လမ်းပြကြယ် စာကြည့်တိုက်

လမ်းပြကြယ် စာကြည့်တိုက်

Share

စာတတ်သူများ စာဖတ်ခွင့် ရှိစေခြင်းဖြင့်
စာဖတ်ခြင်း ယဉ်ကျေးမှုကို မြှင့်တင်ကြပါစို့။

08/12/2025

စာတက်သူများ စာဖတ်ခွင့်ရရှိရေးအတွက် လမ်းပြကြယ်စာကြည့်တိုက်မှ အစဉ်ကြိုးစားလျက်ရှိပါသည်။
#စာကြည့်တိုက်များ

07/09/2025
07/09/2025

ခရေပင်နှစ်ပင်အောက်မှာအေးချမ်းစွာတည်ရှိနေသည့်လောက၏ပြူတင်းပေါက်/ဘဝ၏တက္ကသိုလ်ဟုခေါ်ဆိုရမည့်(လမ်းပြကြယ်ကို့ယ့်အားကိုယ်ကိူးစာကြည့်တိုက်၏ပုံရိပ်္)

Photos from လမ်းပြကြယ် စာကြည့်တိုက်'s post 30/08/2025

လမ်းပြကြယ်စာကြည့်တိုက်၊ပါတ်ဝန်းကျင်သန့်ရှင်းရေး၊လုပ်အားပေးဆောင်ရွက်ကြစဉ်၊(22)ရပ်ကွက်ရွှေပြည်သာမြို့နယ်။

19/07/2025

ရွှေပြည်သာမြို့နယ်၊လူထုအခြေပြုဗဟိုဌာနတွင်(78)ကြိမ်မြောက်အာဇာနည်နေ့အသိပညာပေးTalk show ဟောပြောခဲ့စဉ်။

Photos from လမ်းပြကြယ် စာကြည့်တိုက်'s post 05/09/2024

5-9-2024နေ့ စာကြည့်တိုက်ပညာအခြေခံဆင့်ပွားသင်တန်း ရွှေပြည်သာမြို့နယ် ပြန်/ဆက်ရုံး သင်တန်းဆောင်ရွက်စဥ် အမှတ်တရများ

03/06/2024

1/6/2024နေ့ရန်ကုန်တိာင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကေါ်မီတီမှကျင်းပသည့်စာကြည့်တိုက်မှူးများအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့စဉ်ူ

26/02/2024

စာပေလောက၏မှတ်ကျောက်တစ်ခုကွယ်ပျောက်သွားခြင်းအတွက်နှမျောတသဖြစ်ရပါသည်။

မနက်ဖြန် ၁၈.၂.၂၀၂၄ ဆိုရင် ကျွန်တော်တို့ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ ဆရာမြသန်းတင့်ကွယ်လွန်တာ ၂၆နှစ်ပြည့်ပါပြီ။
၁၇.၂.၂၀၁၈ ၊ စံတော်ချိန်သတင်းစာမှာ ဖော်ပြခဲ့ပြီး ကွယ်လွန်ခြင်း နှစ် ၂၀ အခမ်းအနားမှာ မိတ္တူကူးမျှဝေခဲ့တဲ့ဆောင်းပါး မန်မိုရီလေးကို အမှတ်တရပြန်လည်ဖော်ပြလိုက်ပါတယ်။

ဆရာမြသန်းတင့်နှင့်စာရေးဆရာအလုပ်
====================================
စိုး ဘား ဒိုင်
( ဆရာမြသန်းတင့်ကွယ်လွန်ခြင်းနှစ် ၂၀ပြည့်အမှတ်တရ)

၁၉၉၈ခုနှစ်၊ဖေဖော်ဝါရီလ ၁၈ ရက်နေ့ည ၊၉နာရီ၁၅မီနစ်တွင်ကွယ်လွန်ခဲ့သောဆရာမြသန်းတင့်ကိုအောင့်မေ့တသသောအားဖြင့် ၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလ ၁၈ရက်နေ့မနက်တွင်ဆရာမြသန်းတင့်၏ဇာတိမြို့ဖြစ်သောမြိုင်မြို့ ၊နံ့သာမြိုင်ခန်းမတွင် မြသန်းတင့်ချစ်သူများစီစဉ်သောအထိမ်းအမှတ်ပွဲကိုပြုလုပ်ကြမည်ဟုသိရသည်။မြသန်းတင့်ချစ်သူများကလွန်ခဲ့သောသုံးနှစ်က မြိုင်မြို့မှာပင်ဆရာမြသန်းတင့်အမှတ်တရပွဲကိုကျင်းပပြုလုပ်ခဲ့ကြ
ပြီးဆရာ့ကိုအောင့်မေ့သတိရခြင်းအနေဖြင့်စကားပြောကြ၊ကဗျာရွတ်ခဲ့ကြသည်။ယခုနှစ်မှာဆရာမြသန်းတင့်ကွယ်လွန်ခဲ့သည့် နှစ်၂၀ပြည့်မြောက်အမှတ်တရလည်းဖြစ်နေသည်။
ဆရာမြသန်းတင့်သည်မြန်မာစာပေလောကအတွက်ဖတ်သင့်ဖတ်ရာတန်ဖိုးရှိသောစာများစွာကိုရေးသားဖန်တီးပြုစုဘာသာပြန်ပေးခဲ့သောစာပေကျေးဇူးကြီးမားလှသည့်စာရေးဆရာကြီးဖြစ်သည်။စာရေးဆရာအလုပ်ကိုအလုပ်တစ်ခု၊တာဝန်ယူမှုတစ်ခုအဖြစ်တန်ဖိုးထားလုပ်ကိုင်ခဲ့သူလည်းဖြစ်သည်။စာရေးဆရာအလုပ်ကိုအလွန်တန်ဖိုးထားသောဆရာကစာရေးဆရာအလုပ်သည်လမ်းကြုံ၍ဝင်ရောက်လုပ်ကိုင်ရသည့်အလုပ်မဟုတ်ကြောင်းကိုလည်းသတိပေးပြောဆိုခဲ့သူဖြစ်သည်။အပြောနှင့်အလုပ်ကိုတစ်ထပ်တည်းကျအောင်လုပ်ကိုင်သက်သေထူခဲ့သောစာရေးဆရာလည်းဖြစ်လေသည်။
ဆရာမြသန်းတင့်ရေးသားပြုစုဖန်တီးဘာသာပြန်ခဲ့သောစာပေလက်ရာတွေကိုကြည့်လျှင်မြန်မာ့စာပေလောကအတွက်စေတနာအပြည့်အဝထားခဲ့သည်ကိုအထင်အရှားတွေ့ကြရမည်ဖြစ်သည်။ကဗျာ၊ဝတ္ထုတို(ပင်ကိုယ်ရေးနှင့်ဘာသာပြန်)၊ဝတ္ထုရှည်( ပင်ကိုယ်ရေးနှင့်ဘာသာပြန်)၊ကျန်းမာရေးနှင့်ဆေးပညာ၊ခရီးသွားနှင့်ဒေသန္တရဗဟုသုတ၊စာပေရေးရာ(ပင်ကိုယ်ရေးနှင့်ဘာသာပြန်)၊စီးပွားရေး၊နိုင်ငံရေး၊ပုံပြင်၊ပြဇာတ်၊ဗေဒင်၊ယဉ်ကျေးမှု၊လူမှုရေး၊သမိုင်း၊သိပ္ပံပညာ၊အတွေးအခေါ်၊အနုပညာ၊အားကစား၊ဥပဒေ၊အတ္ထုပ္ပတ္တိ စသည်ဖြင့်ကဏ္ဌစုံလင်ရုံသာမက
အထွေထွေရေးသင့်ရေးရာ၊ဘာသာပြန်သင့်ရာတို့ကိုရေးသားဘာသာပြန်ခဲ့လေရာမြန်မာစာပေဘဏ္ဌာတိုက်တွင်ဆရာ့စာပေလက်ရာများကနေရာတစ်နေရာအထင်အရှားရှိနေခဲ့ပြီဖြစ်သည်။
ဆရာမြသန်းတင့်သည် မြသန်းတင့်ဟူသောကလောင်အမည်အပြင်ရေးသားသည့်အကြောင်းအရာပေါ်မူတည်၍ကလောင်ခွဲများစွာဖြင့်ရေးသားခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။စောယွမ်း၊ဇောတိက၊ထက်အောင်၊ပါနောက်နှင့်ပါမောက်၊မေမေလှိုင်၊မင်းနန္ဒာ၊မြသန်း၊ရဲအောင်ဇေ၊မောင်သစ်တည်၊ဥပဒေသုတေသီတစ်ဦး၊အုတ်လှငယ်
စသောကလောင်ခွဲများဖြင့်ရေးသားခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။
ဆရာမြသန်းတင့်ကစာရေးဆရာအလုပ်ကိုအ
လုပ်တစ်ခုအဖြစ်တန်ဖိုးထားလုပ်ကိုင်ခဲ့ခြင်းကိုနေ့စဉ်စာရေးစားပွဲ( လက်နှိပ်စက်) ထိုင်ကာနေ့စဉ်လုပ်ငန်းအဖြစ်တာဝန်ယူထားသောအလုပ်အသွင်လုပ်ခဲ့တာကသက်သေထူနေသည်ဟုဆိုရပေမည်။
ဆရာမြသန်းတင့်၏စာရေးဆရာအလုပ်ကိုလေ့လာကြည့်လျှင် ကိုကိုးကျွန်းကိုအပို့ခံရသည့်ပထမအကြိမ်မတိုင်မီနှင့်ကိုကိုးကျွန်းကိုဒုတိယအကြိမ်အပို့ခံရသည့်အကြိမ်နောက်ပိုင်းနှစ်ပိုင်းကိုသတိပြုမိပါသည်။ဆရာမြသန်းတင့်၏ငယ်ဘဝနှင့်ကျောင်းသားဘဝတွင်နိုင်ငံရေးလှုပ်ရှားမှုများမှာထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့သည်ကိုတွေ့ကြရပေမည်။ကျောင်းသားဘဝတွင်ကျောင်းလက်ရေးမဂ္ဂဇင်းကိုဦးစီးထုတ်ဝေခဲ့စဉ်ကဆရာမြသန်းတင့်၏အသက်မှာ ၁၃နှစ်သားအရွယ်သာရှိသေးသည်ကိုတွေ့ရသည်။ထိုအရွယ်ကတည်းကပင် ဂန္ထဝင်စာကြီးပေကြီးများကိုဖတ်ရှုနေပြီဖြစ်ပြီး၊ထိုစဉ်ကခေတ်ပေါ်စာပေများအဖြစ်ထုတ်ဝေနေကြသည့်သက်စောင့်မဂ္ဂဇင်း၊ဘားမားဂျာနယ်၊ဆယ်သန်း၊ဒဂုန်မဂ္ဂဇင်း၊စာဆိုတော်မဂ္ဂဇင်း၊ဂန္ထလောကမဂ္ဂဇင်း၊တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းများကိုဖတ်ရှုလေ့လာခဲ့
ရာကနေကာလပေါ်ဝတ္ထုများနှင့်နဂါးနီတိုက်ထုတ်စာအုပ်များကိုအထူးသဖြင့်ဖတ်ရှုလေ့လာရင်းနိုင်ငံရေး၊စာပေ၊နိုင်ငံရေးနှင့်စာပေဆက်စပ်မှုများကိုတွေ့ရှိသွားသည်ဟုဆိုရပေမည်။
ဆရာမြသန်းတင့်သည်အာရှလူငယ်များအဖွဲ့တွင်တက်ကြွစွာပါဝင်ခဲ့ရာကနေနိုင်ငံရေးထဲကိုရောက်ရှိသွားသည်။ဂျပန်တော်လှန်ရေး၊ဖဆပလအဖွဲ့ချုပ်၊ကွန်မြူနစ်ပါတီ၊အလုပ်သမားသမဂ္ဂ၊လယ်သမားသမဂ္ဂ၊ကျောင်းသားသမဂ္ဂ၊ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)၊ပြည်
သူ့တိုးတက်ရေးပါတီ၊ပြည်တွင်းငြိမ်းချမ်းရေးဗဟိုကော်မတီ၊ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ စသည်ဖြင့်ထဲထဲဝင်ဝင်ဦးစီးဦးဆောင်တာဝန်ယူလုပ်ကိုင်ခဲ့သည်များကိုတွေ့ကြရမည်ဖြစ်သည်။လယ်သမားများသီးစားခမပေးရေးတိုက်ပွဲ၊လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊မြေရှင်ကြီးများ၏လယ်များအတင်းဝင်ထွန်ရေးတိုက်ပွဲကိုဦးစီးဦးဆောင်
လုပ်ကိုင်ခဲ့သဖြင့် မြင်းခြံခရိုင်တွင်အခြားဦးဆောင်သူများနှင့်အတူခေါင်းဖြတ်နိုင်လျှင်ဆုကြေးပေးမည်ဟုအင်္ဂလိပ်အလိုတော်ရိများနှင့်မြေရှင်များကတိတ်တဆိတ်ဆုကြေးထုတ်ကာသတ်ဖြတ်ရန်ကြိုးပမ်းနေကြစဉ်မှာပင်အထွေထွေသပိတ်ကြီးတွင် မြင်းခြံ၊မန္တလေး၊ဒလသင်္ဘောကျင်းအလုပ်သမားများပါဝင်လာရေးကိုတာဝန်ယူဆောင်ရွက်ခဲ့သည်ဟုသိရသည်။
ဆရာမြသန်းတင့်သည်နိုင်ငံရေးလှုပ်ရှားမှုများတွင်ထဲထဲဝင်ဝင်လုပ်ကိုင်နေရင်းမှစာပေလောကနှင့်လည်းအဆက်အသွယ်လုပ်နေသည်ကိုလည်းတွေ့ရသည်။ထိုကာလများတွင်ဆရာမြသန်းတင့်သည်စာဖတ်ခြင်းကိုအထူးတလည်လုပ်ကိုင်နေသည်ဟုတွေးကြည့်မိသည်။ဆရာမြသန်းတင့်၏နိုင်ငံရေးလှုပ်ရှားမှုများသည်စာပေနှင့်ဆက်စပ်မှုရှိသောလှုံ့ဆော်မှုကိုဖော်ညွှန်းနေသည်ဟုတွေးမိသည်။စာပေကနေနိုင်ငံရေးအသိကိုရရှိခဲ့သောဆရာမြသန်းတင့်ကစာပေကနေနိုင်ငံရေးအတွေးအမြင်၊အသိတွေရရှိစေနိုင်ရေးအတွက် ကိုကိုးကျွန်းနှစ်ကြိမ်ပြန်ပြီးသည့်နောက်တွင်စာပေလောကထဲကိုခြေစုံပစ်ဝင်ကာမြန်မာလူထုအတွက်စာပေအသိဖြင့်တိုးတက်သောနိုင်ငံသားများပေါ်ထွန်းကာနိုင်ငံရေးအသိကြွယ်ဝလာစေရေးကိုအထောက်
အကူပြုသောစာများကိုနေ့စဉ်အလုပ်တစ်ခုအဖြစ်လုပ်ကိုင်လာသည်ကိုတွေ့ရသည်။စာပေလောကထဲကိုထဲထဲဝင်ဝင်ဝင်ရောက်လာပြီးစာရေးသားခြင်းကိုသာလုပ်ကိုင်ခဲ့သည့်ဆရာမြသန်းတင့်ကိုနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့်စာရေးဆရာများကစာရေးစားနေသည်ဟုဝေဖန်ခဲ့ကြသည်ပင်ရှိသည်ဟုသိရသည်။
ဆရာမြသန်းတင့်ကစာပေဖြင့်နိုင်ငံရေးအသိမြင့်တက်စေကာနိုင်ငံသားတွေကိုစာပေအကျိုးကျေးဇူးမျှဝေပေးခြင်းဖြစ်ကြောင်းကိုဆရာ့စာတွေကသက်သေထူခဲ့ပြီးဖြစ်သည်။ဆရာ့စာရေးသားမှုတွေကိုလေ့လာလျှင်စာရေးဆရာ၏အလုပ်နှင့်ရည်ရွယ်ချက်ကိုကျွန်တော်တို့တွေ့နိုင်ပါသည်။သာဓကအနေဖြင့်အီလျာအာရင်ဘတ်၏လူများ၊သက္ကရာဇ်များနှင့်ဘဝကိုဆရာဘာသာပြန်ခဲ့သည်ကိုကြည့်နိုင်ပါသည်။အီလျာအာရင်ဘတ်၏လူများ၊သက္ကရာဇ်များ၊ဘဝသည်အလွန်ထင်ရှားသောရုပ်ပုံလွှာများဖြစ်ပြီးအီလျာအာရင်ဘတ်၏အကောင်းဆုံးလက်ရာတွေထဲကတစ်ခုဖြစ်သည်။ဆရာမြသန်းတင့်သည်အီလျာအာရင်ဘတ်နှင့်တွေ့ဆုံဖူးသည်ဟုလည်းသိရသည်။အီလျာအာရင်ဘတ်၏လူများ၊သက္ကရာဇ်များ၊ဘဝကိုဆရာမြသန်းတင့်ကိုယ်တိုင်အလွန်သဘောကျမည်ဟုတွက်ကြည့်နိုင်သည်။
ဆရာမြသန်းတင့်၏ရုပ်ပုံလွှာအဖွဲ့များကိုလေ့လာကြည့်လျှင်အလွန်ထင်ရှားသောအညတြရုပ်ပုံလွှာများ၊ခေတ်ပြိုင်ရုပ်ပုံလွှာများကိုကျွန်တော်တို့တန်ဖိုးရှိစွာဖတ်ခဲ့ရသည်ကိုသက်သေထူနိုင်
ပါသည်။ဆရာမြသန်းတင့်သည်အီလျာအာရင်ဘတ်၏လူများ၊သက္ကရာဇ်များ၊ဘဝကိုတစိုက်မတ်မတ်ဘာသာပြန်ခဲ့ပြီးမဂ္ဂဇင်းများစွာကိုပေးပို့ခဲ့သည်ကိုတွေ့ရသည်။ဝါနီပြာ၊ရွှေဝတ်မှုံ၊ပန်းဝေသီ၊စံပယ်ဖြူ ၊စာပေဂျာနယ်၊ရွှေရုပ်စုံ၊ချယ်ရီ၊ရွက်နုဝေ၊စတိုင်သစ်စသည်ဖြင့်မဂ္ဂဇင်းများစွာတွင်ဖော်ပြခဲ့ကြသည်ကိုတွေ့ရသည်။မြန်မာစာပေလော
ကအတွက်အဆင့်အတန်းရှိသောရုပ်ပုံလွှာအဖွဲ့များကိုထည့်ဝင်ပေးခြင်းဟုဆိုရပေမည်။ဆရာမြသန်းတင့်ကစာပေကနေနိုင်ငံရေး၊လူမှုရေး၊အနုပညာ၊လောကဝတ်၊ယဉ်ကျေးမှု၊အတွေးအမြင်စသည်ဖြင့်အကျိုးတရားတွေပေးလျှက်ရှိသည်ကိုလက်တွေ့အကောင်အထည်အနေဖြင့်ယူဆောင်ပေးခြင်းဟုလည်းဆိုနိုင်ပါသည်။
ဆရာမြသန်းတင့်သည်၁၉၅၈ခုနှစ်တွင်တစ်ကြိမ်၊၁၉၆၃ခုနှစ်တွင်တစ်ကြိမ်၊နှစ်ကြိမ်တိုင်တိုင်ကိုကိုးကျွန်းသို့ပို့ဆောင်အထိန်းအသိမ်းခံခဲ့ရသည်။ဒုတိယအကြိမ်အထိန်းအသိမ်းခံရပြီးပြန်လည်လွတ်မြောက်လာပြီးသည့်နောက်မှာတော့ဆရာသည်စာပေဖြင့်နိုင်ငံရေးအသိမြင့်မားလာစေရေးဘက်ကိုဇောင်းပေးကာနိုင်ငံတကာမှထင်
ရှားသောစာအုပ်များကိုဘာသာပြန်ကာမြန်မာပရိသတ်ကိုပေးခဲ့သည်။ဆရာမြသန်းတင့်ဘာသာပြန်ခဲ့သောလက်ရာများစွာထဲမှစစ်နှင့်ငြိမ်းချမ်းရေး ၁၂တွဲဖြင့် ၁၉၇၂ခုနှစ်တွင်၎င်း၊လေရူးသုန်သုန် ၂တွဲဖြင့်၁၉၇၈ခုနှစ်တွင်၎င်း၊ခန်းဆောင်နီအိပ်မက် ၉တွဲဖြင့်၁၉၈၈ခုနှစ်တွင်၎င်း၊သုခမြို့တော် ၂တွဲဖြင့် ၁၉၉၂ခုနှစ်တွင်၎င်း၊အချစ်မိုးကောင်းကင် ၂တွဲဖြင့်၁၉၉၅ခုနှစ်တွင်၎င်း အမျိုးသားစာပေဆုများရရှိခဲ့သည်။
ဆရာမြသန်းတင့်၏ဘာသာပြန်လက်ရာများထဲတွင်အလွန်ထင်ရှားခဲ့သည့်စာအုပ်တစ်အုပ်ဖြစ်သောပါရီကျဆုံးခန်းကတော့အမျိုးသားစာပေဆုမရရှိခဲ့သည့်အပြင်ထပ်မံထုတ်ဝေခွင့်မရခဲ့သောစာအုပ်ဖြစ်သည်။ယခုအခါအလွန်ရှားပါးနေပြီဖြစ်သောပါရီကျဆုံးခန်းကိုပြန်လည်ထုတ်ဝေသင့်ပေသည်။ထိုပါရီကျဆုံးခန်းကိုဖတ်မိလျှင်ပါရီကျဆုံးခန်း၏အရှင်သခင်အီလျာအာရင်ဘတ်၏လူများ၊သက္ကရာဇ်များ၊ဘဝကိုသတိရစေသလို၊ပါရီကျဆုံးခန်း၏ရှေ့ပြေးရေးသားမှုအဖြစ် လူများ၊သက္ကရာဇ်များ၊ဘဝကိုအရင်ရေးသားခဲ့သည်ဟုလည်းဖတ်ခဲ့ရဖူးသည်။လူများသက္ကရာဇ်များ၊ဘဝကိုလုံးချင်းအတွဲများထုတ်ဝေသောအခါဆင်ဆာမိသောစာများနှင့်ပထမပိုင်းတစ်ပိုင်းတို့ချန်
လှပ်ခံထားရသည်ကိုလည်းကြားဖူးသည်။ယခုအခါမှာတော့ထိုပထမပိုင်းကိုလည်းထုတ်ဝေပြီးဖြစ်သည်။
လူများ၊သက္ကရာဇ်များ၊ဘဝနှင့်ပါရီကျဆုံးခန်းလိုဆရာရေးသားခဲ့သောတောင်သမန်(ရွှေ)အင်းကလေညှင်းဆော်တော့ကိုလည်းဆရာမြသန်းတင့်ကနိုဗယ်ဝတ္ထုရှည်ကြီးရေးသားရန်အစကနဦးရေးသားချက်များအဖြစ်ပြောကြ၊ရေးကြတာကိုဖတ်ခဲ့ရဖူးသည်။ထိုနိုဗယ်ဝတ္ထုရှည်ကြီးကိုဖတ်ခွင့်ဆုံးရှုံးခဲ့ရသော်လည်းဆရာ၏တောင်သမန်(ရွှေ)အင်းကလေညှင်းဆော်တော့ကိုတော့ကျွန်တော်
တို့တလေးတမြတ်ဖတ်နေကြရလေသည်။
ဘာသာရပ်မျိုးစုံ၊စာပေပုံစံမျိုးစုံကိုရေးသားဖန်တီးဘာသာပြန်ခဲ့သဖြင့်တဂိုး၏ကဗျာများ၊ဘီတက်၏လင်ပစ်မညည်းခြင်းကဗျာများ၊ယက်ဗ်တူရှန်ကို၏ဇီမာလမ်းဆုံကဗျာများအပါအဝင်နိုင်ငံတကာကဗျာနှင့်ကဗျာ့အကြောင်းအရာများကိုကျွန်တော်တို့ဖတ်ခွင့်ရနေသည်။ဆရာ့ပင်ကိုရေးဝတ္ထုတိုများနှင့်ခေတ်ပြိုင်ရုပ်ပုံလွှာများ၊ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်၊ထားကျမလင်၊ဆရာသိန်းဖေမြင့်ဇာတ်ညွှန်းကိုဝတ္ထုရှည်အဖြစ်ပြန်ရေးသည့်နွံထဲကကြာ( ထိုစာအုပ်မှစတင်ကာမြသန်းတင့်ကလောင်ကိုယူခဲ့သည်ဟုဆိုသည်)၊ကံကောင်း၊မာယာဘုံ၊မမ၊လိုက်ခဲ့တော့မြနန္ဒာစသောပင်ကိုယ်ရေးလုံးချင်းများကိုကျွန်တော်တို့ဖတ်ခွင့်ရခဲ့သည်။ရွှေပြည်တော်မျှော်တိုင်းဝေး၊ဧကရီဖွားစော၊မှောင်မိုက်မှာငို၊မှော်ရုံတောမှာမောလှပြီ၊ချစ်သောယွန်းခင်ခင်၊မီးလောင်မြေ၊လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ၊လေလွင့်သူ၊ခန်းဆောင်နီအိပ်မက်၊စစ်နှင့်ငြိမ်းချမ်းရေး၊လာခြင်းကောင်းသောအရှင်၊ရေပွက်ပမာ၊မရဏအိပ်မက်တစ်ခု၏မှတ်တမ်း၊လေရူးသုန်သုန်၊သုခမြို့တော်၊အချစ်မိုးကောင်းကင်၊ပါရီကျဆုံးခန်းစသည့်လုံးချင်းများအပါအဝင်လုံးချင်းဝတ္ထုများ၊ဝတ္ထုတိုပေါင်းချုပ်များကိုကျွန်တော်တို့ကုန်စင်အောင်မဖတ်နိုင်သေးပေ။
ဆရာမြသန်းတင့်၏စာရေးဆရာအလုပ်ကိုကြည့်လျှင်အလုပ်ကိုတန်ဖိုးထားခြင်းနှင့်စေတနာကြီးမားခြင်းတို့ကိုတွေ့ကြရမည်ဖြစ်
သည်။ဆရာ့ကလောင်နာမည်ပါလျှင်ကျွန်တော်တို့ဖတ်ရမည့်စာအုပ်အဖြစ်ယုံကြည်စိတ်ချစွာရွေးချယ်နိုင်ခြင်းကလည်းဆရာ့စာရေးဆရာအလုပ်နှင့်စေတနာကိုယုံကြည်နိုင်ခြင်းကြောင့်ဖြစ်လေသည်။ဆရာ့စာပေကျေးဇူးသည်ကျွန်တော်တို့ကိုသာမကကျွန်တော်တို့၏နောင်မျိုးဆက်များတိုင်အောင်ရှိနေပေလိမ့်မည်။ဆရာမြသန်းတင့်သည်မြန်မာ့စာပေလောက၏မျက်နှာစာတွင်အခြားသောကျေးဇူးရှင်စာရေးဆရာ၊ကဗျာဆရာများနှင့်အတူရှိနေ၊တည်နေပေလိမ့်မည်ဖြစ်ကြောင်းဆရာကွယ်လွန်သည့်နှစ် ၂၀မြောက်တွင်ရေးသားဂုဏ်ပြုအပ်ပါသည်။
* * *
( အမှတ်တရစာပေကထုတ်ဝေဖြန့်ချိခဲ့သော သန်းထွန်းအောင်နှင့်အောင်မြင့်နိုင်စုစည်းတင်ပြသည့်မြသန်းတင့်ရေးခဲ့သောစာစုစာရင်းကိုအကိုးအကားယူထားပါသည်)

22/02/2024

၂၁ -၂-၂၀၂၄-နေ့-ရွှေပြည်သာမြို့နယ်-ပြန်/ဆက်ရုံးတွင် ဒေါက်တာမတင်ဝင်း၏အလုပ်ဆိုတာအင်အားပါစာအုပ်ကောက်နှုတ်ချက်များအားရွှေပြည်သာမြို့နယ်ရှိစာရေးဆရာကြီးများနှင့်စာပေစကားဝိုင်းဆွေးနွေးခဲ့စဉ်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

22 Ward, Wartayar Industrial, Shwe Pyi Thar Township
Yangon