11/10/2025
The longest love (part 9)
ဝမ်ချင်း.......ကျိုးကော သခင်ကြီး အခြေအနေ
ကျိုး.....အခုထိ အဆောင်ထဲမှပဲ နေရာတောင်မရွေ့ဘူး
လျို.......ဘယ်လိုကနေပြီး...
ကျိုး.......လန်းအာသခင်လေးကြောင့်ပါပဲ...သခင်ရှောင်ကျန့်သာ နောက်တစ်ခါ စိတ်တွေလွှတ်ထုတ်ရင် ထိန်းမယ်သူဘယ်မှမရှိလောက်တော့ဘူး
ဝမ်ကျီး......အရင်က ဖြစ်ခဲ့ဖူးတယ်ပေါ့
ကျိုး........ဖြစ်ဖူးတယ် ဒီလိုပဲ တိတ်ဆိတ်နေခြင်းကနေ စလာတာ..
ဝမ်ချင်း......ပြောပြပါလာကျိုးကော
ကျိုး......လန်းအာသခင်လေး ထွက်သွားပြီး နှစ်သုံးဆယ်အကြာ လွန်ခဲ့တဲ့ နှစ်၂လောက်မှပေါ့...သခင်ကြီးရဲ့လွမ်းစိတ်တွေ ကပြင်းထန်နေတဲ့အချိန် ယုံဟွားဆိုတဲ့ကောင်လေးတစ်ယောက် တောင်ပေယ်ကိုပညာလာသင်တယ် လန်းအာသခင်လေးရဲ့အပြုအမူအနေအထိုင်တွေကို အကုန်လုံးတူအောင်နေထိုင်တယ်....သခင်ကြီးက ဘယ်လိုနေနေ ယုံဟွားကို မျက်စိထဲ မတွေ့တာကတစ်ကြောင်း လန်းအာသခင်လေးနဲ့ပုံစံ မတူတူအောင်လုပ်နေတာကတစ်ကြောင်းကြောင့် ခေါ်ယူအသိပေးတယ် အဲ့လိုမျိုး ထပ်မလုပ်ဖို့ပေါ့....ခတ်တာက ယုံဟွားက သခင်ကြီးသူသတိထားမိပြီထင်ပြီး လန်းအာသခင်လေးရဲ့ဝတ်စားဆင်ယင်ပုံကိုတစ်ထပ်တည်းကြအောင်ဝတ်ဆင်တော့ စိတ်မထိန်းနိုင်တဲ့သခင်ကြီးက သူကို အခန်းပိတ်ထားရုံမက သူ့နေရတဲ့အဆောင်ကိုပါ မီးလောင်ပါချပစ်လိုက်တယ်
ဝမ်ချင်း.....သခင်ကြီး တအားစိတ်ဆိုးသွားလို့နေမှာပေါ့နော်
ကျိုး.....အင်း အဲ့လောက်နဲ့ပြီးပါစေတော့ဆိုပြီး စိတ်ထိန်းလိုက်သခင်ရှေယင်ကျန့်ကို သူဖခင်ပါဆိုတဲ့ လူက တောင်ပေါ်အထိလိုက်လာတွေ့ပါလေရော ဖြစ်ချင်တော့သူ့ဖခင်က လန်းအာသခင်လေးကိုထွက်သွားစေတဲ့ အကြောင်းတရားတွေထဲက နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေတော့ တိုက်ပွဲတစ်ပွဲလို့တောင်ပြောရမအောင်အထိ သွေးချောင်းစီးတော့တာပဲ
ဝမ်ကျီး.....ဒါကြောင် ယုံဟွားက လန်းအာသခင်လေးရဲ့ အမူအကျင့်တွေကိုသိနေတာလား
ကျိုး.....သူက လည်း အမှောင်မိစ္ဆာလမ်းစဥ်နဲ့နေခဲ့နှစ်ကမနည်းဘူးလေ
ဝမ်ကျီး......သြော်
ကျိုး.......ရန်သူကို က အတင့်ရဲ့ပြီး သူပိုင်နတ်အထိဝင်လာတဲ့အပြင် လန်းအာသခင်လေးနေခဲ့တဲ့ဆောင်ကိုပါ ဖြိုချဖျက်ဆီးပစ်တော့ သေသင့်တဲ့သူမသေဘူးဆိုတဲ့စိတ်နဲ့ အကုန်သုတ်သင်တဲ့ သခင်ရှောင်ကျန့်က မြို့တော်ဆိုတဲ့နာမည်နဲ့ အမှောင်ကျင့်စဥ် ဆိုတာကြားတာနဲ့ အကုန်ရှင်းတော့တာ....တော်သေးတယ် အဲ့တုန်းက သခင်ကြီးရှောင်းရန်နဲ့ ဆရာကြီးတို့ရှိသေးတော့ တားမယ့်သူရှိတယ်...အခုသာဖြစ်ရင် ဘယ်သူတားမလဲ...
ဝမ်အာ.....ဒါနဲ့ ဟွားယုံက အဲ့လောက်လန်းအာသခင်လေးနဲ့တူအောင်နေတာတောင် သခင်ကြီးက ဘာလို့အလိုမကျတာလဲ
ကျိုး.......လန်းအာသခင်လေးနဲ့ဘယ်လောက်တူအောင်နေနေ သခင်ကြီးစိတ်နှလုံးထဲအသိအမှတ်မပြုနိုင်လို့ပေါ့.. လန်းအာသခင်လေးသာတကယ်ဖြစ်ရင် သခင်ကြီးစိတ်ကဘယ်လိုနေနေ နှစ်သက်နေမှာပဲလေ
ဝမ်အာ.......အခုလို အဆောင်ထဲ မလူပ်မရှားမနေဖို့အရေး လန်းအာသခင်လေးသွားရှာရမလိုဖြစ်နေပြီ
ဝမ်ကျီး......အဲ့လိုမပြောပါနဲ့ ဝမ်အာရယ် သခင်ကြီးခံစားရတာသခင်ကြီး အသိဆုံးပဲလေ
ဝမ်အာ.....ဝမ်အာက ဘာပြောမိလို့လဲ ဒါနဲ့ကောစောနက ကြက်သားနဲ့ အားဆေးမြစ်နဲ့ဟင်းရည်ချက်တာ သွားပို့ပေးလိုက်ပါလား
ဝမ်ကျီး......ကောမသွားရဲဘူး ....ဝမ်အာသွားပို့ပေးပါလား
ဝမ်အာ.....ဝမ်အာလည်းသွားရဲဘူး ဒါပေမယ့်ကောပါလိုက်လာရင်တော့ သွားပို့မယ်လေ ကောပါရင် သခင်ကြီးက ဘာမှမလုပ်လောက်ဘူး
ဝမ်ကျီး.....ဝမ်အာ ဘယ်လိုတွေပြောနေတာလဲ
ဝမ်အာ......အမှန်ပဲဟာ သွားမယ် ဟင်းချိုလေးထည့်လိုက်
ကျိုးချန်လည်း မတားမိ ဒီနေ့နဲ့ဆို သခင်ရှောင်ကျန့် အဆောင်ထဲက မထွက်တာ တစ်ပတ်ပြည့်တော့မယ် ဘယ်လောက်ပဲ သိုင်းပညာအဆင့်မြင့်ထိပ့်တန်းဖြစ်ပါစေ အတွင်းအာငါလွန်နေပါစေ အဟာရဓာတ်ကတော့လိုအပ်မြဲပဲလေ အခုလို ဝမ်မင်းသားတို့ ပို့ပေးလို့ သောက်ဖြစ်ရင်တော့ အဆင်ပြေမှာမို့စိတ်ချမ်းသာရပါတယ်လေ...
❤❤❤❤❤
ရှောင်ကျန့် တစ်ရွတ်ပြီးတစ်ရွတ်ရေးဆွဲလာတဲ့ ပန်းချီးစာရွတ်တွေက ရာချီတော့မည် ''ငယ်ရဲ့ ချစ်စဖွယ်အပြုအမူတွေ သူအတိအကျမှတ်မိနေပါသေးသည်" ဒါကြောင့်တစ်ရွတ်ပြီးတစ်ရွတ် ဆွဲခဲ့သည်..သို့ပေမယ့် စာရွတ်တွေနဲ့ ပုံရိပ်လေးတွေသာပြောင်းနေတာ ဘယ်စာရွတ်မှာမှ မပါသည့်က ငယ်ရဲ့မျက်နှာလေး ဘယ်လိုမှပုံဖော်မရအောင်အထိပင် စိတ်တွေရူပ်ထွေးလွန်းလို့ ထိန်းထားသမျှပေါက်ကွဲထွက်လိုက်ချင်တော့သည်
.....သခင်ကြီး အရှေ့မှာ
ရှောင်......ထွက်သွားကြ!
အရှေ့က အစောင့်အသံတောင်မဆုံးသေးဘူး အထဲကငြင်းဆန်မူအမိန့်သံက ကျောချမ်းဖွယ်အတိ
ဝမ်ကျီးကလှည့်ပြန်မယ်လူပ်သော်လည်း ခေါင်းမာသောဝမ်အာက
ဝမ်အာ.....ပြောလိုက်ပါ မင်းသားဝမ်ကျီးက တွေ့ခွင့်တောင်းပါတယ်လို့
အစောင့်က အင်တင်တင်ဖြစ်နေသော်လည်း ဝမ်အာရဲ့အတင်းတိုက်တွန်းမူကြောင့်
.....သခင်ကြီး မင်းသားဝမ်ကျီးက သခင်ကြီး ကိုတွေ့ခွင့်တောင်းလာလို့ပါ
ခဏတာမျှတိတ်ဆိတ်သွားသည်...ပြီးမှ
ရှောင်......မင်းသား၆အခုချိန်တစ်ယောက်ထဲနေလိုတာမို့နောက်တော့အချိန်ပေးပါမယ်
ဝမ်ကျီး...... ဟုတ်ကဲ့ပါ
ဝမ်ကျီးလည်းဘာမှမတက်နိုင် ဝမ်အာ ကတော့
ဝမ်အာ.....ကောကလည်း ဘာဟုတ်ကဲ့ပါလည်း ကြက်သားနဲ့အားဆေးမြစ်နဲ့ချက်ထားတာလာပို့တယ်ပြောရမှာလေ ဟုတ်ကဲ့ပါ ပြောလို့ရမလား...
ရှောင်ကျန့် အပြင်ကပွစိပွစိအသံတွေကြောင့် ဆွဲလက်စစုတ်တံပင်ရပ်ကာနားစွင့်မိတယ်
ဝမ်ကျီး..... ကောမပြောရဲပါဘူးဆို
ဝမ်အာ......သခင်ကြီး နားထောင်နေတယ်မဟုတ်လား ကောဝမ်ကျီးက လေ သခင်ကြီးအတွက်ကြက်သားနဲ့ဆေးမြစ်ချက်ထားတာလာပို့ပေးတာ....သခင်ကြီး ဘယ်လောက်သိုင်းပညာတော်တော်အသက်ရှည်မအိုဆေးစားထားလည်း အသက်ရွယ်က၈၀နားကပ်နေပြီလေ သာမာန်လူနဲ့ဆို အဘိုးကြီးအရွယ်ပဲလေ အဲ့တော့ အဟာရမျှတအောင်စားရမှာပဲလေ ပြီးတော့ ကောဝမ်ကျီးက တကူးတခ ချက်ပေးထားတာလေ
ဝမ်ကျီး.....တော်ပါတော့ဝမ်အာရယ် ပိုလို့စိတ်တိုသွားမှဖြစ်
ဝမ်အာ.....အဘိုးကြီးမို့အဘိုးကြီးပြောတာပဲဟာကို စိတ်တိုစရာမှမဟုတ်တာ
အစောင့်ကတော့ သူသေတွင်းသူတူးနေရပြီမို့ တားချိန်လည်းမရ တားလို့လည်းမရ အသံကိုအကုန်အော်နေသော် ဝမ်မင်းသား၈ကြောင့်ခတ်ရပြီလေ....ထိုအတူကွယ်ရာကနေ အခြေအနေချောင်းနေတဲ့ ကျိုးချန်တို့လည်းခေါင်းကြိမ်းနေလေပြီ
....ဝုန်း
ရုတ်တရက်ပွင့်လာအဆောင်တံခါးကြောင့်လန်ကြတာတေယ့အမှန်ပင်
ရှောင်.......ဝင်ခဲ့ပါ
နောက်ဆုံးဝင်ခွင့်ပေးသည့်မို့ အားလုံးသက်ပြင်းချကာ ခြေသံဖွဖွနင်းလို့ အဆောင်ထဲဝင်လာခဲ့တယ်...
ဝမ်ကျီးက ယူလာတဲ့ဟင်းချိုရည်ကိုသေချာခွက်နဲ့ထည့်ပေးလိုက်တော့ တစ်ဇွန်းခပ်သောက်ပြီးတဲ့ရှောင်ကျန့်က
ရှောင်......ကျေးဇူးပါ မင်းသား၈
ဇွန်းကိုပြန်ချလိူက်ကာ စားသုံးခြင်းလက်စသတ်တဲ့သဘောဖြစ်လေတော့
ဝမ်ကျီး....စားရတာအဆင်မပြေဘူးလား အရသာအဆင်မပြေလို့လားဟင်
ရှောင်......အဆင်ပြေပါတယ် ထားခဲ့လိုက်ပါ
ဝမ်ကျီးရော ဝမ်အာရော စိတ်မကောင်းဖြစ်မိတယ်...ဒီအတိုင်းသာဆို ဟင်းချိုရည်သာအေးသွားမည် ဆက်စားမည့်သဘောမရှိတာမို့ ဝမ်ကျီးက သိမ်းဖို့ပြင်ပေမယ့် ဝမ်အာလက်ကိုလှမ်းဆွဲကာ ရှောငိကျန့်ခုံနားသွားရင်း သူအတွက်တစ်ခွက်ထည့်ကာ
ဝမ်အာ.....အစားအသောက်က တစ်ယောက်တည်းစားရင် ခံတွင်းမတွေ့ဘူး ဝမ်အာနဲ့အတူစာမယ်လေနော်
ဟင်းချိုရည်ကို တဟူးဟူးမူတ်ကာ သောက်ပြလိုက် အသားတုံးစားပြလိုက်နှင့်အလုပ်ရူပ်နေသော ဝမ်အာကို ရှောင်ကျန့်က ကြည့်နေသလို ဝမ်ကျီးမှာလည်း ဘယ်အချိန်ရှောင်ကျန့်ဒေါသထပေါက်ကွဲမလဲ ဆိုတာ ရင်တထိတ်ထိတ်နှင့်...
ဝမ်အာ...... အသားလေးကနူးညံနေတာပဲစားကြည်ပါ သခင်ကြီးရဲ့ အာ
ရှောင်ကျန့်ပါးစပ်နားအထိအသားခွံနေတဲ့ ဝမ်အာကြောင့် ဝမ်ကျီးအသက်မရူရဲသလို အဆောင်အပြင်ကချောင်းနေတဲ့ သူတွေမှာလည်း အသက်မရူရဲ....
ရှောင်ကျန့်သူပါးစပ်နားတေ့လာတဲ့ ကြက်သားတုံးကို တူနဲ့ပဲလှမ်းယူပြီးစားလိုက်တယ်....
အားလုံးမျက်လုံးလေးတွေပျူးကုန်ကြတယ်...ဝမ်အာကိုယ်တိုင်လည်းမယုံရဲ သို့ပေမယ့်ဝမ်အာရဲ့ လူပ်ရှားမူပထိုမျှနဲ့မရပ်တန့်ခဲ့ပဲ ရှောင်ကျန့် ကိုစားဖို့အတင်းပုကန်လုံးလေးကိုအရှေ့သို့တိုးပေးရင်း
ဝမ်အာ.......နည်းနည်းလောက်ထပ်စားပါဦး ကောဝမ်ကျီက ပင်ပင်ပန်းပန်းချက်ထားပေးတာဟာကို
ဝမ်အာ အပြောကြောင့် ရှောင်ကျန့်ဝမ်ကျီးကိုလှမ်းကြည်တော့ ဆက်စားစေချင်တဲ့အရိပ့်အရောင်လေးတွေမြင်နေရတယ်...ရှောင်ကျန့်အနည်းငယ်ထပ်စားပေးလိုက်ပြီးမှ
ရှောင်......ကျေးဇူးပါ မင်းသား၈
ဝမ်ကျီး......သခင်ကြီး ခံတွင်းတွေ့တယ်ဆိုရင်ပဲကျေနပ်ပါပြီ ဝမ်ကျီးတို့ကိုပြန်ခွင့်ပြုပါဦး
ရှောင်......ကောင်းပါပြီ
ဝမ်အာ.....ပြန်ပါဦးမယ်
ဝမ်မင်းသားတို့ထွက်သွားမှာ ရှောင်ကျန့်ဆွဲလက်စ ပန်းချီပုံတွေကို ခေါင်သိမ်းလိုက်ကာ အနားယူလိုက်တော့သည်
ဝင်နင်.......ကျိုးကော သခင်ကြီးကထူးဆန်းလာတယ်နော်
ကျိုး......အင်း
ဝင်နင်.......မင်းသားဝမ်ကျီးက လန်းအာသခင်လေးနဲ့ လုပ်ယူထားတာမဟုတ်ဘဲနဲ့ တော်တော်တူတယ် မင်းသားဝမ်အာ ကြပြန်တော့ သိပ့်မတူဘူး ...ပြီးတော့သခင်ကြီးကအခုတလောနည်းနည်းထူးဆန်းနေတယ်
ကျိုး......နည်းနည်း မဟုတ်ဘူး တော်တော်ထူးဆန်းနေတာ... ညစျေးလိုက်ပို့ပေးတာ လှေအတူစီးပေးတာ အလှည်လွန်နေတဲ့သူပိုစောင့်ပေးတာ နောက်ဆုံးအဖိုးအများကြီးမတန်တဲ့မီးပုံးကို အခုထိ အဆောင်ထဲ.ချိတ်ထား..နောက်ဆုံး သခင်ကြီးစားပွဲခုံပေါ် စားသောက်ခွင့်ပေးတာ တွေက အကုန်ထူးနေတာ
ဝင်နင်.....ဒါပေမယ့်ကျွန်တော်ထင်တာကတော့ အဲ့ဒါတွေက မင်းသားဝမ်ကျီးနဲ့ပတ်သတ်မူရှိပြန်တယ်လေ ညစျေးက မင်းသားဝမ်ကျီးသွားချင်လို့ လှေအတူစီးပေးတာက သူညီတော်လေးလှေမစီးရလို့စိတ်မကောင်းဖြစ်သွားတဲ့မင်းသားဝမ်ကျီးကြောင့်ဖြစ်နိုင်တာပဲ အလည်လွန်နေတဲ့ သူညီတော်ကိုညိုညင်ရင် မင်းသားဂမ်ကျီးပဲနေရခတ်မှာပဲလေ မီးပုံးကမင်းသားဝမ်ကျီးနဲ့အတူဝယ်ပေးရင်းလိုက်ဖက်တယ်ပြောတာပဲလေ နောက်ပြီးအခုဟင်းချိုက မင်းသားဝမ်ကျီးချက်လာပေးတာ ပြီးတော့သူ့ညီတော်လေးကို အော်ငေါက်ကြည့်ပါလား မင်းသားဝမ်ကျီးကပဲကြားထဲက အနေခတ်ပြီးတောင်းပန်ရဦးမှာ ဒါတွေကြောင်လည်းဖြစ်မှာပါ
ကျိုး.....မပြောတက်တော့ဘူး ဘယ်သူကလန်းအာသခင်လေးပဲဖြစ်ဖြစ်သခင်ကြီးဆီအမြန်ရောက်ရင်တော်ပါပြီလေ..
ဝင်နင်......အဲ့ဒါတော့အဟုတ်ပဲ သခင်ကြီးခံစားနေရတာတွေကို လျှော့ကြစေချင်တာပါပဲ
❤❤❤❤❤
( #...ငယ် ကိုကို ကိုစိတ်မဆိုးပါနဲ့ ဒါဟာကိုကိုရဲ့နောက်ဆုံးရွေးချယ်မူပဲ မှတ်ဥာဏ်တွေပိတ်မိနေတဲ့ငယ်ရယ် ငယ်မျက်နှာခေးကိုလုံးဝမမှတ်မိနိုင်တဲ့ အခြေအနေမှာ ရွေးချယ်စရာဒီနည်းလမ်းပဲရှိတော့တယ်... ငယ် ကိုကိုငယ်ကို ဘယ်လောက်ချစ်လဲဆိုတာ ငယ်အသိဆုံးပါ... #)
တောင်ပေါ်တခွင့်လုံး ရုတ်တရပ်လေပြင်းတွေတိုက်လာတယ်....တိမ်မည်းတွေတဖြည်းဖြည်း ဖုံးလွှမ်းလာတယ်.....တောင်ပေါ်က လူတွေနဲ့ တောင်အောက်ကလူတွေ အကုန်တုန်လူပ်လာကြတယ်... နောက်ဆုံးတော့ တောင်ပေါ်သခင်ကြီးရွေးချယ်တဲ့လမ်းကို သိသူအဖို့ကတော့ ရင်ကျိုးမရ.....
လျို......ကျိုးကော ဘယ်လိုတွေဖြစ်ကုန်တာလဲ
ကျိုး.......သခင်ကြီး မရှိတော့ရင် ဘယ်သူကတောင်ပေါ်ကိုဆက်ခံမလဲ
ဝမ်ကျီး...... အဲ့ဒါဘာကိုပြောတာလဲ သခင်ကြီးကဘာလို့မရှိတော့ရမှာလဲ
ကျိုး.....သခင်ကြီး သူ့ခန္ဓာကိုယ်နဲ့ စိတ်ဝိဥာဥ်ကိုခြေမွဖျက်စီးဖို့ဆုံးဖြတ်လိုက်ပြီ
အားလုံးတုန်လူပ်သွားကြရတယ်.....
ဝမ်ကျီး......ဒါဘယ်လိုဖြစ်နိုင်မှာလဲ သူချစ်တဲ့လန်းအာသခင်လေးကိုစောင့်ရဦးမယ်လေ
ကျိုး........နှစ်၅၀... နှစ်၅၀ တောင်စောင်ခဲ့တာလေ နောက်ဆုံးသူဘာပါပြန်ရလို့လဲ
ဝမ်ကျီး အလိုလိုရင်ထဲစို့နင့်လာတယ်....မျက်ရည်ကြည်တွေပါ ရစ်ဝိုင်းလာတယ်
ကျိုး......လန်းအာသခင်လေး ကတော့ပြန်လာပါမယ်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ထားခဲ့တာ သခင်ကြီး စောင့်ခဲ့ရတာ နှစ်ဆယ်ချီလေ ဘယ်မှလဲ အခုသူ့ချစ်သူ ရောက်လာရင်တောင်မှတ်ဥာဏ်တွေပိတ်မိနေတုန်းပဲနေမှာ
ဝမ်ကျီး......ပြန်လာမှာပါ လန်းအာသခင်လေးပြန်လာမှာပါ
ကျိုးချန် တဖြည်းဖြည်းစကားအရှိန်မြင့်တင်ကာပြောရင်းမင်းသားဝမ်ကျီး ကိုအကဲခတ်နေလိုက်တယ် မင်းသားဝမ်ကျီးခမျာမှာလည်း မျက်ရည်အပြည့်နဲ့ ကြေကွဲမူအပြည့် ယိုင်နဲ့နဲ့မို့ မင်းသားလျိုက တွဲကူပေးရင်း
လျို......ဝမ်ကျီး..ညီတော်သတိထားဦးလေ
ဖြစ်စဥ်အတွင်းမှာပဲ ဝတ်ဖွေးဖွေးဖြူဖြူနဲ့တောင်ပေါ်သခင်ကြီးရှောင်ကျန့်က လေထဲတွင်ငြိမ်သက်စွာ
ရှောင်......ငယ် ကိုယ် နှစ်၅၀ လုံးလုံး ငယ်စောင့်ရှောင်ချင်တဲ့သူတွေကိုစောင့်ရှောက်ခဲ့တယ်...အားလုံးငြိမ်းချမ်းအောင်လည်းလုပ်ပေးတယ်...ဒါပေမယ့်ကိုယ့်နှလုံးသားကိုတော့ စောင့်ရှောက်ဖို့ ငယ်ပြန်မလာဘူး ကိုယ်စိတ်ကိုငြိမ်ချမ်းဖို့ ငယ်ပြန်မလာဘူး ကိုယ်ဆက်ပြီးတောင့်မခံနိုငိတော့ဘူး ကိုယ်ဆီမလာတဲ့ငယ်ဆီ ကိုယ်လာခဲ့မယ်.... အား!!!
ရှောင်ကျန့် အသံလွှင့်ထုတ်အော်ဟစ်လိုက်ကာ သိုင်းကွတ်ကျင့်စဥ်တွေကိုစတင်လာတယ်
ဝင်နင်.......ဘယ်လိုလုပ်မလဲ ကျိုးကော သခင်ကြီးကိုဘယ်လိုလုပ်မလဲ
ကျိုး......နည်းလမ်းမရှိတော့ဘူး ဒီကျင်စဥ်တွေကိုအတူကြည့်ပေးတာ လန်းအာသခင်လေးပဲရှိတယ် သူပဲတားနိုင်မှာ
ကျိုးချန်ပြောရင်းပတ်ဝန်းကျင်ကိုအကဲခတ်မိတယ်
ရှောင်ကျန့်ရဲ့ကျင့်စဥ်တွေက တဖြည်းဖြည်းပြင်းထန်လာရင်း သွေးတွေပါအန်ထုတ်လာလေတယ်
ဝမ်ချင်း......မလုပ်ပါနဲ့တော့ တောင်ပေါ်သခင်ကြီးရယ် နည်းနည်းထပ်စောင့်လိုက်ရင် လန်းအာသခင်လေးပြန်လာမှာပါ
လျို.......တားဖို့နည်းလမ်းမရှိတော့ဘူးလာကျိုးကော
ကျိုး......တားနိုင်တဲ့သူဟာ လန်းအာသခင်လေးပဲရှိတယ် ဒီနေရာမှာလန်းအာသခင်လေးရှိရင် သူအရင်မှတ်ဥာဏ်ရအောင်အစဖော်ဖို့ပဲရှိတယ်
ဝမ်အာ.......တကယ်ပဲ လန်းအာသခင်လေးက ဆိုးတာပဲ ချစ်သူကိုနှစ်၅၀ဆယ်စောင့်ခိုင်းတာအားမရလို့ မှတ်ဥာဏ်ပါမပါဘူးတဲ့ အခုတော့....
ဝမ်ကျီး...... ရပ်ပါတော့ သခင်ကြီးရယ် ရပ်ပါတော့...မကြည့်ရက်ဘူး ရင်နာဖို့ကောင်းလွန်တယ်
ဝမ်အာ.......ရပ်လိုက်ပါတော့တောင်ပေါ်သခင်ရယ် ဝမ်အာ ရင်တွေနာလွန်းလို့ပါ
ဝမ်ကျီး......ဘယ်လို ကံကြမ္မာက ချစ်ရသူတွေကိုဝေးကွာစေရတာလဲ ဘာကြောင့်ဒီလိုမျိုးနည်းနဲ့ အဆုံးသတ်ခွင့်ပေးရတာလဲ အဲ့လိုတွေမြင်နေရမယ့်အစား ...
( #....ကိုယ်မင်းချစ်တယ် တကယ်ပဲငယ်ကအတိတ်ဘဝမှတ်ဥာဏ်လုံးဝမပါတော့တာလား....ဒါမှမဟုတ်တကယ်ပဲငယ်မဟုတ်တာလား ကိုယ်ပဲစိတ်ထင်မိတာလား ငယ်....)
ကျိုး.......သခင်ကြီး မလုပ်ပါနဲ့ !!!
......အား !!ကိုကို မလုပ်နဲ့!!!!မလုပ်ပါနဲ့တော့... ငယ်ခွင့်မပြုနိုင်ဘူး နော် ကိုကို!!
ဟိန်းထွက်လာတဲ့ အော်သံလေးကြောင့်.ဓားကိုဝေ့ယမ်းလို့အဆုံးသတ်တော့မယ်ရှောင်ကျန့်က ဓားကိုထိန်းချုပ်လိုက်ရင်း
ရှောင်.......ငယ်
ရင်ဖွင့်လို့ကြိုဆိုလိုက်ရင်းမြေပြင်ပေါ်ရောက်လာတဲ့ရှောင်ကျန့်ရင်ခွင်ထဲတိုးဝင်လာတဲ့ ကိုယ်လုံးလေး ရှောင်ကျန့်လွှတ်ထွက်သွားမှာစိုးရိမ်သည့်အလားပွေ့ဖက်ထားလိုက်...မျက်လုံးတစ်မှိတ်ထဲမှာတယ် ပီပြင်စွာပေါ်လာတဲ့ငယ်ပုံရိပ့်လေး....ငယ်ရဲ့ ကိုယ်သင်းရနံံ့လေး ဘယ်လောက်တောင်လွမ်းခဲ့ရသလဲ...
ဒီလူသားခေးကိုပြန်ပိုင်ဆိုင်ဖို့ဘယ်လောက်တောင်စောင့်ခဲ့ရသလဲ....
ရင်ခွင်ထဲ မျက်နှာလေးကိုသေချာစွာကြည့်ရင်း ရှောင်ကျန့် မျက်ရာ်ကျမိတယ် ဘယ်လောက်တောင်လွမ်းခဲ့ရလည်းဒီမျက်နှာလေးကို...ဟုတ်တာပေါ့ ငယ်ရဲ့ဒီနှာလုံးလုံးလေး...မန်ထိုမုန့်လေးနဲ့တူတဲ့ ပါးဖောင်းလေး နူးညံအိနေတဲ့ပန်းရောင်နူတ်ခမ်းပါလေး ထွေးပွေ့လိုက်တိုင်း အိစက်နေတဲ့ ဒီခန္ဓာကိုယ်လေး သူဒီချစ်ရသူလေးကိုပြန်ပိုင်ဆိုင်ဖို့ စောင့်ခဲ့ရတဲ့ နှစ်ပေါင်းက မနည်းခဲ့ဘူး အခုတော့ သူပိုင်ဆိုင်ပြီပေါ့....
.....ကိုကို ကို အဲ့လိုလုပ်ခွင့်မပေးနိုင်ဘူး
မျက်ရည်တွေ ပြည့်နေတဲ့ ငယ်ပါးပြင်ကို နူးညံစွာသုတ်ပေးရင်း
ရှောင်...အွန်းကိုယ်မလုပ်တော့ပါဘူး
......တောင်းပန်ပါတယ် ငယ်မမှတ်ခဲ့လို့
ရှောင်......ငယ် အပြစ်မဟုတ်ပါဘူး ကိုယ့်ကိုကြံကမ္မာကစမ်းသပ်တာပါ အခုတော့ ကိုယ်အောင်မြင်ပြီ ကိုယ်ငယ့်ကိုပြန်ပိုင်ဆိုင်ပြီ
.....ဟုတ် ငယ်ကို ကိိုကိုပိုင်ပြီ
ရှောင်ကျန့်သူရင်ခွင်ထဲ တိုးဝေ့လာတဲ့ ငယ်ကိုယ်လေးပြန်တင်းကျပ်စွာပွေ့ဖက်ထားလိုက်တယ်
အနားကလူတွေလည်း ဖြစ်ပျက်သွားတဲ့အဖြစ်ပျက်များကိုလိုက်မမီသလို အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးပြန်ဆုံကြပြီမို့ ဝမ်းသာလွန်းလို့မျက်ရည်ကျမိကြတယ်....နှစ်ဦးလုံးက တစ်ယောက်ရဲ့အချစ်တွေက နောက်တစ်ယောက်နဲ့ထိုက်တန်ကြတယ်....
ရှောင်......ကိိုယ်ထပ်ထားမသွားပါနဲ့ငယ်ရယ်
.....ဘယ်တော့မှမထားခဲ့တော့ပါဘူး
ရှောင်......ကိုယ် ငယ်ကို ဖွတ်ထားချင်တယ်
.....ကိုကို ထားတဲ့နေရာမှပဲနေမှာပါ
ရှောင်......ကိုယ် ကိုယ် ငယ်ကိုခေါ်သွားချင်တယ်
....အင်း လိုက်မယ်
ရှောင်ကျန့် ငယ်ကိုလေးကိုပွေ့ကာ ကိုယ်ဖော့သိုင်းနဲ့ထွက်ခွာသွားလေတယ်...
ရှောင်ကျန့်ထွက်ခွာသွားမှာ သတိဝင်လာတဲ့ ဝမ်မင်းသားတို့က တားဖို့သတိရလေတော့
ကျိုး.......မတားပါနဲ့ ဝမ်မင်းသားတို့ အခုမှချစ်သူနှစ်ဦးဆုံရတာပါ
လျို......တကယ်ပဲ ဝမ်မျိုးရိုးထဲက တောင်ပေါ်သခင်ကြီးရဲ့ ချစ်သူပြန်မွေးဖွားလာမယ်လို့....
ဝမ်ချင်း.....ထိုက်တန်ပါတယ် တကယ်ကိုချစ်ကြတဲ့ချစ်သူနှစ်ဦး...
တစ်ယောက်သောသူကတော့ရင်ဘတ်ဆုတ်နယ်ရင်းကြေကွဲဝမ်းနည်းနေရှာလေတယ်.....
ဝမ်ကျီး......တော်သေးတာပေါ့ သခင်ကြီးရဲ့ ချစ်သူမှတ်ဥာတ်တွေ ဝမ်အာမမှတ်မိလာလို့ ....
ကျိုး.....မင်းသား ဝမ်ကျီးအဆင်ပြေရဲ့လား
ဝမ်ကျီး......ပြောတယ် ချစ်သူနှစ်ဦး လုံးဝမဆုံကြတော့ဘူးထင်ပြီးတအားဝမ်းနည်းသွားတာ အခုတော့ အားလုံးအဆင်ပြေသွားပြီပေါ့
ကြည်လင်လာတဲ့ကောင်းကင်ကို မော့ကြည့်ရင်း ဝမ်ကျီးတိုးတိတ်စွာရေရွတ်မိတာကတော့
( # သခင်ကြီးရော ဝမ်အာရောက ဝမ်ကျီးချစ်ရတဲ့သူတွေပါ... ၂ယောက်လုံးပျော်ရွှင်နေရင် ဝမ်ကျီးကျေနပ်တယ်...အထူးသဖြင့်ဝမ်အာ ကိုစိတ်ပူခဲ့ရတာ အခုတော့ သခင်ကြီး ရှိနေပြီဆိုတော့ စိတ်ပူစရာမရှိတော့ဘူးပေါ့....၂ဦးလုံးပျော်နေရမယ်နော် ဘယ်တော့အခါမှ သခင်ကြီး နဲ့ဝမ်အာကို ကံကြမ္မာက ထပ်မခွဲတော့ဖို့ ဝမ်ကျီး ဆုတောင်းပေးပါတယ်...)
ရှောင်ကျန့် ချစ်ရတဲ့ ငယ်ရဲ့ပါးပြင်လေးကို ထိတွေရင်း မျက်ရည်တွေ အတောမသတ်နိုင်ခဲ
ဝမ်အာ......ဝမ်းနည်းမနေပါနဲ့တော့ ကိုကိုရယ် ငယ်အခုရှိနေပြီလေ
သူပါးပြင်ပေါ်သုတ်ဖယ်လာတဲ့ လက်နုနုလေးကို ပြန်လည်ဆုတ်ကိုင်ရင်း
ရှောင်......ဒီလက်ကလေးကို ပြန်ဆုတ်ကိုင်ခွင့်မရတော့မှာကိုယ်ဘယ်လောက်ကြောက်နေခဲ့ရလဲ
ဝမ်အာ......ငယ်မကောင်းတာပါ ကိုကို ကို မမေ့သင့်ခဲ့ဘူး
ရှောင်......ဒီမျက်နှာလေးကို ပုံဖော်မရတိုင်း ကိုယ်မှာအရူးလိုပဲ နောက်ဆုံးကိုယ်အရှေ့ငယ်အကြာကြီးရှိနေတာတောင် ကိုယ်....
ဝမ်အာ.....အဲ့ဒါငယ့်ကြောင့်ပါ ငယ်သာ ကိုကို ကိုမမေ့ခဲ့ရင်
ရှောင်.......ဒါပေမယ့် ငယ်သိလား ကိုယ်ခံစားမိနေတယ်လငယ်ကိုယ်ရဲ့ အနီးဆုံးနေရာရောက်လာရင် ကိုယ်စိတ်နှလုံးကတည်ငြိမ်လာတယ်
ဝမ်အာ.......ကိုကိုရယ်
ရှောင်......ဒါပေမယ့် ကိုယ့်လက်မခံဘူး ငယ်မဟုတ်တဲ့တခြားသူဖြစ်ရင်ဆိုတဲ့အတွေး ငယ်ကိုသစ္စာဖောက်သလိုဖြစ်သွားရင် ကိုယ့်ကိုယ် ကိုယ် အဆုံးသတ်ပစ်လိုက်မှာ
ဝမ်အာ......ဘာလို့ အဲ့လိုလုပ်ရမှာလဲ ကိုကို မှာချစ်ခွင့်ရှိတယ်လေ
ရှောင်......ချစ်ခွင့်ရှိတာပေါ့ ငယ့်ကိုပဲလေ...ငယ်ကရော ကိုယ့်ကိုတခြားသူဆီပေးနိုင်လား
ဝမ်အာ......ဟင့်အင်းမပေးနိုင်ဘူး ငယ်ကိုကို ကို ဘယ်မှဆီမပေးနိုင်ပါဘူး
ပြောရင်းငယ်ရင်ခွင်ထဲ တဖန်တိုးဝင်တဲ့အခါ ပြန်ပြီးပွေ့ဖက်ထားလိုက်တယ်
ရှောင်.......ငယ်
ဝမ်အာ......ဟင်
ရှောင်.......ကိုကို ငယ့်ကိုသိပ့်ချစ်တယ်
ဝမ်အာ.....ငယ်ရောပဲ
မျက်လုံးတွေက ကြည်နူးမူနဲ့ အလွမ်းမပြေမူ မျက်ရည်တွေကို သယ်ပိုးထားရင်း တစ်ဦးနဲ့တစ်ဦး နူတ်နဲ့ဝန်ခံမူတွေက မျက်လုံးတွေကနေပါ ဖော်ပြခဲ့ကြတယ်...
နူးညံစွာထိတွေလိုက်တဲ့ နူတ်ခမ်းလေးကို ရှောင်ကျန့်လွှတ်ဖို့မစဥ်းစားပဲ အနမ်းတွေနဲ့သိမ်းပိုက်လိုက်တယ်....
သိမ်းပိုက်ခံရတဲ့နူတ်ခမ်းပါးလေးကလည်း ချစ်ရသူအလိုကျ ပြုသမျှနုပေးရင်း ချစ်ခြင်းတွေကို တုံပြန်တဲ့အခါ အဆောင်အခန်းစည်းလိုက်ကာနေ တိုးဝင်လာတဲ့ လေပြေညှင်းက ချစ်ခြင်းတေးတစ်ပုဒ် ယူဆောင်လာတယ်....
လန်အားက က စာဖက်သူတို့ခန့်မှန်းထားတဲ့သူနဲ့တစ်ထပ်တည်းကြရဲ့လား?
ဘာတွေဆက်ဖြစ်ကြဦးမှာလဲ?
အများမကြီးမလိုတော့တဲ့ ဇာတ်သိမ်းပိုင်းခေးကနီးလာပါပြီ....love you all
Grace Dan.....
07/10/2025
The longest love (part 8)
ရှောင်ကျန့် သူ့အဆောင်အရှေ့ယောင်.လည်လည်လုပ်နေသော ဝမ်မျိုးနွယ်ဝင်နှစ်ယောက်ကို သတိထားမိနေသည်...
ရှောင်......ကျိုးချန် အဲ့နှစ်ယောက်ဘာလုပ်နေတာလဲ
ကျိုး.......တောင်အောင်မှာ ပွဲတော်ရှိလို့ သွားချင်တာ သခင်ကြီးခွင့်တောငိးမလို့ပါတဲ့
ရှောင်.........ခေါ်ခဲ့
ဝမ်အာ......သခင်ကြီးနေကောင်းပါတယ်နော် အဟီး
ရှောင်........ဘာပြောမှာလဲပြော
ဝမ်အာ.......ဟုတ်...ဟိုဟာလေ အဟီး ကျဲပြောလိုက်လေ
ဝမ်ချင်း......ဝမ်အာပြောပါ
ဝမ်အာ.....အဟီး ဟိုလေ ကျိုးကော
ကျိုး.......တောင်အောက်စျေးပွဲတော် အာ ဝမ်အာပဲ ပြောလိုက်ပါ
ဝမ်အာရဲ့ မျက်နှာချိုသွေး အကူညီတောင်းမူကြောင့် ကျိုးချန်က ကူပြောပေးဖို့အစပြုပေမယ့် ရှောင်ကျန့်အကြည့်ကြောင့် စကားမပြောတော့
ဝမ်အာ.....ဟိုလေ ဟို ကောဝမ်ကျီးကလေ တောင်အောက်စျေးပွဲတော်သွားချင်လို့တဲ့ အဲ့ဒါလေး
ရှောင်ကျန့်ရဲ့ မျက်လုံးခပ်ကျဥ်းကျဥ်းနှင့်မယုံချင်စဖွယ်အကြည့်ကြောင့်
ဝမ်အာ.....တကယ်ပြောတာပါ ကောဝမ်ကျီးကသွားချင်လို့တဲ့ ဝမ်ကျီးကောကလေ တော်ရုံဆိုမသွားပါဘူး အရမ်းအေးဆေးနေတက်တာ အဲ့ဒါ ဟိုနေ့က အကြောင်းအရာ တစ်ချို့သိပြီးစိတ်မကောင်းနေတာနဲ့ သွားချင်ရှာတာနေမှာ သနားပါတယ်
ကျိုးချန် မျက်နှာငယ်လေးကို အပီအပြင်လုပ်ပြောနေတဲ့ မင်းသား၈ခေါ်ဝမ်အာကြောင့်မရီမိအောင်ထိန်းထားရသည်.....မင်းသား၆ကဖြင့်သိရဲ့လညးတောင်မသိ
ရှောင်ကျန့် သူကို မအူမလည်မလည်မရူပ်လုပ်နေတဲ့ မလောက်လေးမလောက်သား ဝမ်အာကိုကြည့်ပြီး နှစ်၇၀ ကျော်လောက်ထမင်းကြိုစားထားတဲ့ သူ့ကို လူလည်ကျနေတဲ့ အကောင်ပေါက်ကို ဖျစ်ညစ်လိုက်ချင်
ရှောင်......အဲ့တော့ မင်းသား၆ ကသွားချင်တာပေါ့
ဝမ်အာ......ဟုတ်ဟုတ်
ရှောင်.....ကျိုးချန် မင်းသား၆ ကိုညကျရင်သွားဖို့ပြင်ထားဖို့ပြောလိုက်ပါ
ဝမ်အာ.......ကောဝမ်ကျီးပဲလား ဝမ်အာတို့ကရော
ရှောင်......မင်းသား၆ပဲ သွားချင်တာမဟုတ်လား
ဝမ်အာ......ဟုတ်တာက ဟုတ်တယ် ဒါပေမယ့်ကောက ဝမ်အာမပါရင်သွားမှာမဟုတ်ဘူး ကောကဝမ်အာ သိပ့်ချစ်တာ အင်း ကောကတောင်ပြောသေးတာ ချစ်သူထားရင်တောင် ကောလိုဝမ်အာကို ဂရုစိုက် အလိုလိုက်မယ့်သူပဲထားမှာတဲ့ မဟုတ်ရင် သူကမရွေးဘူးတဲ့ နော့် ကျဲ
ဝမ်ချင်း......ဟုတ်တာပေါ့
ဝမ်အာ.....အာ့ကြောင့် ဝမ်အာက ကောစိတ်ချမ်းသာအောင်လိုက်ပေးရမှာနော့် ကျဲ
ဝမ်ချင်း.......ဟုတ်တာပေါ့
ကျိုးချန်နဲ့ရှောင်ကျန့်ခမျာ အရှေ့က ပလီပလာတီတာတာလေးကြောင့် ရီချင်နေသောလည်းအောက့်ထားရင်း အဲ့လောက်တောင်ပေါက်ကရပြောရသလားဆိုပြီး ဖင်ကိုနာနာရိုက်ပစ်ချင်မိသည့်အထိ...
.....သခင်ကြီး ယီအိမ်တော်က သခင်လေးတို့ သခင်ကြီးဆီ နူတ်ဆက်ဖို့ လာကြပါတယ်
ရှောင်......ဝင်ခွင့်ပေးလိုက်
ဝမ်အာနဲ့ဝမ်ချင်းကတော့ ယီအိမ်တော်လို့ကြားတာနဲ့ မျက်နှာတွေမဲ့ရွဲ့ကုန်ကြသည်....အဲ့ယီအိမ်တော်က သခင်လေးနှစ်ယောက်က အကြီးတစ်ယောက်က သူကိုသူမသိရင် စာတက်ပေတက် အနေအေးတံလေပြေအေးပုံစံဖမ်းကာ စကားပြောရင်စကားကြီးစကားကျယ်ပြောပြီး ကမ္ဘာပေါ်မှာ သူအသိဆုံးသူအတက်ဆုံး သူသာသနားညှာတက်ဆုံးလုပ်နေတဲ့ ယီမုန်......နောက်အငယ်တစ်ယောက်က မာနခဲ စပ်စပ်အထိမခံမော်ကြွားထောင်လွှားနေပြီးအနိုင်ကျင့်တက်တဲ့ ယီယန် နှစ်ယောက်လုံးက ဝမ်အာတို့နဲ့ မတည့်သော်လည်း ပေါ်ပေါ်တင်တင်ရန်မဖြစ်ကြပေမယ့် စောင်းတစ်ခါ ချောင်းတစ်ခါ တွေ့တိုင်းရန်ဖြစ်တက်ပါသေးသည် ...အဆိုးဆုံးကတော့ အကြီးက သခင်ကြီးကိုအင်မတန်မှ ချွဲသလိုလိုနွဲ့သလိုလိုနဲ့ အကြံကြီးနေတာလည်းဖြစ်သည်....
ယီမုန့်....သခင်ကြီး ကို ကျွန်တော်တို့ရဲ့ ဖခင်က ညစာစားဖို့ဖိတ်ခေါ်စာလာပို့တာပါ
ရှောင်......ဒီည တောင်အောက်စျေးပွဲတော်သွားဖို့ရှိတယ် လမ်းကြုံဝင်ခဲ့မယ်ပြောလိုက်ပါ ညစာတော့စားဖြစ်မှာ မဟုတ်ဘူးဆိုတာ တစ်ခါတည်းအမှာပါးလိုက်ပါ
ယီယန်......သခင်ကြီး ပါးက အရမ်းလာစေချင်နေတာ သူအုပ်ပေးထားတဲ့ရွာတွေ ဘယ်လောက်အဆင်ပြေပြီး ငြိမ်ဝပ့်နေလဲဆိုတာ.ပြောချင်နေတာ
ယီအိမ်တော်ကို တောင်အောက်ရဲ့ အရှေ့ဘက်ကိုအုပ်ချုပ်ခွင့်ကို ရှောင်ကျန့်ကပေးထားတာဖြစ်တယ် ထိုအတူ အနောက် တောက် မြောက်စတဲ့ အရပ်တွေကိုလည်း သက်ဆိုင်ရာအရပ်ဒေသအလိုက် ဦးစီးအုပ်ခွင့်ပေးထားတာဖြစ်တယ်....
ရှောင်.......ညကြရင်လာခဲ့မယ်ဆိုတာ ပြောခဲ့တယ်မဟုတ်လား
ယီမုန်.....ညီတော်က သခင်ကြီးကိုလာစေချင်လွန်းလို့ တိုက်တွန်းမိတာပါ.....ဒါနဲ့ မြို့တော်က ဧည်သည်တွေက မပြန်ရသေးတာ မငြိမ်မသက်ဖြစ်နေတုန်းမို့လား
ဝမ်ချင်း......ဘာဆိုင်လို့မငြိမ်မသပ်ဖြစ်ရမှာတုန်း မပြန်ချင်သေးလို့မပြန်တာ
ယီမုန်......ဟုတ်လား သခင်ကြီးက မြို့တော်က လူတွေကိုသိပ့်အလိုမကျတက်လို့ပါ
ရှောင်.......ယီမုန့် ဝမ်မင်းသားတို့က တောင်ပေါ်အတွက်ဧည်သည့်တွေဆိုတာ သိတယ်မဟုတ်လား
ယီမုန်......ဟုတ် ယီမုန့် မှားသွားပါတယ် တောင်းပန်ပါတယ် ဝမ်မင်းသားတို့
ချက်ချင်းမျက်နှာငယ်နဲ့ တောင်းပန်ပြနေတဲ့ ယီမုန်ကိုကြည့်ပြီး ဝမ်အာတို့ မျက်နှာ မဲ့က ထွက်သွားဖို့နူတ်ဆက်ထွက်လာပေမယ့် တအားကို ပိုးပန်းချင်နေတဲ့ ယီမုန့်အတွက်တော့ စကားနာလေးထိုးခဲ့သေးသည်
ဝမ်အာ......သခင်ကြီး ဒါဆို ဝမ်အာ တို့ကိုသွားခွင့်ပြုပါဦး......ကောဝမ်ကျီးက ကိုဝမ်းသာရအောင်သွားပြောမလို့ ကောအရမ်းသွားချင်လွန်းလို့ သခင်ကြီးက ဒီညလိုက်ပို့မယ်ဆိုတာကိုပြောရဦးမယ်... ဟိဟိ သွားပြီနော်.
ဝမ်အာ.....အော်ဒါနဲ့. ယီမုန်သခင်လေး ဒီည ကျွန်တော်တို့ကိုလိုက်ပို့ရင်းနဲ့ သခင်ကြီး ကလမ်းကြုံလို့ဝင်လာမယ်နော်....လမ်းကြုံလို့ ဟိဟိ သွားပြီနော်....
ယီမုန်နဲ့ ယီယန်တို့က မျက်နှာမအီမသာဖြင့်ကျန်ခဲ့လေတယ်....
ဝမ်ချင်း......အရမ်းလှတာပဲ ဝမ်အာ ကြည့်စမ်း
ဝမ်အာ.....ဟုတ်တယ်နော် ဝမ်အာတို့ဝယ်ရအောင်နော် ကော
ဝမ်ကျီး......အင်းဝယ်လေ ဒါပေမယ့်အပြန်မှဝယ်ရအောင်လေနော်
မီးပုံးဆိုင်တွင်အလုပ်ရူပ်နေသော ဝမ်မင်းသားတစ်သိုက်ကိုရှောင်ကျန့်တို့ စောင့်ပေးနေရတယ်...
အမွှေနှစ်ယောက်ဖြစ်တဲ့ဝမ်အာနဲ့ဝမ်ချင်းက မင်းသားလျိုကို လှေစီးချင်၍ပူဆာဖို့အရေးလူပ်ရှားနေကြတယ်....တံတားဘေးနားက ကန်ဘောင်နားကနေ တံတားပေါ်က မီးပုံးလေးတွေချိတ်ဆွဲထားတဲ့ အလှတရားနဲ့ ကန်ပြင်ကျယ်ကြီးရဲ့ဘေးနှစ်ဖက်ဆီက မီးပုံတွေချိတ်ဆွဲထားတဲ့အလှ လှေငယ်လေးတွေနဲ့ ပျော်ရွှင်စွာ ရှိနေတဲ့ လူတွေရဲ့ ရည်မော ပျော်ရွှင်သံတွေသာ ငေးကြည်နေသော တောင်ပေါ်သခင်ကြီးနှင့် တောင်ပေါ်သခင်ကြီးကို ငေးကြည်နေတက်တဲ့ ဝမ်ကျီးတို့က ဘေးချင်းကပ်လျှက်အနေအထား
လမ်းမထက်ပြေးလွှားနေတဲ့ကလေးများက မင်းသား၆ဝမ်ကျီးကိုတိုက်မိပြီး ဟန်ချက်ပျက်ကာလဲကျတော့မယ် ဝမ်ကျီးကိုအမိအရလှမ်းဖမ်းပေးလိုက်တဲ့ တောင်ပေါ်သခင်ကြီးရှောင်ကျန့်ရဲ့ လက်ကသန်မာစွာ ခါးလေးကိုသိမ်းဖက်ထားပေးတယ်...
ထိုမြင်ကွင်းကိုမြင်ရတဲ့ တံတားပေါ်က ဝမ်အာရဲဲ့ မျက်နှာပြင်မှာ ထင်ကျန်နေတာခံစားကနှစ်ခု အပြုံးမျက်နှာနှင့် အရည်ကြည်တွေဝိုင်းစုနေတဲ့ မျက်ဝန်းအိမ်လေး....အရာရာကို လျစ်လျူရူကျောခိုင်းကာပြေးထွက်သွားတဲ့ ဝမ်အာက ပျော်ရွှင်မူကို အလုအယှက်ရှာဖွေသိနှယ်....
ဝမ်ကျီ......ကျေးဇူးပါသခင်ကြီး
ရှောင်......လမ်းမမှာ အရာရာကို သိတထားသင့်တယ် မင်းသား၆
ဝမ်ကျီး.......ဟုတ်ကဲ့ပါ
ဝမ်ကျီး ရဲ့ ရှက်သွေးဖျာတဲ့မျက်နှာနီနီလေးက သိပ့်ကိုချစ်ဖို့ကောင်းနေပေမယ့် တောင်ပေါ်သခင်ကြီးရှောင်ကျန့်ရဲ့အကြည့်တို့ပြောရရင် အဝေးတစ်နေရာဆီမှာသာ....
ဝမ်ကျီး တောင်ပေါ်သခင်ကြီးကြည့်ရာနေရာနေရာကိုလိုက်ကြည့်မိတော့ တံတားပေါ်မှာ ပြေးလွှားကစားနေတဲ့ ဝမ်အာ သာဖြစ်ကြောင်းသိလိုက်ရတယ်....အကဲခတ်နေရင်းမှာပဲ ခပ်ရေးရေးပြုံးလိုက်တဲ့တောင်ပေါ်သခင်ကြီးက တကယ်ကိုပဲ ဝမ်အာ အပြုအမူကြောင့်ပြုံးလိုက်တာပဲလား.....
ဝမ်ကျီး..... ဝမ်အာက အစ်ကိုတော်၅ကို လှေစီးဖို့ ပြောနေတာ ကြည့်ရတာ ရသွားပြီနဲ့တူတယ်...ဝမ်ကျီး တို့အဲ့ကိုသွားရအေတို့အဲ့ကိုသွားရအောင်
ဝမ်ကျီး တို့တံတားပေါ်ရောက်တာနဲ့အပြေးလာတဲ့ ဝမ်အာက
ဝမ်အာ.......အစ်ကိုတော်၆ ဝမ်အာတို့ လှေစီးကြမယ် လှေရပြီတဲ့
ဝမ်ကျီး...... အွန်း သွားကြမယ်
လှေက၃ စီးရလာပြီမို့၃ ယောက်တစ်စီးစီးဖို့အစီစဥ်တကျ
တောင်ပေါ်သခင်ကြီးရယ် ဝမ်ကျီးရယ် ကျိုးကောရယ်ကတစ်စီး လျိုခွမ်းရယ် ဝမ်ချင်းရယ်ယ် ဝမ်အာရယ်ကတစ်စီး သို့ပေမယ့်လို့ လှေပေါ် အသီးသီးပေါ်နေရာယူကြတော့ ဝမ်ကျီးနဲ့ကျိုးချန်နဲ့ကလှေပေါ်ရောက်နှငိ့ချိန် လျိုခွမ်းနဲ့ ဝမ်ချင်းက နေရာပြီး ဝမ်အာတက်ခါနီးမှာ ယီယန်ကဘယ်ကနေဘယ်လိုရောက်လေလှေတက်သွားသလို ယီမုန်ကလည်းဝမ်ကျီးတို့လှေပေါ်နေရာယူပြီးသား
ယီယန်......မင်းသား၈ နောက်လှေတစ်စီးလာတော့ လိုက်ပေါ့
ဝမ်အာ.....မင်း!! နေဦး ကောလှေမောင်းသူကိုရပ်နေလို့ ဒါဝမ်အာတို့ငှားထားတာလေ
လျို......ယီသခင်လေးတို့ စီးချငိတယ်ဆို ဒီလှေကိုသုံးလိုက်ပါ လာဝမ်အာ ကော.နေခဲ့မယ် ဝမ်အာလိုက်သွားလိုက်
ပြောရင်းလျိုခွမ်းက ဆင်းပေးဖို့လုပ်ပေမယ့် လှေ၂စီးလုံးကိုအားတစ်ခုခုက တွန်းလိုက်သလို ကမ်းနဲ့တော်တော်ဝေးဝေးရောက်သွားသည်...ဝမ်ကျီးတို့တွေလည်း ကမ်းစပ်မှာငိုမဲ့မဲ့မျက်နှာလေးနဲ့ ဝမ်အာကိုသနားယုံမှအပ...
ရှောင်......လှေအဲ့လောက်တောင်စီးချင်တာလား
ဝမ်အား.....စီးချင်တာပေါ့ အဲ့ကြောင့်မို့ အစ်ကိုတော်၅ကိုအတင်းပြောထားရတာ...အခုတော့ ဟိုစိတ်ပုတ် ရုပ်ဆိုး နှစ်ယောက်ကြောင့် မစီးရတော့ဘူး
ရှောင်......လှေတကယ်စီးချင်တာလား
ရှောင်ကျန့်ဘေးနားကပွစိပွစိပြောနေတဲ့ ဝမ်အာမျက်နှာကိုကြည့်ရင်းပြောတော့ သူကိုမော့မော့ကလေးနဲ့ မျက်နှာငယ်လေးကြည့်ကာ
ဝမ်အာ......အွန်း
ရှောင်.....လာဟိုမှာလှေရှိတယ်..
ဝမ်အာ.....လှေရှိပေမယ်လှေမောင်းမှမရှိတာ..အ့ ကောကောတို့ကယ်ပါဦး
စကားတွေ ရှည်လေများနေတဲ့ ဝမ်အာကို ရှောင်ကျန့် ဂျိုင်းအောက်ထဲလက်လျိုကာ မရင်းလှေပေါ်တင်ကာသူပါတက်လိုက်တယ် အတွင်းအားအနည်းငယ်နဲ့လှေကို ရွေ့လျားစေတော့မှ တဖြည်းဖြည်းပြုံးယောင်သန်းလာတဲ့ မျက်နှာလေးကိုတောင်ပေါ်သခင်ကြီးရှောင်ကျန့်ငေးတယ်...
ဝမ်အာ.....ပျော်စရာကြီး ကောကောတို့ဆီသွားလေ သခင်ကြီး
တောင်ပေါ်သခင်ကြီးက အစသန်သူမဟုတ်သော်လည်း မင်းသား၈ကိုတော့ စချင်ပါသည်
ရှောင်......အဲ့ထိသွားဖို့ ကိုယ့်အတွင်းအားမလုံလောက်ဘူး
ဝမ်အာ.....အမ်
တအံတသြလေးနဲ့မျက်လုံးအပျူးသားနဲ့ မင်းသား၈ ကိုကြည့်ရင်းတောင်ပေါ်သခင်ရှောင်ကျန့် ကထပ်၍ပြုံးပြန်ပါသည်...
တောင်ပေါ်သခင်ရှောင်ကျန့်အပြုံးကိုသတိထားမိသွားတဲ့ ဝမ်အာက မျက်နှာဆူပုတ်က ပွစိပွစိပြောရင်းကို ထပ်မံစတင်ပါတော့တယ်.....မကြားအောင်ပြောတာလားဆိုတော့လည်းမဟုတ် ကြားအောင်ပြောတာလားဆိုတော့လည်း ဟုတ်သလိုလို သို့ပေမယ့်လို့ ထိုပွစိပွစိ စကားသံတွေကို စိတ်တိုရမယ့်အစား နူတ်ခမ်းအောက်ကမှည့်နက်လေးတွေကတော့ရွေ့လျားဆဲ
ဝမ်အာ.....မပို့ချင်မပိုချင်ဘူးမပြောဘူး အတွင်းအားမမလုံလောက်ဘူး ကြားရတာနားပါအူတယ်..ဟွန့် စိတ်ပုတ်တယ် ဟိုညီကိုအစ်ကို၂ယောက်လောက်မဟုတ်ပေမယ့်လို့....
ဝမ်ကျီးတစ်လျှောက်ကမ်းစပ်ကိုကြည့်နေခဲ့တာကြောင့်အစအဆုံးအရာရာအားလုံးကိုမြင်တွေ့လိုက်သည် မျက်နှာပေါ်မှာအပြုံးခပ်နုနုအတူ ဝမ်နည်းရိပ့်မျက်ဝန်းတစ်စုံကိုမည်သူမှသိလိုက်မည်မထင်
အပြန်လမ်းတောက်လျှေက်ဆူပုတ်လာသော် ဝမ်အာကြောင့် အကြီးတွေနေရခတ်နေလေပြီ
ဝမ်ချင်း......ဝမ်အာဘာဖြစ်နေတာ မပျော်ဘူးလား
ဝမ်အာ.....ကျဲတို့နဲ့အတူမှလှေမစီးရတာ
လျို......ဝမ်အာ အဲ့လောက်လေးကနဲ့တော့ဆူပုတ်မနေပါနဲ့ တောင်ပေါ်သခင်ကြီးကိုတိုင် လိုက်ပို့ပေးဆယ်မဟုတ်လား
ဝမ်အာ.......အဲ့ဒါအဲ့ဒါပေါ့ ဟိုစိတ်ပုတ် ၂ယောက်.ကလည်း သူတို့ကိုမခေါ်ပဲလိုက်လာတယ်...
ဝမ်ကျီး......ဝမ်အာရယ် သူတို့က ဒီဒေသခံတွေလေ ကောတို့ကမှခဏလာတဲ့သူတွေလေ
ဝမ်အာ......အဲ့ဒါဆို ပိုဂရုစိုက်ရမှာမဟုတ်ဘူးလား
ဝမ်ကျီး.....ကောစကားမဆုံးသေးဘူးလေ သူတို့က ကောတို့ကို ဧည်ဝတ်ကျေချင်တာကြောင့်လိုက်လာတာလည်းနေမှာပေါ့
ဝမ်အာ......ဟုတ်ပါလိပ့်မယ် အားကြီးကြီး
ဝမ်ကျီး.....ဝမ်အာ
ဝမ်အာ.....ငွေစပေးကော မီးပုံးသွားဝယ်တော့မယ်
ဝမ်ကျီး......အင်းပါရော့ ဝမ်ချင်းညီမတော်ပါလိုက်သွားလိုက်
ပြေးထွက်သွားတဲ့ ဝမ်အာကိုကြည့်ရင်း ဝမ်ကျီးသက်ပြင်းချမိတယိ ကလေးဆန်လွန်းတဲ့ ဝမ်အာနဲ့တည်ငြိမ်ရင့်ကျင့်လွန်းတာနဲ့ ဘယ်လိုအပ်စပ်နိုင်မလဲ...
ရှောင်ကျန့်တို့အားလုံးပြန်ဖို့အရေး မီးပုံးအဝယ်တော်ဖွင့်နေတဲ့ဝမ်အာကို စောင့်နေရပါတယ်
ကျိုး.....ကျွန်တော်သွားသတိပေးခေါ်ဆောင်လာပါမယ်
ရှောင်......နေပါစေ သူအကြိုက်တွေ့ရင် ဝယ်ပြီးလာမှာပဲ
ရှောင်ကျန့်ရဲ့ စကားတစ်ခွန်းကြောင့် ဘယ်သူမှ အတွန့်ထက်မတက်ရဲ ကြာတာတော့အတော်ကြာနေပြီဖြစ်တယ်...
ခဏကြာတော့ မီးပုံးနှစ်ခု စီလက်နှစ်ဖက်ကိုင်လာတဲ့ ဝမ်အာနဲ့ဝမ်ချင်းကိုကတော့ပြုံးရွှင်လို့
ဝမ်ကျီး.....ကြာလိုကိတာဝမ်အာရယ် သခင်ကြီးစောင့်နေရတယ်
ဝမ်အာ ......ကြိုက်တာလေးရွေးနေလို့ပါ ကျဲဟိုတစ်ခုရော
ဝမ်ချင်း.......ဒီမှာဝမ်လေး
ဝမ်ကျီး......ဒါကသခင်ကြီးအတွက် မြို့လုလင်ပုံတဲ့ အဟိ
ရှောင်ကျန့်သူကိုပေးတဲ့မီးပုံးကိုယူလိုက်ကာသေချာကြည့်တော့ မြို့လုလင်ပုံမဟုတ်ဘဲ သူပုံစံတူကိုအကြမ်းမင်နဲ့ဆွဲထားတာဖြစ်တယ် သို့ပေမယ့်လက်ရာကညမသပ်မရပ်...
ဝမ်ကျီး......ဒါက ကောဝမ်ကျီးအတွက် သူက ပြိုင်စံရှားသိပ့်လှတဲ့ ကချည်သည်လေးတဲ့ အဟိ လိုက်ဖက်တယ်နော်
ဝမ်ကျီး......အို ဝမ်အာ ဘယ်လိုတွေပြောနေတာလဲ
ဝမ်အာက ပြောလည်းပြော ရှောင်ကျန့်မီးပုံးနဲ့ ဝမ်ကျီးမီးပုံးကိုလက်ညိုးထိုးကာလိုက်ဖက်ကြောင်းပြောနေသည်မို့ ဝမ်ကျီးမျက်နှာလေးမှာ နီရဲဆွေးသွားရသည်...ရှောင်ကျန့်ကတော့မည်သည့်စကားမှမဆိုဘဲ မီးပုံးပေါ်က လက်ရာကိုသာ ကြည်နေသည်...ပြီးမှ ဝမ်အာ မီးပုံးကိုကြည့်မိတော့ ကျောခိုငိးထားတဲ့ လူငယ်တစ်ယောက်ပုံ လက်ရာကမသေမသပ်ဖြစ်နေပြန်သည်....ဝမ်ကျီးမီးပုံးနှင့်ဝမ်ချင်းမီးပုံးကတော့လက်ရာက အလွန်ကောင်းသည်ပြောရမည်....
ရှောင်ကျန့် မနက်ခင်းအလင်းကမျက်အိမ်ထံဝင်လာပြီမို့နိုးလာခဲ့တယ် နိုးတာနဲ့ အမြဲအဆောင်နောက်ဘက်ကကြာကန်ကိုဆီတံခါးဖွင့်ကာ ကြာသင်းရနံရူကာအစပြုနေကြမို့ ရှောင်ကျန့်တံခါးဖွင့်လိုက်တယ်.....ခါတိုင်းထက်မြူတွေဆိုင်းနေတဲ့ ကြာကန်က ဒီနေ့မှ မြူခိုးတွေပါထွက်နေသလား
ရှောင်.......ဟင် ငယ်
ရှောင်ကျန့်ကြာကန်ဘက်ကျောခိုင်းထားတဲ့ အဖြူရောင်ဝတ်စုံလေးကဘယ်သူဆိုတာ ချက်ချင်းသိလောက်အောင်အထိနှလုံးသားထဲစွဲလန်းရသူ
....နိုးပြီလားကိုကို
ရှောင်......ငယ်...ငယ် ကိုကို့ ငယ်
......ငယ်နားကိုလာဖို့မကြိုးစားပါနဲ့ ငယ်ကကိုကိုနားမှာရှိနေပြီလေ
ရှောင်......ဟင်
.......ငယ် က ကိုကိုအနားမှာလေ ဘာလို့ငယ့်ကို မသိရတာလဲ
ရှောင်.....ကိုကို.မှ ငယ်မျက်နှာကိုမမှတ်မိနိုင်တာ
...ကျိန်စာကြောင့်မလား....
ရှောင်......ဟုတ်တယ်ငယ် ကိုယ်ငယ့်ကိုလွမ်းလှပြီ
.......ငယ်လည်းကိုကို လွမ်းနေပြီ ကိုကို့နားနေချင်ပြီလေ
ရှောင်.......ဒါဆို ကိုယ်ငယ့်ကိုမှတ်မိအောင် ငယ်မျက်နှာလေးမြင်ပါရစေလား
......ကံကြမ္မာကိုလှည့်စားလို့ရပါမလားကိုကိုရယ်....ငယ်ကို ကိုကိုရဲ့မှတ်ဥာဏ်ထက် နှလုံးသားနဲ့ပဲ ရှာပါကိုကိုရယ်
ရှောင်......အင်းပါ ကိုကိုရှာပါမယ် အခုငယ်ကို ထွေးပွေ့ပါရစေ
ပြောရင်း ငယ်အနားကို အလျှင်သွားပေမယ့် ငယ်ကပျောက်ကွယ်ခဲ့ပြီ.....ရှောင်ကျန့်လည်း ငယ်ဆိုတဲ့ အမည်နာမလေးကို ရေရွတ်ရင်း အိမ်မတ်ကနိုးထခဲ့လေပြီ.....
( # ကိုယ်နားကိုပြန်လာသင့်ပြီမဟုတ်လားငယ်ရယ်..ဘယ်အချိန်ထိ ကိုယ်နဲ့ဝေးရာအရပ်ဆီမှာနေဦးမလဲ...ဘယ်အချိန်မှ ငယ်နဲ့ဆုံရမှာလဲ...)...
ကျိုး......သခင်ကြီး
ရှောင်.....အကြောင်းထူးပြီလား ကျိုးချန်
ကျိုး......ထူးပါပြီ
ရှောင်.....ဘယ်သူလဲ
ကျိုး.........အဲ့ဒါက
နားနားတိုးတိုးကပ်ကာပြောတဲ့ ကျိုးချန်စကားကြောင့် ရှောင်ကျန့် စိတ်ပျက်ချင်းတို့အတိ
ရှောင်ကျန့် မျက်ခမ်းစပ်တွေပါနီရဲလာတယ် နာကျင်လာရပြန်တယ်....
တိုတာသိပေမယ့်လို့ ဒီလောက်လေး တစ်ဖျက်up လိုက်ပါတယ် ကျေးဇူး......
Love you all
07/10/2025
The longest love (part7)
လွန်ခဲ့သောနှစ် ၅၀ခန့်က
ရှောင်ကျန့်အတော်ပင်သက်သာလာပြီဖြစ်၍ တောင်အောက်က အခြေအနေကို ထိန်းသိမ်းသင့်သလောက်ထိန်းနိုင်လာခဲ့သည်....သို့သော် တောင်ပေါ်နဲ့တောင်ခြေကလူတွေနှင့်မြို့တော်က လူတွေရဲ့ တိုက်ခိုက်မူကတော့ ရှိနေသေးသည်.....
အခုရှောင်ကျန့်အစိုးရိမ်ဆုံးက သူချစ်ရတဲ့လန်အာပင်ဖြစ်တယ်....ပါးပါးလျလျခန္ဓာကိုယ်လေးက ပိုပြီး သေးသွယ်လာသယောင် အားမရှိဖြူဖက်ဖြူရောလေးကရှောင်ကျန့်ရင်ကို ဖွဲမီးလိုတငွေ့ငွေ့နဲ့ပူလောင်စေသည်...ဒါကြောင့် ဆရာကြီးနဲ့တိုင်ပင်ကာ ချစ်ရသူလေးကို ပြန်လည်လန်းဆန်းလိုတာမို့ ဆရာကြီးဆီထွက်လာခဲ့လိုက်တယ်
ရှောင်p.....လန်အာ အခြေအနေက ပိုဆိုးလာတယ် ဘယ်လိုတွေလုပ်ကြမလဲ
ဆရာကြီး....နည်းလမ်းမရှိဘူး....ဒီအရာက အဆုံးသတ်ကရှိပြီးသားပဲ ကြုံကိုကြုံရမှာ
ရှောင်p.....ဒါပေမယ်သားကျန့် အတွက်အဆင်မပြေနိုင်ဘူး...
ဆရာကြီး.......လန်အာ ထိန်းနိုင်မှာပါ
ရှောင်p......ထိနိးနိုင်ရင်တော်ကာကြပေမယ့်...အဲ့မတိုင်ခင်ကျောခိုင်းထားခဲ့ရင် သားကျန့်က အဆိုးဝါးဆုံးတွေလုပ်လာနိုင်တယ်
ဆရာကြီး.....လန်အာ ကြာကြာတောင်ခံနိုင်အောင်တော့ဆေးတွေပေးထားပါတယ်
ရှောင်p......လန်အာရဲ့ပေးဆပ်မူကတော့ သိုင်းလောကနဲ့ပြည်သူတွေအတွက်အဆင်ပြေနိုင်ပေမယ့် သားကျန့်အတွက်ကတော့ သူချစ်သူရဲ့ နှင်းပန်းအမြုအတေကြောင့်အသက်ရှင်ရတယ်ဆိုတာသိရင်
ဆရာကြီး..... အနှေးနဲ့အမြန်ပဲကွာမယ် သိရမယ့်ကိစ္စမည်သူမှ ဖုံးထားလို့မရဘူး လန်အာတောင်ပေးဆပ်ရဲသေးတာ ငါတို့လည်းကြုံရဖြေရှင်းရဦးမှာပေါ့
ရှောင်ကျန့် ကြားရတဲ့ စကားတွေကို မယုံရဲ အတည်ပြုဖို့လည်းခတ်ခဲလွန်းတယ်.....သူချစ်သူလန်းအာကသူအတွက်နဲ့ .....
ရှောင်......ဆရာကြီး...ပါး ကျွန်တော်ကြားတာတွေက အမှန်မဟုတ်ဘူးမလား
ရှောင်p......သားကျန့်
ဆရာကြီး......ရှောင်ကျန့်စိတ်ကို ငြိမ်အောင်ထား
ရှောင်......ဘာလို့လဲ...ဘာလိုလန်းအာကို အဲ့လိုလုပ်ခွင့်ပေးလိုက်ရတာလဲ
ဆရာကြီး.....ငါတို့ မင်းကိုလိုအပ်တယ်
ရှောင်.....ကျွန်တော်လည်း လန်းအာကိုလိုအပ်တယ်...ဒီလူက အဲ့ကလေးငယ်ကိုလိုအပ်တယ်လေ ဆရာကြီး...
ဆရာကြီး......ရှောင်ကျန့်သေချာနားထောင် ရှေးဖြစ်ဟောမှာပါပြီးသား လန်အာက နှင်းပန်းရည်ကိုသယ်ဆောင်သူဆိုရင် အချိန်တန်ရင်
ရှောင်....ဆရာကြီး!! မပြောပါနဲ့ လန်းအာ ကနှင်းပန်းရည်ကိုသယ်ဆောင်သူဆိုရင် ကာကွယ်ရမှာမဟုတ်ဘူးလား ဘာကြောင့်
ဆရာကြီး.....အဲ့ဒါကိုကာကွယ်ဖို့မင်းရှိရမယ်လေ အခုမင်းကိုတိုင်ဖြစ်ပြီဆိုတော့
ရှောင်.......ကျွန်တော်ကိုသေခိုင်းလိုက်တာကမှပိုကောင်းသေးတယ် အခုတော့ လန်းအာ..ရာ...
ပြေးထွက်သွားသော ရှောင်ကျန့်ကို မည်သူမှ မတားမိ
ရှောင်ကျန့် လန်းအာရဲ့အဆောင်ဆီဦးတည်သွားလိုက်တယ်....အဆောင်ရှေ့ သစ်ပင်ရိပ့်မှာ ငြိမ်ငြိမ်သက်သက်နဲ့ အရှေ့ကကြာကန်ကို ငေးကြည့်နေတဲ့ လန်းအာဆီကို အလျှင်လျှောက်သွားရင်း...ပုခုံးနှစ်ဖက်ကို ဆုတ်ကိုင်လို့
ရှောင်......ကိုယ့်ကို ရူးစေချင်တာလားငယ် ဟမ်....ကိုယ်ဘာကိုလိုအပ်လဲ ငယ်မသိဘူးလားကွာ
လန်းအာ အကြောင်းအစုံသိပြီးပြီလို့ ယူဆလိုက်တယ် မျက်ရည်တွေအပြည့်နဲ့ ကိုကို ကိုလန်းအာအလွန်သနားမိတယ်...ကိုကိုပါးပြင်နှစ်ဖက်က မျက်ရည်တွေကို သုတ်ဖယ်ပေးသော်လည်း မျက်ရည်တာကျိုးတဲ့ ကိုကို ကြောင့် လန်းအာ ရင်ကွဲရပါသည်
လန်......ကိုကိုရယ်
ရှောင်......ငယ်ရယ် ဘာလို့လဲကွာ ကိုယ် ငယ်ကိုဘယ်လောက်လိုအပ်ကြောင်းမသိလို့လားကွာ ဘာကြောင့်လဲကွာ ကိုယ် ကိုယ် ရင်တွေကွဲနေပြီသိရဲ့လား
လန်......ကိုကိုရယ် လန်းအာတောင်းပန်ပါတယ်
ရှောင်......ချစ်သူကိုကာကွာရမယ့်အစား ချစ်သူရဲ့အမြုအတေနဲ့ ဟာကွာ
ပြောရင်းမြေကြီးပေါ်ဒူးထောက်ချတဲ့ ကိုကို အတိုင်းလန်းအာ အမြန်ဒူးထောက်လိုက်ရင်း
လန်......အဲ့လိုမလုပ်ပါနဲ့ကိုကိုရယ် အခုလန်းအာ ကိုကိုနားရှိနေတယ်လေ
ရှောင်.....ဘယ်လောက်လဲ ဘယ်လောက်ကြာကြာရှိနေမှာလည်း....ကိုယ်က ငယ်နဲ့တစ်သက်လုံးနေချင်တာလေကွာ...ငယ်ကိုတစ်သက်လုံးယုယထွေးပွေ့ချင်တာလေကွာ....
လန်.....ကိုကိုရယ် လန်းအာ အားတင်းထားမှာပေါ့
ရှောင်.....ငယ်ရယ် ငယ်မသိဘူးလားကွာ ကိုယ် ငယ်ကိုဘယ်လောက်လိုအပ်လဲဆိုတာ ကိုယ်အချစ်တွေများပေါ့သွားလို့လား ထုတ်ဖော်မပြခဲ့လို့လားကွာဟမ်...ပြော.ပါဦး ကိုယ်အချစ်ရယ်
လန်.....မဟုတ်ပါဘူး မဟုတ်ပါဘူး ကိုကိုရယ်
ရှောင်......ငယ်ပြောတော့ ကိုယ်နဲ့တစ်သက်လုံးနေချင်တာဆို အခုတော့ ကိုယ့်ကိုအရင်ထားခဲ့ချင်တာလား ငယ်ရယ် ...
လန်.......ငယ်ဆေးတွေသောက်နေတယ်လေ ကိုကိုရယ်....ဒီထက်အများကြီးလည်းသောက်မယ် ကိုကိုအနားအကြာကြီးနေနိုင်အောင်ကြိုးစားမှာပေါ့
ရှောင်ကျန့် မထိရက်မချွေရက်ချစ်ခဲ့ရတယ်ချစ်သူက အခုသူအရှေ့မှာ ကြွေလွှင့်ဖို့ရက်ကို ဖျက်သန်းရနေတယ် သူမှာ ဖမ်းဆုတ်စရာ ချစ်သူလေးကိုဆွဲထားဖို့ရာ အဘယ်အရာမှမတက်နိုင်.......လန်းအာကိုယ်လုံးလေးရင်ခွင်ထံအပြည့်သိမ်းဖက်ထားလိုက်တယ်....
ဆရာကြီး......ရပ်တော့ ရှောင်ကျန့် ဒီလိုလုပ်နေရင် ကျိုးချန်သေဖို့ပဲရှိတော့တယ်
ရှောင်......သူတို့ကို ဘယ်သူခွင့်ပြုချက်နဲ့ ငယ်အမြုအတေကို ယူရတာလဲ
ဆရာကြီး.....အဲ့ဒါမင်းကိုကယ်ဖို့လေ ကျိုးချန်ကအဆိပ့်အရင်သောက်ပြီး အမြုတေနဲ့စမ်းသပ်ခဲ့လို့ မင်းကိုကုလို့အောင်မြင်တာပေါ့
ရှောင်......ဒါဆိုသူကရော
ဆရာကြီး.....ဝင်လည်းအတူတူပဲ ကျိုးချန်သတိမရလာတော့ ထပ်စမ်းသပ်ကြည်တာ
ရှောင်.....မင်းတို့မသိဘူးလား ငါ ငယ်ကိုလောက်ချစ်တယ်ဆိုတာ တကယ်ဆို မင်းတို့က ငါမရှိရင်သူကိုစောင့်ရှောက်ရမှာ အခုတော့ ငါ့ငယ်က ငါကိုခွဲထားရစ်တော့မယ် သိကြလား...
ဆရာကြီး.......သူတို့က မင်းရဲ့လူတွေလေ မင်းကိုအသက်နဲ့ရင်းပြီးစောင့်ရှောက်နေကြရသူတွေ...မင်းအခုလိုဖြစ်ချိန် သူတို့အသက်ကိုရင်းပြီး မင်းအတွက် နည်းလမ်းရှာပေးထားကြတာပါ...အားလုံးထဲမှာ လန်းအာက အထိခိုက်ဆုံးဖြစ်ခဲ့ရတာပေါ့
ရှောင်.....အဲ့လိုတွေတွေးနေလို့ ကျွန်တော်ချစ်သူအနားတစ်သက်လုံးနေနိုင်မှာမို့လို့လား ဆရာတို့ ပါးတို့က တာဝန်ဝတ္တရားတွေကျွန်တော်ပေါ် တင်ထားခဲ့တာ ကျွန်တော်မွေးကတည်းကပဲ လောကမှာ နေရချိန် ဒါတွေနဲ့ပဲ လည်ပတ်ရမယ့်ထင်နေတဲ့ ကျွန်တော်ရဲ့ မွဲခြောက်နေတဲ့ ကျွန်ဘဝကို အချစ်ဆိုတဲ့သာယာမူခေးယူဆောင်လာပေးတဲ့ လန်းအာကိုပါ ဆရာတို့က တာဝန်ဝတ္တရားရဲ့ခေါင်းစဥ်နဲ့ သိမ်းယူလိုက်ကြတာ ဘယ်မှာကျွန်တော်ရဲ့ပျော်ရွှင်မူ...ဘယ်မှာလဲ!!!..အခုကျွန်တော်ချစ်သူကိုပြန်ကောင်းအောင်ဘယ်သူလုပ်ပေးနိုင်မှာလဲ..ဘယ်သူရှိလဲ!!!
ကျယ်လောင်စွာထွက်ပေါ်လာတဲ့ခန်းမဆောင်မှ သားဖြစ်သူအသံကြောင့် ရှောင်ရန်အသက်ပြင်းချမိတယ်...
ရှောင်p......လန်းအာသခင်လေးကို ခန်းမဆောင်ကိုခေါ်ဆောင်လာခဲ့ဦး ရှောင်းသခင်လေးအတွက်လိုအပ်တယ်လို့ပြောလိုက်
......လန်းအာသခင်လေး မနက်က သွေးတွေအန်လာတယ်နေထိုင်အတော်မကောင်းဖြစ်နေရှာတယ်.အဲ့ဒါကြောင့်ရှောင်သခင်လေးကအခုလောက်ထိစိတ်ဆိုးနေရှာတာပါ
ရှောင်p......ခတ်တော့ခတ်ပြီ ဒီအတိုင်းဆိုသားကျန့် စိတ်ရိုင်းဝင်တော့မှာပဲ
ရှောင်ရန် ခန်းမဆောင်ထဲ ဝင်ပြီးရှောင်ကျန့်ကိုထိန်းဖို့အသွား အပြေးအလွှားဝင်လာတဲ့ တပည့်တစ်ယောက်က
.....သခင်ကြီး မြို့တော်က လူတွေ တောင်အောက်က ရွာတွေကို တိုက်ခိုက်သိမ်းယူနေပါတယ်
မကြားသင့်တဲ့လူအရှေ့မှာ မကြားသင့်တဲ့စကားက ထွက်လာခဲ့ပြီးမို့ ရှောင်ရန်တစ်ယောက် စိတ်မသက်နဲ့ မျက်လုံးတာမှိတ်ချမိတယ်.....ဘယ်လောက်တောင်ဆိုးဝါးမယ့်အခြေအနေမျိုးကြုံလာမလဲ မတွေးတက်တော့...
ရှောင်ရန်အတွေးတောင်မဆုံးသေးဘူး....နီရဲစူးရှနေတဲ့ မျက်ဝန်းတစ်စုံ ခတ်ထန်မာကြောသွားသည်မှာ ကြောက်မတ်ဖွယ်အတိ....
ရှောင်...မြို့တော်ကလူတွေ...မြို့တော်ကလူတွေနဲ့ဒီလူတွေလောဘ အတောမသတ်နိုင်ကြသေးဘူးလား...သေသင့်တဲ့လူတွေ အကုန် သတ်ပစ်မယ်
ရှောင်p.....သားကျန့်မလုပ်နဲ့!!!လက်လွန်မယ်
ပြောရင်းလေအလျှင်နဲ့ထွက်သွားတဲ့ ရှောင်ကျန့်အနောက် ဆရာကြီး ရှောင်ရန်နဲ့ ကျိုးချန်တို့ အလျှင်မီလိုက်ရတယ်
တောင်အောက်ရောက်တာနဲ့ ထိန်းမရနိုင်အောင် ကျင့်စဥ်တွေ နဲ့မြို့တော်ကလူတွေကို သုတ်သင်နေသလို ဘာကိုမှခွဲခြားနိုင်စွမ်းမရှိတဲ့ ရှောင်ကျန့်က အတွင်းအားတွေ ထုတ်သုံးတာမို့ အကုန်လုံးနီးပါ ထိခိုက်ပျက်စီးမူတွေဖြစ်လာတယ်.....ရှောင်ရန်တို့ နိုင်သလောက်သာတားသောလည်းမရ....ဒီလိုဆိုးဝါးမူကို ရှောင်ရန်ကြိုတင်တွေးထားပေမယ့် အခုတော့မျက်ဝါးထင်ထင်မို့ တစ်သတိမလွှတ်စတမ်း လူတွေကို ကာကွယ်နေရတယ်...
ရှောင်p.....မဖြစ်ချေဘူး လန်းအာသခင်လေး ကိုရအောင်သွားခေါ်ခဲ့ကျိုးချန် နေထိုင်မကောင်းတာသိပေမယ့် ဒီတိုင်းဆို အကုန်သေကုန်မယိ သားကျန့်လည်းစိတ်ရိုင်းဝင်မယ် လန်းအာသခင်လေးပဲ ထိန်းနိုင်မယ်ထင်တယ်
လန်အာတစ်ယောက် မတပ်ရပ်ဖို့ပင်အားအင်မရှိသလိုဖြစ်နေသော်လည်း ကိုကိုရဲ့သတင်းကြားရတဲ့အခါ ကျန်းချန်တို့ အကူအညီနဲ့ရအောင်တောင်အောက် ဆင်းလာရတယ်
လန်.......ကိုကို ရပ်လိုက်ပါတော့
လန်အာ အားပြု၍အော်သော်လည်းရှောင်ကျန့်က သည်းကြီးမည်းကြီး မြို့တော်က လူတွေကို ဖြိုခွင်းနေဆဲ
ကြံရာမရတဲ့ လန်အာက အနီးနားကဓားတစ်ချောင်းကိုယူကာ သူ့လည်ပင်းကိုထောက်ထားရင်း
လန်......ကိုကို!!! ရပ်လိုက်တော့လို့...ငယ်ကိုကြည့် ကိုကိုမရပ်ရင် ငယ်ဘာလုပ်မလဲဆိုတာ...အ့
လန်အာ အသံကိုထုတ်ကာအော်ကာမှ ရှောင်ကျန့်က လှည့်ကြည်လာရင်း လက်ထဲက ဓားကိုလွတ်ကာ လန်းအာကို သူ့အတွင်းအားနဲ့ သူဆီရောက်အောင်ဆွဲယူရင်း ဖျစ်ညစ်ပွေ့ဖက်ထားကာ
ရှောင်......ဘာလို့လဲ ကိုယ်ဆီက ဖြည်းဖြည်းချင်းထွက်သွားတာ အားမရလို့ ချက်ချင်းထွက်သွားချင်နေတာလား ငယ်က
လန်......ငယ်က ကိုကို ကိုတားချင်ယုံပါ
ရှောင်.......သူတို့က ငယ်ကို ကိုယ့်နဲ့ဝေးစေတဲ့ အဓိက တရားခံတွေလေ
လန်.......ဘာဖြစ်ဖြစ်ပါ ကိုကို ငယ်ကိုကတိပေး
ရှောင်......ဘာကတိလဲ
လန်....နောက်မှာမေးပါ အရင်ကတိပေး
ရှောင်......အင်းပေးတယ်
လန်.......နောက်ဆိုဘယ်တော့မှ လူတွေကိုထိခိုက််မယ့်အလုပ်မလုပ်ပါဘူးလို့ ပြီးတော့ မြို့ပေါ်ကလူတွေကိုလည်းရန်မပြုပါဘူးလို့
ရှောင်.....ဒါပေမယ့်ငယ်
လန်.....ကိုကို ကတိပေးပြီးသားလေ ကတိတည်နော်
ရှောင်ကျန့် စိတ်သဘောထားဖြူစင်ကောင်းဖွယ်လွန်းတဲ့ ချစ်သူလေးကိုရင်ခွင်ထဲ အပြည့်ပွေ့ဖက်ထားလိုက်ရင်း ထိုနေရာမှ ထွက်လာခဲ့လိုက်တယ်....
ရှောင်........ငယ်အတွက်တခြားနည်းလမ်းရှာပါ
ဆရာကြီး......ရှောင်ကျန့်
ရှောင်........ခတ်ခဲမှန်းသိတာတောင်ငယ်ဆီကဘာလို့ယူလိုက်ကြလဲ
လန်.........ကိုကို ငယ်သက်သာတယ် ငယ်ဆီလာ ငယ်ပြောစရာတွေရှိသေးတယ်
ကုတင်ပေါ်ကနေတိုးတိုးဖွဖွ ခေါ်သံကြောင့်ရှောင်ကျန့်သွားလိုက်ရင်း ငယ်လက်လေးကိုဆုတ်ကိုင်ထားမိတယ်....တစ်ရက်ကုန်သွားတိုင်း ဆိုးဝါးလာတဲ့ အခြေအနေကနေ အခုဆိုလျှင်နာရီပိုင်းနဲ့ အခြေအနေကပိုဆိုးဝါးလာသည်.....
သယအခြေအနေသိတဲ့ လန်အာက ရှောင်ကျန့်ကိုအချိန်တိုင်းလူတွေကိုကာကွယ်ပြောရင်း သူကျိမ်းသေပေါက်ပြန်လာမည်ဖြစ်ကြောင်းအထပ်ထပ်အခါခါကတိပေးတယ်....ရှောင်ကျန့်ရဲ် စိတ်အစဥ်က တည်ငြိမ်လာ.ပေမယ့် ပူဆွေးသောကကတော့နေနေ့ ညညတိုးလာဆဲ....
ရှောင်ကျန့်က ပူဆွေးလွန်းတဲ့သောက ကိုနေရောညရော ခံစားရပြီး သူချစ်သူလန်းအာပျောက်ကွယ်သွားမှာစိုးရိမ်တဲ့ ရှောင်ကျန့်က နေမသိညမသိ လန်အာနားကမခွာ အရိပ်တကြည့်ကြည့်.....
ဘယ်သူထင်မလဲ ထိုမျှလောက်ချစ်ကြတဲ့ချစ်သူနှစ်ဦးကိုကြံကမ္မာက ကွဲကွာမို့ဖြစ်လာစေမယ့်လို့
လန်းအာရဲ့ ဝင်ထွက်သက်ထွက်ကိုပင်မမှိတ်မသုန်ကြည့်နေတဲ့ ရှောင်ကျန့်ရဲ့ပါးပြင်ကို လန်အာက ထိတွေ့ရင်း
လန်......ကိုကို
ရှောင်.....အင်းပြောလေငယ်ကိုကိုရှိပါတယ်
လန်.....ကိုကို ကလိမ္မာလိုက်တာ ငယ်ကိုကိုဆီကျိမ်းသေပေါက်ပြန်လာခဲ့မှာပါ
ရှောင်.......မထွက်သွားပါနဲ့ငယ် ကိုယ်မရှင်သန်နိုင်ဘူးငယ် ဖြစ်နိုင်ရင် မသွားပါနဲ့ငယ်ပြန်လာတာထက် ထွက်သွားတာကို မလိုချင်လို့ပါငယ်ရယ်
လန်.......ကြည့် လိမ္မာတယ်ပြောမှ မျက်ရည်တွေကျလာပြန်ပြီ
ရှောင်.......သွေးမျက်ရည်ပါကျပါစေ ငယ်ထွက်မသွားရင်ရပြီ
လန်......ငယ်ပြန်လာခဲ့မယ် ကိုကိုဆီကို
ပြောရင်း လန်အာက ရှောင်ကျန့်ရဲ့နဖူးကိုအနမ်းတစ်ပွင့်ချွေတယ်..ပြီးတော့ရှောင်ကျန့်မျက်ရည်တွေသုတ်ပေးရင်း ရှောင်ကျန့်ကိုသွားတန်းလေးတွေပေါ်အောင်ပြုံးပြတယ်....ထိုအပြုံးကိုရှောင်ကျန့်သိတယ်....
ရှောင်......ဟင့်အင်းငယ်မလုပ်ပါနဲ့ ကိုယ်ကိုထားမသွားပါနဲ့
ရှောင်ကျန့်လန်အာရဲ့ခန္ဓာကိုယ်လေးကိုပွေ့ဖက်ကာမတင်းမကျပ်ဖက်ထားလိုက်တယ်
ခြေဖျားမှစပြီး တစတစမှေးမှိန်ပျောက်ကွယ်သွားတဲ့ အလန်းတန်းအမူန်လေးကိုရှောင်ကျန့်လျစ်လျူရူရင်း ချစ်ရသူကိုသာထွေးပွေ့ထားတယ်
ရှောင်......မလုပ်ပါနဲ့!!!!အား ငယ်ကိုမခေါ်သွားကြပါနဲ့..ငယ်!!!ငယ် ကိုယ်ကိုမထားခဲ့ပါနဲ့ငယ်!!!..ငယ်!!!.
ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးသံက တောင်တစ်ခွင်လုံးပဲတင်ထပ်နေတယ်.....
နောက်ဆုံးမှာတော့တိတ်ဆိတ်သွားတဲ့အဆောင်နဲ့အတူ တောင်တစ်ခုလုံးမှာ သစ်ရွက်လူပ်သံပင်ငြိမ်သက်သွားသလား.....
ရှောင်ကျန့် မပျောက်ကွယ်ဖို့အရေးကျစ်ကျစ်ပါအောင်သိမ်ဖက်ထားသော ချစ်သူခန္ဓာကိုယ်လေးဟာ အခုတော့ဖြစ်သူလက်ထဲ နောက်ဆုံးအနေနဲ့ အဝတ်စတစ်ခုတောင်မကျန်ရစ်ခဲ့ပါ.....လေဟာနယ်ထဲက အလင်းမူန်လေးတွေတောင်မရှိတော့တဲ့အခါ ရှောင်ကျန့်က အသက်ရှင်နေသောသက်မဲ့လူသားဖြစ်သားဖြစ်သွားခြေပြီ.....
ညဘက်ကတိတ်ဆိတ်မူက နံနက်ရောင်ခြည်ထွက်လာသော်လည်း နွေးထွေးမူအတိကင်းမဲ့စွာ....တစ်ညလုံးအဆောင်အပြင်မှာစောင့်ကြည်ခဲ့ကြတယ် ရှောင်ရန်သခင်ကြီးနဲ့ ဆရာတို့ဝင်လာတဲ့အခါ မထင်မှတ်ထားတဲ့မြင်ကွင်းက ဆီးကြို့လို့နေတယ်...
ချစ်သူသောက်နေကြဆေးကို သေသေချာချာ ဖျော်ပေးနေတဲ့ရှောင်ကျန့်က ကုတင်ကိုကျောခိုင်းလျှက်
ရှောင်ကျန့်ရဲ့ရေရွတ်မူက ကြေကွဲဝမ်းနည်းဖွယ်အတိ
ရှောင်......ငယ်က စောနက မှအိပ့်သွားတာ ငယ်နိုးလာရင် သောက်ဖို့ ဆရာကြီးပေးတဲ့ဆေးတွေ ဖျော်နေတာ
ရှောင်p......သားကျန့်
ရှောင်.....ပါး ငယ်နိုးသွားမယ် ငယ်က အိပ့်နေ ဟင်
ပြောရင်းကုတင်ဘက်ကိုလှည့်ကြည့်လိုက်တဲ့ ရှောင်ကျန့်က အံသြတဲ့ မျက်နှာအနေအထားဖြစ် ဖောင်းကြွနီရဲနေတဲ့မျက်လုံးတွေကိုမှအားမနာ ထပ်မံလျှံထွက်ကာ ပါးပြက်ကို ဖျက်ဆင်းလာတဲ့မျက်ရည်တွေကိုလျစ်လျူရူရင်း
ရှောင်.....ငယ်ရော!!!...ငယ်... ငယ်..
ဆရာကြီး.......မင်းလက်ခံရမယ် ရှောင်ကျန့် လန်းအာက မင်းအရှေ့မှပဲ
ရှောင်......အဲ့လိုမဖြစ်သင့်ဘူးမဟုတ်လား ဟမ် မဖြစ်မနေဆိုရင်တောင် ပွေ့ဖက်ထားခို့ရမယ့် ခန္ဓာကိုယ်လေးတော့ချန်ထားပေးသင့်တယ်မဟုတ်လား ဘယ်လိုကြံကမ္မာလည်း ဘာလို့ ကျုပ်နဲ့ငယ်ဆီကိုမှလဲ ဘာလို့လဲ!!!!
ရှောင်p......သားကျန့် လန်အာအတွက်စီစဥ်စရာရှိတာစီစဥ်ရအောင်
ရှောင်.....ဟင်းအင်း ငယ်က စောနကပဲ ဒီမှာရှိနေတာ...စောနကပဲ ရှိနေသေးတာ....ခဏလေး ခဏလေးထွက်သွားတာပါ ငယ်ပြန်လာမှာပါ
ရှောင်p......သားကျန့် စောင်.နေတာသိရင် လန်းအာက ပြန်လာမှာပါ ဒါပေမယ့်ဒီလို မျိုးနဲ့တေည့စောင့်လို့မရဘူး လန်းအာ တောင်းထားတဲ့ကတိတွေအတိုင်းနေရင်းစောင့်ရမှာလေ
ရှောင်.......အဲ့အစားသေသွားတာမှကောင်းဦးမယ်
ဆရာကြီး........သေချာပေါက်လန်းအာပြန်လာမှာပါ
ဟုတ်လားလန်းအာ ငယ်ကိုကိုဆီ ပြန်လာမှာမဟုတ်လား ကိုယ်အခုစောင့်နေတာ နှစ်၅၀ ဆယ်ရှိပြီ အရမ်းကြာနေပြီမဟုတ်လား လန်းအာ ကိုယ့်ဆီပြန်လာသင့်ပြီလေ.... နှစ်၅၀ ကြာပေမယ့် လန်းအာကိုယ်ဆီ မလာမချင်းတော့ကိုယ်ကစောင့်မယ် နှစ်ပေါင်းထောင်ချီကြာရင်တောင် ကိုကိုစောင့်မယ့် ကိုကိုကတိသလို လန်းအာလည်းကတိတည်ပါနော်....
တောင်ပေါ်သခင်ကြီးရဲ့ အတိတ်အကြောင်းကိုနားထောင်နေကြတဲ့ ဝမ်မင်းသားတို့မှာ လည်းစို့နစ်ကြေကွဲလျှက်...
ဝမ်ကျီး.......အဲ့လောက်တောင်ချစ်ခဲ့ကြတာကို ကြံကမ္မာက ရက်စက်လိုက်တာ
ရက်ဘက်ကို ဖိနိုပ့်ရင်းမျက်ရည်တွေနဲ့အတူပြောလာတဲ့ ဝမ်ကျီးကို ကြည့်ရင်းဝင်နင်အကဲခတ်မိတယ်....
လျို.....အခုရော တောင်ပေါ်သခင်ကြီးရဲ့ ချစ်သူကိုတွေ့ပြီလား
ဝင်....မျက်နှာချင်းဆိုင်တွေ့ရင်တောင် တောငိပေါ်သခင်ကြီး မှတ်မိနိုင်စွမ်းမရှိဘူး
ဝမ်ချင်း.....ဘာလိုလဲ
ဝင်......နှင်းပန်းရည် သယ်ဆောင်သူရဲ့မျက်နှာကို သူလောကမှာမရှိတော့တဲ့အခါ နှင်းပန်းရည်နဲ့ ရင်းနှီးသိကျွမ်းဖူးသူတိုင်းမမှတ်မိနိုင်တဲ့ ကျိန်စာခိုအရာကြောင့်ပြောရမလား သူရဲ့ အကြိုက်တွေ နေထိုင်ပုံတွေ အကုန်မမှတ်မိနေပေမယ့် မျက်နှာက ဘယ်လိုမျိုးလဲဆိုတာ လုံးဝအစတောင်ဖော်မရဘူး...
လျို.....မိသားစုသင်တွေကောလား
ဝင်.....မိဘ အပါအဝင်ပါပဲ...
ဝမ်ကျီး......ရက်စက်လိုက်တာ ဒါဆို ပုံတူပန်းချီလေးတွေတော့
ဝင်......ရှိခဲ့တာပေါ့ အရင်က တောင်ပေါ်သခင်ဆွဲခဲ့တဲဲ့ လန်းအာ သခင်လေးရဲ့ပုံတူတွေ
ဝမ်ကျီး.....အဲ့ဒါတွေရှိရင်
ဝမ်အာ.....မျက်နှာနေရာမှာ ဆေးစက်ရာ တစ်ခုတောင်မရှိဘူး
ဝမ်ကျီး.....ဟင် ညီတော်က ဘယ်လိုသိလဲ
ဝမ်အာ......ဟိုတစ်ခါ တောင်ပေါ်သခင်ကြီးအဆောင်ဝင်ထဲက ရှာတွေ့မိတဲ့ သက်ဝင့်လှတဲ့ပန်းချီကားတွေမှာ မျက်နှာနေရာ ဖော်မပြထားဘူး
ဝင်......ဟုတ်တယ် အရင်က ဆွဲခဲ့ဖူးတဲ့ ပန်းချီက ဆေးစက်တောင် ပျက်ပျယ်ခဲ့လို့ တောင်ပေါ်သခင်ကြီး အရူးတပိုင်းဖြစ်ခဲ့သေးတယ်
ဝမ်ကျီး........ဘယ်လိုတောင်ရပ်တည်နေထိုင်နေပါလိပ့် တအားခံစားနေရရှာမှာ
ဝင်......သူချစ်သူပြန်လာမယ်ဆိုတဲ့စကားကို ယုံပြီးစောင့်နေတာပေါ့
ဝမ်ကျီး....တောင်ပေါ်သခင်ကြီးရဲ့ ချစ်သူလေးတောင်ပေါ်သခင်ကြီးဆီ အမြန်ပြန်လာပါစေတော့ လို့ဆုတောင်းပေးပါတယ်
ဝမ်အာ.....ကော
ဝမ်ကျီး.....ပြောလေ ဝမ်အာ
ဝမ်အာ......တောင်ပေါ် သခင်ကြီးကိုသနားတယ်
ဝမ်ကျီး.......ကောလည်းအတူတူပါပဲ ဝမ်အာရယ်
😎😎ဒီနေ့တော့ ဒီလောက်ပါပဲ လန်းအာလေးနဲ့အတူပြန်လာခဲ့ပါမယ်