25/09/2026
💨အခန်းထဲမှာ အမြဲမွှေးပျံ့နေအောင်ဆိုပြီး Aircon ဖွင့်ထားတဲ့အခန်းထဲမှာ Air Freshener တွေဖျန်းတတ်တဲ့သူရှိလား…❓
📌ဒီအပြုအမူက အခန်းထဲမှာတော့ မွှေးကြိုင်နေပေမယ့် Aircon အတွက်တော့ သာမာန်ထက် သက်တမ်းပိုတိုသွားစေတတ်ပါတယ် ။
‼️အခန်းထဲမှာဖျန်းလိုက်တဲ့ Air freshener Spray တွေထဲမှာပါတဲ့ ဓာတုဆီအမှုန်တွေက လေထုထဲမှာရှိတဲ့ဖုန်မှုန့်တွေနဲ့ပေါင်းစပ်သွားပါတယ်။
အဲ့လို ဓာတုအမှုန်တွေပါတဲ့ လေထုကို Aircon ကပြန်လည်စုပ်ယူသွားပြီး Aircon အတွင်းထဲက Cooling Coil တွေပေါ်မှာ သွားရောက် ကပ်ညှိသွားစေပါတယ် ။
🧪ဓာတုဆီအမှုန်တွေဖြစ်တာကြောင့် Aircon အတွင်းပိုင်း ဂျိုးကပ်တာက ခါတိုင်းထက် ၃ ဆပိုမြန်သွားပြီး အအေးပေါ့ခြင်း၊ ချဉ်နံ့ထွက်ခြင်းနဲ့ ရေဆင်းပိုက်ပိတ်ပြီး ရေယိုခြင်း ပြဿနာတွေကို ဖြစ်စေပါတယ်။
📌ဒါကြောင့် အခန်းထဲမှာ အနံ့အသက်မွှေးချင်ရင် Aircon ဖွင့်ထားပြီးမှ Air freshener ဖျန်းတာမျိုးမလုပ်ပဲ…
💁Aircon မဖွင့်ခင်တည်းက အခန်းထဲမှာ ကြိုတင်ပြီး Air freshener ဖျန်းထားဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ ။
𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺
https://t.me/mcgairconmyanmar
𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿
https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI
𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸
https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1