Kann Lint Myitta - ကမ်းလင့်မေတ္တာ

Kann Lint Myitta - ကမ်းလင့်မေတ္တာ

Share

မြန်မာပြည်သူများအားလုံးဘေးရန်အသွယ်သွယ်မှ ကင်း​ေ၀းကြပါစေ

Photos from Kann Lint Myitta - ကမ်းလင့်မေတ္တာ's post 08/04/2025

လွန်ခဲ့တဲ့ နှစ် သန်း၁၈၀ မတိုင်ခင်က ကမ္ဘာ့မြေကြီးမှာ မြေထုကြီးကတစုတစည်းထဲတဲ့၊ အောက်က ချော်ရည်ပူတွေ ပူပြီးအပေါ်တက်လိုက် အောက်ဆင်းလိုက်ကနေ မြေကြီးဟာ ကွဲအက်ပြီး အရပ်မျက်နှာစုံကို ကွဲထွက်သွားတယ်။ တစက တောင်အမေရိက၊ တစ က ဩစတြေးလျ တစက အာရှ စသည်ဖြင့်အရပ်မျက်နှာစုံ မြေသားထုတွေကွဲပြီး ကမ္ဘာ့တိုက်ကြီးတွေဖြစ်လာတယ်။ ဒီလိုနဲ့ အခုအိန္ဒိယနိုင်ငံ ကနေ ဧရာဝတီမြစ် အနောက်ပိုင်း အထိပါတဲ့ ရွေ့လာတဲ့ အပိုင်းအစကြီး တခုက ယူရိုအေရှဆိုတဲ့ မူလမြေလွှာကြီးကို ဝင်တိုက်ရာကနေ တွန့်ခေါက်ပြီး ဟိမဝန္တာ တောင်တွေ၊ ရှမ်းကုန်းမြေမြင့်လိုဒေသတွေ ပေါ်လာတယ်။ တွန်းရာကနေ Burma micro plate ဆိုတဲ့ အကွဲအပိုင်းအစလည်းဖြစ်လာပြီး တနင်္သာရီတိုင်းမှာ ကျွန်းတွေအများကြီးပေါ်လာတယ်။

ခပ်လွယ်လွယ်ပြောဆိုရင် ဟိမဝန္တာ တောင်ကြီးရဲ့ မြောက်ဖက်က မူလ မြေထု၊ တောင်ဖက်က ဝင်တိုက်တဲ့ မြေထုပေါ့။ ဧရာဝတီအနောက်က ဝင်တိုက်တဲ့အပိုင်း၊ ဧရာဝတီအရှေ့က မူလမြေထု။

မြန်မာအလယ်ကနေ ပြတ်နေတဲ့ စစ်ကိုင်းပြတ်ရွှေ့ကြောဆိုတာ အိန္ဒိယနဲ့ ယူရိုအေရှ မြေနှစ်လွှာ ဘေးတိုက်ချင်းပွတ်ကြတဲ့နေရာကြီးပေါ့။
မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရခိုင် ဖက်က လာပွတ်တာကို ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ ဖက်က တောင့်ခံရတယ်။ ပွတ်တာကတော့ နေ့တိုင်းပွတ်နေတာပါပဲ၊ တခါတခါ အားချင်းတူ တောင့်ခံနေတော့ ငြိမ်နေတယ်လို့ ထင်ရတယ်။ နှစ်တရာတခါလောက် တောင့်ထားတဲ့ဖက်နဲ့ ပွတ်တဲ့ဖက်က အားတွေ ချော်ထွက်သွားရင် ငလျင်ကြီးဖြစ်လာတယ်။

အဲ့ဒီ ပွတ်နေတဲ့ အကျိုးဆက်မှာကောင်းတဲ့ ရလာဒ်တွေလည်းထွက်လာပါတယ် အက်ကွဲကြောင်းနှစ်ခုကြားပွတ်တိုက်ရာကနေ ချော်ရည်တွေကြောင့်သော်၄င်း၊ ကျောက်သားတွေကြောင့်သော်လည်းကောင်း ရှမ်း၊ ကချင်၊ ကယား၊ ကရင် နဲ့ဧရာဝတီ တလျောက် ရှားရှားပါးပါး ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီနဲ့ သတ္တုမျိုးစုံ နေရာအလိုက် ထွက်ပေါ်လာတယ်။ အဲ့ဒါကြောင့်လည်း လူတွေဟာ ငလျင်ဒဏ်ခံရမယ်မှန်းသိပေမယ့် လောဘကြောင့် သယံဇာတပေါတဲ့ ဒီနေရာတွေမှာ တောက်လျောက် မြို့တည် ရွာတည် နေထိုင်ကြတာပေါ့။
လူနှစ်ယောက်တယောက်နဲ့တယောက် ဘေးချင်းဖိတွင်းတဲ့အခါ အပေါ်ပိုင်းအားသန်သူ က တွန်းလိုက်လို့ တဖက်မှာ အပေါ်က ယိုင်ထွက်ပြီး စစ်ကိုင်းငလျင် ဖြစ်လာသလို အနေအထားတွေပြောင်းပြီး အောက်ပိုင်းခြေထောက်တွေ ယိုင်ပြီး ပဲခူးငလျင်လည်း ဖြစ်တတ်တယ်။ ခါးပိုင်းယိုင်ရင်လည်း တောင်ငူ ဘာညာ ဖြစ်နိုင်တာပါပဲ။
မြန်မာပြည်ကြည့်ရင် နှစ်တထောင်အတွင်းမှာ စစ်ကိုင်း၊ ပဲခူး စတာတွေက ၁၀ ကြိမ်ထက်မနည်း ဖြစ်နေကျ

07/04/2025

မိုးကြီးမည်

ဧပြီ ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရက်များတွင်

ဧရာဝတီ ရန်ကုန် ပဲခူး မွန် ကရင် တနင်္သာရီ

နေရာအတော်များများ မိုးကြီးပါမည်။

ကြိုတင်ကာကွယ်၍ အထူးသတိပြုနေကြပါ။

7APR25;08:00 MST
Dr Sai Khun Arkar

06/04/2025

မန္တလေး၊ စိန်ပန်းရပ်ကွက်တွင် လေကြီးမိုးကြီးကျချိန် နေအိမ်ကို ဓားကိုင်လူတစ်စုက အနုကြမ်းစီး ဓားပြတိုက်ရန် ကြိုးပမ်း

ရန်ကုန်၊ ဧပြီ ၅

မန္တလေးတွင် ယနေ့ ညပိုင်း လေကြီးမိုးကြီးကျချိန် နေအိမ်ကို ဓားကိုင်လူတစ်စုက အနုကြမ်းစီးဓားပြတိုက်ရန် ကြိုးစားသဖြင့် ပြည်သူများ စုဝေး၍ ဖမ်းဆီးရန် လိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ ည ၉ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဧသုခ၊ ၄၁ လမ်းx ၉၁ လမ်းရှိ နေအိမ်ကို ဓားပြတိုက် အနုကြမ်းစီးရန် လူအုပ်စုက ဝင်ရောက်လာကြောင်း၊ အိမ်ရှင်များက ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းသဖြင့် ဓားပြများ ထွက်ပြေးသွားရာ ပြည်သူများက ၀ိုင်းဝန်း လိုက်ကြကြောင်း၊ သို့ရာတွင် အနုကြမ်းစီး ဓားပြတိုက်ရန် ကြိုးစားသူများကို ဖမ်းမမိခဲ့ကြောင်း သိရှိရသည်။

"မိုးတွေ လေတွေ ကျလာချိန်မှာ မီးကလည်း မလာဘူး။ အမှောင်ကို အခွင့်ကောင်းယူပြီး အနုကြမ်းစီးဖို့ ကြိုးစားတာ။ ပြည်သူတွေကတော့ ရရာ တုတ်ဓားလက်နက်ကိုင်ပြီး လိုက်တာပဲ။ မမိလိုက်ဘူး။ ဘာတွေ ပါသွားလဲတော့ မသိဘူး။ အခု မိုးကြီးလေကြီးကျတော့ အကုန်လုံး ထိုင်ပြီး လုံခြုံရေး စောင့်နေရတယ်။ သူခိုးတွေကလည်း ပေါမှ ပေါ။ ဓားကိုင်ပြီး လုယက်ချင်တဲ့သူတွေလည်း ပေါတယ်။ မီးတွေကမလာ၊ နေစရာက မရှိ။ အရမ်းဒုက္ခရောက်ရတယ်" ဟု မန္တလေး၊ စိန်ပန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မန္တလေးတွင် မိုးကြီးလေကြီးကျရောက်သဖြင့် နောက်ဆက်တွဲ ငလျင်ကြောက်၍ တဲများဖြင့် နေထိုင်သော ပြည်သူများမှာ အတိဒုက္ခရောက်ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးမိုးလေကျသဖြင့် နေစရာ ဒုက္ခရောက်နေကြသည့် ပြည်သူများ။

Photo- CJ ။

05/04/2025

မန္တလေးတွင် ငလျင်​ကြောင့် ပြိုကျခဲ့သော ဂရိတ်ဝေါဟိုတယ်အတွင်းရှိ ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများ ထုတ်ယူဖော်ယူခွင့် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်မှုများ လုပ်လာ

ရန်ကုန်၊ ဧပြီ ၃

မန္တလေးတွင် ငလျင်​ကြောင့် ပြိုကျခဲ့သော ဂရိတ်ဝေါဟိုတယ်တွင်းရှိ ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများ ထုတ်ယူဖော်ယူခွင့် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်မှုများ လုပ်လာနေကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်ပြိုကျပျက်စီးခဲ့ကြောင်း၊ ယင်းနောက် ရှာဖွေရေးလုပ်ငန်းများ ခဏတာလုပ်ဆောင်ပြီးနောက် မတ်လ ၃၁ ရက်နေ့ ညပိုင်းမှစတင်ကာ ပိတ်မိနေသော ပြည်သူ များနှင့် သေဆုံး ပြည်သူများ၏ ရုပ်အလောင်းများ ထုတ်ဖော်သယ်ယူခွင့်ကို ဟိုတယ်ပိုင်ရှင်က စတင်ကန့်သတ်နေကြောင်း သိရှိရသည်။

လက်ရှိ အချိန်အထိ ဂရိတ်ဝေါဟိုတယ်က အသက်ရှင် လျက်ကယ်ထုတ်နိုင်သူ ၂ ဦး နှင့် သေဆုံးအလောင်း ၂ လောင်းကိုသာထုတ်ယူနိုင်သေးပြီး ကယ်ဆယ်ရှာဖွေမှုများ ဆက်မလုပ်ရန် ဂရိတ်ဝေါဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၃၁ ရက်နေ့တွင် စတင် ကန့်သတ်မှုများ လုပ်လာကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်တွင် တည်းခိုသူ ဧည့်သည်စာရင်းကို ကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာမိသားစုဝင်များက ထုတ်ပြန်ပေးရန် တောင်းခံခဲ့သော်လည်း ဟိုတယ် တာဝန်ရှိသူများက လူစာရင်း ထုတ်ပြန်ပေးရန် ငြင်းဆန်လျက်ရှိကြောင်း၊ ပိတ်မိနေသူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းကာ ရှာဖွယ်ကယ်ဆယ်မှုများကို မိမိအစီစဉ်ဖြင့် ဆောင်ရွက်မည်ဟု ဟိုတယ်ကို အကြောင်းကြားသော်လည်း ဟိုတယ် အုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြုကြောင်း သိရှိရသည်။

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပရဟိတကယ်ဆယ်ရေးအဖွဲ့များ၏ ရှာဖွေကူညီကယ်ဆယ်မှုများ ကို ဂရိတ်ဝေါ ဟိုတယ်ဘက်က ကန့်သတ်မှုများ လုပ်လာသည့်အပေါ် ရှင်းရှင်းလင်းလင်းသိနိုင်ရန် ကျန်ရစ်သူ မိသားစုများက လိုလားနေကြကြောင်း သိရှိရသည်။

အဆိုပါ ဟိုတယ်တွင် ကျားဖြန့်ကဲ့သို့သော တရားမဝင်ကိစ္စရပ်များ ၊ တရားမဝင် ပစ္စည်း သို့မဟုတ် လုပ်ငန်းများရှိနေသည့်အတွက်ကြောင့် ဟိုတယ်ကို အင်အားအပြည့်ရှာဖွေကယ်ဆယ်ခွင့်မပေးခြင်းဖြစ်နိုင်သည်ဆိုသော သုံးသပ်မှုများလည်း ရှိနေကြောင်း သိရှိရသည်။

Photos from Kann Lint Myitta - ကမ်းလင့်မေတ္တာ's post 05/04/2025

5.4.2025

မန္တလေး မိုး
ဘယ်အငြိုးနဲ့များ ရွာချနေပါလိမ့်ကွယ်

ဒုက္ခတွေက အဖော်အပေါင်းနဲ့လာကြတာလား

ဘယ်မှာသွားအိပ်ကြမလဲ

05/04/2025

ပြင်းအား7.7 ငလျင်မလှုပ်ခင်တုန်းက အဲ့ page က ခန့်မှန်းခဲ့တာတော့ မှန်ခဲ့တယ်

မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းကြရမှာပဲ

ဘာဘဲဖြစ်ဖြစ် သတိတော့ထားကြပါဗျ 🙏🏽🙏🏽🙏🏽

Edit : မူရင်း post ကိုဖျက်လိုက်ပါပြီ လူတွေ panic အရမ်းဖြစ်မှာစိုးလို့နဲ့ သတင်းကို တလွဲအသုံးချနေတဲ့သူတွေကြောင့်မို့ဖြစ်မယ်

ကိုယ့်ဘက်က ကြိုပြီးပြင်ဆင် သတိလေးနဲ့ နေတာ မမှားပါဘူး အရမ်းကြီးလည်း အစိုးရိမ်မလွန်ကြပါနဲ့

အားလုံးဘေးကင်းကြပါစေ 🙏🏽🙏🏽🙏🏽

#ငလျင်

05/04/2025

Breaking News- ရန်ကုန်မြို့အနီး ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်

ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်မြို့အနီး ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့-USGSက သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီ ၅၇ မိနစ်အချိန် ဖျာပုံမြို့တောင်ဘက် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။

ရန်ကုန်မြို့ခံအများစုက ငလျင်လှုပ်ခတ်သွားသည်ကို မသိရှိလိုက်ကြဘဲ တချို့သောမြို့ခံများကမူ ငလျင် ခပ်ဖြည်းဖြည်း တစ်ချက် လှုပ်ခတ်သွားသည်ကို သိရှိသည်ဟုဆိုကြသည်။

ဓာတ်ပုံ- ငလျင်လှုပ်ခတ်မှုပြမြေပုံအညွှန်း။

Photos from Kann Lint Myitta - ကမ်းလင့်မေတ္တာ's post 05/04/2025

🚨မန္တလေး ရန်ကုန် အမြန်လမ်း 345 မိုင် နားမှာ
အခုပဲ တံတားကျိုးသွားပါတယ်
Express တစီး တံတား ကျိုးတဲ့အထဲပါသွားပါတယ်

347မိုင်က ဖြတ်လမ်း လမ်း ကြားကနေသွားနေကြရပါတယ်

အရမ်းစိတ်မကောင်းဖြစ်ရပါတယ်

Express ထဲက ခရီးသည်တွေ ဘေးကင်းပါစေ 🙏🏻

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon