Hearth Notary Translation Centre

Hearth Notary Translation Centre

Share

We provide excellent
translation based notarial services

09/01/2026
27/12/2025
27/12/2025
27/12/2025

တစ်ခါတလေကျရင် ကောင်းတာလေးတွေထက် စိတ်ညစ်စရာ ဒါမှမဟုတ် အရှက်ရခဲ့တဲ့
အဖြစ်အပျက်တွေကိုမှခဏခဏနဲ့ ပိုသတိရနေမိတတ်ကြတယ်မလား?

စိတ်မပူနဲ့ ဒါဟာသင် တစ်ယောက်တည်း ဖြစ်နေတာမဟုတ်ပါဘူး။

လူသားတွေရဲ့ဦးနှောက်က သဘာဝအရကိုက "Negative Memories" တွေကို ပိုပြီး ဦးစားပေး မှတ်သားတတ်လို့ပါ။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဒါကို Negativity Bias လို့ ခေါ်ပါတယ်။

ရှေးခေတ်ကတည်းကလူသားတွေဟာ အသက်ရှင်ဖို့အတွက် ဘယ်အရာက အန္တရာယ်ရှိလဲ၊ ဘယ်အရာက ငါ့ကို နာကျင်စေလဲဆိုတာကို အမြဲ သတိထားခဲ့ရပါတယ်။

ဒါကြောင့်ဦးနှောက်က အလားတူ အမှားမျိုး ထပ်မမှားအောင် မကောင်းတဲ့ အတွေ့အကြုံတွေကို မှတ်ဉာဏ်ထဲမှာ ပိုပြီး ခိုင်ခိုင်မာမာ သိမ်းဆည်းထားတတ်တာပါ။

ဒါကို ဘယ်လို ကျော်ဖြတ်မလဲ?
၁။ ကောင်းတဲ့အရာလေးတွေကို တမင်တကာ အာရုံစိုက်ပြီး မှတ်သားပါ။ (ဥပမာ - ဒီနေ့ တစ်နေ့တာမှာ ဖြစ်ခဲ့တဲ့ ကောင်းတဲ့အချက် ၃ ချက်ကို ပြန်စဉ်းစားတာမျိုး)

၂။ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ။ "ဒါဟာ ဦးနှောက်ရဲ့ ပုံစံခွက်ဟောင်းတစ်ခုပဲ" လို့ သိမြင်ပေးပါ။

ဒီအချက်လေးကို သိထားရင် မကောင်းတဲ့အတွေးတွေ ဝင်လာတဲ့အခါ စိတ်ဓာတ်မကျဘဲ

"အော်... ငါ့ဦးနှောက်က ငါ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာပဲ" လို့ ...တွေးပြီး

အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မှာပါ ❤️

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Theinphyu
Yangon