Export of Agri products

Export of Agri products

Share

Myanmar Origin Export Products

Pulses, Agro products and frozen fishes will be exported any time on order if aggrements are clear from both sides after confirming the prices and payment systems.

Photos from Export of Agri products's post 15/08/2022

Dear Buyers,
Easily can order live crabs (Myanmar origin) for Bankock, Mae Sot, .... .
Price will be negotiable.
Payment: 100 % cash .

Whatsapp: +959973372837
Viver: +959449577798
Address: No.288-302 Building, 4th floor, Anawrata St, Pabeydan Township (Ward 2) , Yangon.

12/06/2022
07/06/2022
Photos from Ministry of Construction's post 03/06/2022
Photos from Tax Knowledge Sharing Platform's post 24/05/2022
Photos from Commercial News's post 24/05/2022
14/05/2022

အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် နဘူးအိုင်ဆိုလာစီမံကိန်း ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထား

ရန်ကုန်၊ မေ ၁၄

အမေရိကန်အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုဝင် Convalt Energy က ကန်ဒေါ်လာ ၁၉၁.၂၇၄ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ နဘူးအိုင်ဆိုလာစီမံကိန်းကို လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားတယ်လို့ BETV Business News က သိရှိရပါတယ်။

‘‘စီမံကိန်းက ၂၀၁၄၊ ၁၅ ကတည်းက စရှိတာ။ MIC Permit နဲ့ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး စာချုပ်တွေကိုတော့ ၂၀၁၆ ခုနှစ်ကတည်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ပြီးတာ’’လို့ Convalt Energy ရဲ့ Project Officer ဦးထက်မြတ်ထူးက BETV Business ကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ တည်ရှိတဲ့ နဘူးအိုင်စီမံကိန်းက မြေပြင်မှာ တပ်ဆင်ထုတ်လုပ်တဲ့ ဆိုလာစီမံကိန်းအမျိုးအစားဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ထွက်ရှိမှာလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စီမံကိန်းက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို နှစ် ၃၀ ကာလအတွင်း လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းကို ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

အမေရိကန် ပုဂ္ဂလိကအစုရှယ်ယာရန်ပုံငွေ ACO အနေနဲ့ မြန်မာနိုင်ငံမှာ နဘူးအိုင်စီမံကိန်းအပြင် ဝမ်းတွင်း(သာစည်)မှာ စီမံကိန်းတစ်ခု ထပ်မံဖော်ဆောင်မှာဖြစ်ပြီး စီမံကိန်းနှစ်ခုလုံးအတွက် ဒေါ်လာသန်း ၄၀၀ ခန့် သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။

‘‘စီမံကိန်းတစ်ခုပြီးမှ နောက်တစ်ခုအပေါ် အခြေအနေကြည့်မှာပေါ့။ ဒီကာလ၊ ဒီအနေထား၊ စီးပွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ စတာတွေကြောင့် ဘဏ္ဍာရေးအရ သေချာချိန်တွက်ပြီးမှ နောက်စီမံကိန်းတစ်ခု စတင်ရမှာ’’လို့ ဦးထက်မြတ်ထူးက ဖြည့်စွပ်ပြောဆိုပါတယ်။

စီမံကိန်းနှစ်ခုလုံး တည်ဆောက်ပြီးစီးမယ်ဆိုရင် မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပြီး မြန်မာပြည်စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၇၀၀ အထိ သုံးစွဲဖို့ ရည်ရွယ်ထားကြောင်းလည်း သိရှိရပါတယ်။

သတင်း - BETV Business

Want your business to be the top-listed Government Service?

Website