အနန္တမေတ္တာရိပ် လူမမာ ကုသပြုစုရေး စင်တာ

အနန္တမေတ္တာရိပ်   လူမမာ ကုသပြုစုရေး စင်တာ

Share

​နာမကျန်းသော ဘိုးဘွားမိဘ လူမမာ များကို​ဆေးကုသပြုစု​ပေးပါသည်။
အသေးစိတ်ဆက်သွယ်စုံစမ်းရန်-09400331976 ကိုဆက်သွယ်နိုင်ပါသည်ရှင်။

Photos from အနန္တမေတ္တာရိပ်   လူမမာ ကုသပြုစုရေး စင်တာ's post 06/10/2025

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မိဘပြည်သူ များအားလုံး၊ ဘိုးဘိုးဘွားဘွားများအားလုံးစိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကာ ဘေးအန္တရာယ်အလုံးစုံမှ ကင်းလွတ်ပါစေကြောင်း အနန္တမေတ္တာရိပ် သက်ကြီးစောင့်ရှောက်ရေးရိပ်သာ မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။


#သီတင်းကျွတ်လပြည့်

Photos from အနန္တမေတ္တာရိပ်   လူမမာ ကုသပြုစုရေး စင်တာ's post 30/09/2025

October 1
International day of Older Persons
(အပြည်ပြည်ဆိုင်ရာ သက်ကြီး ပုဂ္ဂိုလ်များနေ့ )သည်
သက်ကြီးပုဂ္ဂိုလ်များ ၏အခွင့်အရေးများနှင့်ကြုံတွေ့ရတဲ့အခက်အခဲတွေကို လူမှုပတ်ဝန်းကျင်မှာ နားလည် လက်ခံကူညီဖို့ နှင့် သက်ကြီးဘိုးဘွားတို့ရဲ့ အရေးပါမှုနှင့် dignity ပညာဂုဏ်သိက္ခာ ကို လေးစားမှုရှိစေရန် ရည်ရွယ်သော နေ့လေး ဖြစ်ပါတယ်ရှင်။
ဘဝနေဝင်ချိန် မီးစာကုန်ရေခန်းသည်ထိ ဝေဒနာပြင်းပြင်းထန်ထန် မခံစားရဘဲ ၊ကိုယ့်အားကိုယ်ကိုး independence ကောင်းကောင်း စိတ်ချမ်းသာကိုယ်ကျန်းမာ နေသွားနိုင်ခြင်းကတော့ အားလုံးမျှော်လင့်တဲ့ successful Aging ပါ။
Successful Aging ရဖို့အတွက် ကျန်းမာသောအစားအသောက် စားရမယ် ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်နေရမယ် ၊အသင်းအဖွဲ့နှင့် လိုက်လျောညီထွေအများအကျိုးဆောင်နေတတ်ပြီး စိတ်ဖိစီးမှုလျော့ချနိုင်ရမယ် ဆိုတာတွေကတော့ ငယ်စဉ်ကတည်းက ကျင့်ကြံပြုမူရမှာပါရှင်။
အနန္တမေတ္တာရိပ်အနေနဲ့ သက်ကြီးပုဂ္ဂိုလ်တွေအတွက်စကားလက်ဆောင်လေးပေးရင်း ရိပ်သာကဘွားတို့အကြောင်း ပြောပြပါရစေ။ဘွားဘွား Ms.Allie နှင့် ဘွားဘွားအေး အကြောင်းနဲ့ motivation လုပ်ပေးချင်ပါတယ် ။ ဘွားဘွားတွေက ဇရာကြောင့်ရောဂါတွေ ရလာပြီးဆေးရုံကုသမှုပြီးတော့ အိမ်ပြန်နေဖို့ သားသမီးတွေက စိတ်ပူသေးလို့ ရိပ်သာလာနေကြတာပါ။ ဘွားဘွားတွေက သက်ကြီးရောဂါတွေ ရင်ဆိုင်လာရပေမယ့် အံ့ဩစရာကောင်းတာက အကောင်းမြင်တတ်ပြီး စိတ်ကိုတက်ကြွလန်းဆန်းအောင်နေတဲ့ အချက်ပါ။ အရွယ်ကြောင့်ရလာတဲ့ရောဂါတွေ ကို Accepted လုပ်တတ်သလို ၊ ရောဂါတွေ ကုသဖို့လုပ်စရာတွေ လုပ်သွားပြီး နေ့တနေ့ကို သူတို့နှစ်သက်သဘောကျတဲ့ အလုပ်တွေ ဆက်လုပ်နေကြတာပါပဲ။

လေးစားအတုယူရပါတယ် ဘွားဘွားတို့ရေ။






#

Photos from အနန္တမေတ္တာရိပ်   လူမမာ ကုသပြုစုရေး စင်တာ's post 21/09/2025

Septemberလသည် World Alzheimer’s Awareness Month ပါရှင်။
Dementia ဝေဒနာရှင် တယောက်ကို ပြစု ရတဲ့အခါ ပြုစုပေးတဲ့ မိသားစုဝင်ရဲ့ စိတ်ကျန်းမာရေး wellbeing ကလည်း ၂ ဦး ၂ ဖက်အတွက် အရေးကြီး ဆုံးပါရှင်။Dementia journey မှာ ကိုယ်ချစ်ရတဲ့ Dementia ဝေဒနာရှင် နှင့် ကိုယ်ကိုတိုင် ကိုလည်း ဂရုစိုက်တတ်ရပါမယ် ရှင်။

Dementia ဝေဒနာက ကိုယ်ချစ်ရသူရဲ့ brain failure သာ ဖြစ်ချင်ဖြစ်ပေမယ့် သူ့ရဲ့ dignity နှင့် တန်ဖိုးထားမှုတွေ၊အတူ ဖြတ်သန်းခဲ့ရတဲ့သံယောဇဉ် နှင့် ဘဝအမှတ်တရ memories တွေတော့ ပျောက်ကွယ် လို့ မဖြစ်ပါဘူးရှင်။
ဒါကြောင့် ရောဂါကို ပစ်ပယ်မထားဘဲ ၊ဗွေမယူဘဲ ကျွမ်းကျင်ပညာရှင်များဖြစ်သော သက်ကြီးအထူးကုဆရာဝန်ကြီး သို့ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီး များ နှင့် ရောဂါသိလျှင်သိချင်း စနစ်တကျ ကုသမှု ခံယူသင့်ပါတယ် ။ စောစောကုသမှု နှင့်စိတ်ရှည်စွာပြုစုစောင့်ရှောက်မှု အဆင့်တခုချင်းစီက Dementia ဝေဒနာရှင် နှင့် ပြုစုသူမိသားစုဝင် အားလုံးအတွက် သိသာစွာရေရှည်ကွာခြားချက်ရှိပါတယ်ရှင်။

နေ့ဓတူဝ ရောဂါကြောင့်ပြောင်းလဲလာတဲ့ အပြုအမူပိုင်းနှင့်စိတိပိုင်းဆိုင်ရာ အခက်အခဲတွေကိုရင်ဆိုင်ရင်း Dementia ဝေဒနာရှင်အတွက် ငွေကြေးစီမံခနိ့ခွဲမှုနှင့် ဘဝနေဝင်နောက်ဆုံးအချိန် တွေအတွက်လည်း စီစဉ်ဆုံးဖြတ်ရတာ ပြုစုသူမိသားစုက ပင်ပန်းကြရတယ် မို့လားရှင်။
ဒါကြောင့် ချစ်ရသူကို ဂရုစိုက်ရင်း ကိုယိ့ကိုကိုယ်လည်း ဂရုစိုက်ကြပါရှင်။
Care for yourself while caring for a loved one with dementia.



19/09/2025

ရိပ်သာရှေ့ တော်ဝင်လမ်း ကွန်ကရစ် လမိးခင်းအစီစဉ် ပြီးစီးပြီ ဖြစ်သဖြင့် မိသားစု ဆွေမျိုး ဧည့်သည်များ ရိပ်သာ ခြံဝန်းထဲ အထိ ကားဝင် နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါအပ်ပါတယ်ရှင်။ ရတနာပုံလမ်းမှတဆင့် ဝင်မရသေးသော်လည်း ဦးကြင်ဥလမိးဘက်မှ သော် လည်းကောင်း ၊ တော်ဝင်လမ်းမဘက်မှ သော်လည်းကောင်း ဝင်ရောက် နိုင်ပါတယ်ရှင်။

Photos from Mahar Channel's post 08/08/2025
23/07/2025

အသက်ရလာလို့ ဒူးကျီးပေါင်း၊ပေါင်ကျီးပေါင်း၊ခါးကျီးပေါင်း (Knee OA , Hip OA )အစရှိသည်ကြောင့် လမ်းမလျှောက်နိုင်လို့၊ ချော်လဲပြီး အရိုးကျိုးလို့၊အထခက်လာလို့ ၊လှုပ်ရှားမကောင်းတော့လို့ Quality of life ကျလာကြပါတယ်။
နည်းပညာတွေမြင့်လာတာရယ် ၊အရိုးအထူးကုဆရာဝန်ကြီးတွေ ကျွမ်းကျင်တာရယ်ကြောင့် Total knee replacementတွေ ၊total hip replacement တွေ အလွယ်တကူ အောင်အောင်မြင်မြင် လည်း လုပ်ပေးနိုင်ကြပါတယ်။
ဘိုးဘွားတွေက ဆေးရုံဆင်းပြီးရင် အထပ်မြင့်တက်ရတာ၊ပြုစုသူ အခက်အခဲဖြစ်တာကြောင့် အိမ်တန်းမပြန်ဘဲ Post op careအတွက် ဆရာဝန်၊သူနာပြု ၊caregiver care တပြိုင်နက်ရနိုင်တဲ့ ရိပ်သာလာနေကြပါတယ်။
နောက်အရေးကြီးတဲ့ role တစ်ခုက Physiotherapy ပါရှင်။မျှော်မှန်းတဲ့ strength and flexibility ပြန်ရဖို့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှု နဲ့ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း များစိတ်ရှညါစွာသေချာ လုပ်ဖို့ လိုပါတယ်ရှင်။

08/07/2025

*****၁၃၈၇ ခုနှစ် ဝါဆိုလပြည့် ၊ဓမ္မစကြာနေ့ *****

"သန္ဓေတည် ၊ တောထွက် ၊ ဟောမြွက် ဓမ္မစကြာ ၊ ပြာဋိဟာ"ဝါဆိုလပြည့်နေ့ ဗုဒ္ဓပူဇာ ဓမ္မဒေသနာ နေ့မြတ်အခါအား စိတ်တွင်ရည်မှန်းပူဇော် အလေးအမြတ်ထားရန် နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်အပ်ပါသည်။

- ဝါဆို လပြည့်နေ့ နှင့် မြတ်ဗုဒ္ဓ၏ ဘဝ ဆက်စပ်သည့် မယ်တော်ဝမ်း၌ သန္ဓေတည်ခြင်း၊တောထွက်ခြင်း၊တရားဦး ဓမ္မစကြာ၊ရေမီးစုံစွာ တန်ခိုးပြဋိဟာ ပြသခြင်း ထူးခြားချက် (၄)မျိုး၊ အား ရည်မှန်းပူဇော်၍ဝါဆိုလပြည့်နေ့ ရောက်ရှိလာသည့်အခါ ပွါးများ အားထုတ်သင့်သည့် ဗုဒ္ဓနုဿတိ တရားတော်များအားပူဇော်အထူးပွါးများရန်၊

- မိုးရာသီအစ ဝါဆိုလကို ရှေးမြန်မာများက နွယ်တာလဟု ခေါ်ခဲ့ကြပြီး ယနေ့အခါ၌မူ ရဟန်းသံဃာများ ဝါဆို ဝါကပ်ရာ လဖြစ်လို့ ဝါဆိုလ ဟုသာ သိမှတ်ကြပုံ ကို မှတ်သားနိုင်ရန် နှိုးဆော်အပ်ပါသည်။


#ဝါဆိုလပြည့်နေ့

02/07/2025

အနန္တဂုဏ်ရည်စာသင်တိုက် သံဃာများတန်းဆွမ်းကြွချိန် တော်ဝင်လမ်းအိမ်နီးချင်းမိသားစုများနှင့်အတူ ဆွမ်းလောင်းကုသိုလ်ယူနေသော ဘွားဘွား။

Photos from အနန္တမေတ္တာရိပ်   လူမမာ ကုသပြုစုရေး စင်တာ's post 30/06/2025

June 30th!
ဇွန်လ ၃၀ ရက်နေ့က world social media day ပါတဲ့ရှင်။✌️🎈❤️🥰🥰
Social media day ကတော့ ကျွန်မတို့သုံးနေတဲ့ Facebook,TikTok, YouTube စတာတွေရဲ့ power က ကျွန်မတို့ community ကို ၊ကျွန်မတို့ business တွေကို ဘယ်လောက် impact ရှိနေသလဲဆိုတာ remind လုပ်တဲ့သဘောပါပဲရှင်။
သူ့ power ကလည်းကျွန်မတို့နေ့စဉ်ဘဝ မှာ မပါမဖြစ် သဘော ထိတောင် ရှိနေပါရောလားနော်။
Facebook,TikTok,WhatsApp account မဖွင့်ထားသူ မရှိသလောက် ရှားလာပါတယ်။
To connect friends ဆိုတာထက်social media platforms သုံးပြီး Business လုပ်ရတာ၊ branding လုပ်ရတာပိုလွယ်ကူကြီးထွားအောင်မြင်လာပါတယ်။
Social သုံးရင်း ကျွန်မတို့ humanity and mental sanity တော့ ထိခိုက်အားယုတ်လာလို့တော့မဖြစ်ပါဘူးရှင်။
Social media should serve us; not stress us.

ဒီနေ့လေးမှာ အနန္တမေတ္တာရိပ် မှ facebook သူငယ်ချင်းတွေက်ို အကြံပေးချင်တာက social media တခုခုက friends နှင့် လက်တွေ့ဘဝက မိဘဆွေမျိုးမိတ်ဆွေ friends တွေနှင့် balance ဖြစ်ဖို့ remind လုပ်ပါရစေရှင်။
Reminder to balance virtual friendships with real ones.
မိသားစုနဲ့အတူညစာစားရင်းစကားလေးပြောရတာ/ပွေ့ဖက်ကြတာ ၊face to face စကားပြောကြတာ စတာတွေကြောင့် ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှအစားထိုးလို့မရပါဘူး။
ဒါကြောင့် Take a moment offline and celebrate real world community!


26/06/2025
Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

No. 62, Taw Win Street, 32 Ward, North Dagon Township
Yangon