ပါပီလွန် သည် လောကဓံ တရားကို ကြံ့ကြံ့ခံ နိုင်သော စိတ်ဓာတ်မာကြောသော သူတစ်ဦး ဖြစိသာ့်အလျှောက် သူ၏ဘဝ တွင် မတရားစွတ်စွဲမှု နှင့် မတရားသော ပြင်သစ်နိုင်ငံ ၏ ဥပဒေကြားတွက် တစ်ကျွန်း သို့ ထောင်ဒဏ် ချမှတ်ခံရပြီးသည့်နေ့မှ စ၍ လွတ်မြောက်အောင် ကြံစည်အားထုတ်ပုံ ကို ရင်တထိတ်ထိတ် ဖြင့် ရေးသားဖော်ပြထားစော စာအုပ် ဖြစ်သည် ။
နေ့စဉ်အပိုင်းဆက်များ ကို တင်ဆက်ပေးသွားပါမည်။
နားဆင်သူများလဲ ကျွန်မတို့ရဲ့ Channel လေးကို စိတ်ပါဝင်စားရင်ဖြင့် Like & Subscribe မျးဖြင့် အားပေးနိုင်ပါသည်ရှင်။
#ပါပီလွန်_ဗင်ကို
Audio Book By MayZ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Audio Book By MayZ, Library, Yangon , Myanmar, .
26/03/2021
ဒီရက်ပိုင်း facebook မှာ အသံဖိုင်စာအုပ် တင် မရတဲ့တွကိ you tube မှာ တင်ပေးထားပါတယ်ရှင့်
https://youtube.com/channel/UCi7uJzQyz6bk41z0XYXepGQ ဒီ link ထဲ ဝင်ရောက် နားဆင်နိုင်ပါပြီရှင့်
Audio Book By MayZ - YouTube မြန်မာစာအုပ်များကို အသံဖိုင်ဖြင့် နားထောင်ရလွယ်ကူ ရန် တင်ဆက်ပေးထားခြင်း ဖြစ်သည်။နားဆင်သူ စာဖတ်ဝါသနာရှင်မ...
17/03/2021
ဒီစာကလက်ရှိ တရားဝင်ထုတ်ပြန်ထားတဲ့
MM Net Wi-Fi ကိုပဲပိတ်မှာပါ
မြန်မာပြည်မှာ အင်တာနက် ဝန်ဆောင်မှုပေးတဲ့အခါ အောက်ပါ စနစ်တွေ နှင့် ပေးကြပါတယ်။
၁- Fiber နှင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း (FTTH)
၂- LTE နည်းပညာနှင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း ( Wireless Broadband- WBB)
၃- လုပ်ငန်းသုံးအတွက် Direct Internet Access ( DIA)
၄- Wifi နည်းပညာဖြင့် Area များအား လွှမ်းခြုံ၍ ဝန်ဆောင်မှု ပေးခြင်း
၅- Mobile SIM ကဒ် ဖြင့် အင်တာနက် ပေးခြင်း
✅ယနေ့ အချိန်မှာ ပိတ်ထားတဲ့ အင်တာနက် ဝန်ဆောင်မှု များဟာ နံပါတ် ၄ နှင့် နံပါတ် ၅ ပါ။ ၁၊ ၂၊ ၃ မပါသေးပါ။
Credit-Viper on Live
15/03/2021
09/04/2018
ဆရာချစ်ဦးညို ရဲ့ ငါးရာ့ငါးဆယ် ထဲက ဇာတ်လမ်း ပုံပြင်လေးတွေ တင်ဆက် ပေးလိုက်ပါတယ် ရှင့် ...
မြတ်စွာဘုရား က တပည့်တွေ ကို ဆိုဆုံးမ ခဲ့တာ ရှိပါတယ်...ငါဘုရားကို ရှိခိုးမှ ကိုးကွယ် မှ ...တရားစာတွေ ရွတ်မှ မဟုတ်ပါဘူး ငါ့ဘုရားစကား နားထောင်ပြီး မကောင်းမှုကို ပစ်ပယ်ခြင်းသာလျှင် ငါဘုရား ကို ကိုးကွယ်ရာသည်
ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လိမ့်မည်...
မိမိ မကောင်းမှု ပြုတုန်း က မတုန်လှုပ် မခြောက်ခြားခဲ့လေတော့ မိမိ ထံ ပြန်လှည့်လာရင်လဲ ရင်ဆိုင်ရဲ ဖို့ သတ္တိရှိပါလေ.....
09/04/2018
ညီမလေးရယ် စိုးရိမ်မိတယ်...
ဆရာ့ဘုန်းနိုင် ရဲ့ အရေးအသားတွေ က တော့ သိတဲ့ အတိုင်း ကဗျာဆန်ဆန် ရုပ်ပုံ ကို မျက်လုံး ထဲ မြင်သာပြီး လိုက်နာမှတ်သားစရာ အပြည့် နဲ့ ပေါ့
ဇာတ်လမ်း ကိုတော့ ကိုယ်တိုင် ဖတ်ကြည့် ပြီး ခံစားကြည့်ပါလို့
'ချစ်ခြင်းဆိုတာ ပိုင်လိုတာဖြစ်ပေမယ့် ပိုင်ဆိုင်ခြင်းဟာ ခရီးရဲ့ အဆုံးမဟုတ်လေဘူး၊ လူ့ဘ၀ ကို သမုဒယချည်တိုင်နှောင်ပြီး မဟီတောင်ကျယ်သရွေ့ နွဲ့လေရာမှာ ဆရာ့ညီမလေး မေရီဟာ ပျော်ရာမှာ ရွှင်တတ်သလို၊ငြိုငြင်ရာမှာ မပင်ပန်းဘဲ ထာဝစဉ် လန်းတဲ့ စိတ်နဲ့ ဆရာနဲ့ အတူချီလှမ်းနိုင်ပါစေလို့ ...ချစ်လွန်းလို့ ပဲ ဆုတောင်းမိတယ် မေရီ.....'
05/04/2018
လူတစ်ယောက် ကို နာကြည်းချက် အပြည့် နဲ့ ချစ်ဖူးလား??
အသည်းနှလုံး မရှိတဲ့ သူဆိုတာ မရှိပါဘူး...အသုံးမချတတ်တာ .. အသုံးမချချင်တော့လို့ပဲ..ဒါကို လူတွေ ကသူ့ကို ရက်စက်တတ်တယ်ပဲထင်မှာ....
မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို အလေးမထားပဲအဲ့မိန်းကလေးက ရက်စက်တယ်..အသည်းနှလုံးမရှိတဲ့ သူလို့ ၀ိုင်းသမုတ်ကျတာ..ဘယ်သူ့ကို အပြစ်တင်ကျမလဲ..
သူဖြတ်သန်းလာတဲ့ ဘ၀ ကို မသိပဲ မစာမနာပြောကြတဲ့ လူတွေ ကရော ဘယ်လောက်တောင် ကိုယ်ကျင့်တရားကောင်း နေလဲ။
တကယ်တော့ ဒါတွေ အားလုံး အလကားပါ..'မီ' က ရက်စက်တယ်..စိတ္တဇဆန်လွန်းတယ်..မီ ဟာ တကယ်တော့ 'မီး' မှ 'မီး'အစစ်.....
သိပ်ရယ်ရတာ က ခင်ဗျားတို့ အားလုံး 'မီ့' ရဲ့ မာယာတွေ အလိမ်အညာတွေ အောက်မှ ကျဆုံးနေရတာပါပဲ...ပြောသမျှ တွေ ကို မဖြစ်နိုင်ဘူးလို့ ညာနေတာလို့ ခင်ဗျား တို့ ပါးစပ် က ပြောနေပေမယ့် ခင်ဗျားတို့ ကိုယ်တိုင် ဒီလိမ်ဆင်ကြီး ကို ယုံကြည်နေတာ က အံ့သြဖို့ မကောင်းပေဘူးလား။
သေချင်နေတဲ လူတစ်ယောက် တွက် အသက်ရှင်နေရတဲ့ ဒီနေ့ ဟာ သိပ်ပင်ပန်းလွန်းတယ် ...အသက်ရှင်နေရတဲ့ ဒီနေ့ တိုင်းဟာ ငရဲပဲ..တကယ်တန်း အချိန် ကျလာတော့ လက်ရှိဘ၀ မှာ နေပျော်ပြီး သေဆုံးရမှာ ကြောက်ရွံ့ လာတယ်...
နောက်ဆုံးတော့ 'မီ' ဟာ 'မီ'လား 'မီး' လားဆိုတာ စာဖတ်သူ ကိုယ်တိုင် အဖြေ ရှာ ကြည့် ပါ နော် ။ ။
*M*
05/04/2018
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ ကတော့ ဆရာမကြီး နုနုရည် (အင်းဝ) ရဲ့ နာမည်ကြီး စာအုပ် တစ်အုပ်ပါ ပဲ... တောင်ပြုံးပွဲ တော်က နတ်ကတော် တွေ ရဲ့ ဘဝ ကို ရယ်မောဖွယ်ရာ သနားဖွယ်ရာ ရေးထားတာပါ.. ပုထုဇဉ် လူသားဖြစ်တဲ့အတွက် ကျွန်မတို့ မှာ အတ္တတွေ လောဘတွေ ဒေါသတွေ ရှိပါတယ် ... နဲနဲလေး စရ လာပြီးဆို နောက် များများကြီး လိုချင်လာတယ်... မိမိရဲ့ အပူ တွေ ကို လဲ ပတ်ဝန်းကျင် ကို ရှက်မနေနိုင်ပဲ ကိုယ်တော်ကြီး ကိုယ်တော်လေးတွေ ကို တိုင်တယ် ရတာ အမောပဲ.. ကျွန်မတို့ မယုံလို့ မဖြစ် နိုင် ပါဘူးဆိုတာ ပြောလို့ မရပါဘူး... မိမိစိတ် က ယုံကြည်နေသရွေ့ ကတော့ နတ်ကနား ပွဲပေးတာ မဆန်းပါ ဘူး...
