Myanmar's Heart

Myanmar's Heart

Share

To Collect Data and Share

30/01/2020

မြန်မာ့အက၊ မြန်မာ့အလှတခုဖြစ်တဲ့ မြေဝိုင်းအကလေးကို ကြည့်ရှုနားဆင် စေလိုပါသည်။

Crd . Video

30/01/2020

မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းခဲ့မှုများကို တင်ပြထားခြင်ဖြစ်ပါသည်။
Crd. Video

အကျဉ်းစံမိန်းမများ (ရွှေကူမေနှင်း).pdf 26/09/2017

https://www.dropbox.com/s/dcg97av8wxg6csp/%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%85%E1%80%B6%E1%80%99%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%20%28%E1%80%B1%E1%80%9B%E1%82%8A%E1%80%80%E1%80%B0%E1%80%B1%E1%80%99%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%29.pdf?dl=0
ဆရာမကြီး ရွှေကူမေနှင်းရဲ့ ထောင်အတွင်းတွေ့ရှိခဲ့ရတဲ့ အကျဉ်းစံမိန်းမများ အကြောင်းကို စိတ်ဝင်စားဖွယ်ရေးထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။

အကျဉ်းစံမိန်းမများ (ရွှေကူမေနှင်း).pdf Shared with Dropbox

01/06/2017

Edward VIII (သို့) အချစ်အတွက် နန်းစွန့်ခဲ့သူ
Edward VIII ကို 23,June,1894 ခုနှစ်White Lodge, Richmond, Surrery, UK တွင် မွေးဖွားခဲ့သည်။ Edward VIII သည် King George V နှင် Queen Mary တို့၏ အကြီးဆုံး သားဖြစ်ပြီး အသက် 16 နှစ် အရွယ်တွင် မွေးနေ့ လက်ဆောင်အဖြစ် Prince of Wales ( ဝေလ မင်းသား) အဖြစ်တင်မြှောက်ခဲ့သည်။ Edward သည် Wallis Simpson ဆိုသည့် အမျိုးသမီးနှင့် ချစ်ကြိုက်ခဲ့သည်။ 20,January,1936 ခုနှစ်တွင် King George V ကွယ်လွန်ပြီး နောက်တစ်နေ့ တွင် King Edward VIII ( Edward Albert Christian George Andrew Patrick David) သည် ဗြိတိသျှအင်ပါယာ၏ ဘုရင်ဖြစ်လာခဲ့သည်။ အမျိုးသားနှစ်ယောက်နှင့် ကွာရှင်းပြတ်ဆဲထားသော Wallis Simpson ကိုအင်္ဂလန်နိုင်ငံ ဝန်ကြီးများနှင့် Church of England ( အင်္ဂလန်ကျောင်းတော်) ကပါ သူတို့၏ဘုရင်မ အဖြစ်လက်မခံ နိုင်သောကြောင့် Edward VIII သည် ဖိအားပေးခြင်းခံရပြီး နောက်ဆုံးတွင် Wallis Simpson နှင့်လက်ထပ်ရန် 11,Dec,1936 ခုနှစ်တွင် ထီးနန်းကိုညီဖြစ်သူ George VI ထံသို့ လွှဲအပ်၍ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ထွက်ခွာခဲ့သည်။ 28,May,1972 တွင်ပါရီ၌ ကွယ်လွန်ပြီး အင်္ဂလန်နိုင်ငံ Berkshire တွင်မြှပ်နှံသင်္ဂြိုလ် ခဲ့သည်။ သူအသက်ရှင်စဉ် ကာလအတွင်း အင်္ဂလန်နိုင်ငံသို့ မိခင်ဖြစ်သူ Queen Mary သေဆုံးစဉ်က တစ်ခေါက်သာပြန်လာခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်.pdf 29/05/2017

https://www.dropbox.com/s/h0vwe5qvo6f7jpc/%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%B7%E1%80%A1%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%B9.pdf?dl=0
စာရေးဆရာမကြီး လူထုဒေါ်အမာရေးသားထားသော ကမ္ဘာ့အကြီးဆုံးစာအုပ်

-credit

ကမ္ဘာ့အကြီးဆုံးစာအုပ်.pdf Shared with Dropbox

Photos from Myanmar's Heart's post 17/05/2017

အင်းဝတံတားများ
********************
အင်းဝမြို့ကို သတိုးမင်းဖျားမှ သက္ကရာဇ် (၇၂၆) ခုနှစ်တွင် စတင်တည်ထောင်တော်မူခဲ့သည်။ သတိုးမင်းဖျားမှ မင်းရဲကျော်စွာအထိ မင်းပေါင်း(၂၀)အုပ်ချုပ်ခဲ့ရာသက်တမ်းအားဖြင့် နှစ်ပေါင်း (၂၃၀) ခန့် ကြာမြင့်ခဲ့သည်။
ဒုတိယအင်းဝခေတ်ကို ညောင်ရမ်းမင်းသည် (၉၅၉) ခုနှစ်တွင် တည်ထောင်၍ ဟံသာဝတီရောက်မင်းအထိ မင်း(၈)ဆက်အုပ်ချုပ်ခဲ့သည်။

အင်းဝတံတား (၁)
*********************
ပထမအင်းဝတံတားကို ၈၁၄ ခုနှစ် (အချို့မှတ်တမ်းများတွင် ၈၁၁ ခုနှစ်ဟုဆိုသည်) ထိုနှစ်တွင် ထူပါရုံဒါယကာကြီး နရပတိမင်းသည် ဧရာဝတီမြစ်ကို ဖြတ်၍ ပထမအင်းဝတံတားကို တည်ဆောက်ခဲ့သည်။

အင်းဝတံတား (၂)
**********************
ဒုတိယအင်းဝတံတားကို ၈၂၁ ခုနှစ်(အချို့မှတ်တမ်းတွင် ၈၂၈ ခုနှစ်ဟုဆိုသည်) ထိုနှစ်တွင် သာလွန်မင်းတရား၏သားတော် မင်းရဲနန္ဒမိတ် (အနောက်ဘက်လွန်မင်း) သည်ကျွန်းသစ်ဖြင့် ထမ်မံတည်ဆောက်သည်။ ထိုင်ပြင် ထိုမင်းပင် စစ်အင်္ဂါအစုံအလင် နှင့်သွားလာနိုင်ရန် အသစ်ထပ်မံ၍ တည်ဆောင်ခဲ့သည်။

အင်းဝတံတား (၃) ( စစ်ကိုင်းတံတား)
******************************************
တတိယအင်းဝတံတားကို ခရစ်နှစ် ၁၉၂၄ ခုနှစ် နိုဝင်ဘာ တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ပြာသိုလဆုတ် ၃ ရက်တွင် မီးရထားလမ်း စတင် ဖွင့်လှစ်၍ ဇူလှိုင်တွင် ကားလမ်းဖွင့်လှစ်သည်။
အလျား ၃၉၄၈ ပေရှည်လျှား၍ ရေပြင်အမြင့် အထက် ၂၄၅ ပေမြင့်သည်။

အင်းဝတံတား (၄) (ရတနာပုံတံတား)
*******************************************
၁၉၉၂ ခုနှစ်မှစ၍ စစ်ကိုင်းတံတား၏ သက်တမ်းကြာမြင့်မှု ကြောင့် ဝန်ခံနိုင်မှုအား လျော့နည်းလာပြီး ၁၅ တန်အောက်ကားမာျးသာ ဖြတ်သန်းသွားလာခွင့်ပြုတော့သည်။ ထို့ကြောင့် ၂၀၀၂ နှစ်ခုနှစ်တွင် တံတားအသစ်တစ်စင်း တည်ဆောက်ရန် တင်ဒါခေါ်ခဲ့ ပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အလျား ၁၅၁၄ပေ အနံ ၆၁ ပေရှိသော ရတနာပုံ တံတားကို ဖွင့်လှစ်ခဲ့သည်။

22/04/2017

ဗီးနပ်စ်နှင့် အဒိုးနစ်စ်
********************
ဗီးနပ်စ်ဒေဝီ ၊ ဤသို့ပြည်၏။
ကောင်ကလေးငယ်...
ဆင်စွယ်နှစ်နှယ်၊ ဖြူစင်သွယ်ပျောင်း
ပတ်လည်လျက်ထား၊ လက်များကြားမှာ
ငါကားမင်းအား၊ ထွေးပွေ့ထားပြီ။

ငါသည်ဥယျာဉ်၊ မင်းသမင်ပေါ့
စိတ်ချင်တိုင်းသာ၊ စားလှည့်ပါတော့
သာယာတောင်တန်း၊ ချိုင့်ဝှမ်းများ။

ငါ့နှုတ်ခမ်းထက်၊ မင်းစားကျက်ပေါ့
သည်ဘက်တောင်တန်း၊ သွေ့ခြောက်နွမ်းလျင်
ဆင်းစမ်းလှည့်ပါ။ အောက်မြက်လွှာသို့
ယင်းမှာရေပန်း၊ မင်းကိုလန်းစိမ့်။

အတိုင်းတာခွင့်၊ သည်လောက်နှင့်ပင်
တော်သင့်ပြီထင့်(အဟင့်)။

ချိုမြသင်းသင်း၊ အောက်မြက်ခင်းနှင့်
ရှင်းရှင်းမြင့်မြင့်၊ ပျော်ဖွယ်နင့်အောင်
ကြိုလင့်လွင်ပြင်၊ တစ်သွင်လုံးဝန်း
သွန်းသွန်းမြင့်ကာ၊ တောင်ပူစာများ
လာပါတိုးခွဲ၊ ထူထဲမညီ
တောချုံဆီသို့။

မိုးနှင့်လေပြင်း၊ နှောင့်ယှက်ကင်းအောင်
မင်းနားခိုရာ၊ ငါ့ကမ္ဘာပေါ့
ငါဟာဥယျာဉ်၊ မင်းသမင်လေ။

ခွေးလေတစ်ထောင်၊ ကျယ်စွာဟောင်လည်း
မောင်မနိုးစေ၊ အိပ်ပျော်စေလိမ့်။

အဲလေ ဒီလောက်ထိ နေရာစုံအောင်လျှောက်သွား၊ လျှောက်စားနေရတော့လည်း သမင်လေးခမျာ မောရှာမှာပေါ့။ နှစ်ခြိုက်စွာအိပ်လိုက်ပေတော့ သမင်လေးရယ်။

#ဝီလျှံရှိတ်​စပီးယား

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

NO(196), Maykha Street, South Okkalapa
Yangon