White virus အဖွဲ့မှ အကိုကို စစ်ကိုင်းငလျှင်ဘေးမှာ သွားလှူခဲ့တဲ့အတွေ့အကြုံကို ပြန်လည်မေးမြန်းခဲ့ပါတယ်
SMART GUYS
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMART GUYS, Washington D.C., DC.
❝ ပိုက်ဆံမယူတဲ့ အခမဲ့ Camping ❞
ကျွန်တော်တို့လို ပရဟိတသမားတွေအတွက် အခမဲ့ တည်းခိုနိုင်မယ့် Camp လေးအကြောင်းကို အသေးစိတ်လေး မေးမြန်းဖြစ်ခဲ့ပါတယ်ခင်ဗျာ။
“ ပြန်လည်ထူထောင် မီးဖိုချောင် “
စစ်ကိုင်းမြို့မှာရှိတဲ့ ငလျင်ဘေးသင့်မိသားစုတွေအတွက် မီးဖိုချောင်လေးတစ်ခု ဖန်တီးပေးဖြစ်ခဲ့တဲ့ ခရီးစဉ်လေးပါခင်ဗျာ။
သိပ်မများလှတဲ့ ဒီပစ္စည်းလေးတွေက မိသားစုဝင်တွေအတွက် အားအင်တစ်ခု၊ မျှော်လင့်ချက်တွေလေးတစ်ခုဖြစ်စေဖို့ မျှော်လင့်ပါတယ်။
ခရီးစဉ်လေးမှာ လိုက်ပါခဲ့ကြတဲ့ Volunteer မောင်နှမတွေကိုလည်း အထူးကျေးဇူးတင်ရပြီး အဘက်ဘက်က ကူညီပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
04/17/2025
❝ စနစ်ကျရမယ်၊ အားလုံးပူးပေါင်းမယ်၊ ရလာဒ်ထွက်ရမယ် ❞ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ထိရောက်တဲ့ခရီးစဉ်တစ်ခုဖြစ်ဖို့က အလွန်အရေးကြီးလှပါတယ်။
ဒါကြောင့် စစ်ကိုင်းမှာရှိတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို သွားရောက်ကူညီကြမယ့် ခရီးစဉ်မှာ လိုက်ပါကြမယ့် အဖွဲ့ဝင်များအနေနဲ့ ဒီအချက်လေးတွေကို သိရှိ၊ လိုက်နာပေးစေလိုပါတယ်ခင်ဗျာ။
နံပါတ် (၁) ယုံကြည်မှုက အဓိက
အပြန်အလှန် လေးစားယုံကြည်မှုဟာ အဖွဲ့အစည်းတိုင်းရဲ့ သော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် အချင်းချင်းယုံကြည်မှု တည်ဆောက်နိုင်စေဖို့ရာ ခရီးစဉ်တစ်လျှောက် တစ်ဦးကို တစ်ဦး ထိခိုက်နစ်နာစေမယ့် အပြုအမူ၊ အပြောအဆိုတွေကို ရှောင်ကြဉ်ကြရပါမယ်။ ဒါမှသာလျှင် အချင်းချင်း ရင်းနှီးမှုတည်ဆောက်နိုင်မှာဖြစ်သလို ခရီးစဉ်ချောမွေ့စေမှာပါ။
နံပါတ်(၂) ပွင့်လင်းမြင်သာ ထုတ်ပြောပါ။
အမှားတစ်ခုခုလုပ်မိတဲ့အခါ နှုတ်ဆိတ်မနေပဲ ပွင့်ပွင့်လင်းလင်းပြောပြနိုင်ပါတယ်။ တစ်ဦးရဲ့ အခက်အခဲဟာ အားလုံးရဲ့ အခက်အခဲဖြစ်လို့ မောင်နှမတွေလို သဘောထားပြီး တိုင်ပင်လို့ ရပါတယ်။ ထို့အတူ တစ်ယောက်ယောက်က ဖွင့်ပြော၊ တိုင်ပင်လာခဲ့ရင်လည်း ဝေဖန်အပြစ်တင်တာမျိုးမလုပ်ပဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို အတူစဉ်းစားပေးခြင်းဖြင့် သက်သောင့်သက်သာရှိတဲ့ ခရီးစဉ်ကို အတူဖန်တီးကြပါမယ်။
နံပါတ်(၃) လုပ်ရပ်တိုင်းကို စဉ်းစားပါ
အဖွဲ့အစည်းရဲ့နာမည်နဲ့ သွားမယ့်ခရီးစဉ်ဖြစ်တဲ့အပြင်၊ တခြားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ကြရမယ့်ခရီးစဉ်ဖြစ်တာနဲ့အညီ ကိုယ်ရဲ့လုပ်ရပ်တိုင်းက အဖွဲ့အစည်းရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာအပေါ် တိုက်ရိုက်သက်ရောက်နေတယ်ဆိုတာကို သတိပြုပေးပါ။
အခုလို ခက်ခဲတဲ့ခရီးစဉ်မှာ ပူးပေါင်းပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို Management team က ကျေးဇူးအများကြီးတင်ရှိရပါတယ်ခင်ဗျာ။
စိတ်ထားတူတဲ့ မောင်နှမတွေချည်း စုစည်းကြတဲ့ ခရီးစဉ်လေးမှာ မလိုလားအပ်တဲ့ပြဿနာတွေ မရှိရလေအောင် တာဝန်ယူမှု၊ တာဝန်ခံမှုကိုယ်စီနဲ့ လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံပါတယ်နော် 🤍🙏🏻
၁၉ရက်နေ့ကျ ကျွန်တော့်တို့ smart guys အဖွဲ့နဲ့ စစ်ကိုင်းမြို့ကို ဒုတိယအကြိမ် လှူဒါန်းရန် သွားဖို့အတွက် legecianအဖွဲ့မှ ညီလေးများမှ သီချင်းဆိုရင်း ရန်ပုံငွေရှာနေကြတဲ့မှတ်တမ်းလေးပါ
လူသားခြင်း စာနာထောက်ထားသောစိတ်ဖြင့် ငလျှင်ဘေးသင့်ဒေသရှိပြည်သူများသို့ မိမိတို့ရဲ့ တက်နိုင်သလောက် အကူညီလေးတွေပေးချင်တာဘဲ ဖြစ်ဖြစ် ပါဝင်လှူဒါန်းခြင်တာဘဲ ဖြစ်ဖြစ် Page Messenger ကနေ ဆက်သွယ်လိုရပါတယ်ဗျ
ပရဟိတ လုပ်နေတဲ့အစ်ကိုတစ်ယောက်ရဲ့အတွေ့အကြုံ
ကျွန်တော်တို့ SMART GUYS အနေနဲ့ မြေပြင်အနေထားမှာ ပရဟိတလုပ်နေတဲ့အစ်ကိုတစ်ယောက်ရဲ့ အခက်အခဲ အတွေ့ကြုံလေးတွေကို မေးမြန်းထားတာလေးဘဲ ဖြစ်ပါတယ်
မြေပြင်အခက်အခဲနဲ့ ဘယ်လိုလှူဒါန်းရင်အဆင်ပြေနိုင်သလဲဆိုတာကို ရှင်းပြပေးသွားတာလေးဘဲ ဖြစ်ပါတယ်
ငလျင်ဒဏ်ကို ခံစားခဲ့ရသော စစ်ကိုင်းမြို့တွင်နေထိုင်သော ပြည်သူတစ်ဦးရဲ့ရင်ဖွင့်သံနှင့် စစ်ကိုင်းမြို့တွင်းအခြေနေတချို့
ကျွန်တော်တို့ SMART GUYS အဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့တွင်း ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ ပြည်သူတစ်ဦးရဲ့ ရင်ဖွင့်စကားသံလေးကို နားထောင်ပေးရင်း နှစ်သိမ့်စကားလေးပြောပေးခဲ့ပါတယ်...
ဒါအပြင်စစ်ကိုင်းမြို့ရဲ့အခြေနေတစ်ချို့ကို လူတိုင်းသိရအောင် ကျွန်တော်တို့ရဲ့အဖွဲ့ဝင်များမှ ကိုယ်တိုင် လိုက်လံမှတ်တမ်းယူခဲ့တာလေးတွေဘဲဖြစ်ပါတယ်...
ကျွန်တော်တို့ SMART GUYS အဖွဲ့ကို ထူးထောင်ထားတာ မကြာသေးတဲ့အတွက် အမှားများပါရင် ဒီကနေ တောင်းပန်အပ်ပါတယ်ခင်ဗျာ
Video လေးကို အဆုံးထိ ကြည့်ရှူပြီး မိမိတို့ရဲ့ တက်နိုင်သလောက် အကူညီလေးတွေပေးချင်တာဘဲ ဖြစ်ဖြစ် ပါဝင်လှူဒါန်းခြင်တာဘဲ ဖြစ်ဖြစ် Page Messenger ကနေ ဆက်သွယ်လိုက်ပါ
04/11/2025
လူသားချင်းစာနာထောက်ထားသောစိတ်ဖြင့် ငလျှင်ဒဏ်ခံရသောဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Hinthada university chemistry major မှကျောင်းသူကျောင်းသားများမှ စုပေါင်း၍ ငွေကျပ်နှစ်သိန်းခွဲ(၂၅၀၀၀၀)တိတိကို ပါဝင်လှူဒါန်းပေးထားပါတယ်
သူတို့ ဘာတွေ လိုအပ်နေသလဲ? တကယ်လိုနေတာ ဘာလဲ?
ကျွန်တော်တို့ မြေပြင်ဆင်းခဲ့တဲ့အခါမှာ နောက်တစ်ကြိမ်ပြန်လာတဲ့အခါ ဘာတွေလုပ်ပေးရင် ပိုထိရောက်မလဲဆိုတာ သိချင်လို့ နယ်ခံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်ခင်ဗျာ။
အခုဆိုရင် ငလျင်ဒဏ်ခံစားရခြင်းမရှိတဲ့ ရွာတွေနဲ့ လူတွေကပါ ပစ္စည်းတွေ လုကြ၊ ရန်တွေဖြစ်ကြနဲ့ တကယ်လိုအပ်နေတဲ့သူတွေကျ မရလိုက်ကြတာတွေ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့လိုပဲ မြေပြင်ဆင်းမယ့်ညီအစ်ကိုတွေ၊ အလှူရှင်တွေအနေနဲ့ တကယ်လိုအပ်နေတဲ့သူတွေဆီကို အလှူငွေနဲ့ ပစ္စည်းတွေ စီးဆင်းစေဖို့ ဒီ Video လေးကို ကြည့်စေချင်ပါတယ်။
04/09/2025
ပြီးခဲ့တဲ့ရက်က ကျွန်တော်တို့အဖွဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ရှိတဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို သွားရောက်ကူညီဖြစ်ခဲ့ပါတယ်။
ခုနှစ်ရက်သားသမီးများရဲ့ အလှူငွေများနဲ့ ကျွန်တော်တို့အဖွဲ့သားများရဲ့ လုပ်အားကို စုပေါင်းပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ ဆရာလေး အပါး ၁၀၀ ကျော်အတွက် ထောက်ပံ့ငွေများကို ကူညီနိုင်ခဲ့ပါတယ်ခင်ဗျာ။
DB Bag တွေနဲ့ အခြားဆေးဝါးတွေကိုလည်း ထိထိရောက်ရောက်အသုံးပြုနိုင်မယ့် မြေပြင်က ကယ်ဆယ်ရေးအဖွဲ့တွေဆီကို အပ်ခဲ့ပါတယ်။
အလေအလွင့်နည်းစွာနဲ့ ထိရောက်အောင် လှူနိုင်ခဲ့ပေမဲ့ မရလိုက်တဲ့ အိမ်ခြေတွေ အများကြီးရှိနေပါသေးတယ်။ ဒါ့အပြင် ဒီခရီးဟာ တစ်ရက်၊ တစ်ပတ်၊ တစ်လနဲ့ ပြီးသွားမယ့်ခရီးမဟုတ်တာကြောင့် ဒီတစ်ကြိမ်မြေပြင်ဆင်းတဲ့အခါမှာ အလှူငွေ လုံလုံလောက်လောက်နဲ့ ပိုပြီးထိရောက်စွာ ကူညီနိုင်ဖို့ ကျွန်တော်တို့တွေ စုပေါင်းပြီး အဖွဲ့လေးတစ်ခုဖွဲ့ထားပါတယ်။
အဓိကကတော့ မောင်နှမတွေ စုစည်းပြီး တကယ်လိုအပ်နေတဲ့နေရာတွေကို စနစ်တကျနဲ့ သေချာလေးလုပ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
"စနစ်ကျရမယ်၊ အားလုံးပူးပေါင်းရမယ်၊ ရလဒ်ထွက်ရမယ်"
ဒီလို "မူ"နဲ့ ကျွန်တော်တို့ သွားပါမယ်။
ကျွန်တော်တို့ Smart Guys Group တာဝန်ခံအဖွဲ့မှာ
တာဝန်ခံ
တွဲဖက်တာဝန်ခံ
အတွင်းရေးမှူး
ဘဏ္ဍာရေးမှူး
သတင်းနှင့် ပြန်ကြားရေးမှူး
video Editor
Content Writer
Data Analysis & Research
HR Management
စည်းရုံးရေးနှင့် ပြည်သူ့ဆက်ဆံရေး စတဲ့ Professional field က လူငယ်တွေ အများကြီးပါဝင်ပါမယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Location
Culinary Team
Attire
Contact the business
Telephone
Website
Address
11111
