Social Punishment of Indians in Myanmar

Social Punishment of Indians in Myanmar

Share

Our main goal is to prevent criminals from respresenting Indian minorities in Myanmar for their busin

05/07/2023

Jealousy (မနာလိုမှု)

မနာလို တဲ့ စိတ်ဆိုတာ ကျွန်တော်တို့ လူသားတိုင်း မရှောင်နိုင် မလွဲနိုင် ကြုံတွေ့ ခဲ့ဖူးသော သဘာဝစိတ်ခံစားမှု တစ်ခုသာ ဖြစ်ပါတယ်။ လိုချင်တဲ့ အရာတစ်ခုကို ကိုယ် မရပဲ အခြားလူတစ်ဦးက ရနေတဲ့အပေါ် မှာ စိတ် မသက်မသာ ခံစားရခြင်းလို့ပဲ အဓိပ္ပါယ် ဖွင့်ပါရစေ။

ကျွန်တော် လည်း လူထဲက လူတစ်ဦး ဆိုတဲ့ အတိုင်း အကြိမ်ပေါင်း များစွာ မနာလို တဲ့ စိတ်ကို ခံစားဖူးပါတယ်။ နောက် ဆုံးအကြိမ် မနာလိုတဲ့ စိတ်ဖြစ်ခဲ့တာကတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) မှ ရိုဟင်ဂျာ အရေးတက်ကြွ လှုပ်ရှား သူ ဦးအောင်ကျော်မိုး ကို ဒုဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း သတင်း ထုပ်ပြန်တဲ့နေ့ကလို့ ဝန်ခံပါရစေ။

မြန်မာပြည်သား တစ်ယောက် အနေနဲ့ ဦးအောင်ကျော်မိုး လို ထက်မြက်တဲ့ လူတစ်ယောက် NUG နဲ့ ပူးပေါင်းခြင်းက အကြမ်းဖက်စစ်တပ် အမြစ်ပျက်ဖို့ ကြီးမားတဲ့ အထောက်အကူ ဖြစ်လို့ ဂုဏ်ယူသလို ဝမ်းလည်း ဝမ်းသာပါတယ်။

ဒါပေမဲ့ ဦးအောင်ကျော်မိုး လို လူနည်းစု လူမျိုးခြား စာရင်းဝင်တဲ့ ဟိန္ဒူ လူမျိုးတစ်ယောက် အနေနဲ့ မနာလို တဲ့ စိတ် ခံစားခဲ့ ရတယ်ဆိုတာတော့ ဝန်ခံပါရစေ။

ဒီနေ့ ဒီ အချိန် မှာ NUG နဲ့ ပူးပေါင်း၊ ထောက်ခံ နေတဲ့ အဝေးရောက် ဟိန္ဒူ လူမျိုး တွေ အများကြီး ရှိနေပေမဲ့ ပြည်တွင်း ဟိန္ဒူ ခေါင်းဆောင်တွေက တော့ သူတို့ ရဲ့ စည်းစိမ် ဥစ္စာ တွေ ထိမ်းသိန်းဖို့ နဲ့ ထပ်ပွားဖို့ အတွက် လူမျိုးစုတိုးတက်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေကို ခုတုံးလုပ်ပြီး ပြောင်ပြောင်တင်းတင်း ချနင်းနေပါပြီ။

ကျွန်တော်နဲ့ အတူ အားလုံးလည်း အပစ်မကင်းဖူးလို့ လည်း ဝင်ခံပါရစေ။
ဘာလို့လဲဆိုတော့ သူတို့တွေ အဖွဲ့အစည်းတာဝန် ယူခဲ့တဲ့ အချိန်တုန်းက မဝေဖန်ခဲ့လို့ပါ။
မြန်မာ ပြည်ရဲ့ လူနည်းစုထဲမှာ ဆင်းရဲချို့တဲ့ ဆုံး၊ ပညာရေး အားအနည်းဆုံး ဟိန္ဒူလူမျိုးတွေရဲ့ ဘဝကိုမြင့်တင်ရမဲ့ အစား India က မင်းသားမင်းသမီး တွေ ပိုက်ဆံအများကြီး ပေး ခေါ်ပြီး ပွဲတွေ ဘာလို့လုပ်နေလဲ လို့ ထို အဖွဲ့အစည်းတွေ နဲ့ အမျိုးယုတ်ခေါင်းဆောင်တွေကို မေးခွန်းမေးခဲ့ဘူးလား။

ဘုရားပွဲတွေ ကို ပိုက်ဆံလိုတာထက် ပိုသုံး အစိုးရလူကြီးတွေကို အဖွဲ့အစည်း ဆိုတဲ့ နာမည်နဲ့ ဖိတ်ပြီး ရင်းနှီး မှုယူတာ တွေက ဈေးပေါပေါ နဲ့မြေကွက်ပါမစ် တွေသူတို့ကို ချပေးဖို့ဆိုတာလည်း ကျွန်တော် တို့ အများစု သတိမထားမိခဲ့ကြဘူး ဟုတ်။

တစ်နေ့တစ်ချိန် မြန်မာပြည်ကြီး ငြိမ်းချမ်းလာလို့ တန်းတူ အခွင့်အရေး သွားတောင်းတဲ့ အခါ "မင်းတို့ ဘာလုပ်ပေးခဲ့လဲ" လို့ မေးခံရတဲ့ အချိန်မှာ မျက်နာ မငယ်ရအောင် ခုထဲ က ကိုယ်တက်နိုင်တဲ့ဘက်က ဝိုင်းတွန်းပြီး မနာလိုတဲ့ စိတ်တွေ လျှော့ချရအောင်လို့ အကြံပြုပါရစေ။

လွယ်ပါတယ်ဗျာ။ ဒီအောက်က(comment👇) လူတွေဦးစီး တဲ့ အဖွဲ့အစည်းတွေ စီးပွားရေးတွေ ပွဲလမ်းသဘင် တွေမှာ ပါဝင် ပါတ်သတ်မှု မပြုရင်တောင် သူတို့ရဲ့ ရာထူး နေရာ တွေက ၅၀% အသုံးမဝင်တော့ပါဘူး။

ကိုယ်နေတဲ့ နိုင်ငံ့အရေးဆိုတာ ကိုယ့်အရေးပါ။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ စိတ်ဓါတ်လက်ကိုင် ထားဦးမယ်ဆိုရင် ကျွန်တော် တို့ ပိုပို ပြီး ဆုတ်ယုပ် လာဦးမှာပါ။ 🙏🙏🙏

https://www.irrawaddy.com/news/burma/myanmars-civilian-government-appoints-rohingya-activist-as-deputy-minister.html?fbclid=IwAR20Qwmba2EMSCWAADggVL2BSnwcq5KJlN8J9abRFJPZOWzdQNXBmIDYGF4

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon