Young Changemakers Community - YCC

Young Changemakers Community - YCC

Share

Empowering the next generation of leaders to drive sustainable social change.

06/04/2026

💉HIV နှင့် ကာလသားရောဂါ (Syphilis) အတွက် သွေးစစ်ချင်သူများရှိပါက မနက်ဖြန် ဧပြီလ ၇ ရက်နေ့တွင် ကြည့်မြင်တိုင်၌ အခမဲ့ သွေးစစ်ဆေးနိုင်ပါမည်။

မိမိနှင့် မိမိချစ်ခင်ရသူများ၏ အနာဂတ်အတွက် "သွေးစစ်ခြင်း" ဖြင့် အတူတကွ ကာကွယ်ကြပါစို့။

Young Changemakers Community YCC နှင့်​Treat With Me အဖွဲ့အစည်း၏ Social Impact မိတ်ဖက်လူဂ္ဂိုလ် ဆရာဖြိုးကိုကို မှ HIV/AIDS နှင့် ကာလသားရောဂါများအတွက် အခမဲ့ သွေးစစ်ဆေးပေးမည့်အစီအစဉ် ကို မနက်ဖြန် အင်္ဂါနေ့တွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။

​ဘာကြောင့် သွေးစစ်သင့်တာလဲ။

​ယနေ့ခေတ်တွင် ကူးစက်ရောဂါများ ပြန့်ပွားမှု မြင့်မားလာခြင်း၏ အဓိကအကြောင်းရင်းမှာ "စောစီးစွာ သိရှိခြင်း (Early Detection)" အားနည်းနေခြင်းကြောင့် ဖြစ်ပါသည်။ သွေးစစ်ခြင်းသည် ရောဂါရှိမရှိ သိရှိစေရုံသာမက မိမိကိုယ်ကိုနှင့် မိမိ၏ လက်တွဲဖော်၊ မိသားစုတို့ကိုပါ ကာကွယ်ပေးနိုင်သည့် အထိရောက်ဆုံးသော နည်းလမ်းဖြစ်ပါသည်။

​အခမဲ့ စစ်ဆေးနိုင်မည့် အစီအစဉ်

​ကျွန်ုပ်တို့သည် လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာဆိုင်ရာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည့်အလျောက် အဆိုပါကဏ္ဍတွင် "ကျန်းမာရေးနှင့် လုံခြုံမှု (Safety First)" ကို အစဉ်အမြဲ ဦးစားပေးစေလိုပါသည်။

✓ဆက်သွယ်ရမည့်နေရာ - Treat With Me Page Messenger
✓ဆက်သွယ်ရမည့် နောက်ဆုံးအချိန် - ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ မနက် ၇ နာရီ။
✓သွေးစစ်ရမည့်နေ့ - ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ (အင်္ဂါနေ့)။
✓သွေးစစ်ရမည့်နေရာ - ကြည့်မြင်တိုင်မြို့နယ်။
✓​ဝန်ဆောင်မှု - HIV နှင့် ကာလသားရောဂါ အခမဲ့ စစ်ဆေးပေးခြင်း

​"လုပ်ချင်တာကို လုပ်ခြင်းထက်၊ လုပ်သင့်တာကို လုပ်ဆောင်ခြင်း" က သင့်အနာဂတ်ကို ပိုမိုတောက်ပစေပါလိမ့်မည်။ မိမိကိုယ်မိမိ ချစ်မြတ်နိုးပြီး တာဝန်ယူလိုစိတ်ရှိသော လူငယ်များ၊ ပြည်သူများအနေဖြင့် ယခုအခွင့်အရေးကို လက်လွှတ်မခံဘဲ ဆက်သွယ်ကြရန် တိုက်တွန်းလိုပါသည်။

​ဆက်သွယ်ရန်
​အသေးစိတ် သိရှိလိုပါက သို့မဟုတ် စစ်ဆေးရန် စာရင်းပေးလိုပါက ကျွန်ုပ်တို့၏ Messenger (Chat Box) သို့ အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

​"သင့်သွေးကို စစ်ဆေးပါ၊ သင့်အနာဂတ်ကို ကကာကွယ်ပါ။"





27/03/2026

Young Changemakers Community - YCC အဖွဲ့အစည်းသည် Together With Me Group အောက်ရှိ အဖွဲ့အစည်း ၁၃ ခုအနက်မှ ၁ ခုဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။ လူမှုအသိုင်းအဝိုင်းများအတွင်း အခြေခံလိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေး အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ကဏ္ဍ အသီးသီးကို ကူညီပံ့ပိုးနိုင်စေရေး လူငယ်ခေါင်းဆောင်များ စနစ်တကျ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

အောက်ဖော်ပြပါ သီချင်းသည် YCC အဖွဲ့အစည်း၏ တရားဝင် Theme Song ဖြစ်ပါသည်။




Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

South Okkalapa Township
Yangon