21/07/2023
Logic Angel Law Firm
ဉပဒေရေးရာကိစ္စများ အိမ်ခြံမြေကိစ္စများ ဆွေးနွေးနိုင်သည်
21/07/2023
25/06/2023
ဏြည်ထောင်စုတရားလွှတ်တော်ချုပ် ကြေငြာချက်
16/01/2023
ပြောင်းရွှေ့ဖွင့်လှစ်တော့မယ် ဒဂုံခရိုင်တရားရုံး နေရာသိစေရန်
04/01/2023
03/12/2022
အခွန်ရှောင်လျှင် သို့ လျော့နည်းဆောင်လျှင် တရာစွဲနိုင်မည်ဖြစ်ကြောင်း
02/12/2022
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ၂၀.၁၂.၂၀၂၂ မှ ၂၃.၁၂.၂၀၂၂ထိ အမှု့ခေါ်စာရင်း
အထက်တန်းရှေ့နေများ လိုင်စင်သက်တမ်းတိုးရန်လိုအပ်ပါသည်။
နှစ်စဉ်အတွက် လိုင်စင်သက်တမ်းတိုးရန်သတ်မှတ်ရက်မှာ စက်တင်ဘာ ၁ရက်မှ ၃၀ ရက်အတွင်းဖြစ်၍ ယနေ့မှဆိုလျှင် သက်တမ်းတိုးရန်အတွက် ၃ ရက်သာကျန်ပါတော့တယ်
သက်တမ်းမတိုးရသေးသောအထက်တန်းရှေ့နေများ မပျက်မကွက်သက်တမ်းတိုးကြစေလိုပါသည်
အဆင်ပြေအောင်မြင်ကြပါစေ
မူးနောက်နေတာဖဲ
ယခင်ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးအား
🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂
☂ကျောက်တံတားခရိုင်တရားရုံး
☂ ပထမထပ်တွင်ရှိသည်။
☂ကမာရွတ်ခရိုင်တရားရုံး
☂ဒုတိယထပ်တွင်ရှိသည်။
☂မရမ်းကုန်းခရိုင်တရားရုံး
☂ တတိယထပ်တွင်ရှိသည်။
☂အလုံခရိုင်ခရိုင်တရားရုံး
☂ စတုတ္ထထပ်တွင်ရှိသည် ဟုသိရပါသည်။
အနောက်ပိုင်းခရိုင်တရားရုံး မှအမှုများကို
ဆိုင်ရာခရိုင်များတွင် စက်တင်ဘာလ (၁)ရက်
နေ့တွင် လာရောက်စုံစမ်းနိုင်ကြောင်းသိရှိရပါသည်။
☺☺☺☺☺☺☺☺☺☺☺
ယခင်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးအား
🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂
☂ဗိုလ်တစ်ထောင် ခရိုင်တရားရုံး
☂သင်္ဃန်းကျွန်း ခရိုင်တရားရုံး
☂ဒဂုံမြို့သစ် ခရိုင်တရားရုံး စတုတ္ထထပ်တွင်ရှိသည်ဟုသိရသည်။
အရှေ့ပိုင်းခရိုင်တရားရုံး မှအမှုများကို
ဆိုင်ရာခရိုင်များတွင် စက်တင်ဘာလ (၁)ရက်
နေ့တွင် လာရောက်စုံစမ်းနိုင်ကြောင်းသိရှိရပါသည်။
☺☺☺☺☺☺☺☺☺☺☺
ယခင်ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးအား
🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂
☂အင်းစိန် ခရိုင်တရားရုံး
☂မင်္ဂလာဒုံ ခရိုင်တရားရုံး ဟုပြောင်းသည်။
မြောက်ပိုင်းခရိုင်တရားရုံး မှအမှုများကို
ဆိုင်ရာခရိုင်များတွင် ( မည့်သည့်နေ့ဟုတိတိကျကျမသိခဲ့သဖြင့်) လာရောက်စုံစမ်းနိုင်ကြောင်းသိရှိရပါသည်။
ဒီနေ့သိရသလောက်ပြန်လည်မျှဝေပါသည်။
မည်သည့်မြို့နယ်များ
မည်သည့် ခရိုင် တွင်ပါဝင်သည်ကို
လေ့လာနိုင်ရန် အောက်တွင်
ထပ်မံတင်ပေးလိုက်ပါသည်။
👇👇👇👇👇👇👇
ကျောက်တံတား မြို့နယ်
ပန်းဘဲတန်း မြို့နယ်
လသာ မြို့နယ်
လမ်းမတော် မြို့နယ်
ဒဂုံ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ကျောက်တံတား ခရိုင်ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
အလုံ မြို့နယ်
ကြည့်မြင်တိုင် မြို့နယ်
စမ်းချောင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အလုံ ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
မရမ်းကုန်း မြို့နယ်
လှိုင် မြို့နယ်
မြောက်ဥက္ကလာ မြို့နယ်
၃ မြို့နယ် ပေါင်း၍
မရမ်းကုန်း ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
ကမာရွတ် မြို့နယ်
ဗဟန်း မြို့နယ်
၂ မြို့နယ် ပေါင်း၍
ကမာရွတ် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
သင်္ဃန်းကျွန်း မြို့နယ်
တောင်ဥက္ကလာပ မြို့နယ်
ရန်ကင်း မြို့နယ်
တာမွေ မြို့နယ်
၄ မြို့နယ် ပေါင်း၍
သင်္ဃန်းကျွန်း ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
ဗိုလ်တစ်ထောင် မြို့နယ်
ဒေါပုံ မြို့နယ်
မင်္ဂလာတောင်ညွန့် မြို့နယ်
ပုဇွန်တောင် မြို့နယ်
သာကေတ မြို့နယ်
၅ မြို့နယ် ပေါင်း၍
ဗိုလ်တစ်ထောင် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်
ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်
ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်
၄ မြို့နယ် ပေါင်း၍
ဒဂုံမြို့သစ် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
သန်လျှင် မြို့နယ်
ကျောက်တန်း မြို့နယ်
သုံးခွ မြို့နယ်
ခရမ်း မြို့နယ်
ကိုကိုးကျွန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
သန်လျှင် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
တွံတေး မြို့နယ်
ဆိပ်ကြီးခနောင်တို မြို့နယ်
ဒလ မြို့နယ်
ကော့မှူး မြို့နယ်
ကွမ်းခြံကုန်း မြို့နယ်
၅ မြို့နယ် ပေါင်း၍
တွံတေး ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
အင်းစိန် မြို့နယ်
လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်
လှိုင်သာယာ အနောက်ပိုင်း မြို့နယ်
၃ မြို့နယ် ပေါင်း၍
အင်းစိန် ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
မင်္ဂလာဒုံ မြို့နယ်
ရွှေပြည်သာ မြို့နယ်
၂ မြို့နယ် ပေါင်း၍
မင်္ဂလာဒုံ ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
မှော်ဘီ မြို့နယ်
ထန်းတပင် မြို့နယ်
၂ မြို့နယ် ပေါင်း၍
မှော်ဘီ ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
လှည်းကူး မြို့နယ် အား
လှည်းကူး ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂☂☂☂
တိုက်ကြီး မြို့နယ် အား
တိုက်ကြီး ခရိုင် ဟုပြောင်းသည်။
☂☂☂☂☂☂
crd:
16/06/2022
အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင်
ပါဝင်ရမည့် အချက်အလက်များကို သိရှိနိုင်ရန် အတွက် မျှဝေလိုက်ပါသည်။
အိမ်ခွန်အမည်ပြောင်း လျှောက်ထားရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-
(က)အမည်ပြောင်း လျှောက်ထားသည့်မြေနှင့် အဆောက်အအုံ ပိုင်ဆိုင်မှု အဆက်ဆက်၏ အမွေဆက်ခံ၊ ပေးကမ်း၊ စွန့်လွှတ် မှတ်ပုံတင်စာချုပ်နှင့် တရားရုံး ဒီကရီ အစရှိသည့် အထောက်အထား၊ ဂရန်နှင့် ဘိုးဘပိုင်မှတ်တမ်း မိတ္တူများ
(ခ)အခွန်ဌာနမှ ပစ္စည်းခွန် ကောက်ခံပြီးသည့် အိမ်ခွန်ပြေစာ မူရင်း(သို့မဟုတ်) မိတ္တူတစ်စောင်
(ဂ)လျှောက်ထားသူ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
(ဃ)သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ မြေနှင့်အဆောက်အအုံအား အမှန်တကယ်နေထိုင် ပိုင်ဆိုင်ကြောင်း ထောက်ခံချက်
(င)အမည်ပြောင်းလျှောက်ထားသည့် အဆောက်အအုံအတွက် အိမ်ခွန်ကြွေးကျန် ကင်းရှင်းကြောင်း အခွန်ဌာန၊ ငွေကျန်တောင်းဌာနစုမှ ထုတ်ပေးသော ထောက်ခံချက်
အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြလာပါက -
၁။
ပြီးပြည့်စုံသော အိမ်ခွန် အမည်ပြောင်းအမှုတွဲများ ကြာမြင့်ချိန် (စုစည်း၍ သတင်းစာ၌ ဖော်ပြခြင်း)
(က)ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာပြီး ကြာချိန် - ၁၄ရက်
(ခ)ကန့်ကွက်ချက်မရှိပါက မြေတိုင်းကွင်းဆင်းချိန် - ၄ရက်
(ဂ)ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန် - ၁၅ရက်
(ဃ)စုစည်းဆောင်ရွက်ပါက တစ်ဦးလျှင် အမည်ပြောင်းလျှောက်လွှာခ ၅၀၀/နှင့် သတင်းစာကြော်ငြာခ ကျပ် ၆၅၀၀/- ကျသင့်မည်ဖြစ်ကြောင်း ကြော်ငြာခွန် ကျသင့်ရန် (၄)ဦး အနည်းဆုံးရှိမှ ကြော်ငြာထည့်၍ ဆောင်ရွက်နိုင်ပါသည်။
၂။တစ်ဦးတည်း ပြီးပြည့်စုံသော အိမ်ခွန် အမည်ပြောင်းအမှုတွဲများ ကြာမြင့်ချိန် (တစ်ဦးတည်း သတင်းစာ၌ ဖော်ပြခြင်း)
(က)ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာပြီး ကြာချိန် - ၁၄ ရက်
(ခ)ကန့်ကွက်ချက်မရှိပါက မြေတိုင်းကွင်းဆင်းချိန် - ၁ ရက်
(ဂ)ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန် - ၁၅ရက်
(ဃ)တစ်ဦးတည်း အမည်ပြောင်း ဆောင်ရွက်လိုပါက အမည်ပြောင်းလျှောက်လွှာခ ၅၀၀/နှင့် သတင်းစာကြော်ငြာခ ကျပ် ၁၈၀၀၀/- ကျသင့်ပါမည်။
၃။အထက်ပါစာရွက်စာတမ်းများအား ပြည့်စုံမှုရှိပါက အိမ်ခွန်အမည်ပြောင်းလျှောက်ထားမှုကို ကန့်ကွက် မည့်သူ ရှိ/မရှိ သတင်းစာကြော်ငြာကာ သတင်းစာ ကြော်ငြာ၍ (၂)ပတ်ပြည့်ပြီး ကန့်ကွက်မည့်သူမရှိပါက ကော်မတီသို့အဆင့်ဆင့်တင်ပြ၍ ကော်မတီအစည်းအဝေးမှ အမည်ပြောင်း ခွင့်ပြုချက်ရရှိပါက အောက်ပါ အမည်ပြောင်းနှုန်းထားများ ပေးသွင်းဆောင်ရွက်ရပါမည်။
(က)ထရံကာ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၂၀ဝ၀ဝ/-
(ခ)နံကပ်(၁)ထပ်မှ RC တိုက်(၃)ထပ်ထိ ကျပ် ၅၀ဝ၀ဝ/-
(ဂ)RC တိုက်(၄)ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၇၀ဝ၀ဝ/-
၄။အဆောက်အဦ ကွင်းဆင်းတိုင်းတာခ နှုန်းထားများအား အောက်ပါအတိုင်း ပေးသွင်းဆောင်ရွက်ရပါမည် -
(က)ထရံကာ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၁၀ဝ၀ဝ/-
(ခ)နံကပ်(၁)ထပ်မှ RC တိုက်(၃)ထပ်ထိ ကျပ် ၂၀ဝ၀ဝ/-
(ဂ)RC တိုက်(၄)ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၃၀ဝ၀ဝ/-
မှတ်ချက်
(က)အမည်ပြောင်း ကန့်ကွက်မှုရှိပါက ဆိုင်းငံ့
(ခ)ကွင်းဆင်းတိုင်းတာချိန် အိမ်ရှင်မရှိပါက ဆိုင်းငံ့
လျှောက်ထားရန်လိပ်စာမှာ
သို့
ဌာနမှူး
အခွန်ဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (သို့မဟုတ်) မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စသည်ဖြင့်လျှောက်ထားရန်ဖြစ်ပါသည်။ ဆိုင်ရာဌာနတွင် လျှောက်လွှာပုံစံတောင်းယူနိုင်ပါသည်။
CRD: ဆရာကြီးမိုးထက်
ဖမ်းဝရမ်းအကြောင်း
===========
ဦးမိုးကျော် (မဟာဥပဒေ)(မူရင်း)
DVB law lab (ပြန်လည်ကိုးကားရေးသားသူ)
"ဖမ်းဝရမ်းအတည်ပြုရန် မည်သူ့ကို တာဝန်ပေးနိုင်သနည်း။"
================================
တရားခံ သို့မဟုတ် သက်သေတစ်ဦးဦးကို ဖမ်းဆီးရန် ဝရမ်းကို ရဲအရာရှိတစ်ဦးဦး သို့မဟုတ် အခြားသူတစ်ဦးဦးကို ဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။ ( ရာဇဝတ်ကျင့် ထုံး ဥပဒေ ပုဒ်မ ၇၇ (၁) )
" ဖမ်းဝရမ်းတွင် ပါရှိရမည့် အချက်များ"
======================
ဖမ်းဝရမ်းတိုင်းတွင် ဖမ်းဝရမ်းထုတ်ဆင့်သည့် တရားသူကြီး၏ လက်မှတ်နှင့် ရာထူးတံဆိပ်တုံး ထို့ပြင် တရားရုံးတံဆိပ်ဝိုင်း တို့ပါရှိပါမည်။ ( ရာဇ ဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၅(၁) )
"ဖမ်းဝရမ်းပုံစံ "
===========
ဖမ်းဝရမ်းကို သမ္မာန်စာကဲ့သို့ ၂ စောင်ထုတ်ဆင့်ရန် မလိုဘဲ တစ်စောင်တည်းသာ ထုတ်ဆင့်ရမည်။ တရားခံကို ဖမ်းဆီးရန် ဝရမ်းစာပုံစံမှာ ရာဇဝတ် ပုံစံ ၃၈ ဖြစ်သည်။
"ဖမ်းဝရမ်းအမျိုးမျိုး
==============
ဖမ်းဝရမ်းအမျိုးမျိုးရှိသည်။ ၁။ သက်သေဖမ်းဝရမ်း နှင့် ၂။ တရားခံကို ဖမ်းဆီးရန် ဝရမ်းတို့ဖြစ်သည်။
"သက်သေဖမ်းဝရမ်း"
=============
သက်သေဖမ်းဝရမ်းအကြောင်းမှာ သမ္မာန်စာအကြောင်း အခန်းတွင် ပါဝင်ခဲ့ပြီဖြစ်သည်။
"တရားခံကို ဖမ်းဆီရန် ဝရမ်း"
===================
တရားခံကို ဖမ်းဆီးရန် ဖမ်းဝရမ်းပုံစံ ၂ မျိုးရှိသည်။ ၁။ ခံဝန်မပေးနိုင်သော ဖမ်းဝရမ်းနှင့် ၂။ ခံဝန်ပေးနိုင်သော ဖမ်းဝရမ်းတို့ဖြစ်သည်။
"ခံဝန်မပေးနိုင်သောဖမ်းဝရမ်း"
==================
ခံဝန်မပေးနိုင်သော ဖမ်းဝရမ်း ကို လက်တွေ့တွင် ခံဝန်မဲ့ ဖမ်းဝရမ်းဟု ခေါ်ဆိုကြသည်။ တရားခံဖမ်းဝရမ်း ပုံစံတွင် အပိုင်း၂ ပိုင်းပါဝင်သည်။ အထက်ပိုင်းနှင့် အောက်ပိုင်းတို့ဖြစ်သည်။ နှစ်ပိုင်လုံးတွင် တရားသူကြီး လက် မှတ်ရေးထိုးရန် နေရာပါသည်။ အထက်ပိုင်းသည် ခံဝန်မဲ့ဖမ်းဝရမ်း ထုတ်ဆင့်သည့်အပိုင်းဖြစ်သည်။ ခံဝန်မဲ့ ဖမ်းဝရမ်းထုတ်ဆင့်မည်ဆိုလျှင် အထက်တစ်ပိုင်းကိုသာ ဖြည့်စွက်ပြီး လက်မှတ်ရေးထိုး တံဆိပ်ရိုက်နှိပ် ရန်လို သည်။
"ခံဝန်ပေးနိုင်သော ဖမ်းဝရမ်း"
=================
ခံဝန်မပေးနိုင်သော ဖမ်းဝရမ်းဆိုသည်မှာ ဖမ်းဆီးရန် တာဝန်ပေးခြင်းခံရသော တရားခံအား အာမခံပေးနိုင်ခွင့် ကို ခွင့်ပြုသော ဖမ်ဝရမ်းဖြစ်သည်။ (( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၆(၂) )
ထိုသို့ တရားခံအား ခံဝန်ပေးရန်ခွင့်ပြုသည့် ဖမ်းဝရမ်းဖြစ်ပါက ဖမ်းဝရမ်းပုံစံ၏ အောက်ပိုင်းတွင်ပါ ဖြည့်စွက်၍ လက်မှတ်ရေးထိုးရမည်ဖြစ်သည်။
ခံဝန်ပေးနိုင်သော ဖမ်းဝရမ်းတွင် အောက်ပါအချက်များကို ဖော်ပြရမည်-
က။ အာမခံသူအရေအတွက်
ခ။ အာမခံသူတို့နှင့် ဖမ်းဝရမ်းထုတ်ဆင့်ခံရသူအသီးသီး တို့ ချုပ်ဆိုရမည့် အာမခံ ငွေပေါင်း
ဂ။ ဖမ်းဝရမ်းထုတ်ဆင့်ခံရသူ တရားရုံးသို့ လာရောက်ရမည် အချိန်
"ဖမ်းဝရမ်း ၏ သက်တမ်း"
================
ဖမ်းဝရမ်းတစ်စောင်၏ သက်တမ်းသည် ထုတ်ဆင့်သည့် တရားရုံးက မဖျက်သိမ်းသေးသမျှကာလပတ်လုံး သို့မဟုတ် အတည်မပြုသေးသမျှ ကာလပတ်လုံးဖြစ်သည်။ (( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၅(၂) )
ထို့ကြောင့် ဖမ်းဝရမ်းပုံစံတွင် ခံဝန်မဲ့ ဖမ်းဝရန်းထုတ်ခြင်းဖြစ်ပါက အထက်ပိုင်းကိုသာ လည်ကောင်း ခံဝန်ဖြင့် ဖမ်းဝရမ်းထုတ်ခြင်းဖြစ်ပါက အထက်ပိုင်နှင့် အောက်ပိုင်း နှစ်မျိုးစလုံးကိုလည်းကောင်း ဖြည့်စွက်လျှက် ထုတ် ဆင့်ရခြင်းဖြစ်သည်။
"ဖမ်းဝရမ်းကို ထပ်ဆင့် လွှဲအပ်နိုင်ခြင်း"
======================
ဖမ်းဝရမ်းအတည်ပြုရန် ဆင့်ဆိုခြင်းခံရသည့် ရဲအရာရှိသည် ထိုဖမ်းဝရမ်းကို အတည်ပြုရန် အခြားရဲအရာရှိအား အတည်ပြုစေရန် ဖမ်းဝရမ်းစာတွင် ထပ်ဆင့်ရေးသား၍ လွှဲအပ်နိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၉)
"ဖမ်းဝရမ်းအတည်ပြုနိုင်သည့် နယ်မြေ"
=======================
ဖမ်းဝရမ်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မည်သည့် ဒေသတွင်မဆိုအတည်ပြု ဖမ်းဆီးနိုင်သည်။ ( ရာဇ ဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၂)
" စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဝရမ်းအတည်ပြုစေခြင်း"
==================================
လူဖမ်းဝရမ်းကို တရားရုံး၏ စီရင်ပိုင်ခွင့် နယ်မြေပြင်ပတွင် အတည်ပြုရန် ဖြစ်လျှင် ထိုတရားရုံးသည် ဝရမ်းကို ရဲအရာရှိ တစ်ဦးသို့ ထုတ်ပေးမည့် အစား ဝရမ်းအတည်ပြုရန် စီရင်ပိုင်ခွင့် အာဏာရှိသည့် ရာဇဝတ်တရား သူကြီး သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီး ထံသို့ ထိုဝရမ်းကို စာတိုက်မှဖြစ်စေ အခြားနည်းဖြင့် ဖြစ်စေ ပေး ပို့နိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၃)
ဖမ်းဝရမ်းထုတ်ဆင့်သည့် တရားရုံး၏ စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဝရမ်းအတည်ပြုရန်ဖြစ်ပါက ဖမ်းဝရမ်း အတည်ပြုရန် တာဝန်ပေးအပ်ခြင်း ခံရသည့် ရဲအရာရှိသည် ထိုဖမ်းဝရမ်းအတည်ပြုရမည့်နယ်မြေရှိ တရားရုံး သို့မဟုတ် ရဲစခန်းမှူးထံ သွားရောက်၍ ထပ်ဆင့်လက်မှတ်ရေးထိုး စေလျက် ဆောင်ရွက်ရမည်။ ( ရာဇဝတ် ကျင့် ထုံး ဥပဒေ ပုဒ်မ ၈၄)
အထက်ပါအတိုင်းဆောင်ရွက်ခြင်း အားဖြင့် အချိန်နှောင်းနှေးပြီး အတည်ပြုရာတွင် နှောက်အယှက်ဖြစ်မည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ဝရမ်းအတည်ပြုသည့် ရဲအရာရှိသည် ထိုသို့ ထပ်ဆင့် လက်မှတ်ရေးထိုးခြင်း မပြု တော့ဘဲ ဝရမ်းကို အတည်ပြုနိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၄(၃) )
"စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဆီးခြင်း၌ တရားခံအား အာမခံပေးနိုင်သလား"
==============
တရားခံဖမ်းဝရမ်းကို စီရင်ပိုင်ခွင့် နယ်မြေပြင်ပတွင် အတည်ပြုခဲ့ပြီး ပြစ်မှုသည် အာခံပေးရမည့် ပြစ်မှုဖြစ်နေပြီး ဖမ်းဆီးခံရသူကလည်း ကျေနပ် လောက်အောင် အာမခံပေးရန် အသင့်ရှိနေလျှင် ထိုနယ်မြေရှိ ရာဇဝတ်တရား သူကြီး သို့မဟုတ် ခရိုင်ရဲဝန်က ခံဝန်ချုပ်ဆိုလျက် ခံဝန်ချုပ်ကို ဝရမ်း ထုတ်ပေးသည့်တရားရုံးသို့ ပေးပို့ရမည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၆(၁) ၏ ခြွင်းချက်)
ယင်းအချက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၇၆ (ခံဝန်ဖြင့် ဝရမ်းထုတ်ဆင့်ခြင်း ) အရ အာမခံတောင်းယူခြင်း မှာ ပိတ်ပင်တားမြစ်သည်ဟု မှတ်ယူခြင်းမပြုရ။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၆(၂) )
အထက်ပါပြဋ္ဌာန်းချက်များအရ စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဝရမ်းအတည်ပြုရာတွင် အာမခံပေးခွင့်ရှိ ကြောင်း ထင်ရှားသည်။ သို့သော် ကိုက်ညီလိုက်နာရမည့်အချက် ၃ ချက်ရှိကြောင်းတွေ့ရှိရပြီး (၁၊ )တရားခံအား ဖမ်းဆီးသောပြစ်မှုသည် အာမခံပေးရမည့် ပြစ်မှုဖြစ်ရမည်၊ (၂၊ )တရားခံက ကျေနပ်လောက်သော အာမခံ ပေးရန် အသင့်ရှိရမည် (၃၊ ) ခံဝန်ဖြင့် ဖမ်းဝရမ်းများတွင် အခွင့်အာဏာ ပေးအပ်သကဲ့သို့ ဖမ်းဆီးသူ ရဲအရာရှိ တွင် တရားခံအား အာမခံပေးခွင့်ကို အပ်နှင်းမထားဘဲ ထိုနယ်မြေရှိ ရာဇဝတ်တရားသူကြီး သို့မဟုတ် ခရိုင်ရဲ့ ဝန်ကသာ ခံဝန်ချုပ်ခွင့်ရှိသည် စသည့်အချက်များ ပြည့်စုံရမည်ဖြစ်သည်။
(စာညွှန်း- ဦးမိုးကျော် ( မဟာဥပဒေ ) ဒုတိယညွန်ကြားရေးမှူး ( ရာဇ ဝတ် ကျင့်ထုံး ဥပဒေ အခြေပြု လက်စွဲ ) ၊ ပထမ အကြိမ် ၂၀၁၉ ၊ ဒီဇင်ဘာလ ၊ စာ ၃၄ )
(Zawgyi)
ဖမ်းဝရမ်းအကြောင်း
===========
"ဖမ်းဝရမ်းအတည်ပြုရန် မည်သူ့ကို တာဝန်ပေးနိုင်သနည်း။"
တရားခံ သို့မဟုတ် သက်သေတစ်ဦးဦးကို ဖမ်းဆီးရန် ဝရမ်းကို ရဲအရာရှိတစ်ဦးဦး သို့မဟုတ် အခြားသူတစ်ဦးဦးကို ဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။ ( ရာဇဝတ်ကျင့် ထုံး ဥပဒေ ပုဒ်မ ၇၇ (၁) )
" ဖမ်းဝရမ်းတွင် ပါရှိရမည့် အချက်များ"
ဖမ်းဝရမ်းတိုင်းတွင် ဖမ်းဝရမ်းထုတ်ဆင့်သည့် တရားသူကြီး၏ လက်မှတ်နှင့် ရာထူးတံဆိပ်တုံး ထို့ပြင် တရားရုံးတံဆိပ်ဝိုင်း တို့ပါရှိပါမည်။ ( ရာဇ ဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၅(၁) )
"ဖမ်းဝရမ်းပုံစံ "
ဖမ်းဝရမ်းကို သမ္မာန်စာကဲ့သို့ ၂ စောင်ထုတ်ဆင့်ရန် မလိုဘဲ တစ်စောင်တည်းသာ ထုတ်ဆင့်ရမည်။ တရားခံကို ဖမ်းဆီးရန် ဝရမ်းစာပုံစံမှာ ရာဇဝတ် ပုံစံ ၃၈ ဖြစ်သည်။
"ဖမ်းဝရမ်းအမျိုးမျိုး"
ဖမ်းဝရမ်းအမျိုးမျိုးရှိသည်။ ၁။ သက်သေဖမ်းဝရမ်း နှင့် ၂။ တရားခံကို ဖမ်းဆီးရန် ဝရမ်းတို့ဖြစ်သည်။
"သက်သေဖမ်းဝရမ်း"
သက်သေဖမ်းဝရမ်းအကြောင်းမှာ သမ္မာန်စာအကြောင်း အခန်းတွင် ပါဝင်ခဲ့ပြီဖြစ်သည်။
"တရားခံကို ဖမ်းဆီရန် ဝရမ်း"
တရားခံကို ဖမ်းဆီးရန် ဖမ်းဝရမ်းပုံစံ ၂ မျိုးရှိသည်။ ၁။ ခံဝန်မပေးနိုင်သော ဖမ်းဝရမ်းနှင့် ၂။ ခံဝန်ပေးနိုင်သော ဖမ်းဝရမ်းတို့ဖြစ်သည်။
"ခံဝန်မပေးနိုင်သောဖမ်းဝရမ်း"
ခံဝန်မပေးနိုင်သော ဖမ်းဝရမ်း ကို လက်တွေ့တွင် ခံဝန်မဲ့ ဖမ်းဝရမ်းဟု ခေါ်ဆိုကြသည်။ တရားခံဖမ်းဝရမ်း ပုံစံတွင် အပိုင်း၂ ပိုင်းပါဝင်သည်။ အထက်ပိုင်းနှင့် အောက်ပိုင်းတို့ဖြစ်သည်။ နှစ်ပိုင်လုံးတွင် တရားသူကြီး လက် မှတ်ရေးထိုးရန် နေရာပါသည်။ အထက်ပိုင်းသည် ခံဝန်မဲ့ဖမ်းဝရမ်း ထုတ်ဆင့်သည့်အပိုင်းဖြစ်သည်။ ခံဝန်မဲ့ ဖမ်းဝရမ်းထုတ်ဆင့်မည်ဆိုလျှင် အထက်တစ်ပိုင်းကိုသာ ဖြည့်စွက်ပြီး လက်မှတ်ရေးထိုး တံဆိပ်ရိုက်နှိပ် ရန်လို သည်။
"ခံဝန်ပေးနိုင်သော ဖမ်းဝရမ်း"
ခံဝန်မပေးနိုင်သော ဖမ်းဝရမ်းဆိုသည်မှာ ဖမ်းဆီးရန် တာဝန်ပေးခြင်းခံရသော တရားခံအား အာမခံပေးနိုင်ခွင့် ကို ခွင့်ပြုသော ဖမ်ဝရမ်းဖြစ်သည်။ (( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၆(၂) )
ထိုသို့ တရားခံအား ခံဝန်ပေးရန်ခွင့်ပြုသည့် ဖမ်းဝရမ်းဖြစ်ပါက ဖမ်းဝရမ်းပုံစံ၏ အောက်ပိုင်းတွင်ပါ ဖြည့်စွက်၍ လက်မှတ်ရေးထိုးရမည်ဖြစ်သည်။
ခံဝန်ပေးနိုင်သော ဖမ်းဝရမ်းတွင် အောက်ပါအချက်များကို ဖော်ပြရမည်-
က။ အာမခံသူအရေအတွက်
ခ။ အာမခံသူတို့နှင့် ဖမ်းဝရမ်းထုတ်ဆင့်ခံရသူအသီးသီး တို့ ချုပ်ဆိုရမည့် အာမခံ ငွေပေါင်း
ဂ။ ဖမ်းဝရမ်းထုတ်ဆင့်ခံရသူ တရားရုံးသို့ လာရောက်ရမည် အချိန်
"ဖမ်းဝရမ်း ၏ သက်တမ်း"
ဖမ်းဝရမ်းတစ်စောင်၏ သက်တမ်းသည် ထုတ်ဆင့်သည့် တရားရုံးက မဖျက်သိမ်းသေးသမျှကာလပတ်လုံး သို့မဟုတ် အတည်မပြုသေးသမျှ ကာလပတ်လုံးဖြစ်သည်။ (( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၅(၂) )
ထို့ကြောင့် ဖမ်းဝရမ်းပုံစံတွင် ခံဝန်မဲ့ ဖမ်းဝရန်းထုတ်ခြင်းဖြစ်ပါက အထက်ပိုင်းကိုသာ လည်ကောင်း ခံဝန်ဖြင့် ဖမ်းဝရမ်းထုတ်ခြင်းဖြစ်ပါက အထက်ပိုင်နှင့် အောက်ပိုင်း နှစ်မျိုးစလုံးကိုလည်းကောင်း ဖြည့်စွက်လျှက် ထုတ် ဆင့်ရခြင်းဖြစ်သည်။
"ဖမ်းဝရမ်းကို ထပ်ဆင့် လွှဲအပ်နိုင်ခြင်း"
ဖမ်းဝရမ်းအတည်ပြုရန် ဆင့်ဆိုခြင်းခံရသည့် ရဲအရာရှိသည် ထိုဖမ်းဝရမ်းကို အတည်ပြုရန် အခြားရဲအရာရှိအား အတည်ပြုစေရန် ဖမ်းဝရမ်းစာတွင် ထပ်ဆင့်ရေးသား၍ လွှဲအပ်နိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၇၉)
"ဖမ်းဝရမ်းအတည်ပြုနိုင်သည့် နယ်မြေ"
ဖမ်းဝရမ်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မည်သည့် ဒေသတွင်မဆိုအတည်ပြု ဖမ်းဆီးနိုင်သည်။ ( ရာဇ ဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၂)
" စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဝရမ်းအတည်ပြုစေခြင်း"
လူဖမ်းဝရမ်းကို တရားရုံး၏ စီရင်ပိုင်ခွင့် နယ်မြေပြင်ပတွင် အတည်ပြုရန် ဖြစ်လျှင် ထိုတရားရုံးသည် ဝရမ်းကို ရဲအရာရှိ တစ်ဦးသို့ ထုတ်ပေးမည့် အစား ဝရမ်းအတည်ပြုရန် စီရင်ပိုင်ခွင့် အာဏာရှိသည့် ရာဇဝတ်တရား သူကြီး သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီး ထံသို့ ထိုဝရမ်းကို စာတိုက်မှဖြစ်စေ အခြားနည်းဖြင့် ဖြစ်စေ ပေး ပို့နိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၃)
ဖမ်းဝရမ်းထုတ်ဆင့်သည့် တရားရုံး၏ စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဝရမ်းအတည်ပြုရန်ဖြစ်ပါက ဖမ်းဝရမ်း အတည်ပြုရန် တာဝန်ပေးအပ်ခြင်း ခံရသည့် ရဲအရာရှိသည် ထိုဖမ်းဝရမ်းအတည်ပြုရမည့်နယ်မြေရှိ တရားရုံး သို့မဟုတ် ရဲစခန်းမှူးထံ သွားရောက်၍ ထပ်ဆင့်လက်မှတ်ရေးထိုး စေလျက် ဆောင်ရွက်ရမည်။ ( ရာဇဝတ် ကျင့် ထုံး ဥပဒေ ပုဒ်မ ၈၄)
အထက်ပါအတိုင်းဆောင်ရွက်ခြင်း အားဖြင့် အချိန်နှောင်းနှေးပြီး အတည်ပြုရာတွင် နှောက်အယှက်ဖြစ်မည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ဝရမ်းအတည်ပြုသည့် ရဲအရာရှိသည် ထိုသို့ ထပ်ဆင့် လက်မှတ်ရေးထိုးခြင်း မပြု တော့ဘဲ ဝရမ်းကို အတည်ပြုနိုင်သည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၄(၃) )
"စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဆီးခြင်း၌ တရားခံအား အာမခံပေးနိုင်သလား"
တရားခံဖမ်းဝရမ်းကို စီရင်ပိုင်ခွင့် နယ်မြေပြင်ပတွင် အတည်ပြုခဲ့ပြီး ပြစ်မှုသည် အာခံပေးရမည့် ပြစ်မှုဖြစ်နေပြီး ဖမ်းဆီးခံရသူကလည်း ကျေနပ် လောက်အောင် အာမခံပေးရန် အသင့်ရှိနေလျှင် ထိုနယ်မြေရှိ ရာဇဝတ်တရား သူကြီး သို့မဟုတ် ခရိုင်ရဲဝန်က ခံဝန်ချုပ်ဆိုလျက် ခံဝန်ချုပ်ကို ဝရမ်း ထုတ်ပေးသည့်တရားရုံးသို့ ပေးပို့ရမည်။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၆(၁) ၏ ခြွင်းချက်)
ယင်းအချက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၇၆ (ခံဝန်ဖြင့် ဝရမ်းထုတ်ဆင့်ခြင်း ) အရ အာမခံတောင်းယူခြင်း မှာ ပိတ်ပင်တားမြစ်သည်ဟု မှတ်ယူခြင်းမပြုရ။ ( ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၆(၂) )
အထက်ပါပြဋ္ဌာန်းချက်များအရ စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် ဖမ်းဝရမ်းအတည်ပြုရာတွင် အာမခံပေးခွင့်ရှိ ကြောင်း ထင်ရှားသည်။ သို့သော် ကိုက်ညီလိုက်နာရမည့်အချက် ၃ ချက်ရှိကြောင်းတွေ့ရှိရပြီး (၁၊ )တရားခံအား ဖမ်းဆီးသောပြစ်မှုသည် အာမခံပေးရမည့် ပြစ်မှုဖြစ်ရမည်၊ (၂၊ )တရားခံက ကျေနပ်လောက်သော အာမခံ ပေးရန် အသင့်ရှိရမည် (၃၊ ) ခံဝန်ဖြင့် ဖမ်းဝရမ်းများတွင် အခွင့်အာဏာ ပေးအပ်သကဲ့သို့ ဖမ်းဆီးသူ ရဲအရာရှိ တွင် တရားခံအား အာမခံပေးခွင့်ကို အပ်နှင်းမထားဘဲ ထိုနယ်မြေရှိ ရာဇဝတ်တရားသူကြီး သို့မဟုတ် ခရိုင်ရဲ့ ဝန်ကသာ ခံဝန်ချုပ်ခွင့်ရှိသည် စသည့်အချက်များ ပြည့်စုံရမည်ဖြစ်သည်။
(စာညွှန်း- ဦးမိုးကျော် ( မဟာဥပဒေ ) ဒုတိယညွန်ကြားရေးမှူး ( ရာဇ ဝတ် ကျင့်ထုံး ဥပဒေ အခြေပြု လက်စွဲ ) ၊ ပထမ အကြိမ် ၂၀၁၉ ၊ ဒီဇင်ဘာလ ၊ စာ ၃၄ ) Crd
(Zawgy
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon