06/02/2024
🙏🙏🙏
ရွှေရင်ကျော်ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်းတော်ကြီးမှ
ကျေးဇူးရှင် အဖေကြီးဦးမြခင်၏
သဘာ၀ဆန်သော အမှတ်တရစကားများ
မကြွားနဲ့ ဟန်မဆောင်နဲ့ မလိမ်နဲ့
ဖြစ်တတ်တဲ့သဘာ၀ကို
ဖွင့်ပြောရဲတာဟာသူတော်ကောင်းပဲ။
မင်းကုလို့ မပျောက်ရင် မင်းက လူလည်မလုပ်ပါနဲ့။
မင်းကုလို့မပျောက်ရင် မင်းက လူလည်၀င်မလုပ်ပါနဲ့။
ဘုန်းကြီးချင်ရင် ဒီလိုလုပ်ရတယ်။
နှမ်းဖြူး အချောင်သမားအလုပ်ကတော့
မင်းတို့ပြောစရာမလိုဘူး...
လှိုင်းပုတ်ရင် သူ့ဟာသူ ကမ်းကပ်သွားလိမ့်မယ်။
ရပ်တည်လို့မရဘူး...။
"ကျနော်တို့ ဂိုဏ်းဟာ သာသနာပြုဂိုဏ်း...
ကျနော်တို့ အဖေမရှိတဲ့နောက်
သာသနာဆက်ပြုသွားပါ့မယ်ခင်ဗျ"ဆိုပြီးတော့ လက်မှတ်တွေထိုး...
ငါးကျပ်တန်တံဆိပ်ခေါင်းတွေ
ကပ်နေစရာမလိုဘူး။
မင်းတို့ဟာမင်းတို့
မချမ်းသာသေးတဲ့အခါ
ကြိုက်တဲ့ချောင်ကြားထဲမှာ
တစ်ဖက်ရပ်တဲ နဲ့ သွားပြီးတော့
ဆန်ပြုတ် သောက်နေသောက်နေ...
မင်းတို့စေတနာတွေမှန်ရင်လေ
အသာလေး ဆွဲခေါ်သွားလိမ့်မယ်
ထိပ်ဆုံးရောက်သွားလိမ့်မယ်
မွတ္ထား....
ဆေးကလည်းမှန်တယ်...
ဂိုဏ်းကလည်းမှန်တယ်...
အကျင့်ကလည်းမှန်တယ်ဆိုတဲ့
မှန်သုံးချက်ညီရင်လေ...
ထွက်ရပ်ပေါက်ဆရာကို ဆုတောင်းမနေနဲ့
သူ့အလိုလိုထွက်သွားလိမ့်မယ်....
ဂိုဏ်းကလည်းမှန်ပါရဲ့...
ဆေးကလည်းမှန်ပါရဲ့...
ကိုယ့်သောက်ကျင့်မကောင်း
မထွက်
ဆုတောင်းမနေနဲ့ အပိုပဲ။
ငါတော့ထွက်ခါနီးပြီဆိုတာ ရူးလို့ပြောတာ...
ထွက်ရပ်ပေါက်ဆရာဆိုတာ
ဘယ်တော့မှထွက်တယ်မပြောဘူး။
"ငါသာအရှက်ကွဲသွားပါစေ
ဂိုဏ်းကိုအထိမခံဘူး" ဆိုတာ
အဲ့တာ ဘိုးတော်ဟန်ရဲ့ ပုံစံမှန်ပဲ
ဘယ်တော့မှ မဆင်းရဲဘူး..
ငါကျင့်တာ အဲ့ဒီ့အတိုင်းပဲ။
မင်းတို့မေ့စရာရှိရင် ငါ့ကိုသာမေ့ကြပါ။
ငါတို့ရဲ့အေဖ ဓနုဖြူဂိုဏ်းချုပ်ဆရာကြီးကို
မမေ့ကြပါနဲ...
ကုထုံးပြောတော့မယ်ကြံရင်
ကုထုံးပြောတဲ့ပုဂ္ဂိုလ်ရဲ့
ထားရမယ့်စေတနာက
"ငါသိသလို ငါ့သားတွေသိပါစေ...
ငါကျွမ်းကျင်သလို
ပရိယာယ် နည်းတွေကို နားလည်ပါစေ...
ဆိုတဲ့ စေတနာနဲ့ ပြောရတယ်။
အားလုံးထဲမှာငါလူလည်ပဲ...
သူများထက်ငါတတ်တယ်
ဆိုတာမျိုးမပြောရဘူး...
အဲ့ဒါကုထုံးပြောတာမဟုတ်ဘူး...
ဒါကိုယ်ရည်သွေးတယ်ခေါ်တယ်။
ဒို့လုပ်ရပ်မှန်ဘို့က ဒို့အလုပ်
ဘေးကဝေဖန်တာကသူတို့အလုပ်
ရာဇ၀င်က ဆုံးဖြတ်သွားလိမ့်မယ်။
မှန်တဲ့ဖက်ကို...
ဝိဇ္ဇာမတ်တပ်ရပ်နေလိမ့်မယ်...
မူရင်း -----Crd # # #
27/08/2023
ရှေးလူကြီးတွေက ပြောဖူးတာ ကြားဖူးတယ်
သာသနာနှစ် ၂၅၀၀- ကျော်လာရင်တော့ဖြင့်
မမြင်ဘူးတာတွေ မြင်ကြရလိမ့်မယ်
မကြားဘူးတာတွေ ကြားကြရလိမ့်မယ်
မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်
သဘာဝဘေးဆိုးတွေ ၀ငျလာလိမျ့မယျ
လက်နက်ဆန်းတွေ ပေါ်လာလိမ့်မယ်
ရောဂါဆန်း တွေ ဖြစ်ကြလိမ့်မယ်
စစ်ပွဲတွေဖြစ်လာမယ်
အငတ်ဘေးတွေကြုံလာမယ်
ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ်
သဘာဝဘေးတွေဖြစ်လာမယ်
ရုပ်ဝတ္ထုတွေ ထွန်းတောက်
တိုးတက်လာကြလိမ့်မယ်
လူ့အတတ် နတ်မက
လူ့အကြိုက်လည်း နတ်မလိုက်နိုင်
လူတွေလောဘ အတ္တအားကြီး
လာကြလိမ့်မယ်
ရုပ်ဝတ္ထု တိုးတက်ရင်
လောဘနောက်လိုက်ကြရင်း
လူတွေစိတ်ပိုင်းဆိုင်ရာအားနည်းလိမ့်မယ်
မလုပ်သင့် မလုပ်ထိုက်တာတွေ
လုပ်ကြလိမ့်မယ်
မိန်းမတွေ ယောင်္ကျားနှင့်ရင်ဘောင်တန်းလာလိမ့်မယ်
မိန်းမတွေ ယောင်္ကျားနှင့်တူလာမယ်
ရဟန်းတွေ လူနဲ့တူလာမယ်
ဘုန်းကြီးကျောင်းတွေ အိမ်နှင့်တူလာမယ်
အဆိုးအကောင်း ဒွန်တွဲလာလိမ့်မယ်
အပျက်တရားပိုမြန်လာလိမ့်မယ်
ရုပ်ဝတ္ထုတိုးတက်နေ၍ လူတွေ ကိလေသာအာရုံ
လောကီနောက်သာ လိုက်နေကြလိမ့်မယ်
မိဘကိုပြန်သတ် မိဘကိုပြန်စော်ကား
သားသမီးကို မယားလုပ် ၊ လင်လုပ် လာကြလိမ့်မယ်
ဒီလိုအချိန်မှာ >>>
ပါရမီရှိတဲ့သူ စိတ်ကောင်းရှိတဲ့သူ
သံဝေဂ တရား ရလာကြလိမ့်မယ်
အလိုလို ကြောက်စိတ်၀င်လာကြလိမ့်မယ်
တဖက်မှာလည်း >>
အရိယာသူတော်ကောင်းတွေ ပေါ်ထွန်းနေလိမ့်မယ်
တရားပြ တရားကျင့်နေကြလိမ့်မယ်
မသိသူကျော်သွား သိသူဖော်စားကြလိမ့်မယ်
ဝိမုတ္တိယုဂခေတ်
အနတ္တသာသနာတပါတ်လည်ပြန်ပေါ်လာမယ်
အရိယာတွေပေါ် ထွန်းနိုင်တဲ့ခေတ်
တရားကျင့်ရင်ကျင့်သလို တရားရကြလိမ့်မယ်
မကောင်းသူပယ် ကောင်းသူကယ်မယ်တဲ့
အရိယာသံဃာစော်ကားလို့
အပါယ်ငရဲ ဆင်းကြလိမ့်မယ်
သိသူဖော်စားလို့
နတ်ပြည်တက် အရိယာဖြစ်ကြလိမ့်မယ်
ဒီအချိန် သူတော်ကောင်းကိုတွေ့အောင်ရှာ
မတွေ့တွေ့အောင်ရှာပါတဲ့
သူတော်ဆီးကပ် မြတ်တရားနာပါတဲ့
လူ့ဘ၀ ဆိုတာရခဲတယ်
ဘုရားရှင်နဲ့ တွေ့ခဲတယ်
သာသနာနဲ့ကြုံကြိုက်ခဲတယ်
ကြုံနေရင်လည်း လက်ခံခဲတယ်
လက်ခံပါသော်လည်း ကျင့်ကြံခဲတယ်
ကျင့်ကြံသော်လည်း ဆိုက်ရောက်ခဲတယ်
ယ္ခုမှာကား >>
လူလည်း ဖြစ်လာ
သာသနာနှင့်လည်းကြုံခိုက်
အမြိုက်တရားဟောကြားမည့်သူကမရှား
သို့ပါလျှက်ကယ်မှ
အမှန်ကို မကြိုက် အမှားကိုလိုက်
အမှားကိုကြိုက်နေကြပါလျှင်
အမိုက်တကာ့ ဗိုလ်မင်းထက်
မိုက်ထက်သူ မရှိ
သူတော်ကောင်းစကားနားမထောင်
တရားကိုမကျင့်ကြံကြလျှင်
တီထွေးကြီးတွေသာဖြစ်ကြရလိမ့်မည်တဲ့
ဓမ္မဒါနအဖြစ် မျှဝေပူဇော်သူ
Credit;မချိုနွယ်
15/06/2023
ဗုဒ္ဓဂုဏ်ပွား စိတ်စွမ်းအား
တိုးပွားကြပါစေ
ဗုဒ္ဓဂုဏ်တည် စိတ်စွမ်းရည်
ပြည့်မှီကြပါစေ
စိတ်ကိုပြုပြင် နိဗ္ဗာန်ဝင်
ကြည်ရွှင်ကြပါစေ
စိတ်ကိုလွှတ်ထား
အပါယ်သွား
မြတ်ဘုရား ဟောကြားတော်မူလေတယ်
#ကေလာသဆရာတော်
19/02/2023
"ငါ့မှာ ဆရာရှိတယ်"
လောကီပညာလမ်းပေါ် ရောက်ကာစမို့
ကိုယ်လည်း လျှောက်တတ်ချင်တယ်...
မပူပါဘူး ငါ့မှာဆရာရှိတယ်။
ကိုယ်မသိတာတွေ သူများတွေပြောနေကြတော့
ကိုယ်လည်းသိချင်လာတယ်...
မပူပါဘူး ငါ့မှာဆရာရှိတယ်။
ပညာလမ်းမှာ နားမလည်တာတွေ ရှိလာတော့
ကိုယ်လည်း သိချင်လာတယ်...
မပူပါဘူး ငါ့မှာဆရာရှိတယ်။
လောကီလမ်းမှာ အခက်အခဲတွေ ရှိလာပြန်တော့
ကိုယ်လည်း ကျော်လွှားချင်တယ်...
မပူပါဘူး ငါ့မှာဆရာရှိတယ်။
ပညာလမ်းမှာ ခရီးတစ်ခုရောက်တဲ့အခါ
မမေ့ပါနဲ့...
ငါ့မှာဆရာရှိတယ်။
တော်တော်များများ သိလာတဲ့အခါ
မမေ့ပါနဲ့...
ငါ့မှာဆရာရှိတယ်။
ဆရာ့ထက် တပြည့်အင်အားများလာတဲ့အခါ
မမေ့ပါနဲ့....
ငါ့မှာဆရာရှိတယ်။
မမေ့ပါနဲ့...
သင်ဒီနေရာရောက်ဖို့
သူ့ပခုံးပေါ်ထမ်းပြီး တွန်းတင်ပေးခဲ့တယ်ဆိုတာ။
ဆရာသခင်၏ကျေးဇူးဖြင့်
#ဇမ္ဗူကျော်
#အဖဆရာကြီးဦးမြင့်အောင်၏သားတပည့်
#ဆရာတင်ကိုဝင်း
#အမြဲဦးခိုက်လျှက်ပါအဖေဆရာနဲ့အမေဆရာ🙏🙏🙏
16/02/2023
ကိုးနဝင်းအဓိဌာန် ၈၁ရက်👉 ယနေ့ကြာသပတေးညတွင်👈 အောင်မြင်စွာပြီးမြောက်သွားပါပီ😊
ဤအကျိုးကျေးဇူးများအားလုံး နတ်လူသာဓုခေါ်စေသော်🙏🙏🙏