07/03/2021
ကျန်းမာရေးချို့ယွင်းသူတစ်ဦးအား "ရွှေရောင်သမိုင်း"အသင်း လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့အခမဲ့ ပို့ဆောင်ကူညီပေးခြင်း
(၆.၃..၂၀၂၁-စနေနေ့) ည(၇:၃၀)နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း အမှတ် ( ၂)ရပ်ကွက်၊ ဦးထွန်းရှိန်လမ်းတွင် နေထိုင်သောအမျိုးသမီးတစ်ဦး ကျန်းမာရေးချို့ယွင်းသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးပါရန် ၄င်း၏ဆွေမျိုးတစ်ဦးက အသင်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ်အကူအညီတောင်းခံခဲ့ပါသည်။ ထိုကြောင့် "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်ပြေးညီသွားရောက်၍ အဆိုပါအမျိုးသမီးအား လိုအပ်သည့်ပြုစုမှုများဆောင်ရွက်ပေးကာ စနစ်တကျသယ်ဆောင်ပြီး အင်းစိန်မြို့နယ်ရှိ သီရိစန္ဒါဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
● ဆက်သွယ်ရန်ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ●
04/03/2021
ကစားနေစဥ်ချော်လဲ၍ လက်တွင်ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်အား "ရွှေရောင်သမိုင်း"အသင်း လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့အခမဲ့ ပို့ဆောင်ကူညီပေးခြင်း
( ၂.၃..၂၀၂၁-အင်္ဂါနေ့) ညနေ(၆:၃၀)နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း အမှတ် ( ၂)ရပ်ကွက်၊ ကျောက်ပြားစက်လမ်းတွင် ကလေးငယ်တစ်ဦး ကစားနေစဥ်ချော်လဲ၍ လက်တွင်ထိခိုက်ဒဏ်ရာရရှိထားသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးပါရန် ၄င်း၏ဆွေမျိုးတစ်ဦးက အသင်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ်အကူအညီတောင်းခံခဲ့ပါသည်။ ထိုကြောင့် "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်ပြေးညီသွားရောက်၍ အဆိုပါထိခိုက်ဒဏ်ရာရရှိသူကလေးငယ်အား လိုအပ်သည့်ပြုစုမှုများဆောင်ရွက်ပေးကာ စနစ်တကျသယ်ဆောင်ပြီး အင်းစိန်မြို့နယ်ရှိ သီရိစန္ဒါဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့ပါသည်။ ဆေးရုံမှလိုအပ်သည့်ပြုစုမှုများဆောင်ရွက်ပေးကာ ကျောက်ပတ်တီးစည်းပေးပြီး နေအိမ်သို့ပြန်ခွင့်ပြု၍ "ရွှေရောင်သမိုင်း"အသင်းလူနာတင်ယာဥ်ဖြင့် နေအိမ်သို့ အခမဲ့ပြန်လည် ပို့ဆောင်ကူညီခဲ့ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
● ဆက်သွယ်ရန်ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ●
02/03/2021
ခိုက်ရန်ဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရရှိသူအား "ရွှေရောင်သမိုင်း" အသင်းလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့အခမဲ့ပို့ဆောင်ကူညီပေးခြင်း
(၁.၃..၂၀၂၁-တနင်္လာနေ့) ည(၈:၅၀)နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း အမှတ် ( ၂)ရပ်ကွက်၊ ဝါဝါ၀င်းလမ်းတွင် ခိုက်ရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားသဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးပါရန် အနီးပတ်ဝန်းကျင်ရှိသူများက အသင်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ်အကူအညီတောင်းခံခဲ့ပါသည်။ ထိုကြောင့် "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်ပြေးညီသွားရောက်၍ အဆိုပါထိခိုက်ဒဏ်ရာရရှိသူအား လိုအပ်သည့်ပြုစုမှုများဆောင်ရွက်ပေးကာ စနစ်တကျသယ်ဆောင်ပြီး အင်းစိန်မြို့နယ်ရှိ KBC ဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် ဆက်လက်လွှဲပြောင်းသဖြင့် အလုံမြို့နယ်ရှိ အကယ်ဒမီဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီခဲ့ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
● ဆက်သွယ်ရန်ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ●
29/01/2021
"ရွှေရောင်သမိုင်း"အမာခံအသင်းဝင်နှစ်ဦး COVID-19 ရောဂါကာကွယ်ဆေးစတင်ထိုးနှံ
COVID-19 ရောဂါကုသရေးဌာန(မရမ်းကုန်း)အင်းယားစင်တာတွင် "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း၏ တာဝန်ပေးချက်အရ လူနာတင်ယာဉ်(၁)စီးဖြင့် (၂၄)နာရီအချိန်ပြည့် အသင့်တာဝန်ယူကာ COVID-19 Positive လူနာများအား သယ်ယူပို့ဆောင်ပေးခြင်းအပါအဝင် လူနာတင်ယာဉ်ကူညီမှုများကို ပူးပေါင်းဆောင်ရွက်ပေးနေသော အသင်းဝင်( ၂)ဦးသည် ( ၂၉.၁. ၂၀၂၁-သောကြာနေ့) နံနက်(၁၀:၀၀)အချိန်၌ COVID-19 ရောဂါကာကွယ်ဆေး (COVISHIELD) ပထမအကြိမ် ထိုးနှံခဲ့ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးဇွဲရန်နိုင်သည် နံနက်(၁၀:၄၅)အချိန်တွင် အင်းယားစင်တာသို့သွားရောက်ပြီး ပထအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံခဲ့ပြီးသော အသင်းဝင် ဦးနေလင်းထွန်းနှင့် ဦးထက်သူရတို့အား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း အနေဖြင့် COVID-19 ရောဂါကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာတွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှစတင်ကာ ယနေ့အချိန်အထိ လူနာတင်ယာဉ်(၁)စီး၊ အသင်းဝင်အင်အား(၂)ဦး ဖြင့် (၂၄)နာရီအချိန်ပြည့်တာဝန်ယူလျက် COVID-19 Positive လူနာများအား သယ်ယူပို့ဆောင်ပေးခြင်း၊ လူနာစောင့်များအား Quaratine ဝင်ရန်ပို့ဆောင်ပေးခြင်းစသည်တို့အား ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
27/01/2021
မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းမပေါ်တွင် ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူအား "ရွှေရောင်သမိုင်း" အသင်းလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ အခမဲ့ ပို့ဆောင်ကူညီပေးခြင်း
( ၂၈.၁. ၂၀၂၁-ကြာသပတေးနေ့)၊ (၀၀:၁၀)အချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းမပေါ်၊ Junction-8 Center ရှေ့တွင် လူတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာများရရှိထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက အသင်းရုံးဖုန်းသို့ ဆက်သွယ်အကြောင်းကြားလာသောကြောင့် "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) လူနာတင်ယာဉ် (၁)စီးဖြင့် တာဝန်ကျအသင်းဝင်များက အချိန်နှင့်တစ်ပြေးညီသွားရောက်၍ လိုအပ်သည့်ပြုစုမှုများ ကနဦးဆောင်ရွက်ပေးကာ မြောက်ဥက္ကလာပဆေးရုံ(မေဓါဝီ) အခမဲ့ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ၊ ၀၉၄၂၀၆၄၀၀၂၀
24/01/2021
ဇန်နဝါရီလ( ၂၀)နေ့ရက်မှ( ၂၃)ရက်နေ့အထိ (၄)ရက်ပေါင်း COVID-19 Positive လူနာ(၉)ဦး၊ Quaratine ဝင်မည့်သူ(၃)ဦး၊ ပိုးရှိ/မရှိစစ်ဆေးမည့်သူ(၄)ဦး စုစုပေါင်း(၁၆)ဦးအား "ရွှေရောင်သမိုင်း" အသင်းမှ ပို့ဆောင်ကူညီပေးခြင်း
■ ( ၂၀.၁.၂၀၂၁-ဗုဒ္ဓဟူးနေ့)တွင်
- ကိုဗစ်ကုသရေးဌာန(Fortune Plaza)မှ COVID-19 Positive လူနာ(၁)ဦးအား ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာ သို့ လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း)အင်းယားစင်တာမှ COVID-19 Positive လူနာများ၏ လူနာစောင့်များအား Quaratine ဝင်ရန်အတွက်
- သာကေတမြို့နယ် Quaratine Center သို့ (၁)ဦး၊
- ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Quaratine Center သို့ (၁)ဦး
သီးခြားစီ ပို့ဆောင်၍လည်းကောင်း၊
■ ( ၂၁.၁.၂၀၂၁-ကြာသပတေးနေ့)တွင်
- MCC ခန်းမတွင် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ကုန်စည်ပို့ဆောင်ရေးအလုပ်သမားများအား စစ်ဆေးနေမှုမှ COVID-19 Positive တွေ့ရှိသူ (၂)ဦးအား ကိုဗစ်ကုသရေးဌာန(ရိုးမ)သို့လည်းကောင်း၊
■ ( ၂ ၂.၁.၂၀၂၁-သောကြာနေ့)တွင်
- MCC ခန်းမတွင် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ကုန်စည်ပို့ဆောင်ရေးအလုပ်သမားများအား စစ်ဆေးနေမှုမှ COVID-19 Positive တွေ့ရှိသူ (၁)ဦးအား ကိုဗစ်ကုသရေးဌာန(ရိုးမ)သို့လည်းကောင်း၊
- ဧရာဝတီစင်တာမှ COVID-19 Positive လူနာ(၁)ဦးအား ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း)အင်းယားစင်တာသို့လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း)အင်းယားစင်တာမှ COVID-19 Positive လူနာ၏ လူနာစောင့် (၁)ဦးအား Quaratine ဝင်ရန်အတွက် မင်းဓမ္မပညာ့ရိပ်သာ Quaratine Center သို့လည်းကောင်း၊
- မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှ COVID-19 Positive လူနာများနှင့်ထိတွေ့မှုရှိခဲ့သူများ(၄)ဦးအား ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် အတွက် အထက(၁)မရမ်းကုန်းရှိ Mayangone Quaratine Center သို့လည်းကောင်း၊
■ ( ၂၃.၁.၂၀၂၁-စနေနေ့)တွင်
- အင်းစိန်မြို့နယ်မှ COVID-19 Positive လူနာ(၁)ဦးအား ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာ သို့ လည်းကောင်း၊
- အလုံမြို့နယ် Quaratine Center မှ COVID-19 Positive လူနာ(၁)ဦးအား ကိုဗစ်ကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာ သို့ လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း)အင်းယားစင်တာမှ COVID-19 Positive လူနာ ( ၂)ဦးအား ဧရာဝတီစင်တာ (HDU) သို့ လည်းကောင်း၊
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း(ERSSDO) လူနာတင်ယာဉ်များဖြင့် အမာခံအသင်းဝင်များက အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ( ၂၀)နေ့ရက်မှ( ၂၃)ရက်နေ့အထိ (၄)ရက်ပေါင်း ပို့ဆောင်ကူညီမှုမှာ COVID-19 Positive လူနာ(၉)ဦး၊ Quaratine ဝင်မည့်သူ(၃)ဦး၊ ပိုးရှိ/မရှိစစ်ဆေးမည့်သူ(၄)ဦး စုစုပေါင်း(၁၆)ဦးဖြစ်ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ၊ ၀၉၄၂၀၆၄၀၀၂၀
23/01/2021
မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီ(၃)လမ်းတွင် မီးလောင်မှုဖြစ်ပွား၊"ရွှေရောင်သမိုင်း"အသင်း ရေသယ်ယာဥ်နှင့် လူနာတင်ယာဥ်ဖြင့် ကူညီနိုင်ရန် သွားရောက်၍ ပူးပေါင်းဆောင်ရွက်ခြင်း
( ၂ ၂.၁. ၂၀၂၁-သောကြာနေ့) (၁၇: ၂၁)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီ(၃)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ Level-1 မီးသတ်ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်ခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) ဥက္ကဌ ဦးဇွဲရန်နိုင် ဦးဆောင်သည့် အသင်းဝင်(၉)ဦးက ရေသယ်ယာဉ် (၁)စီး၊ လူနာတင်ယာဉ်(၁)စီးဖြင့် လိုအပ်ပါက အသင့်ကူညီနိုင်ရန်သွားရောက်၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ၊ ၀၉၄၂၀၆၄၀၀၂၀
21/01/2021
SKYNET (Up to Date) Channel မှ ရွှေရောင်သမိုင်းအသင်း ဥက္ကဌ ဦးဇွဲရန်နိုင်အား လာရောက်တွေ့ဆုံမေးမြန်းခြင်း
( ၂၁.၁. ၂၀၂၁-ကြာသပတေးနေ့) နံနက်ပိုင်းတွင် SKYNET (Up to Date Channel)မှ "ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း(ERSSDO) ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်းကူညီဆောင်ရွက်နေမှုအခြေအနေများ အား အသင်းရုံးသို့ လာရောက်တွေ့ဆုံမေးမြန်းရာ အသင်းဥက္ကဌ ဦးဇွဲရန်နိုင်မှ အကျယ်တဝင့်ပြန်လည်ဖြေကြားခဲ့ပါသည်။ အသင်းဥက္ကဌမှ ပြန်လည်ဖြေကြားရာတွင် COVID-19 ရောဂါစတင်ဖြစ်ပွားစဥ်အချိန် ၂၀၂၀ပြည့်နှစ်၊ မတ်လမှစတင်ကာ ယနေ့အချိန်အထိ ရောဂါပိုးတွေ့ (Positive) လူနာများအား ဆေးရုံများနှင့် ကုသရေးဌာနများသို့ ပို့ဆောင်ကူညီပေးခြင်း၊ Quaratine ဝင်မည့်သူများအား ပို့ဆောင်ကူညီပေးခြင်းနှင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးမည့်သူများအား ပို့ဆောင်ကူညီပေးခြင်းစသည့် လုပ်ငန်းများတွင် တက်စွမ်းသရွေ့ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှခြင်း စသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
19/01/2021
ဇန်နဝါရီလ(၁၈)ရက်နှင့် (၁၉)ရက် နှစ်ရက်ပေါင်း COVID-19 Positive လူနာ(၂)ဦး၊ Quaratine ဝင်မည့်သူ (၄)ဦး၊ အနံ့ပျောက်/မောပန်းလူနာ (၂)ဦး၊ ပိုးရှိ/မရှိစစ်ဆေးမည့်သူ (၆)ဦး စုစုပေါင်း (၁၄)ဦးအား "ရွှေရောင်သမိုင်း" အသင်းမှ ပို့ဆောင်ကူညီပေးခြင်း
(၁၈.၁. ၂၀၂၁-တနင်္လာနေ့)နှင့်(၁၉.၁. ၂၀၂၁-အင်္ဂါနေ့)တွင်
- MCC ခန်းမတွင် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ကုန်စည်ပို့ဆောင်ရေးအလုပ်သမားများအား စစ်ဆေးနေမှုမှ COVID-19 Positive တွေ့ရှိသူ (၁)ဦးအား ကိုဗစ်ကုသရေးဌာန(ရိုးမ)သို့လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာမှ COVID-19 Positive လူနာ(၁)ဦးအား ဧရာဝတီစင်တာ (ICU)သို့လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း)အင်းယားစင်တာမှ COVID-19 Positive လူနာများ၏ လူနာစောင့်များအား Quaratine ဝင်ရန်အတွက်
- လမ်းမတော်မြို့နယ် Quaratine Center သို့ (၁)ဦး၊
- မှော်ဘီမြို့နယ် Quaratine Center သို့ (၁)ဦး၊
- တာမွေမြို့နယ် Quaratine Center သို့ (၁)ဦး၊
- အလုံမြို့နယ် Quaratine Center သို့(၁)ဦး၊
သီးခြားစီ ပို့ဆောင်၍လည်းကောင်း၊
- မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဇေယျသုခလမ်းမှ အနံ့မရသူ(၁)ဦးအား ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် ဧရာဝတီစင်တာ (Test Center)သို့ လည်းကောင်း
- မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးဘအိုလမ်းအနီးမှ မောပန်းလူနာ(၁)ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊
- မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှ COVID-19 Positive လူနာများနှင့်ထိတွေ့မှုရှိခဲ့သူများ(၆)ဦးအား ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် အတွက် အထက(၁)မရမ်းကုန်းရှိ Mayangone Quaratine Center သို့လည်းကောင်း၊
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) လူနာတင်ယာဉ်များဖြင့် အမာခံအသင်းဝင်များက အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နှင့် (၁၉)ရက် နှစ်ရက်ပေါင်း ပို့ဆောင်ကူညီမှုမှာ COVID-19 Positive လူနာ(၂)ဦး၊ Quaratine ဝင်မည့်သူ (၄)ဦး၊ အနံ့ပျောက်/မောပန်းလူနာ (၂)ဦး၊ ပိုးရှိ/မရှိစစ်ဆေးမည့်သူ (၆)ဦး စုစုပေါင်း(၁၄)ဦးဖြစ်ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ၊ ၀၉၄၂၀၆၄၀၀၂၀
17/01/2021
အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား၊
"ရွှေရောင်သမိုင်း"အသင်း ရေသယ်ယာဥ်နှင့် လူနာတင်ယာဥ်ဖြင့် ကူညီနိုင်ရန် သွားရောက်၍ ပူးပေါင်းဆောင်ရွက်ခြင်း
(၁၇.၁. ၂၀၂၁-တနင်္ဂနွေနေ့) (၀၅:၃၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ Level-1 မီးသတ်ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်ခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) ဥက္ကဌ ဦးဇွဲရန်နိုင် ဦးဆောင်သည့် အသင်းဝင်(၄)ဦးက ရေသယ်ယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီးဖြင့် လိုအပ်ပါက အသင့်ကူညီနိုင်ရန်သွားရောက်၍ မီးသတ်ယာဉ်များအား ရေအကူအညီပေးကာ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ၊ ၀၉၄၂၀၆၄၀၀၂၀
15/01/2021
နှစ်ရက်ပေါင်း COVID-19 Positive လူနာ(၁၃)ဦး၊ Quaratine ဝင်မည့်သူ(၇)ဦး၊ ရောဂါအခံရှိလူနာ( ၂)ဦး၊ ချော်လဲသူ(၁)ဦး၊ ဆေးရုံဆင်းလူနာ(၁)ဦး စုစုပေါင်း( ၂၄)ဦးအား "ရွှေရောင်သမိုင်း" အသင်းမှ ပို့ဆောင်ကူညီပေးခြင်း (၁၃.၁. ၂၀၂၁)နှင့် (၁၅.၁. ၂၀၂၁)
(၁၄.၁. ၂၀၂၁-ကြာသပတေးနေ့)နှင့်(၁၅.၁. ၂၀၂၁-သောကြာနေ့)တွင်
- မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ အလုပ်သမားများအား စစ်ဆေးနေမှုမှ COVID-19 Positive တွေ့ရှိသူ (၅)ဦး (နှစ်ရက်ပေါင်း) အား သာကေတမြို့နယ်ရှိ ကိုဗစ်ကုသရေးဌာန(Fortune Plaza)သို့ လည်းကောင်း၊
- မြောက်ဥက္ကလာပမြို့နယ်မှ COVID-19 Positive လူနာ(၂)ဦးအား ကိုဗစ်ကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာသို့လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာမှ COVID-19 Positive လူနာ(၂)ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံသို့ လည်းကောင်း၊
- ဧရာဝတီစင်တာမှ COVID-19 Positive လူနာ (၃)ဦးအား ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာသို့ လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(Fortune Plaza) မှ COVID-19 Positive လူနာ (၁)ဦးအား ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာသို့ လည်းကောင်း၊
- ကိုဗစ်ကုသရေးဌာန(မရမ်းကုန်း) အင်းယားစင်တာမှ COVID-19 Positive လူနာ၏ လူနာစောင့် များအား Quaratine ဝင်ရန်အတွက်
-မင်းဓမ္မပညာ့ရိပ်သာ Quaratine Center သို့ (၁)ဦး
-ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် Quaratine Center သို့ (၁)ဦး
- Hotel Quaratine သို့ (၃)ဦး သီးခြားစီခွဲ၍
လည်းကောင်း၊
- အင်းစိန်ဆေးရုံမှ COVID-19 Positive လူနာ၏ လူနာစောင့်(၁)ဦးအား Quaratine ဝင်ရန်အတွက် အထက(၁)မရမ်းကုန်းရှိ Mayangone Quaratine Center သို့လည်းကောင်း၊
- ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ COVID-19 Positive လူနာ၏ လူနာစောင့်(၁)ဦးအား Quaratine ဝင်ရန်အတွက် အထက(၁)မရမ်းကုန်းရှိ Mayangone Quaratine Center သို့လည်းကောင်း၊
- မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်မေတ္တာလမ်းမှ အဆုတ်ရောဂါအခံရှိလူနာ (၁)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊
- မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးဘအိုလမ်းမှ ရောဂါအခံရှိ အောက်စီဂျင်ကျလူနာ(၁)ဦး အား အင်းစိန်ဆေးရုံသို့လည်းကောင်း၊
- မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကန်လေးစုလမ်းမှ ချော်လဲသူ(၁)ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊
- ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်း လူနာ(၁)ဦးအား မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းရှိ နေအိမ်သို့လည်းကောင်း
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) လူနာတင်ယာဉ်များဖြင့် အမာခံအသင်းဝင်များက အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါသည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နှင့် (၁၅)ရက် နှစ်ရက်ပေါင်း ပို့ဆောင်ကူညီမှုမှာ COVID-19 Positive လူနာ(၁၃)ဦး၊ Quaratine ဝင်မည့်သူ(၇)ဦး၊ ရောဂါအခံရှိလူနာ( ၂)ဦး၊ ချော်လဲသူ(၁)ဦး၊ ဆေးရုံဆင်းလူနာ(၁)ဦး စုစုပေါင်း( ၂၄)ဦးဖြစ်ပါသည်။
"ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့်
လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)
■အသင်းအဖွဲ့ မှတ်ပုံတင်အမှတ် -၁/ပြည်တွင်း/၀၉၅၁■
ရုံးလိပ်စာ - အမှတ်(၈) ၊ မိသားစုလမ်း ၊ မုဒိတာအိမ်ရာအနီး ၊ အမှတ်(၂)ရပ်ကွက် ၊ သမိုင်း ၊ မရမ်းကုန်းမြို့နယ် ၊
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း - ၀၉၂၆၀၀၁၃၂၇၃ ၊ ၀၉၄၂၀၆၄၀၀၂၀
15/01/2021
ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းတွင် မီးလောင်မှုဖြစ်ပွား၊ "ရွှေရောင်သမိုင်း"အသင်း ရေသယ်ယာဥ်နှင့် လူနာတင်ယာဥ်ဖြင့် ကူညီနိုင်ရန် သွားရောက်၍ ပူးပေါင်းဆောင်ရွက်ခြင်း
(၁၄.၁. ၂၀၂၁-ကြာသပတေးနေ့) ( ၂၀:၃၇)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ နက်မောက်လမ်း၊ ကန်တော်ကြီးဥယျာဥ် မြေပဒေသာကျွန်းအတွင်းရှိ ဆိုင်ခန်းတစ်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ Level-1 မီးသတ်ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်ခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) ဥက္ကဌ ဦးဇွဲရန်နိုင် ဦးဆောင်သည့် အသင်းဝင်(၉)ဦးက ရေသယ်ယာဉ်(၁)စီး၊ လူနာတင်ယာဉ်( ၂)စီးဖြင့် လိုအပ်ပါက အသင့်ကူညီနိုင်ရန်သွားရောက်၍ မီးသတ်ယာဉ်များအား ရေအကူအညီပေးကာ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။