PDF Military Culture

PDF Military Culture

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF Military Culture, Military Base, Yangon.

Photos from  PDF Military Culture's post 31/12/2023

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F (P2 9999 / အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ကျေးလက်စစ်ဆင်ရေးနှင့် မြို့တွင်းစစ်ဆင်ရေး အထူးတာဝန်များကို အရှိန်မြှင့်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ ၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် ကျူးကျော်အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၊ federal wings ဒရုန်းအဖွဲ့၊ ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များမှ (၂၇.၁၂.၂၀၂၃) ရက်နေ့ နံနက် ၅း၃၀ နာရီမှစတင်၍ ထိုးစစ်ဆင်​တိုက်ခိုက်ခဲ့ပြီး (၂၈.၁၂.၂၀၂၃) ည ၈း၀၀ နာရီအချိန်တွင် အပြီးတိုင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ Telegram channel ၌ ထုတ်ပြန်ခဲ့သည်။

၄င်းစစ်ဆင်ရေးအတွင်း ရန်သူဘက်မှ သေဆုံးသူ (၁၄) ဦးရှိပြီး လက်နက်ချအညံ့ခံသူ (၁၁) ဦး၊ လက်နက်မျိုးစုံ (၂၈) လက် နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပြည်သူ့ရဲဘော် (၁) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်စစ်​တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ (၁၀) လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူအများအပြား လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ပြန်ကြား​​ရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသ၊ MOD

https://t.me/sof220211

Photos from  PDF Military Culture's post 06/03/2023

ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ရဲဘော်များ လိုက်နာစောင့်ထိန်းရမည့် စစ်သည်တော်ကျင့်ဝတ် ၁၁ ချက်
•••••••••••••••
၁။ စစ်ရေး ရည်မှန်းချက်ဖြင့်သာ တိုက်ပွဲဖော်ဆောင်ရမည်။
၂။ စစ်ဆင်ရေး ဆောင်ရွက်ရာတွင် လိုအပ်သော အင်အားကိုသာ အသုံးပြု၍ ထိခိုက်ပျက်စီးစေမှု အနည်းဆုံး ဖြစ်စေရန် စီမံဆောင်ရွက် ရမည်။
၃။ အရပ်သား ပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည်။ အရပ်သား ပြည်သူပိုင် ဥစ္စာပစ္စည်းများကို ထိပါးခြင်း မပြုရ။
၄။ ဘာသာရေး အဆောက်အအုံများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို လေးစားတန်ဖိုးထားရမည်။
၅။ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေများကို ဖောက်ဖျက် ကျူးလွန်ခြင်း မပြုရ။
၆။ ခေါင်းဆောင်များသည် စံနမူနာပြ ခေါင်းဆောင်မှုကို ပြသ၍ လက်အောက်ငယ်သားများအပေါ် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရမည်။
၇။ အထက်ကွပ်ကဲမှု အဆင့်ဆင့်မှ ပေးအပ်သော အမိန့်နှင့် တာဝန်များကို လေးစားလိုက်နာရမည်။
၈။ တပ်ဖွဲ့ဝင် အချင်းချင်း ရဲဘော်ရဲဘက်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်။
၉။ လူမျိုး၊ ဘာသာ၊ ကျားမ၊ လိင်စိတ်ခံယူချက် ကွဲပြားမှုပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်း မပြုရ။
၁၀။ မူးယစ်ဆေးဝါး သုံးစွဲခြင်း မပြုရ။
၁၁။ လူမှုရေး ရှုပ်ထွေးခြင်း မပြုရ။
~~~~~~
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ

Photos from  PDF Military Culture's post 06/03/2023

"S.O.F snipers"

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F စနိုက်ပါ (လက်ဖြောင့်)သင်တန်းမှတ်တမ်းများထုတ်ပြန်။

S.O.F စနိုက်ပါတွေကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈ မှ စနိုက်ပါသင်တန်းဆရာတွေ နဲ့ အမေရိကန် မရိန်းသင်တန်းဆရာ ( မရိန်းတပ်ဖွဲ့ဝင်ဟောင်း) တွေကိုယ်တိုင် အဆင့်ဆင့် အနီးကပ် လေ့ကျင့်သင်ကြားပေးထားပြီး သင်တန်းပြီးမြောက်ချိန်မှာ အကောင်းဆုံး လက်ဖြောင့်တပ်သား တပ်စိတ်တစ်စိတ်ပေါ်ထွက်လာပါတယ်၊ ယ္ခု စနိုက်ပါတပ်စုတစ်စုရှိတယ်လို့ဆိုပါတယ်။

#အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F

#တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

Photos from  PDF Military Culture's post 02/03/2023

ကျားဖြူစစ်ကြောင်း

ကျားဖြူစစ်ကြောင်း၊ ကျားဖြူတပ်ခွဲ(၁)ရဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တဲ့ ပုံရိပ်တွေကို ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်ထားပါတယ်။

Photos from  PDF Military Culture's post 01/03/2023

" စစ်ကိုင်း ခရိုင်တပ်ရင်း၃ရဲ့ အထူး ကွန်မန်ဒို" စစ်သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ (၂၈ )ရက်နေ့ကကျင်းပခဲ့ပါတယ်။

အထူး ကွန်မန်ဒို စစ်သင်တန်းကို ၃လတာလေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရNUG ကာကွယ်ရေးဝန်ကြီးကလည်း သဝဏ်လွှာပေးပို့ခဲပါတယ်။

ဓါတ်ပုံ- စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၃)

Photos from  PDF Military Culture's post 01/03/2023

တောင်ပိုင်းတိုင်း စစ်ဒေသ-၃ ကျားဖြူတပ်ခွဲ (၅) ၏ အပတ်စဉ် -၄ အခြေခံ စစ်သင်တန်းဆင်းပြီ
+++++++++++++
တောင်ပိုင်းတိုင်း စစ်ဒေသ-၃ ကျားဖြူတပ်ခွဲ (၅) ၏ အပတ်စဉ်-၄ အခြေခံ စစ်သင်တန်းသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အောင်မြင်စွာ ပြီးဆုံး၍ ရဲဘော်များအားလုံး သင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရသည်။

အချိန်တစ်လခွဲ ကြာမြင့်သည့် အခြေခံ စစ်သင်တန်းကို ရဲဘော် ၃၀ ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး လိုအပ်ပါက မွမ်းမံ သင်တန်းများ ထပ်မံ ပေးသွားမည်ဖြစ် ကြောင်း စစ်ဒေသ-၃ ကျားဖြူတပ်ခွဲ (၅) မှထုတ်ပြန်သည်။

Photos from  PDF Military Culture's post 28/02/2023

မြန်မာမပါဝင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်
Feb-28-2023
မြန်မာမပါဝင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံထဲက ထိုင်းပင်လယ်ကွေ့အထက်ပိုင်းမှာ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ထိုင်းနဲ့အမေရိကန်နှစ်နိုင်ငံက ဦးဆောင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ စင်ကာပူ၊ တောင်ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ သြစတေးလျ၊ အင်ဒိုနီးရှားနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံစတဲ့နိုင်ငံ‌ေပါင်း၂၀‌ေကျာ်က တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

Photos from  PDF Military Culture's post 22/02/2023

မကွေး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူဘာမထီဖွဲ့ဟာ အပတ်စဉ် -၆ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီးသင်တန်းဆင်းပွဲမှာ ရဲမေတွေက ပြည်သူ့ကာကွယ်ရေးအလံကိုကိုင်ဆောင်ပြီး ကျမ်းသစ္စာ ကျိန်ဆိုတာ၊ ကျဆုံးသွားတဲ့ရဲဘော်‌တွေကို ကတိက၀တ်ပြုတာနဲ့ ပြည်သူတွေထောက်ပေးတဲ့ငွေတွေ နဲ့ လက်လုပ်ရိုင်ဖယ် (၃)လက်ကိုလည်း ထူးချွန်ရဲဘော်တွေကို ပေးအပ်ခဲ့ပါတယ်။

"သင်တန်းမှာ အမျိုးသား၊ အမျိုးသမီးစုစု‌ပေါင်း အ‌ယောက် ၃၀ ကျော်ရှိပါတယ်။ နောက်ထပ်သင်တန်းကကြတော့ ကျနော်တို့ကလွတ်မြောက်နယ်မြေမှာမဟုတ်တော့ သင်တန်းပေးဖို့ရှိသေးတယ်ထုတ်ပြန်လို့မရဘူး"လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပေမယ့်လည်း လုံခြုံရေးအရ နောက်ကျမှထုတ်ပြန်ရတာလို့ သိရပါတယ်။

Photos from  PDF Military Culture's post 15/02/2023

တမူးပြည်သူ့ကာကွယ်ရေးတပ် သင်တန်းသား‌ခေါ်နေ...
++++++++++++++
ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) - တမူး PDF တပ်ရင်း(၃) က စစ်ရေးအရှိန်မြင့်တင်ရန် အခြေခံစစ်သင်တန်းအတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အခြေခံ စစ်သင်တန်း တက်ရောက်ရန်အတွက် အသက် (၁၈)ကနေ (၃၅)နှစ် အတွင်း၊ ကျန်းမာရေး အထူးကောင်းမွန်သူ၊ ပင်ပန်းဆင်းရဲမှုဒဏ် ကြံ့ကြံ့ခံနိုင်သူ၊ စစ်အာဏာရှင်စနစ်ပြုတ်ကျပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ရရှိတဲ့အထိ စစ်မှုထမ်းနိုင်သူတွေ လျှောက်ထားနိုင်တယ်လို့ တမူး PDF တပ်ရင်း (၃) က ဖော်ပြပါတယ်။

"စစ်ရေးအရှိန်ကို တမူးဧရိယာအတွက်တင်မဟုတ်ဘူး၊ သိမ်းပိုက်နိုင်တဲ့ ဧရိယာအကျယ်အဝန်းထိကျွန်တော်တို့ချဲ့ထွင်ဖို့ ကြိုးစားမယ်။ သင်တန်းအသစ်ခေါ်ယူမှု့နဲ့ပတ်သက်ပြီး သတင်းစကားပြောချင်တာက ခံစားချက်နဲ့မလာဘဲ ခံယူချက်နဲ့လာပါ။ ကျွန်တော်တို့က ဒီဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် စွမ်းစွမ်းတမံ ရေကုန်ရေကန်း ကြိုးပမ်းသွားမယ့် တပ်တစ်ခုဖြစ်ပါတယ်။" လို့ တမူး PDF တပ်ရင်း(၃) က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဘိုဘို က ပြောပါတယ်။

အခြေခံ စစ်သင်တန်း တက်ရောက်ပြီး PDF ထဲ ဝင်လိုသူတွေ အနေနဲ့ တမူး PDF တပ်ရင်း(၃)ရဲ့
ဖေ့စ်ဘွတ်ခ် စာမျက်နှာ People's Defense Force Tamu တပ်ရင်း ၃ (https://www.facebook.com/PDFTamu/?ref=page_internal) ကို မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဓာတ်ပုံ - တမူး PDF တပ်ရင်း (၃)

Photos from  PDF Military Culture's post 13/02/2023

ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အခြေစိုက်၊ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF (ချောက် -ပြူးကြီး) တို့ပူးပေါင်းပြီး တောတွင်းတနေရာတွင် နိုင်ငံရေး အသိပညာပေး ဟောပြောမှုများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ထောင်ရန် အသက်ပေးခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်းများကို အလေးနီပြုခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြတယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်မှပြန္။

13/02/2023

တပ်မဟာ (၆) ထဲမှာ အော်ဒါမှာလို့ရပါပြီတဲ့ခင်ဗျာ၊

Mအေလိုးမင်းအောင်လှိူင်ကုမ္ပဏီကထုတ်တဲ့

မအလ ခြေညှပ်ဖိနပ်ပါ၊ ယိုးဒရားမိတ်ဖြစ်လို့ ခိုင်ခံ့ပါတယ်။

ဖိုတို - ကော်ပီ
Admin

Photos from  PDF Military Culture's post 12/02/2023

ရှေ့တန်းပြန် ပြည်သူ့ကာကွယ်ရေးတပ်များကို မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာမှလူထုက ကြိုဆိုနေကြစဉ်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon