31/08/2023
ရက္ခိုင့်တပ်တော်(အေအေ)ကနေ လေ့ကျင့်သင်ကြားပေးတဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲ တစ်ခုကို သြဂုတ်လ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ဆိုပြီး ကျောင်းသားလက်ရုံးတပ်(Student Armed Force) က သတင်းထုတ်ပြန်လာပါတယ်။
ကျောင်းသားလက်ရုံးတပ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) အဖွဲ့၀င်တွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အေအေရဲ့အကူအညီနဲ့ တပ်ကို ဖွဲ့စည်းခဲ့တယ်လို့ အေအေထူထောင်မှု နှစ်ပတ်လည်နေ့ကို ပေးပို့တဲ့သဝဏ်လွှာတစ်ခုမှာဖော်ပြဖူးပါတယ်။
ကျောင်းသားလက်ရုံးတပ်ဟာ သူတို့ရဲ့ ပထမဆုံး တိုက်ခိုက်မှုအနေနဲ့ မကွေးတိုင်းထဲတောတွင်းတစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ဖြစ်တယ်လို့ ကျောင်းသားတပ်တော်က သတင်းထုတ်ပြန်ဖူးပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #ကျောင်းသားလက်ရုံးတပ် #စစ်သင်တန်း #ကျောင်းသား #လူငယ် #ဖက်ဒရယ် #အေအေ
15/08/2022
Myanmar Hindu Union.🙏🙏🙏💪💪💪
15/08/2022
စစ်ကောင်စီတပ်နဲ့ AAတို့ နေရာလေးခုမှာ တိုက်ပွဲပြင်းထန်နေကြောင်း AA ထုတ်ပြန်
~~~~
■ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက နေရာလေးနေရာမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကနေ သြဂုတ်လ ၁၅ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် စတဲ့ နေရာသုံးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၇ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။
AA အဖွဲ့ဘက်ကလည်း သေဆုံးဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသအနှံ့ကို လက်နက်ခဲယမ်း၊ လူအင်အားတွေကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးတွေနဲ့ ပြောင်းရွှေ့နေတာတွေရှိပြီး တိုက်ပွဲတွေ ဒီထက်ပိုကျယ်ပြန့်လာနိုင်တယ်လို့လည်း AA က ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ၊ ထိုးစစ်တွေကို ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေ၊ ပြည်သူလူတစ်ရပ်လုံးနဲ့ ဟန်ချက်ညီညီပူးပေါင်းပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ ဒီလအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။
- Unicode
_______
စစ်ကောင်စီတပ်နဲ့ AAတို့ နေရာလေးခုမှာ တိုက်ပွဲပြင်းထန်နေကြောင်း AA ထုတ်ပြန်
~~~~
■ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက နေရာလေးနေရာမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကနေ သြဂုတ်လ ၁၅ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရ်ှနယ်စပ် စတဲ့ နေရာသုံးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၇ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။
AA အဖွဲ့ဘက်ကလည်း သေဆုံးဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသအနှံ့ကို လက်နက်ခဲယမ်း၊ လူအင်အားတွေကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးတွေနဲ့ ပြောင်းရွှေ့နေတာတွေရှိပြီး တိုက်ပွဲတွေ ဒီထက်ပိုကျယ်ပြန့်လာနိုင်တယ်လို့လည်း AA က ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ၊ ထိုးစစ်တွေကို ညီနောင်မဟာမိတ် အဖွဲ့အစည်းတွေ၊ ပြည်သူလူတစ်ရပ်လုံးနဲ့ ဟန်ချက်ညီညီပူးပေါင်းပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ ဒီလအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။
- Zawgyi
_____________
Photo: AA
- ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပုံ။
15/08/2022
"ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်"
စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့၊ မြေနီကုန်းရှိ တော်လှန်ရေးပန်းခြံအနီးတွင် လူငယ်များက "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" ဟူသည့် ခေါင်းစဉ်ဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင် ပုံတူခေါင်းပြတ်ကို မီးရှို့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ပြီး ပြည်သူလူထုနှင့်အတူ Youth Association Of Thingangyun (Y.A.T)၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်းကျောင်းသားများသမဂ္ဂ၊ Owl Community၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၊ LGBT Community Yangon၊ ဗမာ့လူငယ်ကွန်ရက်၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏ မြေပြင်ကင်းထောက် ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - AAMIJ
Credit to DhaNa -ဓန Page
15/08/2022
ကော့ကရိတ်မြို့တွင်း တိုက်ခိုက်မှု ရဲမှူး ၁ ဦးအပါဝင် ၁၂ ဦး သေဆုံး ဟုဆို
ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီ လက် အောက်ခံ ရဲစခန်း အပါအဝင် နေရာအချို့ကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်အောက်ရှိ ရဲမှူး ၁ ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားကြ သည်။
KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ကော့ကရိတ်ခရိုင် ရဲရုံး အပါအဝင် အထွေထွေ အုပ်ချုပ်ရေးရုံးတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲတွင် ရဲမှူး အပါအဝင် ၁၂ ဦး သေဆုံးပြီး၊ လက်နက် ၆ လက် ရရှိခဲ့ကာ၊ ဥပဒေအရာရှိ ၁ ဦး၊ ရုံးလုပ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ကရင်အမျိုး သား အစည်းအရုံး (KNU) ကလည်း သတင်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်ရာတွင် ပါဝင်သည့် စစ်ကြောင်းမှူး တဦးက “ရဲမှူးကိုလည်း ကျနော်တို့ မပစ်ချင်ပါဘူး။ ဒါပေမယ့် စကစ နဲ့ ပူးပေါင်းလို့ ပစ်ရတာပါ။ စကစနဲ့ မပူးပေါင်းပါနဲ့ ကျနော်တို့နဲ့ လာပူးပေါင်းပါ၊ တာဝန်ယူပါမယ်” ဟု သိမ်း ဆည်းရမိသည့် လက်နက်ခဲယမ်းများကို ပြသနေသည့် ရုပ်သံ တခု၌ ပြောဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုမှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး လက်ရှိတွင် ပစ်ခတ်သံများ မကြားရတော့ကြောင်း၊ စစ်ကောင်စီ တပ်များသည် KNLA တပ်ဖွဲ့ဝင်များကို လိုက် လံ ရှာဖွေနေကြောင်း ကော့ကရိတ် ဒေသခံများက ဆို သည်။
စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး အရပ်သားတဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - CJ
15/08/2022
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုဖြင့် စွပ်စွဲကာ တရားစွဲဆိုမှု ၄ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချခံရန် ယနေ့တွင် နေပြည်တော် ထောင်တွင်း တရားရုံးက ချမှတ်လိုက်သည်။
Website တွင် ဖတ်ရန် https://bit.ly/3PiIILe
----------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၆ နှစ်ထပ်ချ
ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်နေရာငှားရမ်းမှု၊ နေပြည်တော်ရှိ လရောင်တော စီမံကိန်းမြေ.....
15/08/2022
သေနတ်သံတွေကတော့ မနက် ၇ နာရီလောက်ကတည်းက ကြားနေရတယ်။ သကာချောင်း တောင် တန်းမှာ တိုက်ပွဲ ဖြစ်နေကြတာ။ သကာချောင်း တောင်တန်းမှာ၂၈၉ တပ်ရင်းက ကင်းစခန်းတွေ ချထားတာ ရှိ တယ်။၂၈၉ တပ်ရင်းနဲ့ ဆက်နေတဲ့ တောင်ကြော တကြောလုံးမှာ ကာကင်းစခန်းတွေ ချထားတာ စခန်း ၆ ခု လောက် ရှိတယ်။
Website တွင် ဖတ်ရန် https://bit.ly/3bW4CpW
----------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR
ပလက်ဝရှိ ခလရ၂၈၉ တပ်ရင်း ကာကင်းစခန်းများ AA တိုက်ခိုက်
ပလက်၀ အခြေစိုက် ခလရ ၂၈၉ ကလည်း တိုက်ခိုက်ခံနေသည့် သကာချောင်းဖျားနှင့် စိမ်းညှင်း၀ ချောင်း စခန်းများဆီသို့ လ.....