲ့ ရဲဘော်ရဲဘက်တွေကို လိပ်ပြာလုံလုံ အလေးပြုကြမယ်။ 🫡

💦 သင်္ကြန်စစ်စစ် တို့နိူင်ငံမှာ ဖြစ်ပါစေ။
🌿 လူသားစစ်စစ်တွေ တို့နိူင်ငံမှာ ကြီးစိုးပါစေ။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon