10/06/2017
မြန်မာ့ရာဇဝင်ကို စိတ်ဝင်စားသည့် စာဖတ်ပရိတ်သတ်အတွက် ဦးမောင်မောင်ထင် ပြုစု ရေးသား ထားသည့်
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ၃ အုပ်တွဲ ရှိပါကြောင်း သတင်းကောင်း ပါးအပ်လိုက်ပါတယ်။
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်, Yangon.
"ဆရာပါရဂူသည် တဂိုးအား ဂုဏ်ပြုသောအားဖြင့် ရွှေပေါက္ကံမြို့သစ်တွင် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်ကြီးကို တည်ထောင်ခဲ့သူ" ဖြစ်သည်။
ရွှေပေါက္ကံမြို့သစ် (၁၆) ရပ်ကွက်၊ ဦးပုညလမ်း အမှတ် (၉၈၈/ ၉၉၀) တွင် တည်ရှိသည့် ပါရဂူရှန်တိနိကေတန်စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆရာကြီး၏ စာဖတ်ပရိတ်သတ်တစ်ဦးမှ ဤစာမျက်နှာအား ထူထောင်ထား ခြင်းဖြစ်သည်။
10/06/2017
မြန်မာ့ရာဇဝင်ကို စိတ်ဝင်စားသည့် စာဖတ်ပရိတ်သတ်အတွက် ဦးမောင်မောင်ထင် ပြုစု ရေးသား ထားသည့်
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ၃ အုပ်တွဲ ရှိပါကြောင်း သတင်းကောင်း ပါးအပ်လိုက်ပါတယ်။
02/06/2017
ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် အလှူရှင်အား
ပေးသည့် ဂုဏ်ပြုမှတ်တမ်းလွှာ
02/06/2017
အောင်မြင်သူ၏ စာအုပ်၃အုပ်
အသစ်ရောက်ရှိလာပါတယ်။
Library
02/06/2017
လေးအိမ်စု အရှင်ဝိစိတ္တသာရ စီစဉ်သည့် စကားလက်ဆောင် တရားလက်ဆောင် စာအုပ်
#ပါရဂူရှန်တိနိကေတံစာကြည့်တိုက်
20/12/2016
Shantinikatan Library
20/12/2016
19/12/2016
သူလိုဘုရင် - ပါရဂူ
http://www.mediafire.com/?wlv6vw7kygc9cdb
သူလို ဘုရင်.pdf MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.
19/12/2016
ဆရာပါရဂူရေးသားသည့် ဘဝခရီသည်စာအုပ်အား PDF အဖြစ်ရယူပါ။
http://www.mediafire.com/?f4d5ckmwdk6ne8c
ပါရဂူ ဘဝခ၇ီးသည်.pdf MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.
19/12/2016
အမည်ရင်း - ဦးလှကြိုင်
မိဘအမည် - ဦးဘစော + ဒေါ်မေတုတ်
မွေးသက္ကရာဇ် - ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁ဝ) ရက်
မွေးဖွားရာဒေသ - ဟင်္သာတခရိုင်၊ သန္ဓံသနော့ကျေးရွာ
ကလောင်အမည်ခွဲများ - ဝိဇ္ဇာ၊ လှကြိုင်၊ ပုဏ္ဍရိက
ဆရာပါရဂူသည် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ လသန္ဗံသနော့ရွာ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ (၁၂) နှစ်သားအရွယ်တွင် သန္ဗံသနော့ ဘုန်းတော်ကြီးကျောင်း၌ ကိုယ်ရင်ဝတ်သည်။ ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိက ဖြစ်သည်။ (၁၄) နှစ်အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေးကျောင်းတိုက်၌ ပညာသင် သည်။ ရှင်ပုဏ္ဍရိက ဘွဲ့အမည်ကို ရှင်ပါရဂူ ဘွဲ့အမည်ပြောင်းသည်။ (၁၅) နှစ်အရွယ်တွင် သန်လျင်မြို့နယ် လဟာရက်ရွာ ပထမပြန်စာသင်တိုက်မှ အစိုးရ ပထမပြန်စာမေးပွဲ ပထမငယ်တန်း အောင်မြင်သည်။ (၁၆) နှစ် အရွယ်တွင် ပထမလတ်တန်း၊ (၁၇) နှစ် အရွယ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်သည်။ ထိုနှစ်က ဟံ သာဝတီ တခရိုင်လုံး ပထမကြီး နှစ်ပါးတည်း အောင်မြင်ရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။ ပထမပြန်စာမေးပွဲ သမိုင်း၌ ထိုနှစ် ထိုအချိန်ထိ (၁၇) နှစ်နှင့် ပထမကြီး အောင်မြင်သူ နှစ်ပါးတည်းသာရှိရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။
၁၉၃၉ ခုနှစ်တွင် ‘မျိုးညွန့်နွယ်’ အမည်ဖြင့် တိုးတက်ရေးမဂ္ဂဇင်း၊ သာမဏေ ရှင်ပါရဂူ အမည်ဖြင့် ဒဂုန်မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ ရေးသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော အစိုးရ ဓမ္မာစရိယ စာမေး ပွဲတွင် ဂုဏ်ထူးသုံးကျမ်းဖြင့် အောင်မြင်သည်။ တိုးတက်ရေးမဂ္ဂဇင်းတွင် ‘ဘုန်းကြီးကျောင်းသား’ အမည်ဖြင့် ‘ဝိပါက်’ ဝတ္ထုနှင့် ‘ရင်သွေး’ ဝတ္ထုတို့ကို ရေးသည်။
၁၉၄၂ ခုနှစ်တွင် မြစ်ကွေ့ကျောင်းတိုက် စတုတ္ထဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ်ဆရာ အရာထားပြီး ဘ ကြီးတော်သူ ဦးဘိုးသီ၊ ဒေါ်စောလေးတို့က ရဟန်းဒါယကာပြုလျက် ဥပသမ္ပ ကံဆောင် ပဉ္စင်းအဖြစ် ရောက်ရှိ ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် သန်လျင်မြို့ ဂျပန်စာသင်ကျောင်း (ယခင် စိန်ဂျောဂျက်) ၌ ဂျပန်စာ နှစ်နှစ် သင် သည်။ မြန်မာတနိုင်ငံလုံးရှိ ဂျပန်စာသင်ကျောင်းများအတွက် ထုတ်ဝေသော ဂျပန်စာစောင်၌ ဂျပန်ဘာသာ ဆောင်းပါးရေးသည်။
၂၀၁၁၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က ၀ါးခယ်မ သခင်သိန်းမောင် (၀ဲအစွန်) ၏ (၉၂) နှစ်ပြည့် မွေးနေ့ပွဲတွင် ဆရာပါရဂူကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့်အတူ တွေ့ရစဉ်
အိန္ဒိယသူဌေးကြီး ဗီရလာ၏ အရိဓမ္မ ပညာတော်သင်ဆုဖြင့် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဗာ ရာဏသီ ဟိန္ဒူတက္ကသိုလ်၊ အိုရီယမ်တယ်ကောလိပ်၌ ဟိန္ဒီနှင့် သက္ကတ သင်သည်။ ထိုအချိန်တွင် မိဂဒါဝုန် မ ဟာဗောဓိအသင်းက ထုတ်ဝေသော ဟိန္ဒီဘာသာ ဓမ္မဒူတ စာအုပ်၌ ဟိန္ဒီဘာသာဆောင်းပါး ရေးသည်။ ဂျာနယ်ကျော်၌လည်း ရေးသည်။ ၁၉၅၂ တွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ‘ဝိဇ္ဇာ’ အမည်ဖြင့် ဗော်လဂါမှ ဂင်္ဂါ သို့ (ဒုတိယပိုင်း) ရေးသည်။ ၁၉၅၄ ခုနှစ်တွင် ‘ပါရဂူ’ အမည်ဖြင့် ဗုဒ္ဓစကား ရေးသည်။ ၁၉၅၅ ခုနှစ်တွင် လူ ဝတ်လဲသည်။
၁၉၅၆ ခုနှစ်တွင် နယူးဒေလီမြို့ အာရှစာရေးဆရာများညီလာခံ အတွင်းရေးမှူးအဖွဲ့သို့ မြန်မာစာရေးဆရာ ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ ၁၉၅၇-၆၁ အထိ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး ပြန်ကြားရေး ဘာသာ ပြန်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ မှ ၁၉၆၁ အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် အ မှုဆောင် တာဝန်ထမ်းဆောင်သည်။ ၁၉၆၃ ခုနှစ်တွင် ‘သုန္ဒရာနန္ဒ ခေါ် ညီတော်မင်းနန်’ စာအုပ်ဖြင့် အနုပညာ ဆိုင်ရာ ဘာသာပြန်စာပေဆု ချီးမြှင့်ခြင်းခံရသည်။
၁၉၆၃ မှ ၁၉၆၅ အထိ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂအသင်း အမှုဆောင်၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအ သင်း အမှုဆောင်၊ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာကော်မရှင်အဖွဲ့ အဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခဲ့ သည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကောလိပ်နှင့် တက္ကသိုလ်များ၏ အရှေ့တိုင်းစာပေသင်ကြားရေးအဖွဲ့ အ ဖွဲ့ဝင်အဖြစ် စတင်ဆောင်ရွက်သည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသော အာဂ်ျ (AJ) နေ့စဉ်သတင်းစာတွင် ပါရဂူ အမည်ဖြင့် ဗာရာမာကီကျိတ္တိ (မြန်မာပြည်မှ ပေးစာများ) ရေးသော ပင်တိုင် ဆောင်းပါးရှင်ဖြစ်သည်။ ကရာချိမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ယူနက်စကို နယူးစ်လက်တားတွင် ‘လှကြိုင်’ အမည်ဖြင့် မြန်မာနိုင်ငံစာပေယဉ်ကျေးမှု သတင်းဆောင်းပါးများ ရေးသည်။
၁၉၈၆ တွင် ‘ဂေါရီ’ စာအုပ်ဖြင့် ၁၉၈၆ ခုနှစ် အမျိုးသားစာပေဘာသာပြန်ဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၈၉ ခုနှစ် တွင် မြန်မာပြည် တဂိုးအသင်း ဥက္ကဋ္ဌ၊ မြန်မာပြည် ဟိန္ဒီအသင်း ဥက္ကဋ္ဌ၊ ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် ပညာရေးအဖွဲ့ အဖွဲ့ဝင်၊ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့ (ဓမ္မ ဇောတိ) အမှုဆောင်၊ မင်္ဂ လာဗျူဟာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
၂ဝဝဝ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အဖွဲ့ဝင်၊ နော်ဝေရောက် အိန္ဒိယအမျိုးသားများ အင်္ဂလိပ်-ဟိန္ဒီ နှစ်ဘာသာဖြင့် ထုတ်ဝေသော သျှံတိဒူတ မဂ္ဂဇင်း၏ အကြံပေး တာဝန် ထမ်းဆောင်သည်။
၂ဝဝ၁ ခုနှစ်၊ ပခုက္ကူ ဦးအုန်းဖေ၏ တသက်တာစာပေဆု ချီးမြှင့်ခြင်း ခံရသည်။ ဆရာပါရဂူသည် ၂ဝဝ၁ ခုနှစ် အသက် (၈ဝ) ပြည့်ချိန်တွင် လုံးချင်းစာအုပ် (၁ဝဝ) အထိ ပုံနှိပ်ထုတ်ဝေခဲ့သည်။
ဆရာပါရဂူသည် တဂိုးအား ဂုဏ်ပြုသောအားဖြင့် ရွှေပေါက္ကံမြို့သစ်တွင် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် ကြီးကို တည်ထောင်ခဲ့သူ၊ တဂိုးစာပေ အသင်းကြီး၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
ဆရာကြီးသည် အမှတ် (၃)၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗဟန်းမြို့နယ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ ရွှေပေါက္ကံမြို့သစ် (၁၆) ရပ်ကွက်၊ ဦးပုညလမ်း အမှတ် (၉၈၈/ ၉၉၀) ၌ တည် ရှိသည့် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်တွင် နေထိုင်ခဲ့သည်။
ရေးသားထုတ်ဝေခဲ့သော စာအုပ်များ
1. ကဗျာဆရာ၏ အသိုက် - ၂ဝဝဝ ပြည့်နှစ်
2. ကာဓမ္ဗရီနှင့် အခြားဝတ္ထုများ
3. ကျန်းမာရေးသဝဏ်လွှာ
4. ကွန်မြူနစ်ဝါဒသာလျှင် အဘယ်ကြောင့်
5. ခေါမဒဿနပညာရှင် - ၁၉၉၆ ခုနှစ်
6. ဂါမဏိ
7. ဂါမတီ
8. ဂေါရီ - ၁၉၈၅ ခုနှစ်
9. ဂင်္ဂါနှင့် ဧရာဝတီ - ၁၉၉၅ ခုနှစ်
10. ဂျလရာမ်
11. ငှက်ဓမ္မသဘင် - ၂ဝဝဝ ပြည့်နှစ်
12. စကရ - ၁၉၉၉ ခုနှစ်
13. စကားပြောသော ရုပ်တုများ - ၁၉၉ဝ ပြည့်နှစ်
14. စာပေခရီးသည် - ၁၉၉၈ ခုနှစ်
15. စိတ္တရလေခါ - ၁၉၇၉ ခုနှစ်
16. ဆိုရှယ်လစ်ဝါဒ - ၁၉၆၄ ခုနှစ်
17. ဆည်းဆာကြယ်နှင့် အခြားဝတ္တုတိုများ
18. စ်င္ဗုဒၶဘာသာ
19. ညီတော်မင်းနန် - ၁၉၈၉ ခုနှစ်
20. တဂိုး၏ တံလျှပ်ရေထင် ရွှေသမင်ဥပမာနှင့် အခြားဝတ္ထုတိုများ
21. တဂိုး၏ ရာဇကုမာရီနှင့် အခြားဝတ္ထုတိုများ
22. တဂိုး၏ ဝတ္ထုတိုပေါင်းချုပ် - ၁၉၇၅ ခုနှစ်
23. တဂိုး၏ ဝတ္ထုတိုများ - ၁၉၉၇ ခုနှစ်
24. တဂိုး၏ သံသယနှင့် အခြားဝတ္ထုတိုများ
25. တရားရေစီးကြောင်း - ၁၉၉ဝ ပြည့်နှစ်
26. တော်လှန်သော အတွေးအခေါ်များ
27. တမ္ဗပဏ္ဏိ - ၁၉၉၉ ခုနှစ်
28. ဒဂုန်ဦးထွန်းမြင့်
29. ဒိဗျာ
30. ဒေသစာရီ ဝေသာလီ
31. ဒေါဏ၏ အတ္တကထာ (ပထမတွဲ) - ၁၉၉၅ ခုနှစ်
32. ဒေါဏ၏ အတ္တကထာ (ဒုတိယတွဲ) -
33. ဒိုဟာဓမ္မကဗျာ - ၁၉၉ဝ ပြည့်နှစ်
34. ဓမ္မစကား - ၁၉၇၄ ခုနှစ်
35. ဓမ္မ ဘဝတလျှောက်နေသွားနည်း အတတ်ပညာ - ၁၉၈ဝ ပြည့်နှစ်
36. နီတိပုံပြင်များ - ၁၉၉၃ ခုနှစ်
37. နေရာနှင့် အခြားဝတ္ထုများ
38. နေရူး၏ သမီးထံပေးစာ
39. နိုင်ငံရေးဒဿန
40. နိဗ္ဗာန် - ၁၉၆၉ ခုနှစ်
41. နှစ်ဆယ့်နှစ်ရာစု
42. ပရကထာ (တစေ့တစောင်း စာရေး ဆရာများအကြောင်း) - ၁၉၈၉ ခုနှစ်
43. ပလေတို
44. ပီယဒဿီ - ၁၉၈၅ ခုနှစ်
45. ပုဂံခရီးသည်
46. ပုဂံခရီးသည် (အင်္ဂလိပ်)
47. ပုဂံဈေးနှင့် အခြားဝတ္ထုတိုများ
48. ပဉ္စတန္ဈရ - ၁၉၆၅ ခုနှစ်
49. ပဉ္စာကထာ - ၂ဝဝ၁ ခုနှစ်
50. ပဏ္ဍိတကထာ - ၁၉၉၇ ခုနှစ်
51. ပန်းပုဆရာ
52. ဖော်မဲ့ဟင်္သာ - ၁၉၉၄ ခုနှစ်
53. ဗာဗာဒိုဟာ
54. ဗော်လဂါမှ ဂင်္ဂါသို့ (ဦးဆန်းထွန်းနှင့်)
55. ဗော်လဂါမှ ဂင်္ဂါသို့ (ဒုတိယပိုင်း)
56. ဗုဒ္ဓဂုဏဝန္ဒနာ
57. ဗုဒ္ဓစကား - ၁၉၅၄ ခုနှစ်
58. ဗုဒ္ဓဒိုင်ယာရီ - ၁၉၆၄ ခုနှစ်
59. ဗုဒ္ဓနှင့် ဆိုရှယ်လစ်ဝါဒ
60. ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒ
61. ဗုဒ္ဓမြတ်စွာ - ၁၉၉၅ ခုနှစ်
62. ဗုဒ္ဓယဉ်ကျေးမှု ပြဇာတ်များ - ၂ဝဝ၁ ခုနှစ်
63. ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားပုံ သမိုင်း
64. ဘဝခရီးသည် - ၁၉၉၆ ခုနှစ်
65. ဘဝမင်္ဂလာ
66. ဘုရားကျောင်း တံမြက်လှည်းသမားနှင့် အခြားဓမ္မဝတ္ထုများ
67. မဟာခရီးသည်
68. မဟာလူသားဗုဒ္ဓ - ၁၉၈၉ ခုနှစ်
69. မင်းနှင့် ပြည်သူ
70. မဇ္ဈိမပဋိပဒါနှင့် ဓမ္မဝတ္ထုတိုများ - ၁၉၉၅ ခုနှစ်
71. မြန်မာ-သီရိလင်္ကာ သာသနာဆက်သွယ်ရေး
72. ယယာတီ
73. ယောဂီ၏ ဘဝဂါထာ - ၁၉၉၂ ခုနှစ်
74. ရာဇာနှင့် ဘိသိက် - ၁၉၈၂ ခုနှစ်
75. ရာဇာနှင့် သာသနာ
76. ရာဟုလာသံကိစ္စည်း - ၁၉၇၇ ခုနှစ်
77. ရေစီးကြောင်း (စာပေ/ယဉ်ကျေးမှု) - ၁၉၉၃ ခုနှစ်
78. လူ့ဘောင်သစ်
79. လယ်တီပဏ္ဍိတ ဦးမောင်ကြီး - ၁၉၉၅ ခုနှစ်
80. ဝေတာလ ဝတ္ထု - ၁၉၈ဝ ပြည့်နှစ်
81. ဝေဒနာ
82. ဝေသာလီ
83. ဝတ္ထုသမုဒ္ဒရာ - ၁၉၆၆ ခုနှစ်
84. သာလဝတနှင့် အခြားဝတ္ထုတိုများ - ၁၉၉ဝ ပြည့်နှစ်
85. သားတော် ရာဟုလာ - ၁၉၇ဝ ပြည့်နှစ်
86. သီပေါ၏ မဟေသီ - ၁၉၇၂ ခုနှစ်
87. သီဟသေနာပတိ
88. သူလိုလူ - ၁၉၈၁ ခုနှစ်
89. သိဒ္ဓတ္ထ- ၁၉၆၄ ခုနှစ်
90. ဟိတောပဒေသ - ၁၉၅၅ ခုနှစ်
91. အညမည သဘောတရားနှင့် ဗုဒ္ဓအဘိဓမ္မာ
92. အရစ္စတိုတယ် - ၁၉၉၅ ခုနှစ်
93. အမေ့ခံ ခရီးသည် - ၁၉၇၇ ခုနှစ်
94. အမ္ဗပါလီ - ၁၉၇၆ ခုနှစ်
95. အိန္ဒိယခရီးသည် - ၁၉၉၆ ခုနှစ်
96. အိန္ဒိယရုပ်တုနှင့် မြန်မာရုပ်တု စကားဆွေးနွေးခန်း
97. ဥတ္တရခရီးသည်
(မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှ ...)
#ဆရာပါရဂူ