16/03/2026
#မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ #
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊စေတုတ္တရာမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)
16/03/2026
#မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ #
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
22/02/2026
#သတိပေးထုတ်ပြန်ချက် #
၁။ မကွေးတိုင်း၊မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကော်မရှင်၏ အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်ထမ်းဆောင်လျှက်ရှိသော Non CDM ဝန်ထမ်းများအား ပြည်သူလူထုဘက်ရပ်တည်၍ အလင်းဝင်ဝန်ထမ်းအဖြစ် နေထိုင်ကြရန် စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် အကြိမ်ကြိမ်သတိပေးထုတ်ပြန်လျှက်ရှိသည်။
၂။ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ သတင်းပို့၍ အလင်းဝင်ဝန်ထမ်းအဖြစ် နေထိုင်ကြခြင်းမရှိသော Non CDM ဝန်ထမ်းများအား မိမိတို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထိန်းချုပ်ဒေသအတွင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်လိုက်သည်။
၃။ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထိန်းချုပ်ဒေသအတွင်း အလင်းဝင်ဝန်ထမ်းအဖြစ် ဝင်ရောက်နေထိုင်လိုသူများအနေဖြင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတဆင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံသို့ ကြိုတင်အသိပေးအကြောင်းကြားရမည်ဖြစ်သည်။ အသိပေးအကြောင်းကြားခြင်းမရှိပဲ စစ်ဆေးတွေ့ရှိပါက စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်။
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#သတိပေးထုတ်ပြန်ချက်
17/02/2026
ကျွန်တော်တို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စိုးမိုးထိမ်းချုပ်နယ်များမှပြည်သူများ နှင့် တပ်ဖွဲ့တွင်း ရဲဘော်များ မှာ အရေပြားရောဂါများ ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။
ကျွန်တော်တို့ စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြည်သူများသို့ လစဥ် ကျန်းမာရေးစောင့်လျှောက်မှုပေးခဲ့ရာမှာ တစ်လလျှင် ၃၀သိန်း ခန့် ကုန်ကျမှုရှိခဲ့ပါတယ်ဗျ။ ယခုအခါ ဆေးဝါးများပိုမိုလိုအပ်လာပါသောကြောင့် အရေးပေါ်ဆေးဝါးများရရှိရန် ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၁ ရက်နေ့အထိ ဆေးဝါးရရှိရေးကမ်ပိန်းလေး ပြုလုပ်နေပြီး ထောက်ပို့ရဲဘော် များအနေဖြင့် ကူညီထောက်ပံ့ပေးကြပါရန် အကူအညီတောင်းခံအပ်ပါတယ် ခင်ဗျ။
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ဆေးဝါးများရရှိရေး
#ကမ်ပိန်း
01/02/2026
ကျွန်တော်တို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ #ဖြူစင်စိတ်ထားမောင်နှမများ # ထောက်ပို့အဖွဲ့မှ ထောက်ပို့ငွေ ၁၀၀၀၀၀၀၀(သိန်းတစ်ရာ) အား ထောက်ပို့ပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ဖြူစင်စိတ်ထားမောင်နှမများ
08/01/2026
#သတိပေးထုတ်ပြန်ချက် #
၁။ ယခုအခါ အကြမ်းဖက်စစ်ကော်မရှင်သည် ၄င်းတို့၏အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအား အတင်းအကြပ်လုပ်ကိုင်နေပြီး ဒေသတွင်း ပြည်သူများအား ဖိအားပေးမဲပေးခိုင်းခါ ၄င်းတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချရန် လုပ်ဆောင်နေသည်။
၂။ ၂၀၂၆ ဇန်နဝါရီ ၁၀ ရက်နေ့တွင် မဲပေးရမည်ဟု မဲအမှတ်စဥ်များ၊ မဲပေးစက်များ မြို့နယ်အတွင်း ဖြန့်ဝေမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
၃။ အထက်ပါအကြောင်းအရာများ နှင့် စပ်လျှင်း၍ စေတုတ္တရာ လောင်းရှည်လမ်း နှင့် စေတုတ္တရာ ငဖဲ လမ်းတို့အား ကားများ၊ ဆိုင်ကယ်များ၊ စက်ယန္တရားများအား ၁ လ တိတိ ပိတ်ထားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။ အကြမ်းဖက် စစ်တပ်များ လိုက်ပါလာသော ကားများ ၊ အကြမ်းဖက်စစ်တပ်များ နှင့် အနီးများတွင် နေထိုင်သွားလာခြင်းမပြုကြရန် ၊ ဖော်ပြပါအမိန့်ထုတ်ပြန်ချက်အား လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပဲ ဖြစ်ပေါ်လာသော အခြေအနေများအား စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့အနေဖြင့် တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း သတိပေးထုတ်ပြန်လိုက်သည်။
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
Channel - https://t.me/sadoktaya
ဆက်သွယ်ရန် - https://t.me/ZFighter
စေတုတ္တရာမြို့နယ်တွင်းရှိ လမ်းပိုင်းများအသုံးပြုသော ကုန်တင်ကားများ၊ခရီးသည်ယာဥ်များ၊ခရီးသွားပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများအား အထူးကျေးဇူးတင်ပါတယ်။
16/11/2025
#ထုတ်ပြန်ကြေငြာချက် #
၁။ စေတုတ္တရာမြို့နယ်တွင်းရှိ လမ်းပိုင်းများအသုံးပြုသော ကားများ၊ဆိုင်ကယ်များ၊စက်ယန္တရားများ အား မိမိတို့တပ်ဖွဲ့များမှ လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုမျာအား စစ်ဆေးမှုခံယူကြရန်။
၂။စေတုတ္တရာမြို့နယ်တွင်းရှိ လမ်းပိုင်းများအသုံးပြုရာတွင် ကားများ၊ဆိုင်ကယ်များ ၊စက်ယန္တရားများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ နှင့် ၄င်းတို့နှင့် ဆက်စပ်သောပစ္စည်းများ ထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်းမလုပ်ကြရန်။
၃။ စေတုတ္တရာမြို့နယ်တွင်းရှိ လမ်းပိုင်းများအသုံးပြုရာတွင် ကားများမှန်ချ၍ မောင်းနှင်ခြင်း၊မိုးကာများ နောက်ဘက် ဘေးဘက်လပ်၍ မောင်းနှင်ရန်။
အထက်ဖော်ပြပါ အချက်များအား လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသော အခြေအနေများအား စေတုတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ( လုံးဝ )တာဝန်ယူ ဖြေရှင်းမည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။
#စေတုတ္တရာမြို့နယ်
#ပြည့်သူ့ကာကွယ်ရေးအဖွဲ့
စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ဘာတွေလုပ်နေလဲ ဘယ်ကိုရောက်နေလဲ လို့ မေးကြည့်။
ဘာလုပ်ဖို့ရှိ လဲ ဘာလိုအပ်လဲ မေးခဲ့ရင်တော့ ဆုလဒ်တစ်ခုလို့ သတ်မှတ်ပါ့မယ်။
ကိုယ့်ကိုယ်ကိုယ် အလောင်ကျွမ်းခံဖို့ ကံစမ်းနေရတဲ့ အခြေအနေမှာ ပေါက်ကံကို နောက်ဆံတင်းနေမဲ့အထဲ ငါတို့တွေမပါဘူးဟေ့။
ပတ္တမြား မှန်ရင် နွံ့နစ်ရိုးထုံးစံမရှိသလို အမျိုးမှန်ရင် ဘယ်နေရာရောက်ရောက် အဖိုးတန်တယ်ကွ။
စနစ်ကိုတိုက်နေတဲ့ စစ်ပွဲဆိုတာ ယမ်းငွေ့နံ့တွေ ပေါက်ကွဲသံတွေမရှိလည်းရှေ့ရောက်နေတယ်ဆိုတာ ဒီမြေ ဒီရေက သက်သေပြလိမ့်မယ်။
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
11/10/2025
#နယ်မြေဖြတ်သန်းသွားလာခြင်းဆိုင်ရာသတိပေးထုတ်ပြန်ခြင်း #
သတင်းပေးဆက်သွယ်ရန် 👉https://t.me/sadoktaya
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
10/10/2025
" ပြည်သူတို့ရဲ့ ရေကြည်ရာ မြက်နုရာ ဆိုသကဲ့သို့ သူတို့ အဆင်ပြေ ရပ်တည်လို့ရတဲ့အရပ် အကြမ်းဖ က်မှူ့အန္တရာယ်မှ ကင်းလွတ်ရာ အရပ်နေထိုင်ကြရ ရာအရပ်သို့ သစ်တစ်ပင် ဝါးတစ်ပင်ရိပ် ဆိုသကဲ့သို့ လိုက်လံ ဆေးကုသရသည်ကပင်
တုံ့လှည့်မေတ္တာ ပြည်သူများရဲ့ အပြန်အလှန် စေတနာကပင် မိမိပင်ပန်းမှူ့ကို အမောပြေစေ ရင်ကို အေးမြ စေသည်ပင်💓💗"
ကျွန်တော် တို့ရဲ့ ဆေးမှူးကြီးရဲ့ ရင်တွင်းဖြစ်စကားသံများဖြစ်ပါသည်။
ကျွန်တော်တို့စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အအခက်အခဲများစွာ၊လိုအပ်ချက်များစွာနှင့် ရင်ဆိုင်နေရသော်ငြားလည်း မိမိတို့ပြည်သူများကို သစ်တစ်ပင်ရိပ်မျှ၊ဝါးတစ်ရုံရိပ်မျှ အေးမြ စေသည်ရှိခဲ့သော်။
ဆက်သွယ်ရန်👉👉👉https://t.me/sadoktaya
#စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ကျန်းမာရေးစောင့်ရှောက်မှု
#စစ်ရှောင်ပြည်သူများ
ကဲ လာပြီ ကြိုဖို့ပြင်ထား
👉👉👉https://t.me/sadoktaya
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
23/09/2025
ကျွန်တော်တို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေနဲ့ စစ်ရှောင်ပြည်သူများ နှင့် စိုးမိုးထိမ်းချုပ်နယ်မြေအတွင်းမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု့များကို အတတ်နိုင်ဆုံး ဆောင်ရွက်လျှက်ရှိပါတယ်ခင်ဗျ။
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ တစ်လလျှင် သိန်း၂၀ ဝန်းကျင် ကုန်ကျမှုရှိပြီး မိဘပြည်သူများအနေဖြင့် စစ်ရှောင် နှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါး ရံပုံငွေအတွက် ပါဝင်အားဖြည့် ပေးကြပါရန် ဖိတ်ခေါ်အကူတောင်းပါတယ်ခင်ဗျာ။
https://t.me/sadoktaya
#ပြည်သူ့ကကူ ပြည်သူ့ကိုကူ
#ပြည်သူမှသည် ပြည်သူ့ဆီသို့
#ကျန်းမာရေးစောင့်ရှောက်
#စေတုတ္တရာမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့