28/05/2026
VEC2026 S1 - MLBB Group Stage ကို တက်ရောက် ယှဥ်ပြိုင်ခွင့်ရရှိခဲ့တဲ့ တက္ကသိုလ် ကောလိပ် Esports အသင်းများ 👏💙
🚀 “ VEC ခရီးကြမ်းတွေက အခုမှစတင်မှာပါ “
အကြိတ်အနယ်ရှိတဲ့ ပထမအဆင့် Divisions ပွဲစဉ်အားလုံးအပြီးမှာတော့ VEC Group Stage ကိုတက်ရောက်နိုင်ခဲ့တဲ့ တက္ကသိုလ်ကိုယ်စားပြုအသင်း ရှစ်သင်းကတော့ ပေါ်ထွက်လို့လာခဲ့ပါပြီ။
ပြီးခဲ့တဲ့နှစ် VEC25 Main Stage ပွဲစဥ်တွေအထိ ပါဝင်ခဲ့တဲ့ KBTC, DGU, YTU, UCS-MDY တို့ကတော့ ဒီနှစ်မှာလည်း ပြန်လည်လို့ ပါဝင်လာခဲ့ပါတယ်…
ဒါ့အပြင် အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ HBTU, ပုံစံကောင်းတွေပြသနေတဲ့ MIIT, နောက်ထပ် Private Colleges အသင်းကြီးတွေဖြစ်တဲ့ MIC, KMD စတဲ့ အသင်းတွေကပါ ဒီနှစ် VEC26 Group Stage အထိကို တက်လာနိုင်ခဲ့တာမလို့ တကယ့်ကို ကောင်းမွန်တဲ့ပွဲစဉ်တွေဖြစ်လာတော့မှာ အမှန်ပါပဲ..
ဒီနှစ် VEC မှာ Private College ကိုယ်စားပြုမယ့်အသင်းက ဘယ်အသင်းဖြစ်မလဲနဲ့ တက္ကသိုလ်ကိုယ်စားပြုမယ့်အသင်းကရော ဘယ်အသင်းဖြစ်လာမလဲ အတော်လေး စိတ်ဝင်စားစရာပါပဲ!
မကြာခင်ရောက်ရှိလာမယ့် VEC26 - MLBB Group Stage ပွဲစဉ်တွေမှာ တက္ကသိုလ်ကိုယ်စားပြုသွားကြမယ့် အသင်းတွေအနေနဲ့ ဒီထက်ပိုပြင်းထန်တဲ့ Challenges တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ထပ်လောင်း သတိပြုလိုက်ပါတယ် 💪🏆
“The Stars of The Future”
10/05/2026
Dany Carter is on Fire in MSL Thailand! 🇹🇭
VEC2025 Champion - KBTC အသင်းရဲ့ Player ဖြစ်ခဲ့တဲ့ Dany Carter ဟာ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ MSL Thailand ပြိုင်ပွဲမှာ Solyx Esports အသင်းရဲ့ Jungler Player အနေနဲ့ တရားဝင် သွားရောက် ယှဉ်ပြိုင်နေပြီပဲ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ လက်ရှိ Regular Season မှာလည်း Solyx Esports အတွက် နိုင်ပွဲ (၂) ပွဲ အထိ ဖော်ဆောင်ပေးထားနိုင်တာကို တွေ့ရတဲ့အတွက် Varsity League & University Esports Network (UEN) မှ များစွာ ဂုဏ်ယူမိပါတယ်။
မျိုးဆက်သစ် ကစားသမားတွေ ပြည်ပစင်မြင့်ထက်မှာ အခုလို အစွမ်းပြနေတာဟာ မြန်မာ့ Esports လောကအတွက် တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပါပဲ။
ရှေ့ဆက်မယ့် ပွဲစဉ်တွေမှာလည်း Deny Cater တစ်ယောက် အကောင်းဆုံး လက်စွမ်းတွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရယူနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🚀
30/04/2026
မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ အားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်နှလုံးအေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ယနေ့ကဲ့သို့ နေ့ထူးနေ့မြတ်မှာ မြတ်စွာဘုရားရှင်ရဲ့ တရားတော်များနဲ့အညီ အေးချမ်းစွာ ကုသိုလ်ယူရင်း၊ မိမိတို့ ဝါသနာပါရာ နယ်ပယ်မှာလည်း အားမာန်သစ်များနဲ့ ဆက်လက်ကြိုးစား အောင်မြင်နိုင်ကြပါစေ။ အခုလို အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်လေးမှာလည်း မိသားစု၊ သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ 💙
28/04/2026
📢 [Deadline Extension] Player Registration for Esports Nations Cup 2026
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (Myanmar Electronic Sports Federation) မှ Esports Nations Cup 2026 တွင် Team Myanmar ကိုယ်စားပြုရန် အားကစားသမားများအတွက် Player Registration Deadline ကို မေလ ၃ ရက်နေ့ထိ တိုးမြှင့်ပေးထားပါသည်။
📌 Updated Timeline & Schedule
Registration Period: ဧပြီလ ၂၀ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ
🔗 Apply Here: https://forms.gle/WcEj5b3RTEoityid9
Team Myanmar အတွက် သင့်ရဲ့အရည်အချင်းကို ပြသရန် အချိန်ပိုမိုရရှိလာပါပြီ။
Esports Nations Cup 2026 ခရီးစဉ်ကို အတူတကွ စတင်လိုက်ကြပါစို့! 🇲🇲🔥
(English Version)
📢 [Deadline Extension] Player Registration for Esports Nations Cup 2026
The Myanmar Electronic Sports Federation (MESF) has extended the player registration deadline for athletes wishing to represent Team Myanmar in the Esports Nations Cup 2026.
📌 Updated Timeline & Schedule
Registration Period: April 20 to May 3
🔗 Apply Here: https://forms.gle/WcEj5b3RTEoityid9
You now have more time to showcase your skills and earn your spot on Team Myanmar. Let’s embark on the Esports Nations Cup 2026 journey together! 🇲🇲🔥
25/04/2026
🇫🇷 ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) ရဲ့ "Creative Business Yetwon" Event သို့ UEN တက်ရောက်ပြီး သတင်းကောင်းတစ်ခု သယ်ဆောင်လာခြင်း"
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက် (သောကြာနေ့) က Institut Français de Birmanie (IFB) မှ ဦးစီးကျင်းပခဲ့တဲ့ "Creative Business Yetwon" Event သို့ University Esports Network (UEN) အဖွဲ့သားများ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ပိုမိုဝမ်းမြောက် ဂုဏ်ယူဖို့ကောင်းတဲ့ သတင်းတစ်ခုကတော့... UEN ကနေ တက္ကသိုလ် Esports Community တစ်ခုလုံး တိုးတက်ဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်နေတဲ့ "UEN Portal Website" ကလည်း Phoo Pwint Sa : Incubation Program မှာ ရွေးချယ်မှုခံခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒီ Portal Website ဟာ ကျောင်းသားလူငယ်တွေအတွက် Esports နှင့်ပတ်သက်တဲ့ အချက်အလက်တွေ၊ အခွင့်အလမ်းတွေကို တနေရာတည်းမှာ ရရှိနိုင်အောင် ဖန်တီးပေးသွားမှာဖြစ်လို့ Community ဖွံ့ဖြိုးရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။
Creative Industry ထဲက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး UEN Portal အတွက် ရွေးချယ်မှုခံခဲ့ရတဲ့ မနေ့ကပွဲရဲ့ အမှတ်တရပုံရိပ်များကို Community သို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Let’s Empower the University Esports Community Together! 💪🎮
--------------------------
🇫🇷 UEN Attends French Cultural Institute (IFB)'s "Creative Business Yetwon" Event and Brings Good News
On April 24 (Friday), the University Esports Network (UEN) team had the opportunity to attend the "Creative Business Yetwon" Event hosted by the Institut Français de Birmanie (IFB).
Another exciting news from the event is that the "UEN Portal Website" that UEN is building to develop the entire university Esports Community has also been selected for the Phoo Pwint Sa: Incubation Program.
This Portal Website will create a one-stop shop for young students to access information and opportunities related to Esports, which will be a big step forward for the development of the Community.
I would like to share with the Community the memorable images of yesterday's event where I had the opportunity to meet entrepreneurs from the creative industry and was selected for the UEN Portal.
Let’s Empower the University Esports Community Together! 💪🎮
10/04/2026
British United College's Campus Clash ''
British United College မှာ ကျင်းပခဲ့တဲ့ Campus Clash (တက္ကသိုလ်ကောလိပ် ကျောင်းတွင်းအဆင့်) ပွဲစဉ်တွေကို University Esports Network (UEN) အနေနဲ့ သွားရောက်အားဖြည့်ကူညီပေးခဲ့တဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
British United College ရဲ့ ပြိုင်ပွဲဝင် အသင်းတိုင်းရဲ့ ကြိုးစားမှုတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။
နောက်ဆုံး Champion အထိ အောင်မြင်မှုရရှိသွားခဲ့တဲ့ အသင်းအနေနဲ့လည်း ရှေ့ဆက်ရမယ့် VEC2026 ခရီးစဉ်မှာလည်း ကိုယ့်တက္ကသိုလ်ကောလိပ် ကိုယ်စားပြုအနေနဲ့ အကောင်းဆုံးလက်စွမ်းတွေ ပြသနိုင်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ်လို့ University Esports Network (UEN) မှ အပြည့်အဝယုံကြည်ပါတယ် 💙
“One Network, Infinite Possibilities “
06/04/2026
"ဘာကြောင့် VEC 2026 Entry League ကို ဝင်ရောက်ယှဉ်ပြိုင်သင့်တာလဲ?
ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံကြားမှာ ကိုယ့်တက္ကသိုလ်ရဲ့ အောင်မြင်မှုကို Esports နယ်ပယ်မှာ ဘယ်လောက်အထိ ထိုးဖောက်ပြနိုင်မလဲဆိုတဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုကို ကိုယ်တိုင် ဖန်တီးခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ် ကျောင်းသားဘဝမှာ ကျောင်းစာတစ်ခုတည်းတင်မဟုတ်ဘဲ ကိုယ်တိုင်တောင် သတိမထားမိသေးတဲ့ ထူးခြားတဲ့ Talent တွေကို ရှာဖွေဖော်ထုတ်ရင်း အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မယ့် အကောင်းဆုံး ခြေလှမ်းအစလည်း ဖြစ်လာမှာပါ။
အခုလိုမျိုး တက္ကသိုလ် ကိုယ်စားပြု အဆင့်ကနေ နိုင်ငံကိုယ်စားပြု Professional ကစားသမားတစ်ဦး ဖြစ်သည်အထိ ထိုးဖောက်သွားနိုင်မယ့်အပြင်၊ အရင်ကနဲ့မတူညီတဲ့ ပိုမိုပြည့်စုံတဲ့ Esports အတွေ့အကြုံ အသစ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားသိရှိနိုင်မှာဖြစ်လို့ တက္ကသိုလ် Esports ခရီးစဉ်ကို အခုပဲ စတင်လိုက်ဖို့ အကြံပေးလိုက်ရပါတယ်။
🗓 Registration Deadline : Apr 5th - Apr 27th ,2026
✅ Registration Link : https://forms.gle/8zJLESzo8BtvLmqYA
📺 VEC2026 နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်အသေးစိတ်ကိုလည်း ဆက်လက်တင်ပေးသွားမှာမို Varsity League Official Platform တွေကို Noti on ထားဖိုမမေ့နဲ့နော်!
◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity...
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/
“The Stars of The Future “
06/04/2026
🏆 တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကြီးဖြစ်တဲ့ Varsity Esports Championship 2026 Season အတွက် စတင်စာရင်းသွင်းနိုင်ပါပြီ"
Registration ကာလကိုလည်း April 5th - April 27th အထိဖွင့်ပေးထားတာကြောင့် အခုချိန်အထိ အသင်းမဖွဲ့ရသေးဘူးဆိုလည်း အချိန်မနှောင်းသေးပါဘူး!
အခုပဲ ကိုယ့်တက္ကသိုလ်ထဲက အတော်ဆုံး Team-mates တွေကို စုစည်းပြီး အကောင်းဆုံးပြင်ဆင်လိုက်ပါ။ တက္ကသိုလ်ဂုဏ်ဆောင် Champion ဖြစ်လာဖို့ အသင်းတိုင်းမှာအခွင့်ရေးရှိတာမို့ အခုပဲစပြီး အကောင်းဆုံးချပြနိုင်ဖို့ ပြင်ဆင်လိုက်ပါတော့!
🗓️ Registration Deadline : Apr 5th - Apr 27th ,2026
✅ Registration Link : https://forms.gle/8zJLESzo8BtvLmqYA
📺 VEC2026 နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်အသေးစိတ်ကိုလည်း ဆက်လက်တင်ပေးသွားမှာမို့ Varsity League Official Platform တွေကို Noti on ထားဖို့မမေ့နဲ့နော်!
◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity...
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/
“The Stars of The Future “
06/04/2026
🚨 National Team Coach လျှောက်လွှာများကို နောက်ဆုံးအကြိမ်ခေါ်ယူခြင်း 🇲🇲
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) မှ လာမည့် Esports Nations Cup 2026 တွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းများကို ဦးဆောင်နိုင်မည့် National Team Coach များအတွက် လျှောက်လွှာများကို နောက်ဆုံးအကြိမ်အဖြစ် ဖိတ်ခေါ်အပ်ပါသည်။
ဤအဆင့်သည် Team Myanmar အား အကောင်းဆုံးပုံဖော်တည်ဆောက်ရန် အရေးကြီးဆုံးသော ပထမခြေလှမ်းဖြစ်ပြီး အရည်အချင်းရှိသူများအနေဖြင့် မိမိတို့၏ ခေါင်းဆောင်မှုစွမ်းရည်ကို ပြသရန် နောက်ဆုံးအခွင့်အရေးဖြစ်ပါသည်။
🔹 လိုအပ်သော အရည်အချင်းများ
- ပရော်ဖက်ရှင်နယ်အဆင့်တွင် အသင်းကို ဦးဆောင်ခဲ့သော အတွေ့အကြုံရှိရမည်။
- Meta, Strategy နှင့် Data Analysis တွင် ကျွမ်းကျင်ရမည်။
- ခေါင်းဆောင်မှုကောင်းမွန်ပြီး ဖိအားအောက်တွင်လည်း အလုပ်လုပ်နိုင်ရမည်။
- အဖွဲ့ချုပ်နှင့် Esports Nations Cup မှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာနိုင်ရမည်။
📌 အရေးကြီးသော အချက်အလက်များ
လျှောက်ထားရန်နောက်ဆုံးရက်: ဧပြီလ ၅ ရက် (ယနေ့သည် နောက်ဆုံးရက်ဖြစ်ပါသည်)
🔗 Apply Here: https://forms.gle/Dkm7rspkPQqz3htj8
သတိပေးချက်: ဤသည်မှာ နောက်ဆုံးအကြိမ်ခေါ်ယူခြင်းဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်ထားမှုများကို လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ပါ။
Team Myanmar ၏ အောင်မြင်မှုခရီးစဉ်တွင် ခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ရန် အချိန်ရောက်ပါပြီ။ Esports Nations Cup 2026 သို့ ဦးတည်သော ခရီးစဉ်ကို အတူတကွ စတင်လိုက်ကြပါစို့။ 🇲🇲🔥
(English Version)
🚨 Final Call for National Team Coach Applications 🇲🇲
The Myanmar Electronic Sports Federation (MESF) hereby announces the final call for applications for National Team Coaches who will lead Team Myanmar at the upcoming Esports Nations Cup 2026.
This stage represents a critical first step in building a strong and competitive Team Myanmar. It is the final opportunity for qualified individuals to demonstrate their leadership and capability.
🔹 Requirements
- Proven experience leading a team at a professional level
- Strong understanding of meta, strategy, and data analysis
- Demonstrated leadership skills and ability to perform under pressure
- Ability to comply with regulations set by MESF and the Esports Nations Cup
📌 Important Information
Application Deadline: April 5 (Today is the final day)
🔗 Apply Here: https://forms.gle/Dkm7rspkPQqz3htj8
Notice: This is the final call. Late applications will strictly not be accepted under any circumstances.
Step forward as a leader in Team Myanmar’s journey toward success. The road to Esports Nations Cup 2026 begins now. 🇲🇲