11/07/2024
တော်လှန်ရေးအတွက် အဖက်ဖက်မှ အားကိုးရသော ချင်း အဆိုတော် Shin Bia .....❤️
အားပေးပါတယ်❤️🌹
Information & Support
11/07/2024
တော်လှန်ရေးအတွက် အဖက်ဖက်မှ အားကိုးရသော ချင်း အဆိုတော် Shin Bia .....❤️
အားပေးပါတယ်❤️🌹
11/07/2024
ပြည်သူနဲ့အတူတူ ရှိနေပါတယ်နော်။ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး...😎
ကိုပေါက်
#ပြည်သူနဲ့အတူ #နောက်ပြန်မလှည့်ဘူး #ကိုပေါက်
25/11/2023
ငါန်းဇွန်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ္သား ၂ ဦးသေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ္ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
**************************************
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ဆင်ရေး လုပ်ဆောင်နေသော စစ္သားမ်ားကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ္သား ၂ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မွ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ငါးဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာ fixed wing drone ဖြင့် ဗုံးသီး ၅ လုံးတာဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး အပြင်းထန်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ငါးဇွန်မြို့နယ်၊ အောင်ချမ်းသာရွာ အနီး၌ ခရီးသြား ပြည်သူများကို လမ်းမပေါ်ထွက်ပြီး စစ်ဆေး ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အမ်ားအျပား ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ငါးဇွန်မြို့နယ်၊ ပျဉ်းလှတောကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ္သား ၅၀ ခန့်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ထပ္မံ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ္သား ၂ ဦးသေဆုံးပြီး အမ်ားအျပား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ မြန္လြဲ ၂ နာရီခန့်တွင် ငါန်းဇွန်မြို့နယ် ပျဉ်းလှရွာ ဘုန်းကြီးကျောင်းရှိ စစ္သားမ်ားကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ္သားမ်ား တပ္ဆုတ္ကာ ထွက်ပြေးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မွ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာနှင့် ခြေဆေးရွာကြားတွင် အကြမ်းဖက် စစ္ကား တစ္စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၇ နာရီခန့်က မြင်းခြံမြို့ပေါ်မှ ခြေဆေးကျေးရွာသို့ ထွက် လာ သော အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစ္စီးကို ကွမ်းစိုက်ရွာနှင့် ခြေ ဆေး ရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးအ ပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကေင်စီတပ်သားမှ ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီး ခြေဆေးရွာအထိ သွားရောက်ခြင်းမရှိပဲ ပြန်လည် ဆုတ္ခြာ သွားကြောင်း သိရသည်။
ရွာတွေက ပေါ်တာဆွဲထားတဲ့ လူနာတင်ကားမျိုးနဲ့လာတာ၊ ကားပေါ်မှာ ၁၀ ယောက်လောက်တော့ ပါမယ်၊ ၃ ယောက်က ကားပေါ်မှာပဲသေသွားတယ်၊ ဒဏ်ရာရတာကလည်း ၃ ယောက်ဆိုတော့ လာတဲ့ ၁၀ ယောက်လောက်ထဲမှာ ၆ ယောက်လောက်သေဆုံးဒဏ်ရာရတာဆိုတော့ ရှေ့မတိုးပဲ ပြန်ဆုတ်သွားတာ၊ ဒဏ်ရာရတဲ့ ၃ ယောက်တော့ မြင်းခြံပြည်သူ့ဆေးရုံကြီးမှာ ပို့ထားတယ္လို့ သိရပါတယ် ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် Natogyi Regional Defence Force (NRDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်ခဲ့ကြောင်း သိရသည်။
25/11/2023
ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
*******************************************
စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် လာကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကနီမြို့ပေါ်ရှိ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ တပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် ယင်းမာပင် ခရိုင် တပ်ရင်း ၃၀ ထံ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် ကာဘိုင် သေနတ် ၁ လက်၊ ကာဘိုင်ကျည် အတောင့် ၂၀၀၊ 5.56 ကျည် ၁၂၂ တောင့် ကျည်ဘောက် ၂ ခု၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G3 ကျည် ၁၅၆ တောင့် ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
25/11/2023
ပေါက်ခေါင်းမြို့နယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး၏ အလောင်းလာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၈ ဦးသေဆုံး
***********************************
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြိုနယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး၏ အလောင်းလာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၈ ဦးသေဆုံးသွားကြောင်း Bago Region PDF မွ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ကျေးရွာတွင် နေထိုင်သော ပျူစောထီးခေါင်းဆောင် စိုးမြင့်ကို ၎င်း၏နေအိမ်၌ ပြည် ခရိုင် PDF တပ်ရင်း ၃၆၀၂ ၊ တပ္ခြဲ ၁ က သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် အလောင်းကောက်ရန် အင်ငါးဂွဂိတ်မှ ဆိုင်ကယ် ၇ စီးဖြင့် အကြမ်း ဖက္စစ္သား၊ ရဲ ၁၄ ဦးတို့ထြက္လာခဲ့ရာ ည ၁၂ နာရီအချိန် ကြို့ပင်ဝိုင်းရွာနှင့် သစ်ရောင်းပြန်ကျေး ရွာအကြား အရောက်တွင် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၅ စီး လဲက်သြား ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ အမ်ားအျပား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များဘက်က ၄၀ မမ ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပေါက်ခေါင်းမြို့နယ် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်ရဲဘော်များမှာ အထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
25/11/2023
ပုလဲမြို့နယ်တွင် တော်လှန်ရေး ရုပ်ရှင်ပြပွဲနှင့် လူထုနိုင်ငံရေး ဟောပြောပွဲ ပြုလုပ်
***********************************
ပုလဲမြို့နယ်တွင် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ကော်မတီနှင့် ပုလဲသပိတ် ဦးဆောင်ကော်မတီတို့ပူးပေါင်းကာ ကြားကာလ ပညာရေးကျောင်းတစ်ကျောင်း၌ တော်လှန်ရေး ရုပ်ရှင်ပြပွဲနှင့် လူထုနိုင်ငံရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
25/11/2023
ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ္သားမ်ားကို လက္ပစ္ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
*******************************
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ္သားမ်ား လိုက်ပါလာသည့် ကား ၁ စီးကို လက္ပစ္ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်၂၃တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ရွှေဘိုမြို့ ကားကြီးကွင်းဘက်၌ ပက်ကင်း လှည့်လာသော စစ္သား ၅ ဦးလိုက်ပါလာသည့် ကား ၁ စီးကို ကားကြီးကွင်းအနီးရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက္ပစ္ဗုံး ၁ လုံးဖြင့် ပစ်သွင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ္သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊တပ်ခွဲ ၁ Naung yoeArmy၊ Revulotion soldier တပ္ခြဲ ၂ ၊ ရွှေဘိုကျားကြီး၊ တိုက်နယ် ၄ ရွှေလျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် တာနောယက္ခအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Kingsman UG Force-M.M အဖွဲ့ တာဝန္ခံ ဗိုလ္တာရာက ပြောဆိုသည်။
ပခုက္ကူခရိုင် တပ်ရင်း(၁၀) ဒရုန်းအဖွဲ့နှင့် Kingsman UG Forceတို့ ပူးပေါင်းကာ SHAR HTOO WAW နည်းပညာသုံး drone များဖြင့် မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းကို ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
25/11/2023
အပျိုကြီးတွေမပါသေးပါဘူးနော်😁😂
24/11/2023
စစ်ကောင်စီက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျ၍ ပုဏ္ဏားကျွန်းမြို့မဈေး မီးအပြင်းအထန်လောင်နေ
*************************************
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မဈေးထဲတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မီးအပြင်းအထန်လောင်နေသည်ဟု သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီ၏နေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်နှစ်လုံးသည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ မြို့မဈေးဟောင်းထဲ ကျရောက်ပေါက်ကွဲ၍ မီးလောင်နေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
"မီးက တော်တော်ပြင်းပါတယ်။ ခုထိလောင်နေတုန်းပါ"ဟု ပြောသည်။
အဆိုပါဈေးထဲ ဈေးဆိုင်ခန်းအများအပြားသို့ မီးကူးစက်လောင်ကျွမ်းနေခြင်းဖြစ်ပြီး မီးသတ္ကား ၃ စီးနှင့် မီးငြှိမ်းသတ်၍ မနိုင်တော့ဟု ဒေသခံများက ပြောကြသည်။
အဆိုပါဈေးဟောင်းပိုင်းအနီးတွင် နေအိမ်များလည်း အများရှိနေပြီး နေအိမ်များသို့လည်း ကူးစက်နေပြီဟု အဆိုပါမြို့ခံက ပြောသည်။
"မီးက တအားပြင်းတော့ အဲဒီဘက္ကို သြားလို့ကိုမရေသးဘူး"ဟု ပြောသည်။
ပျက်စီးဆုံးမှုကိုလည်း လောလောဆယ် မသိရေသးပါ။
ပုဏ္ဏားကျွန်းမြို့၊ ဂူဝအနီးရှိမြစ်ပြင်တွင် ဆိုက်ကပ်နေသော စစ်ကောင်စီနေဗီသည် ပုဏ္ဏားကျွန်းမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေသည်ဟု သိရသည်။
22/11/2023
တန့်ဆည်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်း ၄ ခုကို ဒီနေ့ မနက်အစောပိုင်း ဝင်ရောက်စီးနင်းသိမ်းပိုက်ရာ စစ္တပ္ဘက္က အက်အဆုံးမ်ား...။
***********************************
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က အကြမ်းဖက်စစ်တပ် တပ္စြဲထားတဲ့ ပြည်သူ့ဆေးရုံကြီး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဝန်ထမ်းအိမ်ရာနဲ့ အထက(၁) တို့ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၂ရက် ဒီကနေ့ မနက်အစောပိုင်း ၁၂ နာရီခြဲကေန မနက် ၃ နာရီခန့်အထိ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်အခြေချအထိုင်စခန်း ၄ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က အထိအခိုက်အကျအဆုံး များစွာနဲ့ စခန်းများ စွန့်ခွာထွက်ပြေးသွားခဲ့သလို ပြည်သူ့ဆေးရုံကြီးထဲက ဆေးနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်များဆီက သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ် ပကဖ နဲ့ ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရွှေဘိုခရိုင်တပ်ရင်း(၉)က ရဲဘော်တစ်ဦး က်ဆုံးခဲ့တယ္လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်ပွားခင် နိုဝင်ဘာ ၂၁ ရက်နေ့ ည ၈ နာရီခန့်ကလည်း တန့်ဆည်မြို့မရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးအနီးရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တန့်ဆည်မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ကြတဲ့ မြို့ခံပြည်သူ ၂၀ ဦးခန့်ကို နိုဝင်ဘာ ၂၀ရက်နေ့မှာ စစ်ကောင်စီတပ်က အတင်း အဓမ္မဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
22/11/2023
ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ္မံ တိုက်ခိုက် သိမ်းပိုက်၊ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ကိုးကန့် MNDAA က စစ်တပ်၏ တပ်စခန်း စုစုပေါင်း ၁၆၁ ခုကို သိမ်းပိုက်ထား
************************************
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ္မံ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်း အမ်ားအျပား သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေးဖြစ်သော The Kokaung က ထုတ်ပြန်ထား
တုန်းရှမ်းဒေသ၊ တာကျူချင့် အနောက်တောင်ကုန်း ကြွယ်ပါးစခန်းကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် MNDAA က ကိုးကန့်ဒေသ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်တပ်စခန်း ၃ ခုကို ထပ္မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မဟာမိတ်တပ်ဖွဲ့နှင့် ကိုးကန့် MNDAA က စစ်တပ်၏ တပ်စခန်းအကြီးအသေးစုစုပေါင်း ၁၆၁ ခုကို သိမ်းပိုက်ထားကြောင်း သိရပါသည်။
MNDAA က ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ၊ ချာလူကျိုင့်ရွာတွင် အခြေချထားသော အကြမ်းဖက် စစ်တပ် စခန်းကို ချဉ်းကပ်ပြီး ဒရုန်းဖြင့် ဗုံးပစ်တိုက်ခိုက်ခဲ့ပါကြောင်း၊ MNDAA က ခြေလျင်တပ်ဖြင့် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာကာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စက်သေနတ် ၁ လက် ၊ ဗုံးသီး ၃၃ လုံး ၊ RPG ယမ်းအား ၂၅ ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
MNDAA က ရှီးရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဖောက်လုပ်တောင်တွင် အခြေချသော အကြမ်းဖက် စစ်တပ် စခန်းကို စတင်ထိုးစစ်ဆင်ပြီး ဒရုန်း ပစ္ကူမွုနှင့် ခြေလျင်တပ်ဖွဲ့က တစ်နေ့တာအတွင်း ၃ ကြိမ် ထိုးစစ္တိုက္ခိုက္ကာ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖောက်လုပ်တောင်သည် နယ်စပ်မျဉ်းနှင့် နီးကပ်သောနေရာဖြစ်ပြီး ဖောက်လုပ်တောင်အဟောင်းနှင့် အသစ် ဟူ၍ရွိကာ လက်ရှိအချိန်တွင် ၎ေနရာရွိ စစ်တပ်စခန်းများကို MNDAA က တစ်ခုချင်းရှင်းထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
MNDAA က ရှင်းဝမ်ဒေသ ၊ ရှင်ဟွာအုပ်စု ၊ ရှောက်တင့်ပါးနေရာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် သိန္နီမြို့နယ်တွင် MNDAA က မူပန်ခရိုင်၊ နန့်ပုံနေရာရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၂၉၁ စခန်းကို ၃ ကြိမ် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
22/11/2023
နမ့်ဆန်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေလး ၁ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
***************************************
တအာင်းပြည်နယ်၊ တပ္မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေလး ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက် နက်ကြီးပစ်ခတ်မှုကြောင့် အုန်းစွမ်ကျေးရွာမှ ကေလး ၁ ဦးသေဆုံးခဲ့တဲ့အပြင် အရပ်သား ၄ ဦးဒဏ်ရာရှရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အုန်းစွမ်ကျေးရွာမှ အသက် (၁၄)နှစ်အရွယ် မလွေးမြသန္တာလင်း ကျည်စထိမှန်သေဆုံးခဲ့တဲ့အပြင် အသက်(၁၄)နှစ်အရွယ် လွေးမော်မော်စန်း၊ အသက်(၁၈)နှစ်အရွယ် မိုင်းရဲလင်းနောင်၊ အသက်(၄၈)နှစ်အရွယ် ယာမြညွှန့်နဲ့ အသက် (၅၀)အရွယ် တာထွန်းလှတို့အသီးသီး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ ၁၉ ရက် နေ့လည်အချိန်ခန့်မှာလစစ်ကောင်စီတပ်ရဲ့ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်းနဲ့ ကျောက်မဲမြို့တပ်စခန်းမှ မြို့သစ်ကျေးရွာထဲကို လက်နက်ကြီးဖြင့် ၃၂ ကြိမ်ထက်မနည်း ပစ်ခတ်တိုက် ခိုက်ခဲ့ပါသေးတယ်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်တဲ့နေရာတွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတစုံတရာဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နမ့်ဆန်မြို့နယ်ရှိ အ ရပ်သားပြည်သူအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်ခြင်းဖြစ်တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။