Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ

Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ, Yangon.

ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီသည် ၂၀၂၁ခုနှစ် စစ်တပ်မှအာဏာသိမ်းပြီးသည့်ကာလတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊
ဖက်ဒရယ်ဒီမိုကရေစီအရေး လူထုအရေးတော်ပုံတိုက်ပွဲဝင်
လူငယ်များ စုစည်းထားခြင်းဖြစ်သည်။

Photos from Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ's post 15/09/2025

စတင်ဘာ ၊ ၁၄ ၊၂၀၂၅ ။

ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီမှ "သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့"စာသားပါ စတေကာ
များကပ်၍ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း စတေကာကမ်းပိန်းလှုပ်ရှားမှု တစ်ရပ်ပြုလုပ်


#ရွှေပြည်သာသပိတ်ကော်မတီ
#သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ

Photos from Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ's post 21/08/2025

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်နေသော “ရွေးကောက်ပွဲ” ဆိုသည့်အပေါ် ကျွန်ုပ်၏ ရပ်တည်ချက်သဘောထားကို လေးစားစွာ (ထပ်လောင်း) တင်ပြအပ်ပါသည်။

══════════════

၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ မြန်မာ့နိုင်ငံရေး ပြဿနာ၏ ထွက်ပေါက်၊ အဖြေ (လုံးဝ) မဟုတ်။

၂။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာ ဖြစ်သည်။

၃။ စစ်အုပ်စု၏ “ရွေးကောက်ပွဲ” ဆိုသည်မှာ ဒင်းတို့အာဏာ သက်ဆိုးရှည်ရေး၊ ဒင်းတို့ ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေရေး၊ ဒင်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာ ဖြစ်သည်။

၄။ ပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းခဲ့ပြီးဖြစ်သည့်အပြင် စစ်အုပ်စုက နိုင်ငံရေးမှာ ရာသက်ပန် ကြီးစိုးခြယ်လှယ်ဖို့ ခွင့်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်အတွင် "ရွေးကောက်ပွဲ"ကျင်းပရန် ကြံစည်ခြင်းကို (လုံးဝ) လက်မခံ။

၅။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာည် (Federal Democracy Charter) တွင် ပြဋ္ဌာန်းထားသော နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ရပ်၊ NUG နှင့်တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားသော “ဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထား” တို့အပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောတူညီချက်နှင့် ဘုံရည်မှန်းချက်များကသာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်သည်ဟု လေးနက်စွာ ယုံကြည်သည်။

၆။ သို့ဖြစ်သောကြောင့် ယခု အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အဓမ္မ လုပ်ကြံပြင်ဆင်နေသော “ရွေးကောက်ပွဲ” ကို “အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ခြောက်၊ လုပ်ပွဲ” ဟု သတ်မှတ်၊ ခံယူသည်။

၇။ ထို့အပြင် လက်ရှိ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေကြသော ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် အခက်အခဲ၊ အကြပ်အတည်းများစွာ၊ ထည့်ဝင်ပေးဆပ်ရသည့် အရင်းအနှီးများစွာရှိနေသလို တဖက်ကလည်း နှစ်ပေါင်း (၈၀) နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့နိုင်ငံရေးပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မည့် အဆုံးသတ်တိုက်ပွဲ၊ အခွင့်အလမ်းဟု အပြည့်အဝ ယုံကြည်သည်။

၈။ သို့ပါ၍ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ "တရားမဝင်၊ အတုအယောင် ‌ရွေးကောက်ပွဲ" (ဝါ) "လုပ်ပွဲ" ကို ပြည်သူလူထုတရပ်လုံးနှင့်အတူ ပြည်သူ့အားဖြင့် အကြွင်းမဲ့ ဆန့်ကျင်၊ တိုက်ဖျက်သွားပါမည့်အကြောင်း ထပ်လောင်း အတည်ပြု ထုတ်ဖော် တင်ပြအပ်ပါသည်။

“အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ ဆန့်ကျင်ကြ”

“ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် . . . မဲမပေးနဲ့ သပိတ်မှောက်”

“No Votes Under Guns - Reject the Junta’s Sham”

“Say No, Just Trap
Myanmar’s Sham Election Crap”

အရေးတော်ပုံ အောင်ရမည်။
ွှေပြည်သာသပိတ်ကော်မတီ

Photos from Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ's post 08/08/2025

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ မှ
၈၈၈၈ လုံး လူထုလှုပ်ရှားမှု ပြုလုပ်

သြဂုတ်လ ၊ ၈ရက် ၊ ၂၀၂၅ ။

ရန်ကုန်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ
စစ်ဆေးမှုများတင်းကြပ်မှုများ ကြားမှ "၈၈၈၈"လုံးအရေးတော်ပုံ ၃၇ နှစ်မြောက်အထိမ်းအမှတ် အဖြစ်

"ရွှေပြည်သာသပိတ်ကော်မတီ "(SPTSC)နှင့် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ ပူးပေါင်းကာ
ရန်ကုန်မြို့နေရာများ နှင့် YBS ကားများပေါ်တွင် ၈၈၈၈ အင်္ကျီ ကမ်ပိန်း စစ်အာဏာရှင်ဆန့်ကျင်ရေး
လူထုလှုပ်ရှားမှုပြုလုပ်


#ရွှေပြည်သာသပိတ်ကော်မတီ

#ပြီးဆုံးသေးတဲ့ရှစ်လေးလုံးလူထုလွတ်မြောက်ရေးဒို့အတူရုန်း

#အရေးတော်ပုံအောင်ရမည်

Photos from Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ's post 03/08/2025

၃ရက်၊ ၈လ ၊၂၀၂၅ခုနှစ်

"ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ"ဘန်နာစာသား နှင့် စစ်ကောင်စီရဲ့ လူထုအပေါ်ဗုံးကြဲ တိုက်ခိုက်မှုများကိုရပ်တန့်စေဖို့
နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာထောက်ပံ့မှု​ငွေ​ကြေးများအားလက်နက်ဝယ်ယူကာ ပြည်သူကိုသတ်ဖြတ်နေတာတွေရ့ပ်တန့်စေရေး အတွက်လူထုလှုပ်ရှားမှု
"ရွှေပြည်သာသပိတ်ကော်မတီ"(SPTSC)မှ ရန်ကုန်မြို့ YBSကားပေါ်များနှင့် ကုန်းကျော်တံတားဘန်နာချိတ်ဆွဲခြင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

02/08/2025

▪️၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ရန်လှုံ့ဆော်ချက်

Global Action - 8888 Umbrella Strike

၁ရက်၊၈လ၊၂၀၂၅ခုနှစ်။
ရန်ကုန်လူထုသပိတ်

“လူစုလူဝေးနဲ့ဆူဆူပူပူလုပ်ရင် စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး​ခြောက်တာမပါဘူး” ဆိုသည့် စစ်အာဏာရှင်နေဝင်း၏ စစ်တပ်နောက်ခံ တစ်ပါတီအာဏာရှင်စနစ်ကို အသက်သွေးပေါင်းများစွာစတေးပြီး ရဲရဲတောက်တွန်းလှန်ခဲ့ကြသည့် ၈၈၈၈အရေးတော်ပုံကြီးသည် မကြာခင်မှာ ၃၇နှစ်မြောက်အထိမ်းအမှတ်သို့ရောက်ရှိလာတော့မည်ဖြစ်ပါသည်။

မဆလပါတီကိုဖြုတ်ချနိုင်ခဲ့သော်လည်း စစ်အစိုးရ နဝတ၊ နအဖ လက်ထက်အပြီး နိုင်ငံတော်၏ ဥပဒေပြုရေးယန္တရားမှာ စစ်တက်မှ ၂၅%နေရာယူထားသည့် ၂၀၀၈ခြေဥအောက်က ရွှေ
ရည်စိန် ဒီမိုကရေစီဖြင့်သာ ချွေးသိမ့်ခံခဲ့ရပြီး ယခုတစ်ဖန် ၂၀၂၀ ရွေးကောက်ပွဲအပြီး ၂၀၂၁ စစ်အာဏာသိမ်းယူမှုကြောင့် မြန်မာနိုင်ငံသည် လက်နက်မိုးပြီးဖိနှိပ်အုပ်ချုပ်သည့် စစ်အာဏာရှင်စနစ်အောက်မှ ရုန်းထွက်နိုင်ရန် တော်လှန်ရေးအရပ်ရပ်ဆင်နွှဲကာ ဒီမိုကရေစီအရေးကြိုးပမ်းနေရဆဲဖြစ်သည်။

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကစ၍ ၂၀၂၁ ခုနစ်စစ်အာဏာရှင်တော်လှန်ရေးအထိတိုင်အောင် ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက် စစ်ကျွန်စနစ်ကို ရဲရဲတောက်တွန်းလှန်ခဲ့ကြသော တော်လှန်မျိုးဆက် ပြည်သူအပေါင်းအား ယခုမကြာခင် ရောက်လာတော့မည့် ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အတွက် ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖြန့်ကျက်ရောင်းချပေးထားပြီးဖြစ်သော ၈သင်္ကေတရိုက်နှိပ်ထားသောထီးများဖြင့် ၈.၈.၂၀၂၅တွင် ၈လေးလုံးလှုပ်ရှားမှုများပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်မှ လှုံ့ဆော်မှုပြုအပ်ပါသည်။

၈၈၈၈ထီးများအားယူဆောင်ပြီး စုရပ်များခေါ်ယူ၍ လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အခင်းအကျင်းနှင့်သက်ဆိုင်သောနေရာများသို့ချီတက်ခြင်း၊ ထီးများ၊ အင်္ကျီများ ပေါ်တွင် ၈သင်္ကေတများကိုယ်တိုင်ဆွဲ၍ ပါဝင်မှုပြုခြင်း နှင့် အခြားသော ၈သင်္ကေတနှင့်ဆိုင်သော လှုပ်ရှားမှုအားလုံးအကြုံးဝင်ပါသည်။

ထင်ရှားပြီးဖြစ်သော အောက်ပါ slogan များအားအသုံးပြုနိုင်ပါသည်။
“တော်လှန်မျိုးဆက်၊ ပုန်ကန်ရုန်းထွက်”
“မပြီးဆုံးသေးတဲ့ ၈လေးလုံး၊
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”

ရန်ကုန်လူထုသပိတ်၏ ၈သင်္ကေတရိုက်နှိပ်ထားသော သမိုင်းဝင်၈၈၈၈ထီးများရောင်းချခြင်းနှင့် တော်လှန်ဘဏ္ဏာငွေစီးဆင်းမှုများအား Strike Market Page မှာဝင်ရောက်လေ့လာနိုင်ပါသည်။

#၃၇နှစ်မြောက်၈၈၈၈အထိမ်းအမှတ်
#ကမ္ဘာလုံးဆိုင်ရာ၈၈၈၈ထီးသပိတ်လှုပ်ရှားမှု
-8888UmbrellaStrike

Photos from Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ's post 24/07/2025

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် နိုင်ငံတကာက
စစ်ကောင်စီကို ငွေကြေး၊ ရုပ်ဝတ္ထုနဲ့ နည်းပညာ ကူညီမှုတွေ အများအပြားပေးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ငလျင်ဟာ စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော် မြို့ကိုလည်း ထိခိုက်စေခဲ့ပြီး စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာ အဆောက်အအုံတွေ အများအပြား ပျက်စီးထိခိုက်ခဲ့တာလည်း သတင်းတွေအရ တွေ့ကြရပါတယ်။

ဒီလို ငလျင်ဘေးကြောင့် ပြည်သူတွေရော စစ်ကောင်စီ ကိုယ်တိုင်ပါ ကြီးမားတဲ့ထိခိုက်မှုတွေ ကြုံခဲ့ရပေမယ့် တဖက်မှာတော့ စစ်ကောင်စီဟာ ငလျင်ကပ်ဘေး နောက်ပိုင်း ကာလတွေမှာ အရပ်သား ပြည်သူတွေရှိတဲ့ မြို့၊ရွာတွေ ဆေးရုံ၊စာသင်ကျောင်း၊စျေး စတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်မပြတ် တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ငလျင်ကပ်ဘေး ကာလတောင် မရှောင်ဘဲ အဓမ္မစစ်မှုထမ်း ခေါ်ဆောင်မှုနဲ့ ပေါ်တာဆွဲမှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့ပြီး၊ မြေပြင် စစ်ဆင်ရေးကြီးတွေလည်း တိုးမြှင့်ဆင်နွှဲနေတာ တွေ့ရပါတယ်။

နယ်စပ်ကုန်သွယ်ရေးကျဆင်းမှု၊ အထွေထွေစီးပွားရေး ကျဆင်းမှုတွေအပြင် ငလျင်ဘေးကြောင့် စီးပွားရေးထိခိုက်မှုတွေ အကြီးအမားဖြစ်နေခဲ့တဲ့ တိုင်းပြည်မှာ စစ်ကောင်စီဟာ ပြည်သူကိုသတ်ဖို့၊ ဗုံးကြဲဖို့၊ လေယာဉ်ဆီဝယ်ဖို့၊ စစ်ဆင်ရေးကြီးတွေလုပ်ဖို့ ငွေကြေးကို စစ်ကောင်စီဟာ ဘယ်နေရာကနေ ပေါပေါများများ ရလိုက်ပါသလဲ။

သေချာတာတခုတော့ စစ်ကိုင်းငလျင်လှုပ်ခတ်အပြီး မတ်လကစလို့ နိုင်ငံတကာက ငလျင်ကပ်ဘေးအတွက် ကူညီမှုဟာ ဒေါ်လာသန်း ၁၀၀ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီမှာ ဒေါ်လာတွေသီးတဲ့ အပင် ဒေါ်လာတွေ ထွက်တဲ့တွင်းလိုမျိုး မရှိခဲ့ရင်၊ အနီးဆုံးနဲ့ ပမာဏ အများဆုံး ဒေါ်လာငွေ ရဖို့က ငလျင်ဘေး အကူအညီတွေပဲ ဖြစ်ပါမယ်။
ဒါကြောင့်မို့ ပြည်သူကိုသတ်နေတဲ့
စစ်ကောင်စီကို ယုံကြည်ကိုးစားပြီး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာက သိအောင်

* ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်
* ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး
* နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး
* စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုရပ်

ဆိုတဲ့ သတင်းစကားကို ဝိုင်းဝန်း ပေးပို့ ကြဖို့
နှိုးဆော်တိုက်တွန်းပါရစေ။








't_meant _2killpeople


(ရွှေပြည်သာသပိတ်ကော်မတီ)

21/07/2025

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် အားအလေးနီပြု သဝဏ်လွှာ

#ရွှေပြည်သာသပိတ်ကော်မတီ

Photos from Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ's post 07/07/2025

"ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်"

၇၊၇၊၂၀၂၅။

(၆၃)နှစ် ဆဲဗင်း ဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ်
ရွှေပြည်သာသပိတ်ကော်မတီ (SPTSC)မှ ရန်ကုန်မြို့အတွင်းYBSကားပေါ်များနှင့် ကားမှတ်တိုင်များတွင်( ၇.၇.၆၂ "ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်" )စာသားပါ စတေကာ ကမ်ပိန်း ၊လူထုလှုပ်ရှားမှုပြုလုပ်

(ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ)

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon