29/03/2026
#စေတနာရှင်များ #ဝိုင်းဝန်းပံ့ပိုးကူညီ #ပေးနိုင်ကြစေဖို့📣
======================================
ဇာတိနေရပ် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာနေ (အဘ)ဦးဟန်သိန်းနှင့် (အမိ)ဒေါ်မစံအေး၏ သားကြီး မောင်ခိုင်ကျော်လင်း(တောင်ကုတ်တက္ကသိုလ်မှ မြန်မာစာဘွဲ့ရ)သည် မိသားစုနှင့်အတူ ရခိုင်မှစစ်ဘေးရှောင်လာယင်း တောင်ဒဂုံမြို့နယ်၊ (၆၅)ရက်ကွက်၊ အိမ်အမှတ်(၁၀၇၀)၌ မိဘများနှင့်အတူ အိမ်ငှားနေထိုင်ကြစဉ် မွေးရာပါအသဲခြောက်ရောဂါ ပြင်းထန်စွာခံစားနေရသောကြောင့် အသက်ရှင်သန်ရန် ကုသရေးစရိတ်မတတ်နိုင်၍ တတ်အားသရွေ့ စေတနာရှင်မိဘပြည်သူများအား လူနာရှင်မိဘထံသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းပေးနိုင်ပါရန် ကျွန်ုပ်တို့အနေဖြင့် မေတ္တာရပ်ခံပန်ကြား အပ်ပါသည်..။✍️
📲လူနာရှင်မိဘ ဦးဟန်သိန်း➖၀၉ ၆၉၃၆၂၇၄၃၇၊ ၀၉ ၆၆၈၉၃၉၇၉၉။
မှတ်ချက်။ ။လူနာမောင်ခိုင်ကျော်လင်း မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံ၌ အလုပ်သွားလုပ်နေစဉ်အတွင်း မိသားစုထံပြန်မပို့မှီ ဆေးစစ်မှုမှတ်တမ်းကို ပူးတွဲဖော်ပြအပ်ပါသည်။ 🚑 Tin Htoo Aung Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝
/
15/03/2026
#ပြည်သူထဲမှာ #ပြည်သူ့အတွက် #လုပ်စရာတွေ #အများကြီးပါ 🏃♂️
==========================================
(၂၀၂၅)ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းများအနေဖြင့် ရန်ကုန်ရှိ ရခိုင်ပြည်သူများအတွက် နိုင်ငံရေးတာဝန်ခံမှုအရ ဆက်လက်လုပ်ဆောင်နိုင်သည်များ ရှိပါသည်။ ရွေးကောက်ပွဲ ရလဒ်သည် တရားဝင်တာဝန်တစ်ခု ထမ်းဆောင်ခွင့်ကို ဆုံးဖြတ်နိုင်သော်လည်း လူမှုအသိုင်းအဝိုင်းအပေါ်ထားရှိသော ကတိကဝတ်နှင့် တာဝန်ခံမှုမှာမူ ဆက်လက်တည်ရှိနေပါသည်။
ရွေးကောက်ပွဲ မတိုင်မီက ကိုယ်စားလှယ်လောင်းများ၏ လုပ်ဆောင်ချက်များနှင့် လက်ရှိ ရခိုင်ပြည်သူများ၏ အခြေအနေကို သုံးသပ်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်သင့်သည့် နည်းလမ်းများကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြပါမည်။📣
#၁။_ရွေးကောက်ပွဲမတိုင်မီက လုပ်ဆောင်ချက်များကို ဆက်လက် အကောင်အထည်ဖော်ခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ဝန်ကြီးလောင်းတစ်ဦးအနေဖြင့် ရွေးကောက်ပွဲ မတိုင်မီက ရပ်ရွာအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်းသည် အဓိကကျသော တာဝန်တစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ရခိုင်အမျိုးသားကွန်ရက်အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီကပင် အဝေးရောက်ရခိုင်အလုပ်သမားများ၏ နေ့စဉ်လူမှုရေး ပြဿနာများကို ဖြေရှင်းပေးနေခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် ရွေးကောက်ပွဲ ရလဒ်နှင့်မဆိုင်ဘဲ ဆက်လက်တည်ရှိနေသည့် လက်တွေ့ကျသော လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း သိရှိနိုင်ပါသည် ။
ထို့ကြောင့် ရှုံးနိမ့်ခဲ့သော ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းများအနေဖြင့် -
· နေ့စဉ် လူမှုရေး အခက်အခဲများ ဖြေရှင်းပေးခြင်း: ရန်ကုန်သို့ ရွှေ့ပြောင်းလာကြသော ရခိုင်အလုပ်သမားများ၊ စစ်ဘေးရှောင်များ၏ နေထိုင်ရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး စသည့် အခြေခံလိုအပ်ချက်များအတွက် ကူညီဖြေရှင်းပေးခြင်းကို ဆက်လက်လုပ်ဆောင်နိုင်သည်။
· တည်ဆဲကွန်ရက်ကို အသုံးချခြင်း: ယခင်က မိတ်ဆွေများ၏ ဩဇာနှင့် ချိတ်ဆက်မှုများဖြင့် ပြဿနာများ ဖြေရှင်းပေးခဲ့သည့်အတိုင်း၊ လက်ရှိ လူမှုဆက်ဆံရေး ကွန်ရက်ကို အသုံးပြု၍ ရပ်ရွာအတွက် ဆက်လက် ဆောင်ရွက်ပေးနိုင်သည်။
#၂။_လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း ရခိုင်အရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်သော ရလဒ်များ ရရှိနိုင်သည်။
· လက်ရှိအဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း➖
ကျွန်ုပ်တို့သည် ရခိုင်အမျိုးသားကွန်ရက်အနေဖြင့် ရန်ကုန်ရှိ ရခိုင်ပြည်သူများနှင့် နိုင်ငံခြားရောက် ရခိုင်အလုပ်သမားများ၏ ကိစ္စရပ်များကို ယနေ့အချိန်ထိအာရုံစိုက် ဆောင်ရွက်ပေးလျက်ရှိသည် ။ ဤသည်ကို စံနမူနာယူ၍ ရှုံးနိမ့်သူများအနေဖြင့် မိမိတို့နှင့် ရည်မှန်းချက်တူညီသော လူမှုအဖွဲ့အစည်းများ(CSOs)တွင် ပါဝင်ခြင်း သို့မဟုတ် အသစ်တည်ထောင်ခြင်းဖြင့် ရပ်ရွာအတွက် စနစ်တကျ ဆက်လက်လုပ်ဆောင်နိုင်သည်။
· လူငယ်များနှင့် လုပ်သားပြည်သူများအတွက် ဆောင်ရွက်ခြင်း➖တစ်ချို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးလောင်းများ ရွေးကောက်ပွဲမကျင်းပမှီ ပြောခဲ့သလို ရန်ကုန်သို့ ရောက်ရှိလာသော ရခိုင်လူငယ်များနှင့် အလုပ်သမားများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ရွေးကောက်ပွဲဝင်ခဲ့ခြင်းဆိုလျှင်..
ဤရည်ရွယ်ချက်ကို ရွေးကောက်ပွဲအပြင်ဘက်တွင် အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့ကျင့်ရေးသင်တန်းများ ကျင်းပပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်းဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်သည်။
#၃။_လက်ရှိ နိုင်ငံရေး အခြေအနေကို နားလည်သဘောပေါက်ရန် လိုပြီး ရှုံးနိမ့်သူများအနေဖြင့် -
· ပြည်သူ့အမြင်ကို လေးစားခြင်း: ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲသည် ရလဒ်များအရ ရခိုင်ပြည်သူများ စိတ်ဝင်စားမှုနည်းကြောင်း နားလည်ပြီး၊ ရွေးကောက်ပွဲဆိုင်ရာ ရာထူးထက် ရပ်ရွာအတွက် လက်တွေ့ကျသော ဆောင်ရွက်မှုများကိုသာ ဦးစားပေး လုပ်ဆောင်သင့်သည်။
· ဒေသခံပြည်သူများ၏ လက်ရှိအခက်အခဲကို အာရုံစိုက်ခြင်း: ရန်ကုန်ရှိ ရခိုင်ပြည်သူအများစုသည် နေ့စဉ်အသက်မွေးဝမ်းကျောင်း ပြဿနာများနှင့် ရုန်းကန်နေရပြီး ရွေးကောက်ပွဲကို စိတ်ပါဝင်စားမှု နည်းပါးသည် ။ ဤအချက်ကို သိရှိနားလည်ထားခြင်းဖြင့် ပြည်သူ့အကျိုးအတွက် ပိုမိုထိရောက်သော နည်းလမ်းများဖြင့် ချဉ်းကပ်ကူညီနိုင်မည်ဖြစ်သည်။
#နိဂုံးချုပ်အနေဖြင့်
ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း(သို့မဟုတ်) ဝန်ကြီးလောင်းများ အနေဖြင့် (၂၀၂၅)ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းခြင်းသည် ၎င်းတို့၏ နိုင်ငံရေးတာဝန်ခံမှုကို ဖော်ကျူးရာရောက်ပါသည်။ ရွေးကောက်ပွဲ မတိုင်မီက ဆောင်ရွက်ခဲ့သော လူမှုအကူအညီပေးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်း၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လက်ရှိ နိုင်ငံရေး အခြေအနေကို သုံးသပ်ကာ ပြည်သူဗဟိုပြု ချဉ်းကပ်မှုများ ပြုလုပ်ခြင်းတို့သည် ယခုအချိန်တွင် လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိသော လုပ်ဆောင်ချက်များ ဖြစ်လာမည်ဟု ယူဆပါသည်..။✍️ Tin Htoo Aung Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝
ပြည်သူ့အကျိုးမျှော်ကိုးလျက်-
တင်ထူးအောင်
/
11/03/2026
မွေးနေ့ဆုတောင်းများအပေါ် မွေးနေ့ကတိစကား 🎂
==================================
"စနစ်တစ်ခု၊ခေတ်တစ်ခု"ပြောင်းလဲရေးအတွက် ကျွန်တော်တို့အနေနဲ့ လူငယ်ဘဝတစ်လျှောက်လုံး မွေးနေ့ပေါင်းများစွာကို ဆယ်ပေပတ်လည်အခန်းကျဉ်းလေးထဲမှာ တိတ်ဆိပ်ငြိမ်သက်၊တီးတိုးရေရွက် မေ့လျော့ခဲ့ရတဲ့ သက္ကရာဇ်တွေများစွာ ရှိခဲ့ပါတယ်။ 🇲🇲
ဒါပေမဲ့ ဒီနေ့၊ဒီအချိန်မှာတော့ ဘယ်လိုဘဲဖြစ်ဖြစ် အပြောင်းအလဲကိုဖော်ဆောင်ပြီး တိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိကာ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လူ့ဂုဏ်သိက္ခာနဲ့အညီဖြစ်တည်ခွင့်ရဖို့ ကျွန်တော်တို့မရပ်မနားအားထုတ် ကြိုးပမ်းသွားမှာပါလို့•••။🏃♂️🏃♂️🏃♂️ Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝
ခင်မင်လေးစားလျက်-
တင်ထူးအောင်
(၁၁၊၃၊၂၀၂၆)ရက်နေ့။
/
03/03/2026
“ #ဒတ်ချ်တို့ #မြင်တွေ့ခဲ့သော #မြောက်ဦးခေတ် #ရခိုင်ပြည်”
ပြင်သစ်သုတေသီ Catherine Raymond က "An Arakanese Perspective from the Dutch Sources" ခေါင်းစဥ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို (၂၀၀၂)ခုနှစ်က ရေးသားခဲ့ပါတယ်။
ဒီဆောင်းပါးက (၁၇)ရာစုတုန်းက ရခိုင်ပြည် (မြောက်ဦးနိုင်ငံတော်) အကြောင်းကို အဲဒီခေတ်က လာရောက်ခဲ့တဲ့ ဒတ်ချ်(Dutch)လူမျိုးတွေရဲ့ မှတ်တမ်းတွေ၊ ပန်းချီကားတွေနဲ့ ပြန်ပြီး အသက်သွင်းထားတာပါ။
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၁။ မြောက်ဦးဆိုတာ အဲဒီခေတ်က ကမ္ဘာ့အဆင့်မီ မြို့တော်ကြီး
Catherine က ဘာကို အသားပေးပြောထားလဲဆိုတော့ (၁၇)ရာစုမှာ မြောက်ဦးဟာ အရမ်းကို စည်ကားဝပြောခဲ့တယ်ဆိုတာပါပဲ။ အဲဒီခေတ်က ဥရောပသား ခရီးသည်တွေက မြောက်ဦးကိုကြည့်ပြီး "ငါတို့ဆီက လစ္စဘွန်း(Lisbon)နဲ့ အမ်စတာဒမ်(Amsterdam) မြို့တွေထက်တောင် ပိုလှပြီး လူဦးရေပိုများတယ်" လို့ အံ့သြတကြီး မှတ်တမ်းတင်ခဲ့ကြတာပါ။
- - - - - - - - - - - - - - - - - - - - - - - - - - - - -
၂။ ဒတ်ချ်တွေ ဘာကြောင့် ရခိုင်ကို လာကြတာလဲ?
ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ(VOC) ဟာ မြောက်ဦးမှာ ကုန်သွယ်ရေးစခန်း လာဖွင့်ခဲ့တယ်။ သူတို့ အဓိက လိုချင်တာ(၂)မျိုး ရှိပါတယ်။
- ဆန် . . . သူတို့ရဲ့ အင်ဒိုနီးရှားက အခြေချစခန်းတွေအတွက် ရခိုင်ပြည်က ဆန်ကို အားကိုးခဲ့ရတယ်။
- ကျွန် . . . အဲ့ဒီခေတ်က လုပ်အားခအတွက် ကျွန်အရောင်းအဝယ်ဟာ အရေးပါခဲ့တယ်။
- တစ်ဖက်မှာလည်း ရခိုင်ဘုရင်တွေက အိန္ဒိယက မဂို(Mughal) အင်ပါယာရဲ့ ရန်ကို ကာကွယ် တုန့်ပြန်ဖို့ အတွက် ဒတ်ချ်တွေဆီကနေ အမြောက်တွေ၊ လက်နက်တွေနဲ့ စစ်ကူတွေကို ပြန်ပြီး လိုချင်ခဲ့ကြပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၃။ ဝေါလ်တာ ရှောက်တင်(Wouter Schouten) ရဲ့ မျက်မြင်မှတ်တမ်း
ဒီဆောင်းပါးမှာ အရေးအပါဆုံးကတော့ ၁၆၆၀ ဝန်းကျင်မှာ မြောက်ဦးကို ရောက်ခဲ့တဲ့ ဒတ်ချ်ဆရာဝန် ရှောက်တင် ရဲ့ မှတ်တမ်းတွေပါ။ သူက စာတင်ရေးတာမဟုတ်ဘဲ ပန်းချီကားတွေနဲ့ပါ မှတ်တမ်းတင်ခဲ့တယ်
- နန်းတွင်းအခမ်းအနား
စန္ဒသုဓမ္မရာဇာမင်းကြီး (၅)နှစ်တစ်ကြိမ် မြို့လှည့်တဲ့အခါ ဆင်ဖြူတော်ကြီးကို စီးပြီး ထောင်ပေါင်းများစွာသော စစ်သည်တော်တွေ၊ တူရိယာတီးမှုတ်သူတွေနဲ့ ခမ်းနားပုံကို သူက အသေအချာ ပုံဖော်ခဲ့တယ်။ ဒါဟာ ရခိုင်ဘုရင်ရဲ့ အာဏာနဲ့ ဘုန်းတန်ခိုး ဘယ်လောက်ကြီးမားလဲဆိုတာ ပြနေတာပါ။
- မဟာမုနိဘုရား
သူက ဗုဒ္ဓဘာသာဝင် မဟုတ်ပေမဲ့ မဟာမုနိရုပ်ပွားတော်မြတ်ကြီးကို ရခိုင်လူမျိုးတွေ ဘယ်လောက် သဒ္ဓါတရားထက်သန်စွာ ကိုးကွယ်ကြလဲဆိုတာကိုလည်း ပန်းချီဆွဲပြီး ဖော်ပြခဲ့ပါတယ်။
- မြောက်ဦးမြို့တော် ရှုခင်း အသေးစိတ်
မြောက်ဦးမြို့ ရှုခင်းရဲ့ အသေးစိတ် မှတ်တမ်းတင်ပန်းချီကား ကတော့ ရခိုင်သမိုင်းအတွက်တင်မက အရှေ့တောင်အာရှ သမိုင်းအတွက်ပါ အရမ်းတန်ဖိုးရှိပါတယ်။
"အရှေ့တိုင်းက ဗင်းနစ်မြို့တော်"(Venice of the East)
ပန်းချီကားထဲမှာ မြောက်ဦးမြို့ဟာ ရေလမ်းကြောင်းတွေ၊ တူးမြောင်းတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ အဲဒီခေတ်က မြောက်ဦးဟာ အီတလီက ဗင်းနစ်မြို့လိုပဲ သွားလာရေးအတွက် ရေလမ်းကို အဓိက သုံးခဲ့တာပါ။ ပန်းချီကားထဲမှာ မြစ်ကြောင်းတစ်လျှောက် ကုန်သွယ်ရေး သင်္ဘောတွေ၊ လှေငယ်လေးတွေ အများကြီး ရှိနေတာက မြို့ရဲ့ စီးပွားရေး ဘယ်လောက်စည်ကားလဲဆိုတာ ပြနေပါတယ်။
“သဘာဝနဲ့ လူလုပ်ခံတပ်တွေ ပေါင်းစပ်ထားပုံ”
ပန်းချီကားကို သေချာကြည့်ရင် မြောက်ဦးမြို့ဟာ တောင်ကုန်းလေးတွေကြားမှာ တည်ထားတာကို တွေ့ရပါလိမ့်မယ်။ ရခိုင်ဘုရင်တွေဟာ သဘာဝတောင်ကုန်းတွေကို အခိုင်အမာ ခံတပ်တွေအဖြစ် ပြောင်းလဲပြီး မြို့ရိုးတွေ သွယ်တန်းထားတာပါ။ ဒါကြောင့်လည်း ရန်သူတွေ လွယ်လွယ်နဲ့ မတိုက်ခိုက်နိုင်တဲ့ ကျောက်ခံတပ်မြို့တော်ကြီး ဖြစ်ခဲ့တာပေါ့။
“ကောင်းကင်ယံက စေတီပုထိုးများ”
ရှောက်တင်ရဲ့ ပန်းချီကားမှာ အထင်ရှားဆုံးကတော့ တောင်ကုန်းအသီးသီးပေါ်မှာ ရှိနေတဲ့ စေတီပုထိုးတွေ ပါပဲ။ မြို့ရဲ့ ဘယ်နေရာက ကြည့်ကြည့် ဘုရားစေတီတွေကို ဖူးမြော်နိုင်အောင် တည်ထားတာက ရခိုင်လူမျိုးတွေရဲ့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုကို ပေါ်လွင်စေပါတယ်။
“နန်းတော်နဲ့ သင်္ဘောဆိပ်(Bandel)”
ပန်းချီကားရဲ့ ရှေ့နားမှာတော့ ဘုရင့်နန်းတော်နဲ့ မလှမ်းမကမ်းက ဘောင်းဒွတ်(Bandel) လို့ခေါ်တဲ့ နိုင်ငံခြားသားတွေ နေထိုင်ရာ ရပ်ကွက်နဲ့ သင်္ဘောဆိပ်ကို တွေ့ရမှာပါ။ အဲဒီနေရာဟာ ပေါ်တူဂီတွေ၊ ဒတ်ချ်တွေနဲ့ အခြားနိုင်ငံခြားသား ကုန်သည်တွေ စုဝေးရာ အချက်အချာနေရာ ဖြစ်ပါတယ်။
ခြုံငုံကြည့်လိုက်ရင် - ဒီပန်းချီကားက ဥရောပသားတွေရဲ့ မျက်လုံးနဲ့ မြင်တဲ့ ရခိုင် ကို မှတ်တမ်းတင်ထားတာပါ။ မြောက်ဦးနေပြည်တော်ဟာ သာမန်မြို့လေးတစ်မြို့ မဟုတ်ဘဲ၊ သဘာဝအလှအပနဲ့ စစ်ရေးဗျူဟာ၊ ဘာသာရေးနဲ့ စီးပွားရေးတို့ အချိုးကျကျ ပေါင်းစပ်နေတဲ့ "ခိုင်ခံ့တဲ့ အင်ပါယာမြို့တော်ကြီး" ဖြစ်ခဲ့တယ်ဆိုတာကို ကမ္ဘာကို သက်သေပြနေတာ ဖြစ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၄။ ဆက်ဆံရေး ပျက်ပြားသွားပုံ
ဒါပေမဲ့ ဒီလိုကောင်းမွန်တဲ့ ရခိုင်နဲ့ ဒတ်ချ် တို့ရဲ့ ဆက်ဆံရေးက ကြာရှည်မခံခဲ့ပါဘူး။ မဂိုမင်းသား ရှာရှုဂျာ ရခိုင်ကို ထွက်ပြေးလာတဲ့ကိစ္စကြောင့် နိုင်ငံရေး ရှုပ်ထွေးသွားတာရယ်၊ (၁၆၆၆)မှာ စစ်တကောင်းကို မဂိုတွေ ပြန်သိမ်းသွားတာရယ်ကြောင့် ရခိုင်ရဲ့ အင်အား အနည်းငယ် လျော့နည်းလာတယ်။ ဒတ်ချ်တွေကလည်း ဆန်ကို တခြားနေရာကနေ ပိုသက်သာအောင် ဝယ်လို့ရလာတာကြောင့် နောက်ပိုင်းမှာ ဆက်ဆံရေးတွေ အေးစက်သွားခဲ့ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - -
အချုပ်ပြောရရင် - Catherine Raymond က ဒီဆောင်းပါးမှာ ဒတ်ချ်မှတ်တမ်းတွေကို အသုံးပြုပြီး "၁၇-ရာစု ရခိုင်ပြည်ဟာ အာရှမှာတင်မက ကမ္ဘာမှာပါ ထင်ရှားတဲ့၊ ယဉ်ကျေးမှုမြင့်မားတဲ့ ပင်လယ်ကမ်းရိုးတန်း အင်ပါယာကြီး တစ်ခုဖြစ်ခဲ့တယ်" ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရေးပြထားတာ ဖြစ်ပါတယ်။
စံရွှေလှ (၂၈/၀၂/၂၀၂၆)
- - - - - - - - - - - - - - - - - - - - - - - - - - - - -
➖
Catherine Raymond (2002) An Arakanese Perspective from the Dutch Sources: Images of the Kingdom of Arakan in the Seventeenth Century, in The Maritime Frontier of Burma: Exploring Political, Cultural and Commercial Interaction in the Indian Ocean Word, 1200-1800, edited by Jos Gommans and Jacques Leader, Amsterdam KITLV Press, Leden, 2002. 📝
03/02/2026
#ရန်ကုန်မြို့ရှိ #အမျိုးသားဇတ်ရုံ၌ #ဦးတည်ချက်(၃)ရပ်ဖြင့် #ကျင်းပပြုလုပ်သည့် ြိမ်မြောက် #မွန်အမျိုးသားနေ့အား #သွားရောက်ဖြစ်ခဲ့သည်..။ 📝 Arakan National Network-ရခိုင်အမျိုးသားကွန်ရက်
#ပြည်သူ့အကျိုးမျှော်ကိုးလျက်-
#တင်ထူးအောင်
/
01/02/2026
ား #လက်ခံတွေ့ဆုံ ဖြစ်ခဲ့စဉ်
==============================
"လက်ရှိကျင်းပပြီးစီးခဲ့တဲ့ (၂၀၂၅)ခုနှစ်ရွေးကောက်ပွဲမှာ အဝေးရောက်ရခိုင်အမျိုးတွေကို အများစုကိုယ်စားပြုနိုင်တဲ့ ကျွန်တော်လဲပါဝင်ခွင့်မရ..အချိန်ကပ်မှရွေးကောက်ပွဲဥပဒေအရ ပယ်ဖျက်ခံခဲ့ရသလို ဒီမိုကရက်တစ်အင်အားစုတွေလဲ အနိုင်မရခဲ့ဘဲ တစ်ပါတီထဲဘဲကြီးစိုးသွားတဲ့အတွက်-
လာမဲ့အစိုးရဟာ အားလုံးပါဝင်နိုင်မဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်ရဲ့အထွေထွေပြဿနာတွေကို ဖြေရှင်းနိုင်မဲ့အစိုးရပုံစံမျိုး ဖြစ်ဖို့လိုကြောင်း"..သည့်အတွက်-
ကျွန်တော်တို့အနေဖြင့်လည်း ဖွဲ့စည်းလာမဲ့အစိုးရပုံစံအား စောင့်ကြည့်ပြီးမှသာ တိတိကျကျပြောဆိုနိုင်မည်ဖြစ်ကြောင်း NIPPON TVအား ရှင်းလင်းပြောကြားဖြစ်ခဲ့သည်..။ 📣 Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝
#ပြည်သူ့အကျိုးမျှော်ကိုးလျက်-
#တင်ထူးအောင်
/
06/01/2026
ူးနိုင်းရွှေဆိုင်က #ရွှေထည်ပစ္စည်း_၃၄_မျိုး #ပျောက်ဆုံးခဲ့မှုနဲ့ #ဆက်စပ်ဖမ်းဆီးထောင်ချခံရတဲ့ #ရခိုင်အမျိုးသမီးငယ်ပြန်လည်လွတ်မြောက်
==========================================
ကျွန်ုပ်တို့ရခိုင်အမျိုးသားကွန်ရက်တာဝန်ရှိသူများနှင့်အတူ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးလောင်း ဦးသာစိန်(ပြည်သူ့ပါတီ)တို့သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ရခိုင်အမျိုးသမီးငယ်အား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြသည်။ ရခိုင်အမျိုးသားကွန်ရက် Legal Teamအနေဖြင့်လည်း ဥပဒေအရ ရင်ဆိုင်စရာရှိသည်များကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်...။📣 Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက်
#ဖခင်ဖြစ်သူကိုယ်တိုင် #ရခိုင်အမျိုးသားကွန်ရက်ရုံး၌ #ကျွန်ုပ်တို့အားလာရောက်တိုင်တန်းခဲ့စဉ်Link➖ https://m.facebook.com/story.php?story_fbid=864046265085050&id=100044390530712
01/01/2026
ုနှစ်အတွက် #လုံခြုံငြိမ်းချမ်း #ဖွံ့ဖြိုးတိုးတက်သော #ကမ္ဘာသစ်ကို #ပိုင်ဆိုင်နိုင်ကြပါစေ 🙏
============================================
အတိတ်ဟာ ကျွန်ုပ်တို့လူသားအားလုံးအတွက် အကောင်းဆုံးသင်ခန်းစာဖြစ်သလို ပစ္စုပ္ပန်ကိုဗဟိုပြုပြီးအနာဂတ်ကို ရှေ့ဆက်ဖို့ပြင်ဆင်ရတာ ဘယ်လိုမှရှောင်လွှဲမရတဲ့ လူ့သမိုင်းပါ..။ 🏃♂️
ဒီအတွက်ပစ္စုပ္ပန်မှာ ကြိုးစားပြီး အနာဂတ်အတွက်ပြင်ဆင်နေသော မိတ်ဆွေ၊သူငယ်ချင်း၊ညီအစ်ကိုမောင်နှမ၊ပြည်သူများအားလုံး လုံခြုံငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်သော (၂၀၂၆)ကမ္ဘာသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ•••။✍️ Tin Htoo Aung Arakan National Network-ရခိုင်အမျိုးသားကွန်ရက် 📝
ပြည်သူ့အကျိုးမျှော်ကိုးလျက်-
တင်ထူးအောင်
/