02/12/2023
လူတိုင်းကို
သံသယနဲ့ မကြည့်ပါနဲ့
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ
လူတိုင်းကို
အပြစ်ရှာပြီး မကြည့်ပါနဲ့
ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ
လူတိုင်းကို
အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
မျှတခြင်း တရားနဲ့ ကြည့်ပါ
လူတိုင်းကို
မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ
လူတိုင်းကို
အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
အပြုံးတရားတွေနဲ့ ကြည့်ပါ
လူတိုင်းကို
ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ
ဒါ့ကြောင့်မို့
မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်
မျှမျှ တတ ကြည့်ပါ
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ
မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က
အမြဲတမ်းဆေးဖက်ဝင်နေ
ပါလိမ့်မယ် . . .
01/12/2023
ပန့်ဝန်းကျင်ရဲ့သဘာဝ
နေရာတိုင်းအလုပ်တိုင်းမှာ
လူတစ်ဉီးနဲ့တစ်ဉီးအမြင်
မတူကြတာဖြစ်တဲ့အတွက်
ကိုယ့်ပန်းတိုင်ကိုယ့်အလုပ်
ကိုယ်လုပ်ရမှာကိုယ့်တာဝန်
ဝေဖန်သုံးသပ်ပြောဆိုကြမှာ
ပန့်ဝန်ကျင့်ရဲ့အလုပ်ဆိုတော့
ပန်ဝန်းကျင်ဆိုဒါဆိုးလဲ့ပြော
ကောင်းနေလဲ့ဝေဖန်ဆိုဒါ
သဘာဝဖြစ်နေလို့ပါ
သူများမပြောနဲ့ကိုယ်ကိုယ်တိုင်
ပြောခဲ့တဲ့အချိန်တွေရှိနေခဲဲတယ်
မပြောသင့်မှန်းမသိခဲတဲ့အချိန်တွေက
လူတွေရှင်သန်လုပ်ကိုင်နေကြသရွေ့
ပန်ဝန်းကျင်နဲ့ထိတွေ့ကြရမှာဖြစ်လို့
ပန်ဝန်းကျင်ရဲ့သဘာဝတရားနားလည်ထားရင်ပျော်ရွှင်တဲ့ဘဝတစ်ခုဖန်တီးနိုင်မှာပါ
အေးချမ်းသောမေတ္တာဖြင့်
01/12/2023
ကိုယ့်အကြောင်း
သူများ သိသိ မသိသိ
ကိုယ်လုပ်နေသမျှကိုကိုယ်သိနေဖို့လိုပါတယ်
ကိုယ့်ရဲ့လုပ်ရပ်တိုင်းဟာကိုယ့်ဘ၀ဖြစ်နေလို့
လူအများကကိုယ့်ကိုယ်ဘယ်လို့ပြောပြော
ကိုယ့်အကြောင်းကိုယ်အသိဆုံးဖြစ်နေလို့
နေရာတိုင်းလိုက်ရှင်းပြနေစရာလဲ့မလို့ပါ
အေးချမ်းသောမေတ္တာဖြင့်
01/12/2023
မနာလိုစိတ်က စတယ်
---------------
မနာလိုစိတ် အားကြီးလာပြီဆိုရင်
ကောက်ကျစ်တတ်လာကြတယ်
ကောက်ကျစ်တဲ့စိတ်အားကြီးလာပြီဆိုရင်
ယုတ်မာတတ်လာကြတယ်
ယုတ်မာတဲ့စိတ်အားကြီးလာပြီဆိုရင်
ရက်စက်တတ်လာကြတယ်
ရက်စက်မှုအားကြီးကြီးနဲ့လုပ်ပြီးရင်
ကြောက်စိတ်ဝင်လာတတ်ကြတယ်
ကြောက်စိတ်အားကြီးပြီဆိုရင်
အယောင်ယောင်အမှားမှားလုပ်လာကြတယ်
အယောင်ယောင်အမှားမှားတွေလုပ်ရင်းနဲ့
နောက်ဆုံးပျက်စီးကျဆုံးသွားကြတာပါပဲ
ဣဿာမစ္ဆရိယ ဆိုတဲ့ မနာလိုဝန်တိုတဲ့စိတ်ဟာ
အမှန်တကယ်ကိုယ့်ဟာကိုယ်ဖျက်ဆီးနေတဲ့
စိတ်ပါပဲ
ပျက်စီးချိန်တန်လာပြီဆိုရင်လည်း
ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ
မစွမ်းနိုင်မကယ်နိုင်တော့ဘဲ
ကျိန်းသေပျက်စီးကြရတော့မှာပါဘဲ
ပါချုပ်ဆရာတော်
credit. .
သုတဂဝေသီဗန်းမော်🙏🙏🙏
သုခိတာ ဟောထ-ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။
ဒုက္ခာ မုစ္စထ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုအပေါင်းတို့မှ လွတ်ကင်းကြပါစေ။
01/12/2023
မဂ်လာရှိသောနေ့ပါ
နေ့ရက်တိုင်း အသက်ရှင်ခွင့်ရနေပြီဆိုရင်ဘဲ
မဂ်လာရှိသောနေ့တွေပါလူဖြစ်ခွင့်ရနေတာ
ကံအကောင်းဆုံးလူသားတွေပါ
နေ့ရက်တိုင်းစိတ်အေးချမ်းစွာ
နေ့ရက်တိုင်းပျော်ရွှင်စွာကျော်ဖြတ်နိုင်ကြပါစေ
ရေလိုအေးလို့ပန်းလိုမွှေးကြပါစေ
အေးချမ်းသောမေတ္တာဖြင့်
28/11/2023
ယုံကြည့်ရာ
ကိုယုံကြည့်ရာကိုလုပ်ပါ
ကိုယ့်ရဲ့လုပ်ရပ်ကိုလူတိုင်းမကြိုက်နိုင်သလို
ကိုယ့်ရဲ့လုပ်ရပ်ဟာလူတိုင်းအတွက်မဟုတ်ပါ
ကိုယ့်ကိုယ်တစ်ဦးထဲဖြစ်ဖြစ်တန်ဖို့ထားခဲရင်
အဲတစ်ဦးထဲအတွက်အကောင်းဆုံးပေးဆက်ပါ
အေးချမ်းသောမေတ္တာဖြင့်
22/11/2023
တန်ဖို့ဆိုတာဘာလဲ
တန်ဖို့ခုပုံမှာမြင်နေရတဲ့
တောင်တန်း ရေ မြေ ကျောက်တွေ
တန်ဖို့ဟာနေရာတိုင်းမှာရှိပြီးသားပါ
ဒီတန်ဖို့ကိုကိုယ့်ရဲ့အားနဲ့ဉာဏ်
ကိုယ်အသုံးချတဲ့အပေါ်မူတည်ပြီး
တန်ဖို့အနှိမ့်အမြင့်ကွာသွားခြင်းဖြစ်တယ်
သဘာဝတရားကြီးနဲ့ကိုယ့်ရဲ့လုပ်အားဉာဏ်အား
ပေါင်းစပ်လိုက်တော့တန်ဖို့ဆိုတာဖြစ်သွားရခြင်းပါ
သဘာဝတရားကြီးကိုချစ်ပါတန်ဖို့ထားပါ
အေးချမ်းသောမေတ္တာဖြင့်
22/11/2023
🍀စိတ်ချမ်းသာဖို့
ဘဝမှာနေ့စဥ်စိတ်ချမ်းသာစွာနေနိုင်ဖို့
🍀ကိုယ့်ကိုယ်ကိုဘဲအာရုံစိုက်ပါ
🍀အကောင်းမြင်စိတ်နဲ့ကြည့်ဖို့လေ့ကျင့်ပါ
🌳ကိုယ်ကြည့်လိုက်တဲ့ရာကဘယ်လို့အခြေနေ့ဘဲရှိနေပါစေ ကိုယ်အကောင်းမြင်စိတ်နဲ့သာကြည့်တက်မေဆိုရင်ကိုယ့်ရဲ့စိတ်အရင်ဆုံးအေးချမ်းရမှာပါ
💁🌳ပြည့်စုံနေတဲ့လူမရှိပါဘူး
🍀အားလုံးကအချိန်တိုင်းလေ့ကျင့်ယူနေကြရတာဖြစ်တယ်
အေးချမ်းသောမေတ္တာဖြင့်
22/11/2023
"တစ်ကိုယ်တည်း တောက်ပကြည့်ပါ။"
°°°°°°°°°°°°°°°°°°°°°°°°°°°
ထွန်းပေါက် အောင်မြင်ချင်ရင်
တစ်ယောက်တည်း နေပါ။တစ်ယောက်တည်း လုပ်ပါ။
တစ်ယောက်တည်း ကြိုးစားပါ။
အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ
ထက်မြက်တဲ့ လူတစ်ယောက် ရှိနေတတ်တယ်ဆိုတာ
မိဘလည်းဖြစ်နိုင်သလို သူငယ်ချင်း၊မိတ်ဆွေ၊ချစ်သူ
အိမ်ထောင်ဖက်ကောင်း တစ်ယောက်လည်း ဖြစ်နိုင်ပါ
တယ်...။
ထိုလူတွေမရှိပေမယ့်လည်း အောင်မြင်နေတဲ့
တစ်ကိုယ်တည်း သမားတွေလည်း ရှိပါတယ်...။
သင့်ရဲ့နောက်ကွယ်မှာ သင့်ကို ကူညီပံ့ပိုးပေးမယ့်
မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ၊ အိမ်ထောင်ဖက်
မရှိခဲ့ရင်လည်း အားမငယ်ပါနဲ့။
သင်...တစ်ယောက်တည်းလည်း အောင်မြင်အောင်
လုပ်နိုင်ပါတယ်...။
သင့်အိပ်မက် သင့်ရည်မှန်းချက်ကို အောင်မြင်အောင်
တစ်ကိုယ်တည်း စွမ်းဆောင်နိုင်ခဲ့ရင် သင့်မိဘတွေရဲ့
ဂုဏ်သိက္ခာ၊ သင့်သူငယ်ချင်း၊ သင့်မိတ်ဆွေ၊
သင့်အိမ်ထောင်ဖက်ဖြစ်လာမယ့် လူတွေရဲ့ ဂုဏ်သိက္ခာ
ကို မြင့်မားသွားစေမှာပါ...။
တကယ့်လက်တွေ့ဘဝမှာတော့ သင့်ကို ကူညီပံ့ပိုးပေး
မယ့် မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ၊
အိမ်ထောင်ဖက်ကောင်းက ရှားပါးလွန်းနေပါတယ်...။
သင့်တစ်ကိုယ်တည်းပဲ ကိုယ့်ထူးကိုယ်ချွန်ပြီး
ကိုယ့်လမ်းကို ကိုယ်ကိုယ်တိုင်ပဲ ဖောက်ပြီး ရဲဝံ့စွန့်စား
သင့်ပါက ရဲဝံ့စွန့်စားရပါလိမ့်မယ်...။
သင့်ကို ပံ့ပိုး ကူညီပေးဖို့ဆိုတာ သင့်ရဲ့ခံယူချက်
သင့်ရဲ့ရည်မှန်းချက်ကို နားလည်ဦးမှလေ...။
တကယ်လို့များ သင့်ရဲ့ခံယူချက် သင့်ရဲ့ရည်မှန်းချက်
ကို လက်ခံနားလည်ပေးနိုင်တဲ့ အသ်ိဉာဏ်
ဉာဏ်ရည်ဉာဏ်သွေး မရှိခဲ့ရင် သင့်ရဲ့အိပ်မက်တွေဟာ
အိပ်မက်တွေအဖြစ်နဲ့သာ နိဂုံးချုပ်သွားရမှာပါ...။
သင့်ရဲ့အနာဂတ် အိပ်မက်တွေကို ပျက်စီးစေမယ့်
လူတွေနဲ့ အတူတူ ရှင်သန်ရမှာထက်စာရင်
တစ်ယောက်တည်းပဲ သင့်အိပ်မက်ကို လက်တွေ့ကျကျ
အကောင်အထည်ဖော်တာ ပိုကောင်းပါတယ်...။
လှပတဲ့သဘဝကြီးလဲ့ခံစားကြည့်ပါ